၂၀၁၄ ကမ္ဘာ့အလှဆုံး အမျိုးသမီးဆယ်ဦး

ပို့စ်တင်ချိန် - 6/07/2014 07:09:00 PM


အရာအားလုံးတွင် အခြားအရာများနှင့် ကွဲပြားစေသော ကိုယ်ပိုင်ထူးခြားမှုနှင့် အရည်အသွေးများ ကိုယ်စီရှိကြသည်။ သို့သော် သဘာဝအလှဆိုသည်မှာ ကံ၏ အကျိုးကျေးဇူးသာဖြစ်၏။ ကမ္ဘာပေါ်တွင်ရှိသည့် လှပသောအရာများအနက် လူသားများလည်း ပါဝင်သည်။ အမျိုးသမီးတစ်ဦး၏အလှမှာ မျက်နှာအလှသာမဟုတ်ဘဲ ကိုယ်ခန္ဓာကောက်ကြောင်း အလှလည်း ပါဝင်သည်။ အမေရိကန်နိုင်ငံ ဟောလိဝုဒ်တွင် အချောအလှဆုံး အမျိုးသမီးများအတွက် ဆန္ဒမဲကောက်ခံခဲ့မှုအရ ၂၀၁၄ ခုနှစ် ကမ္ဘာ့အချောအလှဆုံး အမျိုးသမီး ၁၀ ဦးကို ဖော်ပြပေးလိုက်ပါသည်။

(၁၀) နာအိုမီဝပ်စ်


နာအိုမီဝပ်စ်၏အလှကြောင့် ၂၀၁၃ ကိုယ်ရေးအတ္ထုပ္ပတ္တိရုပ်ရှင်တွင် မင်းသမီးဒိုင်ယာနာအဖြစ် သရုပ်ဆောင်ရန် ရွေးချယ်ခံခဲ့ရသည်။ ၎င်းသည် ရုပ်ရှင်ကားများစွာတွင်လည်း ဘုရင့်သမီးတော်နေရာမှ ပါဝင်သရုပ်ဆောင်ထားသည်။ မျက်နှာအလှနှင့် ရွှေရောင်ဆံပင်တို့က ၎င်း၏ ကြော့ရှင်းလှပမှုကို များစွာအားဖြည့်ပေးသည်။

(၉) အလီစီယာကီးစ်


ဂီတပညာရှင်တစ်ဦးဖြစ်သည့် အလီစီယာကီးစ်မှာ အချိန်တိုတိုအတွင်း ၂၀၁၄ ခုနှစ် ကမ္ဘာ့အလှဆုံးအမျိုးသမီးများ စာရင်းတွင် ရွေးချယ်ခံခဲ့ရသူဖြစ်သည်။ ၎င်းသည် သွယ်သွယ်လျလျနှင့် ဆွဲဆောင်မှုအလွန်ရှိသူဖြစ်ကာ သရုပ်ဆောင်အလုပ်လည်းလုပ်သူ ဖြစ်သည်။

(၈) ဇူအီဒက်စ်ချန်နယ်


ဇူအီဒက်စ်ချန်နယ်မှာ ၎င်း၏ ပင်လယ်ရေကဲ့သို့ အပြာရောင်မျက်ဝန်းများကြောင့် ကျော်ကြားပြီး အရပ်မြင့်ကာ ခန္ဓာကိုယ်အချိုးအစားပြေပြစ်ပြီး ထင်ရှားသော ဂီတပညာရှင်တစ်ဦး ဖြစ်သည်။

(၇) အန်ဂျလီနာဂျိုလီ


အန်ဂျလီနာဂျိုလီမှာ နာမည်ကြီးပြီး ဆွဲဆောင်မှုရှိသော မင်းသမီးဖြစ်ကာ အလွန်လှပသော အမျိုးသမီးတစ်ဦးဖြစ်သည်။ ၎င်းသည် အက်ရှင်ကားပေါင်းများစွာ ရိုက်ကူးထားပြီး တိုက်ခိုက်ရာတွင်လည်း ကောင်းသူဖြစ်သည်။ ၎င်းသည် စေတနာကောင်းသူတစ်ဦးဖြစ်ကာ ကမ္ဘာတစ်ဝန်း အလှူအတန်းများစွာ ပြုလုပ်ထားသည်။

(၆) အန်းဟက်သဝေး


ဟောလိဝုဒ်မင်းသမီး အန်းဟက်သဝေးမှာ တည်ငြိမ်လှပချောမောသော အမျိုးသမီးဖြစ်သည်။ ၎င်း၏ အပေါက်ဆုံးဇာတ်ကားမှာ Dark Night Rises ဇာတ်ကားဖြစ်ပြီး ငယ်ရွယ်စဉ်က ဘုရင့်သမီးတော်အဖြစ် ရုပ်ရှင်ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့သဖြင့် လူသိများသူဖြစ်သည်။

(၅) အမန်ဒါဆေးဖရီး


ဟောလိဝုဒ်၏ ငှားရမ်းခအများဆုံး မင်းသမီးတစ်ဦးဖြစ်သော အမန်ဒါဆေးဖရီးသည် အညိုရောင်ဆံပင်ကောက်ကောက်အရှည်နှင့် ခန္ဓာကိုယ်အချိုးအစား ပြေပြစ်သူဖြစ်သည်။

(၄) ကိတ်မစ်ဒယ်လ်တန်


ကိတ်မစ်ဒယ်လ်တန်၏ ဆွဲဆောင်မှုရှိသောအလှနှင့် မဟာဆန်မှုကို မည်သူမျှ ငြင်းနိုင်မည်မဟုတ်ပေ။ ၎င်း၏အရပ်မြင့်ခြင်း၊ ချစ်စရာကောင်းခြင်းနှင့် ဆံပင်ရှည်ရှည်ကြောင့် ကမ္ဘာ့တစ်ဝန်း ပရိသတ်များစွာ ရရှိထားသူဖြစ်သည်။

(၃) ရိုးစ်ဘန်နီ


၂၀၁၄ ကမ္ဘာ့အလှဆုံးအမျိုးသမီး ၁၀ ဦး စာရင်းတွင် တတိယနေရာ၌ ရှိနေသည့် ရိုးစ်ဘန်နီမှာ အံ့သြစရာလှပသော ရုပ်ရည်ရှိပြီး ယင်းတတိယနေရာကိုရရန် အသက်ငယ်ရွယ်လွန်းသူ ဖြစ်သည်။ ပြုံးနေစဉ် အလွန်ချစ်စရာကောင်းလောက်အောင် လှပသူဖြစ်သည်။ ၎င်းသည် Star War ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ထားသည်။

(၂) အေမီအဒမ်


ဟောလိဝုဒ်၏ ဈေးအကြီးဆုံး မင်းသမီးစာရင်းတွင် ပါဝင်သော အေမီအဒမ်မှာ ဟောလိဝုဒ်တွင်တွေ့ရသော အလုပ်အများဆုံး မင်းသမီးဟုပြောလျှင် လွန်မည်မထင်ပေ။ Man of Steel ဇာတ်ကားတွင် Lois Lane အဖြစ် သရုပ်ဆောင်ချက်မှာ အလွန်ဆွဲဆောင်နိုင်သည့် သရုပ်ဆောင်ချက်ဖြစ်သည်။

(၁) ရိုစီဟန်တင်တန်ဝှိုက်တလေ


အလွန်ချစ်စရာကောင်းသော အပြုံးနှင့် ပြီးပြည့်စုံသည့် ခန္ဓာကိုယ်အလှကို ပိုင်ဆိုင်ထားသည့် ဟောလိဝုဒ်ဈေးကြီးသော မင်းသမီးတစ်ဦးဖြစ်သူ ရိုစီဟန်တင်တန်ဝှိုက်တလေသည် ကမ္ဘာ့အလှဆုံးအမျိုးသမီးအဖြစ် ယခု ဆန္ဒမဲကောက်ခံမှုတွင် ရွေးချယ်ခံရသည်။ ၎င်း၏ အပေါက်ဆုံး ရုပ်ရှင်ဇာတ်ကားမှာ Transformer ဇာတ်ကား Dark of the Moon ဖြစ်ပြီး တစ်သက်တာ အလှဆုံးအမျိုးသမီးတစ်ဦးဟု ၎င်းကိုမှတ်ယူမှုမှာ ငြင်းဆန်ရန်ခက်ခဲသည်။

7Day Daily