မြန်မာ-ဂျပန် တပ်မတော်ချင်း ဆက်ဆံရေးကောင်းပါမှ ကာချုပ်ကို ဂျပန်သို့ဖိတ်ကြားဖွယ်ရှိ

ပို့စ်တင်ချိန် - 6/07/2014 11:19:00 AM


ဂျပန်ကာကွယ်ရေးတပ်ဖွဲ့၏ စစ်ဦးစီးချုပ် မြန်မာနိုင်ငံသို့လာရောက်စဉ် ဓာတ်ပုံ – ဂျေမောင်မောင်(အမရပူရ)

မြန်မာ-ဂျပန်နှစ်နိုင်ငံ တပ်မတော်ဆက်ဆံရေးတိုးတက် လာပါက မြန်မာကာကွယ်ရေးဦး စီးချုပ်အား ဂျပန်နိုင်ငံသို့ဖိတ်ခေါ် ရန် စဉ်းစားဖွယ်ရှိကြောင်း မြန်မာ နိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ သတင်းရရှိသည်။

လတ်တလောတွင် ဂျပန် နိုင်ငံသို့  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အား ဖိတ်ကြားထားခြင်းရှိ၊ မရှိ 7 Day သတင်းစာ၏ မေးမြန်းမှုကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်ဒုတိယ သံအမတ်မစ္စတာမာရုယာမက ပြောကြားခြင်းဖြစ်သည်။

‘‘ပြီးခဲ့တဲ့ရက်ပိုင်းလောက် ကမှ  နှစ်နိုင်ငံတပ်မတော်ချင်း စတင်ထိတွေ့ဆက်ဆံမှုပြုလုပ် တာဖြစ်ပါတယ်။ ဒီဆက်ဆံမှုပိုပြီး တိုးတက်လာပြီဆိုတော့မှ ဖိတ် ခေါ်ခြင်းကိစ္စကို စဉ်းစားရမှာဖြစ် ပါတယ်။ နှစ်နိုင်ငံတပ်မတော် ဆက်ဆံရေးတိုးတက်လာမှ ဖိတ် မှာဖြစ်ပါတယ်’’ဟု ၎င်းကပြော ကြားသည်။

ဂျပန်ကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့၏  စစ်ဦးစီးချုပ်သည် မြန်မာကာချုပ်၏ ဖိတ်ကြားချက် အရ မေလ ၂၆ ရက်မှ ၂၉ ရက် အထိ သုံးရက်တာချစ်ကြည်ရေး ခရီးစဉ်လာရောက်ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်အပြီး မြန်မာနိုင်ငံလွတ် လပ်ရေးရပြီး နှစ်ပေါင်း ၆၀ ကျော် အတွင်း ဂျပန်စစ်ဦးစီးချုပ်၏ ပထမဆုံးခရီးစဉ်လည်းဖြစ်သည်။

‘‘နှစ်နိုင်ငံတပ်မတော်ခေါင်း ဆောင်ချင်းကတော့ မြန်မာတပ် မတော်ရဲ့ Capicity Building အရည်အသွေးပိုင်းကို  မြှင့်တင် လုပ်ဆောင်ပေးဖို့  မူအားဖြင့် သဘောတူခဲ့ကြပါတယ်။ ဂျပန် တပ်မတော်က မြန်မာတပ်မတော် နဲ့ ထိတွေ့ဆက်ဆံမယ်၊ ကူညီမှု ပေးမယ်ဆိုတာ စစ်တိုက်နည်း သင်ပေးတာမဟုတ်ပါဘူး။ ခေတ် မီတဲ့တပ်မတော်ဖြစ်ဖို့ ဘယ်ကဏ္ဍတွေမှာ ဘယ်လိုလုပ်ချင်တယ်ဆိုတာ  မြန်မာဘက်ကပြောတဲ့အပေါ်မူတည်ပြီး ဂျပန်တပ်မတော်က ကူညီမှာဖြစ်ပါတယ်’’ ဟု ၎င်းက ပြောသည်။

ဦးသိန်းစိန်အစိုးရလက်ထက်၌ နှစ်ပေါင်းသုံးဆယ်နီးပါးဂျပန်ဝန်ကြီးချုပ်တစ်ဦး၏ ပထမဆုံးခရီးစဉ်အဖြစ် ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေး  မြန်မာနိုင်ငံသို့လာရောက်ခဲ့ပြီး စစ် ဘက်ဆိုင်ရာဆက်ဆံမှုအဖြစ် ဂျပန်ရေငုပ်သင်္ဘောသုံးစီးလာရောက်ခဲ့သည်။

7day daily