ပုလောမြို့နယ် ရေချိုကျေးရွာ အမကတွင် ဆွံ့အ နားမကြားသူတစ်ဦး ၀င်ရောက်နှောင်ယှက်မှုဖြစ်ပွား

ပို့စ်တင်ချိန် - 6/07/2014 07:13:00 PM


ပုလော ဇွန် ၇

ပုလောမြို့နယ် ရှပ်ပုံကျေးရွာအုပ်စု ရေချိုကျေးရွာ အမကတွင် ဇွန်လ(၆)ရက် နံနက်(၁၀)နာရီခန့်က ဆွံ့အ နားမကြားသူ တစ်ဦးမှ ဓါးမတစ်ချောင်းကိုင်ဆောင် ၍ ကျောင်းတံခါးမှန်များခုတ်ခွဲဝင်ရောက်ပြီး ဆရာ/မနှင့် ကျောင်းသား/သူများ အား နှောင့်ယှက်ခြင်းများကြောင့် ဆရာ/မနှင့် ကျောင်းသား/သူများ ကျောင်း အတွင်းမှ ထွက်ပြေးခဲ့ရကြောင်း သိရှိရသည်။

ဖြစ်စဉ် ကျူးလွန်သူ မောင်နိုင်နိုင်ဦး (ဆွံ့အနားမကြားသူ)အား ပုလောမြို့နယ်ရဲတပ်ဖွဲ့၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့စစ်အဖွဲ့တို့မှ ဖမ်းဆီးနိုင်ခဲ့ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းမေးမြန်းရာ အရက်မူးခြင်း၊ စိတ်ဖောက်ပြန်ခြင်းမရှိဘဲ ကျောင်းဝင်းအတွင်းရှိ ဈေးဆိုင်အား မကျေနပ်၍ ၀င်ရောက် ရမ်းကားခြင်း ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါဖြစ်စဉ်ကို ကျူးလွန်သူ မောင်နိုင်နိုင်ဦးအား ပုလောမြို့နယ် ရဲတပ်ဖွဲ့မှ ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar