ဆီး​ဂိမ်း​ဖွင့်​ပွဲ ​တ​ရုတ်​အ​ကူ​အ​ညီ​ဖြစ် ​တင်​ဆက်​ခဲ့​ဟု ​အို​လံ​ပစ်​ကော်​မ​တီ​ပြော

ပို့စ်တင်ချိန် - 12/12/2013 02:36:00 PM


ဆီး​ဂိမ်း​ဖွင့်​ပွဲ​အ​ခမ်း​အ​နား​မှာ ​အ​ဓိ​က​အ​သုံး​ပြု​သွား​တဲ့ ​ပေ ၃၅၀ ​ကျော် ​အ​ရွယ်​အ​စား​ရှိ​တဲ့ LED ​ဖန်​သား​ပြင် ​အ​ပါ​အ၀င် ​ရုပ်​ထွက်​နည်း​ပ​ညာ​အား​လုံး​ကို ​တ​ရုတ်​နိုင်​ငံ ​အ​ကူ​အ​ညီ​နဲ့ ​တင်​ဆက်​ခဲ့​တာ​လို့ ​မြန်​မာ​နိုင်​ငံ ​အို​လံ​ပစ်​ကော်​မ​တီ​ရဲ့ ​တွဲ​ဖက်​အ​ထွေ​ထွေ ​အ​တွင်း​ရေး​မှူး ​ဦး​ခင်​မောင်​လွင်​က ​ပြော​ပါ​တယ်။

၂၀၀၈ ​ခု​နှစ် ​ပေ​ကျင်း​အို​လံ​ပစ်​ပွဲ​တော်​နဲ့ ၂၀၁၀ ​အာ​ရှ​အား​က​စား​ပြိုင်​ပွဲ ​ဖွင့်​ပွဲ ​အ​ခမ်း​အ​နား​တွေ​မှာ ​တာဝန်​ယူ ​တင်​ဆက်​ခဲ့​တဲ့ ​တ​ရုတ်​အား​က​စား​ကော်​ပို​ရေး​ရှင်း​က​ပဲ ​သူ​တို့ ​ပ​စည်း​တွေ၊ ​နည်း​ပ​ညာ​တွေ​နဲ့ ​လာ​ရောက်​ကူ​ညီ​တင်​ဆက်​ခဲ့​တာ​လို့ ​ပြော​ပါ​တယ်။

အ​ခု ​ဆီး​ဂိမ်း​ဖွင့်​ပွဲ ​ကျင်း​ပ​ခဲ့​တဲ့ ၀​ဏ္ဏ​သိ​ဒ္ဓိ​ကွင်း​ထဲ​မှာ ၂၀၁၄ ​ခု​နှစ်၊ ​ဇန်​န၀ါ​ရီ ၁၄ ​ရက်​နေ့​မှာ ​အာ​ဆီ​ယံ ​မ​သန်​စွမ်း​အား​က​စား​ပြိုင်​ပွဲ ​ဖွင့်​ပွဲ​အ​ခမ်း​အ​နား​ကျင်း​ပ​ဖို့ ​ရှိ​ပြီး ​တ​ရုတ်​က ​ဆက်​လက် ​အ​ကူ​အ​ညီ​ပေး​သွား​မှာ ​ဖြစ်​ပါ​တယ်။

ဆီး​ဂိမ်း​ဖွင့်​ပွဲ​နဲ့ ​ပိတ်​ပွဲ​အ​ခမ်း​အ​နား​တွေ​အ​တွက် ​ဘယ်​လောက်​ကျ​ခံ ​သုံး​စွဲ​ထား​သ​လဲ​ဆို​တဲ့ ​အ​မေး​ကို​တော့ ​ပွဲ​ပြီး​မှ ​ပြော​နိုင်​မယ်​လို့ ​ပြော​ပါ​တယ်။

ပြီး​ခဲ့​တဲ့ ၂၀၁၁​ခု​နှစ် ​အင်​ဒို​နီး​ရှား​ဆီး​ဂိမ်း​မှာ ​အင်​ဒို​အ​စိုး​ရ​က ​အ​မေ​ရိ​ကန်​ဒေါ်​လာ ​သန်း ၃၇၀ ​ကျော် ​ကျ​ခံ​သုံး​စွဲ​ခဲ့​ပြီး ​မြန်​မာ​တာဝန်​ရှိ​သူ​တွေ​က​လည်း ​မြန်​မာ​ဆီး​ဂိမ်း​မှာ ​အင်​ဒို​ဆီး​ဂိမ်း​ထက်​မ​နည်း ​သုံး​ရ​မှာ​ပဲ​လို့ ​အ​စော​ပိုင်း​က ​ထုတ်​ဖော်​ပြော​ကြား​ခဲ့​ဖူး​ပါ​တယ်။

မြန်​မာ​နိုင်​ငံ ​အို​လံ​ပစ်​ကော်​မ​တီ​ရဲ့ ​တွဲ​ဖက်​အ​ထွေ​ထွေ​အ​တွင်း​ရေး​မှူး ​ဦး​ခင်​မောင်​လွင်​ကို ​ဆီး​ဂိမ်း​ဖွင့်​ပွဲ ​အ​ခမ်း​အ​နား​နဲ့ ​ပတ်​သက်​လို့ ​ဒီ​ဗွီ​ဘီဝိုင်း​တော်​သား ​ကိုေ​ရွှ​အောင်​က ​ဆက်​သွယ် ​မေး​မြန်း​ထား​ပါ​တယ်။



Byေ​ရွှ​အောင် (ဒီဗွီဘီ)