အာဆီယံစီးပွားရေးအသိုက်အ၀န်းဖော်ဆောင်မှု မြန်မာအပါအ၀င် လေးနိုင်ငံအတွက် ပြင်ဆင်ချိန်သုံးနှစ်တိုးပေး

ပို့စ်တင်ချိန် - 5/11/2014 01:55:00 PM



အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသော အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များကို သမ္မတဦးသိန်းစိန်က ညစာဖြင့် တည်ခင်းဧည့်ခံပြီးနောက် စုပေါင်းဓာတ်ပုံရိုက်ကူးစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
၂၀၁၅ တွင် အာ ဆီယံစီးပွားရေးအသိုက်အ၀န်း (AEC) ဖော်ဆောင်ရန် ဖွံ့ဖြိုးတိုးတက်မှုမညီမျှသောကြောင့် မြန်မာအပါအ၀င် အာဆီယံလေး နိုင်ငံအတွက် အပြီးသတ်ပြင်ဆင် ချိန်ကို ၂၀၁၈ အထိ အချိန်ကာလ တိုးမြှင့်လိုက်ကြောင်း အာဆီယံ ရေးရာပြောရေးဆိုခွင့်ရှိသူ ဦးရဲ ထွဋ်ကပြောသည်။

မတ်လ ၁၀ ရက်အာဆီယံ ထိပ်သီး အစည်းအဝေးများ မကျင်းပမီ နာရီပိုင်းအလိုတွင် ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။

အာဆီယံခေါင်းဆောင်များ သဘောတူချမှတ်ထားသည့် အ ကောင်အထည်ဖော်ရေးကတိက ၀တ်များထဲမှအဓိကအချက် တစ်ချက်ဖြစ်သည့် ၂၀၁၅ အာဆီယံ စီးပွားရေးအသိုက်အ၀န်း (AEC) ဖော်ဆောင်ရေးတွင် လေးနိုင်ငံမပါ ၀င်နိုင်သေးခြင်းကြောင့် အာဆီယံရည်မှန်းချက်များထဲမှ တစ်ချက် ကို ရွှေ့ဆိုင်းလိုက်ရခြင်းလည်း ဖြစ်သည်။

‘‘ကျွန်တော်တို့က အဖွဲ့ထဲ ကို ၀င်တာလည်း နောက်ကျ တယ်။ ဖွံ့ဖြိုးတိုးတက်မှုကလည်း ကွာခြားတော့ အစတည်းက ဒီလို ပဲသတ်မှတ်ထားပြီးသား။ ကျန် ခြောက်နိုင်ငံကတော့ ၂၀၁၅ မှာအပြီးလုပ်မှာ’’ဟု ဦးရဲထွဋ်က ပြောသည်။

အာဆီယံ အဖွဲ့အတွင်း နောက်ဆုံးမှ ၀င်ရောက်လာခဲ့ သည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်လေးနိုင်ငံမှာ ကျန်အဖွဲ့ဝင်နိုင်ငံများနှင့် နှိုင်း ယှဉ်ပါက ဖွံ့ဖြိုးတိုးတက်မှု၊ GDP၊စီးပွားရေးနှင့် ဈေးကွက်အနေအ ထားစသည့် အခြေအနေတို့မှာ မညီမမျှဖြစ်နေသည်။ ထို့ကြောင့် ၂၀၁၅ အလွန်ပေါ်ပေါက်အောင် တွန်းအားပေး လုပ်ဆောင်နေသည့် အာ ဆီယံစီးပွားရေးအသိုက်အ၀န်းမှာ လက်တွေ့အကောင်အထည် ဖော်နိုင်ရန် ခဲယဉ်းမည်ဖြစ် ကြောင်း အာဆီယံရေးကျွမ်းကျင် သူတို့က သုံးသပ်ပြောကြားထား သည်။

စီးပွားရေး နယ်ပယ်တစ်ခု လုံးတွင် ကုန်သွယ်မှုပိုင်းကစ၍  ရင်းနှီးမြှုပ်နှံမှုအပါအ၀င် အားလုံး ကို ပြင်ဆင်ထားပြီး အားသာချက်၊အားနည်းချက်များကို သုံးသပ်ဆောင်ရွက်မှသာ မြန်မာနိုင်ငံ အတွက် အကျိုးရှိမည် ဖြစ် ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ကုန် သွယ်မှုမြှင့်တင်ရေးဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးတိုးအောင်မြင့် ကပြောသည်။

မြန်မာက အာဆီယံစီးပွား ရေးအသိုက်အ၀န်းတွင် ပါဝင်နိုင် ရန် နိုင်ငံတွင်း အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များကို ဖွံ့ဖြိုးတိုးတက်အောင် ပံ့ ပိုးပေးခြင်း၊ အစိုးရက စီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေ များ ပြင်ဆင်ခြင်း၊ ပြဋ္ဌာန်းခြင်းတို့ နှောင့်နှေးနေခြင်းတို့ကြောင့် အ ဆင်သင့်မဖြစ်သေးချိန်တွင် ယခု ကဲ့သို့ အချိန်ရွှေ့ဆိုင်းလိုက်ခြင်း ကို ကြိုဆိုကြောင်း ဥပဒေပညာ ရှင် ဦးမင်းတေဇညွန့်တင်ကပြော ကြားသည်။

‘‘ဒီလိုတိုးသွားတာ ကျွန် တော်တို့အတွက် ပြင်ဆင်ဖို့ အချိန်ပိုရတယ်။ ပြင်ရမယ့် ပြဋ္ဌာန်းရ မယ့် ဥပဒေတွေ ပြင်ဆင်ရမယ်။ ရပ်နေလို့မရဘူး။ SME တွေ အား ကောင်းအောင်ပြင်ဆင်ရမယ်။ စီး ပွားရေးဆိုင်ရာ မူဝါဒတွေ ချမှတ် ရမယ်။ လက်တွေ့ဆန်ဆန်လုပ်ရ မယ်’’ဟု ၎င်းကဆိုသည်။

‘‘စက်မှုလုပ်ငန်းတွေ မဖွံ့ဖြိုး ခင်မှာ ဒီလိုရွှေ့လိုက်တာကောင်း တယ်’’ဟု ဧရာဟင်္သာကုမ္ပဏီ အုပ်စု၏ အကြီးအကဲဦးဇော်ဝင်း ရှိန်က AEC တွင် လေးနိုင်ငံကို အချိန်တိုးရွှေ့ဆိုင်းလိုက်သည့် အာဆီယံဆုံးဖြတ်ချက်အပေါ် မှတ်ချက်ပြုသည်။

အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီး မြှုပ်နှံမှုများအတွက် ပံ့ပိုးရန်အ တွက် သာမက စီးပွားရေးဆိုင် ရာအဖွဲ့အစည်းများကလည်း ၀ိုင်းဝန်းကူညီပေးရန်လိုကြောင်း ဦးရဲ ထွဋ်ကပြောသည်။

‘‘အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ပံ့ပိုးမှု  ပေးနိုင်ဖို့ဆိုတာ ကျွန်တော်တို့မှာ လိုနေတာ မှန်တယ်။ ဒါက နည်း ပညာနဲ့ငွေကြေးအရင်းအနှီးမရှိ လို့။ ဒါတွေကို ဒီထဲကို ၀င်လာတဲ့ ကုမ္ပဏီတွေဆီက ရနိုင်တယ်။ ပြည်တွင်းက လူတွေက ဈေးကွက်မယှဉ်ပြိုင်နိုင်ဘူးဆိုတာကိုပဲ တွေးတယ်။ ကိုယ်ရမယ့်အခွင့်အရေး တွေကိုလည်း သတိပြုဖို့လိုတယ်’’ ဟု ၎င်းကပြောသည်။

၂၀၁၅ အလွန်အာဆီယံ စီး ပွားရေးအသိုက်အ၀န်းပေါ်ပေါက် ရန် အာဆီယံဒေသတွင်း တစ်ခုလုံး၏  ဆောင်ရွက်မှုမှာ ၈၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း မေလ၉ ရက်က ပြုလုပ်ခဲ့သည့် အာဆီယံစီးပွားရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး ဆွေး နွေးချက်များအရ သိရသည်။

‘‘ကျွန်တော်တို့က AEC ကို ၂၀၁၅ ဒီဇင်ဘာ ၃၁ ရက်မှာဖြစ်သွားပြီ။ ဒါကတော့ အားလုံးဖော် ဆောင်နေတာဖြစ်ပါတယ်။ ဒါ ပေမဲ့ အဲဒီလိုဖြစ်သွားပြီဆိုတာ ဟာ နိုင်ငံအားလုံးက ၁၀၀ရာခိုင် နှုန်းဖြစ်သွားတယ်လို့တော့ မဆို လိုပါဘူး။ ဆိုလိုတာက ဒီနေ့မှာ ဒါကို ကန့်လန့်ကာစဖွင့်လိုက်ပြီ ဆိုတာပါပဲ’’ ဟု အမျိုးသားစီမံ ကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှုဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဒေါက်တာကံဇော်က ပြော ကြားသည်။

7day daily