မြူးနစ်မှာ ရှုံးကြွေးပြန်ဆပ်ခဲ့တဲ့ မန်စီးတီး

ပို့စ်တင်ချိန် - 12/12/2013 06:00:00 AM

အင်္ဂါနေ့မှာကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ် ပထမနေ့ပွဲတွေမှာတော့ မန်စီးတီးက မြူးနစ်ကွင်းမှာ (၂)ဂိုးရှုံးနေရာမှ ချေပဂိုးနဲ့အနိုင်ဂိုးတွေပြန်သွင်းပြီး ပထမအကျော့ရှုံးကြွေးကို ပြန်ဆပ်နိုင် ခဲ့ပါတယ်။ မန်ယူအသင်းကလည်း ဖီးလ်ဂျုံးစ်ရဲ့တစ်လုံးတည်းသောအနိုင်ဂိုးနဲ့ အုပ်စုပထမနေရာသေချာခဲ့ပါတယ်။ အဆုံးအဖြတ်ပွဲဖြစ်တဲ့ ဂါလာတာစာရေး-ဂျူဗင်တပ်စ်ပွဲကတော့ ရာသီဥတုဆိုးရွားမှု ကြောင့် ရွှေ့ဆိုင်းခဲ့ရပါတယ်။ အခုပွဲစဉ်တွေအပြီးမှာ အစောပိုင်းကတည်းက အုပ်စုကတက်ခွင့်ရထား တဲ့ မန်ယူ၊ ရီးယဲယ်၊ PSG၊ ဘေယန်၊ မန်စီးတီးအသင်းတွေနဲ့အတူ လေဗာကူဆင်၊ အိုလံပီယာကော့စ်တို့ နောက်တစ်ခွင့်တက်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

အင်္ဂါနေ့ညပွဲရလဒ်များ
မန်ယူ ၁-၀ ရှက်တာဒိုးနက်
ဆိုစီဒက် ၀-၁ လေဗာကူဆင်
ကိုပင်ဟေဂင် ၀-၂ ရီးယဲယ်မက်ဒရစ်
ဂါလာတာစာရေး P-P ဂျူဗင်တပ်စ်
ဘင်ဖီကာ ၂-၁ PSG
အိုလံပီယာကော့စ် ၃-၁ အန်ဒါလက်ခ်ျ
ဘေယန်မြူးနစ် ၂-၃ မန်စီးတီး
ပါလ်ဇန် ၂-၁ CSKA မော်စကို

eleven media group