အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး အမျိုးသားတွေ သည်းမခံနိုင်တဲ့အချက်များ

ပို့စ်တင်ချိန် - 6/07/2014 11:20:00 AM


ကိုယ့်ချစ်ရတဲ့ ချစ်သူပဲဖြစ်ဖြစ်၊ ကိုယ့်အသိ အမျိုးသမီးတွေပဲဖြစ်ဖြစ် အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး အမျိုးသားတွေ သည်းမခံနိုင်တဲ့ အချက်ကလေးတွေ ရှိပါတယ်။ အဲ့ဒီအချက်တွေကတော့


၁။ကျွန်မတောင် မလုပ်နိုင်တာ ရှင်က ဘယ်လိုလုပ်မှာလဲ ဆိုတဲ့စကား။

တစ်ခါတစ်လေ ခက်ခဲတဲ့ ကိစ္စရပ်တစ်ခုခုကို လုပ်ကိုင်ဖို့ အမျိုးသားတွေ လုပ်နိုင်မယ်လို့ မထင်ထားတဲ့ အရာတွေရှိပါတယ်။ ဒါမျိုးကို ကျွန်မတောင် မလုပ်နိုင်တာ ရှင်က ဘယ်လိုလုပ်နိုင်မှာလဲဆိုတဲ့ စကားမျိုး ပြောတာမျိုး သူတို့ မခံချင်ကြပါ ဘူး။ အနည်းဆုံး စမ်းပြီး လုပ်ကြည့်ချင်တာပါပဲ။

၂။အထာတွေနဲ့ ပြောတာမျိုး။

မိန်းမတွေအနေနဲ့ ရွဲ့ပြောတာလား၊ ခနဲ့နေတာလား၊ အထားပေးပြီး ပြောနေတလား ဆိုတာ ယောင်္ကျားတွေအနေနဲ့ ဆုံးဖြတ်ရ ခက်တာမျိုးတွေ ရှိပါတယ်။ ဒါတွေ သူတို့မကြိုက်ကြပါဘူး။

၃။ဖြေရခက်တဲ့ မေးခွန်းမျိုးတွေ မေးတာမျိုး။

အမျိုးသမီးတွေအနေနဲ့ သူတို့သိချင်တဲ့ မေးခွန်းတွေကို မေးတဲ့အခါ အဖြေမရှိတဲ့ မေးခွန်းမျိုးတွေ၊ ဘယ်လိုမှ ဖြေရမဆင်မပြေတဲ့ မေးခွန်းမျိုးတွေ မေးတတ်ကြပါတယ်။ အမျိုးသားတွေဟာ အဲ့ဒီလို မေးခွန်းမျိုးတွေကို အမေးမခံလိုကြပါဘူး။

၎။ဟိုတစ်ယောက်လိုလို၊ ဒီတစ်ယောက်လိုလို လုပ်တာမျိုး။

ဒီတစ်ယောက်ကို မကြိုက်ဘူးဆိုရင် မကြိုက်ဘူး ပွင့်ပွင့်လင်းလင်း မပြောပဲ ကြိုက်သလိုလို လုပ်ထားတာမျိုး၊ နောက်တစ်ယောက်နဲ့တွေ့တော့လည်း အီစီကလီလုပ်ထားတာမျိုးတွေ အမျိုးသားတွေ မကြိုက်ကြပါဘူး။

၅။ကိုယ်ကိုယ်တိုင်တောင် ဘယ်စားသောက်ဆိုင် သွားရမှန်းမသိပဲ အကြံအတင်းပေးခိုင်းတာမျိုး။

နှစ်ယောက်သား တွေ့တဲ့အခါ ဘယ်ဆိုင်သွားပြီး စားရင်ကောင်းမလဲမေးတယ်။ ကိုယ်ပေးတဲ့အကြံပြုချက်ကိုလည်း မကြိုက်ဘူး ငြင်းတယ်။ ဒီလိုမျိုးတွေချည်း လုပ်နေတယ်ဆိုရင်တော့ သူတို့ စိတ်ပျက်ပြီပေါ့။

၆။ပြီးသွားတဲ့ ပြ ဿ      နာတွေကို နောက်ကြောင်းလှန်ပြီး ပြန်ပြောတာမျိုး။

နှစ်ယောက်သား ရန်ဖြစ်တုန်းက ပြောသမျှအားလုံးကို မှတ်ထားပြီး ပြဿနာ ပြန်ရှာတာမျိုးတွေ သူတို့ မကြိုက်ကြပါဘူး။

၇။စိတ်ဆိုးနေရက်သားနဲ့ ဘာမှမဖြစ်သလို သူတို့ကို ဆက်ဆံတာ။

အမျိုးသမီးတွေက ဟန်ဆောင်တတ်ကြပါတယ်။ စိတ်ဆိုးလည်း မဆိုးဘူး အေးဆေးဆိုပြီး ကိုယ့်ကို ခပ်တည်တည်နဲ့ တွယ်တော့တာပဲ။ စိတ်ပျက်စရာပါ။

၈။ ခုဘာစဉ်းစားနေတာလဲဆိုပြီး ပြောပြခိုင်းတာ။

စကားမပြောဖြစ်ပဲ နည်းနည်းငြိမ်သွားပြီဆိုတာ ဘာတွေစဉ်းစားနေတာလဲဆိုပြီး မေးတာမျိုးတွေ များလာတော့ တစ်ခါတစ်လေ သူတို့စိတ်ကို ကျဉ်းကြပ်စေလာတာပေါ့။

၉။သူနဲ့အတူရှိနေချိန် သူငယ်ချင်းတွေနဲ့ sms ပို့တာ။

ကိုယ်နဲ့နှစ်ယောက်အတူ ရှိနေချိန်တောင် သူငယ်ချင်းတွေနဲ့ ငါးမိနစ်တစ်ခါ sms ပို့နေတာမျိုးတွေ အာရုံနောက်ပါတယ်။

၁၀။ယောင်္ကျားတွေဟာ ချစ်တင်းနှောဖို့ပဲ တွေးနေတယ်လို့ ထင်မြင်တာ။

ယောင်္ကျားတွေဟာ အချိန်တိုင်းနီးပါး မိန်းကလေးတွေနဲ့ ချစ်တင်းနှောဖို့ကိစ္စပဲ တွေးနေမှာလို့ မထင်လိုက်ပါနဲ့။ သူတို့ အစားအသောက်အကြောင်း၊ ဖက်ရှင်အကြောင်းလည်း တွေးတတ်ပါသေးတယ်။



Ref:cosmopolitan.com

မေသော် (Trend Myanmar)