အသက် ၈၂ နှစ်ရှိသက်ကြားအိုနှင့် ၁၇ နှစ်အရွယ် မိန်းကလေးတို့ ၏ မုဒိမ်းမှု နောက်ဆက်တွဲပြဿနာ

ပို့စ်တင်ချိန် - 5/20/2014 05:16:00 PM


မင်းဘူး၊ မေ ၁၆

အသက် ၈၂ နှစ်ရှိ သက်ကြားအိုက အသက် ၁၇ နှစ်အရွယ် မိန်းကလေးအား မုဒိမ်းမှုကျူးလွန်ပြီး အမှု ဖွင့်အရေးယူသည့်အခါ ထောင်မချရန် အ ကြိမ်ကြိမ်တောင်းပန်သဖြင့် နစ်နာကြေး ၁ဝ သိန်းဖြင့် သဘောတူကျေနပ်ပြီး ငါးသိန်းကို ပထမပေးကာ ကျန်ငါးသိန်းကို မပေးဘဲ တ ရားခံက ခြိမ်းခြောက်ပြောဆိုသဖြင့် တရား လိုက ရဲစခန်းတွင် ပြန်လည်အမှုဖွင့် အရေး ယူရသည့်ဖြစ်ရပ်တစ်ခု ဖြစ်ပွားကြောင်းသိ ရသည်။

မင်းဘူးခရိုင် ဆောမြို့နယ်နေ ဒေါ်------၏သမီးဖြစ်သူ အသက် ၁၇ နှစ် အရွယ် မိန်းကလေးသည် ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၇ ရက်က နေအိမ်တွင်းတစ်ဦး တည်းအိပ်ပျော်နေစဉ် တစ်ရပ်ကွက်တည်း နေ ဦးထန်းရှိန် အသက် ၈၂ နှစ်အရွယ်က အိမ်ပေါ်သို့ရောက်ရှိလာပြီး မိန်းကလေး မျက်နှာအား စောင်ဖြင့်အုပ်၍ သားမယား အဖြစ် ပြုကျင့်ခဲ့ပြီးနောက် ဦးထန်းရှိန်မှ ဓားဦးချွန်ကိုင်၍ ထိုမိန်းကလေးအား ခြိမ်း ခြောက်ခဲ့ကြောင်း သိရသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ မိခင် နှင့် ထိုမိန်းကလေးငယ်က ဆောရဲစခန်းသို့ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် တိုင်တန်း ခဲ့သဖြင့် ဆောပြည်သူ့ ဆေးရုံတွင် မိန်းက လေးငယ်အား စစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန် သူ ဦးထန်းရှိန်မှပြစ်မှုကျူးလွန်သည်ဟု ဝန်ခံ ခဲ့ကြောင်း သိရသည်။

အဆိုပါပြစ်မှုကြောင့် ထောင်မ ချရန် အကြိမ်ကြိမ်တောင်းပန်သဖြင့် တရား လို ဒေါ်----------မှ ချင်းလူမျိုးအချင်း ချင်းဖြစ်ခြင်း၊ တစ်ရပ်ကွက်တည်း နေသူ ဖြစ် ခြင်းတို့ကြောင့် ရန်မများလိုသဖြင့် နစ်နာ ကြေး ကျပ် ၁ဝ သိန်းဖြင့် ညှိနှိုင်း၍ အမှုဖွင့် လှစ်ခဲ့ခြင်းမရှိကြောင်း သိရသည်။

၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၁၃ ရက် တွင် ဦးထန်းရှိန်မှ ကျေးရွာလူကြီးများရှေ့ တွင် ငွေကျပ်ငါးသိန်းအား ပေးပြီး ကျန်ငွေ ငါးသိန်းအား တစ်လကြာလျှင် ပေးမည်ဟု ဝန်ခံကတိပြုခဲ့သော်လည်း ယနေ့အချိန်အ ထိ ကျန်ငွေ ငါးသိန်းအား မပေးသည့်အ ပြင် ဦးထန်းရှိန်မှ တရားလိုဒေါ်------- နှင့် မိန်းကလေးငယ်အား ခြိမ်းခြောက်ပြော ဆိုခြင်းများ ပြုလုပ်ခဲ့သဖြင့် ဦးထန်းရှိန်အား အရေးယူပေးရန် ယခုနှစ် မေ ၁၄ ရက် တွင် ဒေါ်-----မှ တိုင်တန်းခဲ့သဖြင့် ဆော မြို့နယ် ဆောမြို့မရဲစခန်းက (ပ)၃၂/ ၂ဝ၁၄၊ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။
-------------------------------------------------------------------------


Flower News Journal | အတွဲ ၁၀ ၊ အမှတ် ၁၉
Yangon Media Group