သတင်းနှင့်ပြန်ကြားရေး ၀န်ကြီးဌာန ပြည်သူတွေကို စိတ်ဆင်းရဲခြင်း၊ ကိုယ်ဆင်းရဲခြင်း ဖြစ်အောင် နည်းအမျိုးမျိုးဖြင့်ညှင်းပန်း နှိပ်စက်နေ (ပေးစာ)

ပို့စ်တင်ချိန် - 12/12/2013 12:33:00 PM


သတင်းနှင့်ပြန်ကြားရေး ၀န်ကြီးဌာနမှ ထုတ်ဝေဖြန့်ချီလျှက်ရှိသော ကြေးမုံသတင်းစာနှင့် မြန်မာ့အလင်း သတင်းစာများသည်၊ ရန်ကုန်မြို့နှင့်မိုင်(၃၀)၀န်းကျင်သာ ကွာဝေးသော သုံးခွမြို့သို့ မွန်းလွှဲပိုင်းမှ ရောက်ရှိခြင်း၊ ရောက်ရှိသည့် အခါတွင် မှာယူထားသည့် သတင်းစာ စောင်ရေထက်သုံးပုံ တစ်ပုံခန့် လျော့နည်းပြီး ပေးပို့သဖြင့် အောက်ပါမလိုလားအပ်သောပြသနာများပေါ်ပေါက်နေရပါသည်။

 (၁)သတင်းစာစောင်ရေမှာ လျော့နည်းမှုများလွန်းသဖြင့် သတင်းစာတိုက်သို့ တယ်လီဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားရာ၊မြန်မာပြည်တွင် ဆက်သွယ်ရေးစနစ်ကောင်းမွန်သဖြင့် ညနေပိုင်း(၄)နာရီ ထိုးလောက်မှ ဆက်သွယ်မှုရသည့်အပြင် မည်သည့်ဝန်ထမ်းမှ တာဝန်ခံဖြေရှင်းပေးမည့်ဆိုသည့်စကားရပ် မကြားခဲ့ရပါ။ တချို့သောဝန်ထမ်းများကြတော့မနက်ဖန်လိုနေတဲ့စောင်ရေဖြည့်ပေးလိုက်ပါမယ်တဲ့။

 (၂) တကယ်တန်းလက်တွေ့တွင်လိုအပ်နေသော သတင်းစာစောင်ရေမှာ သုံးရက်ခန့်ကြာမှ ရောက်ရှိလာသဖြင့်သတင်းစားကိုယ်စားလှယ်နှင့်သတင်းစာဖတ်ရှုသူအကြားပြသနာတက်ကာ၊ အော်ဟစ် ဆဲဆိုကြိမ်းမောင်းခံရသည့်အပြင် နင်တို့သတင်းစာကလာတော့လဲအချိန်မမှန် သတင်းစာတခုလုံးကြော်ငြာ အချပ်ပိုတွေချည်းပဲ၊ ငါတို့ကနာရေးသတင်းလောက်ပဲဖတ်တာဟဲ့ မေတ္တာတုံးတွေ နောက်လကစပြီး မယူတော့ဘူးတဲ့။

 (၃) သုံးခွသတင်းစာခရမ်းပါသွား၊ ကျောက်တန်းကသတင်းစာ၊ သုံးခွပါလာ၊ စည်းပျက်၊ ကမ်းပျက်၊ ပရမ်းပတာဖြစ်နေသည်ကို ကြုံတွေ့နေရပါသည်။

 (၄) သတင်းစာဖိုးကြတော့ကြိုတင်ငွေစနစ်ကျန်ငွေနည်းရင် ယခင်ကအကြောင်းကြားသော်လည်း ယခု အသိပေးအကြောင်းမကြားတော့ သုံးခွမြို့တွင် သတင်းစာဖိုးလခတောင်းတော့ အထုးသဖြင့် ရစခန်းအဆိုးဆုံး၊ ဟိုလိုလွှဲချ၊ ဒီလူလွှဲချ၊ နောက်ဆုံးခေါင်းကုန်စိတ်ညစ်ပြီး ပြန်လာရတာကများနေပါသည်။ သတင်းစာဖိုးလခ လဆန်း(၇)ရက်တောင်မစုံချင်၊ နိုင်ငံပိုင်သတင်းစာများသည် နိုင်ငံအစိုးရ၏ မူဝါဒရေဒရာများကိုသာ အဓိက ထားရေးသားလွန်းသော်လည်း မြန်မာလူမျိုးအများစုသည် သည်းခံတတ်သည့် အမူအကျင့်ကောင်းများ ကြောင့် ၄င်း၊စိုးရိမ်ကြောက်လှန့်ခြင်းများကြောင့်၎င်း၊ ဥပဒေရေးရာများအားနည်းမှုကြောင့်၎င်း၊ မပြောဝံ့၊ မဆိုဝံ့သည်များကို အခွင့်ကောင်းယူကာ ပြည်သူတွေကိုနည်း အမျိုးမျိုးဖြင့် ညှင်းပန်း နှိပ်စက်နေသော ၀န်ကြီးဌာနသည် သတင်းနှင့်ပြန်ကြားရေး ၀န်ကြီးဌာနပင်ဖြစ်ပါတော့သည်။

ဂျာနယ်ကြီး(သုံးခွ)
thit htoo lwin