ကိုယ်အလေးချိန် ပေါင် ၁၀၀ ကျော် ကျသွားသဖြင့် နေအိမ်ပြန်ရန် အခက်တွေ့

ပို့စ်တင်ချိန် - 6/07/2014 11:47:00 AM


အ၀လွန်သူများအဖို့ ကိုယ်အလေးချိန် ကျဆင်းလာချိန်များသည် ပျော်ရွှင်စရာ အချိန်များ ဖြစ်သော်လည်း ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ရောက် ဗြိတိန်နိုင်ငံသားအတွက်မူ စိတ်ပျက်စရာများနှင့် ဆက်တိုက်တွေ့ကြုံခဲ့ရသည်။

အသက် ၃၃ နှစ် အရွယ်ရှိ ဗြိတိန်နိုင်ငံသား ရို့ကွန်နာ ဆိုသူသည် ပြီးခဲ့သည့် မတ်လခန့်မှ စတင်၍ ပေါင် ၃၀၀ နီးပါးရှိသော ၄င်း၏ ကိုယ်အလေးချိန်ကို လျှော့ချရန် ငွေကြေးအမြောက် အမြား သုံးစွဲကာ ဖူးခက်ရှိ ထိုင်းရိုးရာ လက်ဝှေ့စခန်းတွင် အပင်ပန်းခံ ကြိုးစားလေ့ကျင့်မှုကြောင့် လအနည်းငယ် အတွင်း ရို့ကွန်နာသည် ကိုယ်အလေးချိန် ပေါင် ၁၂၀ နီးပါးကို လျှော့ချလိုက် နိုင်ခဲ့သည်။ သို့သော် ရို့ကွန်နာ သည် ပျော်ရွှင်စွာ မိခင်နိုင်ငံသို့ ပြန်ရန် ကြိုးပမ်းချိန်လေဆိပ်တွင် ပြဿနာ စလေတော့သည်။

ရို့ကွန်နာ ဗြိတိန်မှ ထိုင်းနိုင်ငံသို့ ရောက်ရှိစဉ်က ၄င်း၏ ပတ်စပို့စ်နှင့် အခြားသက်သေခံ ဓါတ်ပုံများမှ ယခုရို့ကွန်နာ၏ ပုံစံတို့နှင့် အလွန်ကွာခြားခဲ့ရာ ထိုင်းအာဏာပိုင်များက လေယာဉ်ပေါ်တက်ခွင့် မပြုတော့ဘဲ တားဆီး စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

အမျိုးမျိုး ရှင်းပြသော်လည်း လက်မခံနိုင်သည့် ထိုင်းလေဆိပ်ရဲများကို နောက်ဆုံး ၄င်းသွားရောက် လေ့ကျင့်ခဲ့သော မွှေ့ထိုင်းစခန်းမှ တာဝန်ရှိသူများကို ခေါ်ယူရှင်းပြတော့မှ လက်ခံ အတည်ပြုပေးခဲ့ကြသည်။ နောက်နှစ်အတွင်း ထပ်မံလေ့ကျင့်ရန် စီစဉ်ထားသော ရို့ကွန်နာ အနေဖြင့် ထပ်မံလာရောက်ရန် ခပ်ရွံရွံဖြစ်နေရသည်ဟု ၄င်းက သတင်းထောက်များကို ပြောကြားသွားခဲ့သည်။

ကြယ်စင်