ရန်ကင်းလူသတ်မှုတရားခံဟု ယူဆရသူ ထွက်ပြေးတိမ်းရှောင်နေဟုဆို

ပို့စ်တင်ချိန် - 6/07/2014 11:23:00 AM


ရန်ကုန်၊ ရန်ကင်းမြို့နယ် ၁၃ ရပ်ကွက် မိုးကောင်း လမ်းပေါ်တွင် စားသောက်ဆိုင်ဝန်ထမ်းတစ်ဦး ၏ဦးခေါင်းကို ဝါးရင်းတုတ်ဖြင့် အရိုက်ခံရ၍ သေဆုံးခဲ့ပြီး တရားခံဟုယူဆရသူမှာ ထွက်ပြေး တိမ်းရှောင်လျက်ရှိကြောင်း ရန်ကင်းမြို့မ ရဲစ ခန်းမှ သိရသည်။

ဇွန် ၃ ရက် မနက် ၁ နာရီခွဲခန့်တွင် မိုး ကောင်းလမ်းပေါ်တွင် အမျိုးသားတစ်ဦး သေ ဆုံးမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ရဲစခန်းမှ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ရန် ကင်းမြို့နယ် ၁၄ ရပ်ကွက် မိုးကောင်းလမ်း ကျောက်ကုန်းကား မှတ်တိုင်အနီးရှိ စားသောက် ဆိုင် တစ်ဆိုင်မှအကြော်ဆရာဖြစ်ပြီး ဇွန်၂ရက် ညပိုင်းတွင် ၁၅ ရပ်ကွက်၊ မိုးကောင်းလမ်းရှိ စား သောက်ဆိုင်တစ်ခုမှ ဝန်ထမ်းတစ်ဦးဖြစ်သူနှင့် အရက်အတူသွားသောက်ပြီးနောက် အပြန်တွင် ၁၃ ရပ်ကွက် မိုးကောင်းလမ်းရှိ ဇီးကွက်ဟိန္ဒူ ဘုရားကျောင်းရှေ့တွင် အသတ်ခံရခြင်းဖြစ် ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရန်ကင်းမြို့မရဲစခန်း စခန်းမှူးက ”သေဆုံးသူက ဦးခေါင်းကို ဝါးဆစ် ပိတ်တုတ်နဲ့ အရိုက်ခံရပြီးသေတာပါ။ နှစ်ယောက် စလုံးက နယ်ကလာပြီး စားသောက်ဆိုင်တွေ မှာ လာအလုပ်လုပ်နေကြတာပါ။ သံသယရှိတဲ့ သူကတော့ ထွက်ပြေးနေတယ်။ တိုင်းခရိုင်အဖွဲ့ တွေနဲ့ ပူးပေါင်းစုံစမ်းနေပါတယ်။ နှစ်ယောက် က ကိစ္စတစ်ခုနဲ့ မကျေလည်တာလေးတွေ ရှိပုံ ရပါတယ်”ဟု ပြောသည်။
သေဆုံးမှုနှင့်ပတ်သက်ပြီး စခန်းမှ ပ-၁၃၁/ ၂ဝ၁၄ ပုဒ်မ ၃ဝ၂ ဖြင့် ၁၃ ရပ်ကွက် အုပ်ချုပ် ရေးမှူးက တရားလိုပြုလုပ်ကာ အမှုဖွင့်အရေး ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

”အသတ်ခံတဲ့သူက ချစ်သဲလို့ အစ်မတို့ ဆိုင်က ခေါ်ပါတယ်။ အလုပ်ဝင်တာ ၁၅ ရက် လောက်ပဲရှိသေးတော့ စီဗွီဖောင်လည်း သူက မတင်ရသေးဘူး။ ဟိုဘက်ဆိုင်က သူကို့သတ် တယ်လို့ယူဆတဲ့သူကိုလဲ သူကိုယ်တိုင် အလုပ် သွင်းပေးတာလို့ သိထားတယ်”ဟု အသတ်ခံ ရသူ၏ စားသောက်ဆိုင်မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

သေဆုံးသူ ချစ်သဲဟုခေါ်သူမှာ မကွေး တိုင်း နတ်မောက်မြို့နယ်တွင် နေထိုင်ပြီး အ သက် ၃ဝ ဝန်းကျင်ခန့်ရှိကြောင်း ထွက်ပြေး တိမ်းရှောင်နေသူမှာ ပဲခူးတိုင်းဒေသကြီး ပြည် ခရိုင် သဲကုန်းကျေးရွာအုပ်စုတွင် နေထိုင်သူ ဖြစ်ပြီး အသက်၂၁ နှစ်ရှိကြောင်း သိရသည်။

ထွက်ပြေးတိမ်းရှောင်နေသူ၏ နာမည်ကို မူ အမှုဖြစ်စဉ်အရ ရဲစခန်းမှူးနှင့်ယင်း၏ စား သောက်ဆိုင်မှ ဖြေကြားပေးခဲ့ခြင်းမရှိပေ။
ရန်ကင်းမြို့နယ် (၁၂)ရပ်ကွက် မေတ္တာ စိန်ရိပ်မွန်လမ်းတွင် မတ် ၁၅ ရက်က ဖြစ်ပွား ခဲ့သော ခေါင်းဖြတ်သတ်မှုဖြစ်စဉ်ကြောင့် ရပ် ကွက်နေပြည်သူများမှာ ဥပဒေစိုးမိုးရေးနှင့် ပတ်သက်ပြီး စိုးရိမ်လျက်ရှိရာ ယခု ဇွန် ၃ ရက် တွင် ထပ်မံ၍ လူသတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

yangon media group