ဝန်ကြီးချုပ် ယင်းလပ်နှင့် စကားစစ်ထိုးဖို့ အတိုက်အခံခေါင်းဆောင် စိန်ခေါ်

ပို့စ်တင်ချိန် - 2/28/2014 12:28:00 AM


ထိုင်းနိုင်ငံမှာ အတိုက်အခံခေါင်းဆောင် Suthep Thaugsuban က ဝန်ကြီးချုပ်
Yingluck Shinawatra နဲ့ ဆွေးနွေးမယ်လို့ အရိပ်အမြွက်
ပြောကြားလိုက်ပါတယ်၊ ကြာနေပြီဖြစ်တဲ့နိုင်ငံရေးပြဿနာကို
အဆုံးသတ်နိုင်ဖို့ ဘယ်လိုဆွေးနွေး ညှိုနှိုင်းမှုကိုမှ မလုပ်နိုင်ဘူးလို့
အရင်က ငြင်းဆန်နေခဲ့တာဖြစ်ပါတယ်၊ လနဲ့ချီနေတဲ့ အစိုးရဆန့်ကျင်
ဆန္ဒပြပွဲတွေကို ဦးဆောင်သူ Suthep Thaugsuban က ဝန်ကြီးချုပ် ယင်လပ်နဲ့ ၂ယောက်ထဲ  တိုက်ရိုက် တနိုင်ငံလုံးကို ထုတ်လွှင့်တဲ့ ရုပ်မြင်သံကြားပေါ်မှာ
အခြေအတင်ဆွေးနွေးမှု လုပ်မယ်လို့ စိန်ခေါ်လိုက်တာဖြစ်ပါတယ်။

ဝန်ကြီးချုပ်ယင်းလပ်ကလဲ ညှိုနှိုင်းမှုတွေ လုပ်ဖို့ တံခါးဖွင့်ထားတယ်လို့ ပြောပေမဲ့ Mr.ဆူထက်အနေနဲ့ ဆန္ဒပြပွဲတွေကို အရင်ရပ်ရမယ်လို့ ပြောကြားခဲ့ပါတယ်၊
လုပ်တဲ့ဆွေးနွေးမှုတွေဟာလဲ ဖွဲ့စည်းပုံဥပဒေရဲ့ ဘောင်ထဲမှာ ရှိရမယ်လို့
သူ့အပေါ် အမာခံထောက်ခံသူတွေရှိရာ နိုင်ငံမြောက်ပိုင်းကနေ ဝန်ကြီးချုပ်က
ပြောခဲ့ပါတယ်၊ ဒီကနေ့မှာပဲ ထိုင်းနိုင်ငံရဲ့
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှာ ဝန်ကြီးချုပ်အပေါ် စွဲထားတဲ့
အမှုတွေအတွက် ကြားနာခဲ့ပါတယ်။

အငြင်းပွားစရာ ဆန်စပါးဝယ်ယူတဲ့ အစီအစဉ်နဲ့
ပါတ်သက်လို့ ဝန်ကြီးချုပ် စွဲဆိုခံထားရတဲ့ အမှုအတွက်ကြားနာပွဲကို သူ့အစား
သူ့ရဲ့ အကျိုးဆောင်ရှေ့နေ လာရောက်ခဲ့ပါတယ်၊ အစိုးရရဲ့ ဘဏ္ဍာ
ဒေါ်လာသန်းထောင်နဲ့ချီ ဆုံးရှုံးခဲ့ရတဲ့ လယ်သမားတွေဆီကဆန်တွေကို
ပေါက်ဈေးထက် အများကြီးပေးဝယ်ခဲ့တဲ့ အစီအစဉ်မှာ အစိုးရတွင်း
အဂတိလိုက်စားမှုတွေကို လှစ်လျှူရှုထားမှုနဲ့ ဝန်ကြီးချုပ်
တရားစွဲခံနေရတာဖြစ်ပါတယ်၊

VOA