မုဒိမ်းမှုများမဖြစ်ပွားစေရေးပညာပေးဟောပြောပွဲများနှင့် ရှုတ်ချပွဲများပြုလုပ်

ပို့စ်တင်ချိန် - 2/28/2014 12:32:00 AM





ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

ရန်ကုန်တိုင်းဒေသကြီးအတွင်း မုဒိမ်းမှုနှင့်သက်ငယ်မုဒိမ်းမှုများလျော့နည်း ကျဆင်းရေးအတွက် မုဒိမ်းမှုများမဖြစ်ပွားစေရေးပညာပေးဟောပြောပွဲများ
နှင့်မုဒိမ်းမှုရှုတ်ချပွဲများအား ပြုလုပ်လျက်ရှိပါသည်။

ယင်းသို့ပြုလုပ်လျက်ရှိရာ ၂၄.၂.၂၀၁၄ ရက်နေ့တွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊(၁၅၆)ရပ်ကွက်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးတင်ဝင်း
မှ ပြည်သူ(၅၀)ဦးတို့အားလည်းကောင်း၊ (၁၀၈)ရပ်ကွက်တွင် ဒဂုံအရှေ့
မြို့မရဲစခန်းမှူး ဒုရဲမှူးသန်းဌေးမှ ပြည်သူ(၆၅)ဦးတို့အားလည်းကောင်း မုဒိမ်းမှုများမဖြစ်ပွားစေရေး ပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး (၁၅၆)ရပ်ကွက်နေ ဒေါ်အေးအေးမွန်မှ ဦးဆောင်၍ ပြည်သူ(၃၀)ဦးခန့်
တို့မှ မုဒိမ်းမှုရှုတ်ချပွဲအားပြုလုပ်ခဲ့ကြောင်း၊ အလားတူ တာမွေမြို့နယ်၊
မေတ္တာညွန့်ရပ်ကွက်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ
ဒေါ်ခင်ခင်ချိုနှင့်အဖွဲ့မှ ဦးဆောင်သည့် ပြည်သူ(၆၅)ဦးခန့်တိုသည် မုဒိမ်းမှုရှုတ်ချပွဲအားပြုလုပ်ခဲ့ပြီး မေတ္တာညွန့်ရပ်ကွက်အုပ်ချုပ်
ရေးမှူးရုံးတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးမောင်မောင်လွင်နှင့် ဦးထွန်းထွန်း တို့မှလည်း ရပ်ကွက်နေပြည်သူများအား မုဒိမ်းမှုမဖြစ်ပွားစေရေး
ပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

၎င်းအပြင် ၂၅.၂.၂၀၁၄ ရက်နေ့တွင် မြောက်ဥက္ကလာပမြို့နယ်၊ ပုရွက်ဆိပ်ကုန်းရပ်ကွက်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမြင့်အေးမှ လည်းကောင်း၊ တံတားကြီးရပ်ကွက်တွင် မြောက်ဥက္ကလာပမြို့မရဲစခန်းမှူး ဒုရဲမှူးဇော်ဝင်းမှလည်းကောင်း မုဒိမ်းမှုများမဖြစ်ပွားစေရေး ပညာပေး
ဟောပြောပွဲပြုလုပ်ခဲ့ပြီး ကျောက်ရေတွင်းရပ်ကွက်တွင် ၎င်းရပ်ကွက်နေ ဦးရွှေလေးဦးဆောင်သည့် ပြည်သူ(၅၀)ဦးခန့်တို့မှမုဒိမ်းမှုရှုတ်ချပွဲအား
ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Yangon Police