မန္တလေးထောက်ပို့တပ်သိမ်းခဲ့တဲ့ ဧက ၃၀၀၀ ပြန်ရရေး စဥ့်ကူးမှာ ဆန္ဒပြထွန်ယက်

ပို့စ်တင်ချိန် - 6/07/2014 11:22:00 AM


မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် စဥ့်ကူးမြို့ နယ် ညောင်ဝန်းကျေးရွာမှာ စစ်တပ်က နှစ်ပေါင်း များစွာ သိမ်းယူထားခဲ့တဲ့ လယ်မြေတွေမှာ ဒီနေ့ ညောင်ဝန်းကျေးရွာ လယ်သမားတွေက ၀င်ရောက် ထွန်ယက်ခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ၁၉၇၂ ခုနှစ်က မန္တလေးနန်းတွင်း ထောက် ပံ့ရေးနဲ့ ပို့ဆောင်ရေး တပ် ၁၂၁ က စဥ့်ကူးမြို့  ညောင်ဝန်းကျေးရွာက လယ်မြေဧက ၃ ထောင်ကျော် ကို  သိမ်းဆည်းခဲ့ပြီး ၁၉၉၅ ခုနှစ်မှာ ဂရိတ်ဝေါ ကုမ္ပဏီကို လုပ်ပိုင်ခွင့်လွှဲပြောင်းပေးခဲ့တယ်လို့ သိရ ပါတယ်။  ဒီနေ့ ထွန်ယက်ခဲ့တဲ့  ညောင်ဝန်းကျေးရွာ သား ဦးခင်မောင်ဌေးက အခုလိုပြောပါတယ်။

“ကျနော်တို့ကတော့ ကျနော်တို့ ဘိုးဘွာတွေ ခုတ်ထွင် ရှင်းလင်းထားခဲ့တဲ့ မြေယာဧကတွေကို ကျနော်တို့ တောင်သူလယ်သမားတွေ မျှဝေခံစားပြီးတော့ လုပ်ကိုင် စားသောက်ကြဖို့ ကုမ္ပဏီက သိမ်းထားတာတွေရေ ၁၂၁ သိမ်းထားတာတွေရော အဲ့ဒါတွေကို ပြန်လည်ရအောင် ကျနော်တို့လုပ်ပြီးတော့ ငွေရော်ကြးပေးတောင်မှ ကျနော်တို့ ငွေကိုမလိုဘူး၊ ကျနော်တို့ လူထုအတွက် ဖူလုံမှုတိုက်ပွဲ လုပ်ကြတာဖြစ်တယ်”
စစ်တပ်က သိမ်းထားခဲ့တဲ့ လယ်မြေဧက ၃ ထောင်ကျော်မှာ ညောင်ဝန်းကျေးရွာက ရာနဲ့ချီတဲ့ တောင်သူတွေ က နွားအရှဉ်း ၇၀ ကျော် နဲ့ ထွန်ယက်ခဲ့တာလို့ သိရပါတယ်။

အဲဒီ တောင်သူတွေဟာ စစ်တပ်က လုပ်ပိုင်ခွင့် လွှဲပြောင်းပေးခဲ့တဲ့ ဂရိတ်ဝေါကုမ္ပဏီက ကြံစိုက်ခင်း တွေ မှာ နေ့စားအလုပ်သမားတွေအဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သူတွေလည်း ဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး RFA သတင်းထောက် မစန်းမော်အောင် အသေးစိတ်တင်ပြထား တာကိုလည်း တဆက်တည်းနားဆင်နိုင်ပါတယ်။

နားဆင်ရန်

RFA Burmese