ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် ရာခိုင်နှုန်း ၉၀ မကျိန်းသေ ဟု ဆို

ပို့စ်တင်ချိန် - 12/12/2013 02:24:00 PM


ရန်ကုန် ၊ ဒီဇင်ဘာ ၁၀ ။ ။ ဒေါ်အောင် ဆန်းစုကြည် သမ္မတဖြစ်ရန် ရာ ခိုင်နှုန်း ၉ဝမကျိန်းသေဟု ဝါရင့် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဘ တင့်ဆွေက သုံးသပ်ပြောသည်။

အခြေခံဥပဒေပြင်ဆင်ရာ တွင် တပ်မတော်၏ပါဝင်မှုအခန်း ကဏ္ဍကိုလျှော့ချရေးမှာထိပ်တန်းမှ ပြင်ဆင်သင့်သည့်အရာတစ်ခု ဖြစ်သော်လည်း သမ္မတဖြစ်ရေး ကိုပြင်ဆင်ရမည့်အချက်မှာ ပိုမို ခက်ခဲသောကြောင့် ဒေါ်အောင် ဆန်းစုကြည် သမ္မတဖြစ်ရန်မှာ ရာခိုင်နှုန်း၉၀ မကျိန်းသေခြင်းဖြစ် သည်ဟု ယင်းက သုံးသပ်သည်။

ဦးဘတင့်ဆွေက ''အများစု အမြင်မှားနေတာတစ်ခုက ၂၀၀၈ ဖွဲ့စည်းပုံရဲ့ သမ္မတဖြစ်ရေးဥပဒေ ဟာ ဒေါ်စုတစ်ဦးတည်းကို ရည် ရွယ်ရေး ဆွဲထားတာလို့ ထင်နေ ကြတယ်။ တကယ်တော့ မဟုတ် ပါဘူး။ ဖွဲ့စည်းပုံတစ်ခုက တိုင်း ပြည်ရဲ့ ရေမြေသဘာဝနဲ့ ကိုက် ညီအောင် လုပ်ရတာပါ။ ဒီဖွဲ့စည်း ပုံကလဲ စစ်အစိုးရလက်ထက် မှာ ရေးဆွဲထားတာဆိုတော့ သူတို့ရဲ့ အကျိုးစီးပွားကို လုံခြုံဖို့ အဓိက ထားတဲ့ အချက်ပါ။ ဖွဲ့စည်းပုံမှာ သမ္မတတစ်ယောက်ဖြစ်ဖို့အတွက် မလိုလားအပ်တဲ့ ကန့်သတ်ချက် တွေပါတယ်။ ဒါပေမဲ့ ဒီအချက် တွေကိုပြင်ဖို့က တပ်မတော်ပါဝင် မှုကိုပြင်ဖို့ထက်ခက်တယ်။ ဒီတော့ ဒေါ်စုသမ္မတဖြစ်ဖို့ ၂၀၁၅မှာမဖြစ် နိုင်ဘူး။ ဒေါ်စုမဟုတ်တဲ့ တခြား ပြည်သူတစ်ဦးဆိုရင်လဲ မဖြစ်နိုင် ပါဘူး။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဇာတ်ခုံ အခင်းအကျင်းအရရော ဖွဲ့စည်းပုံအရ ဒေါ်စုသမ္မတဖြစ်ဖို့ ရာခိုင်နှုန်း၉၀ မကျိန်းသေပါဘူး'' ဟု ပြောသည်။

ယင်းနှင့်ပတ်သက်၍ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦး ဝင်းမြင့်က ''အစိုးရအနေနဲ့ ဒီမို ကရေစီတည်ဆောက်ချင်ရင် လွှတ် တော်အနေနဲ့ ဒီမိုကရေစီတည် ဆောက်ချင်ရင် တပ်မတော်အနေ နဲ့ ဒီမိုကရေစီ တည်ဆောက် ချင် တယ်ဆိုရင် သမ္မတရွေးချယ်ခွင့်ရ အောင် လုပ်ပေးသင့်ပါတယ်။ ဒေါ် အောင်ဆန်းစုကြည် သမ္မတဖြစ် ဖို့ ကန့်သတ်ထားတဲ့ ကန့်သတ် ချက်တွေက ၄ရအခြေခံဥပဒေနဲ့ ၇၄အခြေခံဥပဒေထဲမှာလဲ မပါ ပါဘူး။ နိုင်ငံတကာမှာလဲ ဒါမျိုး မရှိဘူး။ နိုင်ငံသူ၊ နိုင်ငံသားတွေ ရဲ့အကျိုးစီးပွားအတွက် လုပ်ပေး နိုင်တဲ့သူ၊ ပြည်တွင်းပြည်ပက လက်ခံတဲ့သူကို ပိတ်ပင်ထားရင် ဒီမိုကရေစီနိုင်ငံ မဖြစ်နိုင်ဘူး''ဟု ပြောသည်။

၂၀၁၅တွင် ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်ရေးနှင့်ပတ် သက်၍ အဓိကကန့်သတ်ချက်မှာ ၂၀၀၈ခုနှစ်၊ နိုင်ငံတော်ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေအခန်း (၃) နိုင်ငံတော်သမ္မတနှင့် ဒုတိယ သမ္မတများမှ ပုဒ်မ-၅၉(စ) ဖြစ် သည်။  အဆိုပါ ပုဒ်မ-၅၉(စ)နှင့် ပတ်သက်၍ ကရင်ပြည်နယ် ကြာ အင်းဆိပ်ကြီးမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမန်း အောင်တင်မြင့်က ''တကယ်တော့ ပုဒ်မ-၅၉(စ)က ဘောင်ခတ်ထား သလိုဖြစ်နေပါတယ်။ ဒါပေမဲ့လဲ ကျွန်တော် တို့ပါတီ အနေနဲ့ ကတော့ ဘယ်သူဘယ်ဝါ သမ္မတဖြစ်ပါဆို တာထက် နိုင်ငံ့အကျိုး၊ ပြည်သူ့ အကျိုးကို ရှေးရှုမယ့်သူမျိုးကိုမျှော် လင့်တယ်။ ဆုံးဖြတ်ရမှာကတော့ ပြည်သူတွေပါပဲ''ဟု ပြောသည်။

ဒီခေတ်နေ
Yangon Media Group