ပညာရေးဝန်ကြီးဌာနဘက်က လုပ်မိလုပ်ရာလုပ်ရင်းနဲ့ တလွဲတချော်တွေ ဖြစ်ကုန်တာ

ပို့စ်တင်ချိန် - 6/07/2014 07:22:00 PM

photo credit : Kamaryut Media

► အလုပ်ဖြုတ်ခံလိုက်ရသည့်အတွက် တရားရင်ဆိုင်နေသည့် တက္ကသိုလ်ဆရာမဒေါက်တာဒေါ်ကျင်ဌေးနှင့်တွေ့ဆုံခြင်း

ပညာရေးဝန်ကြီးဌာနဝန်ကြီးက ချမှတ်လိုက်သော အမိန့်တစ်ခုအပေါ်ချမှတ်ခံရသူ တက္ကသိုလ်ဆရာမက မတရားဟုဆိုပြီး နိုင်ငံ၏အမြင့်ဆုံးသော တရားစီရင်ရေး ဌာနသို့ တိုင်တန်းကာ ထိပ်တိုက်တွေ့ဆုံခဲ့သော အမှုမှာ ယခုအစိုးရသစ်လက်ထက်တွင် ဖြစ်ပွားခဲ့သည်။

ယင်းအမှုက မြန်မာ့ပညာရေး သမိုင်းတစ်လျှောက် တစ်ကြိမ် တစ် ခါမှမဖြစ်ခဲ့သော အမှုတစ်ခုဖြစ်သည့်အပြင် တရားလွှတ်တော်ချုပ်ရုံးက ယင်းကဲ့သို့ တက္ကသိုလ်ဆရာမ၏ တိုင်တန်းမှုကိုလက်ခံပြီး ကြားနာမှုပြုခဲ့သည်။ တိုင်တန်းမှု စ တင် ခဲ့သော ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလမှ ရေတွက် ပါက ခြောက်လပြည့်ပြီဖြစ်သော်လည်း တစ်စုံတစ်ရာဆုံးဖြတ်မှုကို တရားလွှတ်တော်ချုပ်ရုံးက မပြုလုပ်သေးပေ။

တိုင် တန်းမှုပြု ခဲ့သောရန်ကုန်အဝေးသင်တက္ကသိုလ် စီးပွားရေးပညာဌာန ပါမောက္ခဌာနမှူး (ယခုမယူမနေရ ပင်စင်ပေးခံထားရသူ) ဖြစ်ခဲ့သူ ဒေါက် တာဒေါ်ကျင်ဌေးနှင့် တွေ့ဆုံကာ မေးမြန်းခဲ့ပါသည်။

မေး- ဒေါက်တာခင်ဗျား။မင်္ဂလာပါ။ ဒေါက်တာကမြန်မာ့ပညာရေးတစ်လျှောက်လုံးမှာ ဝန်ကြီးနဲ့ထိပ်တိုက်တွေ့ပြီး တရားလွှတ်တော်ချုပ်ရုံးကို မကြောက်မရွံ့ တက်ခဲ့သူလို့ သိရပါ တယ်။ လက်ရှိအမှု အနေအထားကဘယ်လိုရှိနေပါသလဲ။

ဖြေ -ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်
ဒေါက်တာ ဒေါ်ကျင်ဌေးဆိုပြီး အခုတရားလွှတ်တော် ချုပ်ရုံးမှာ တွေ့ဆုံနေ ဆဲပဲလို့ ပြောလို့ရပါသေးတယ်။ တရားမမှုများလို ဟိုဘက်သည်ဘက် စစ်ဆေးတာမျိုး မဟုတ်ဘူး။ တရားလို တရားပြိုင်လည်း မဟုတ်ဘူး။ ပညာရေးဝန်ကြီးဌာနက ၂ဝ၁၃ ခုနှစ် ဇွန်လ ၂၇ ရက် နေ့စွဲနဲ့ ကျွန်မကို မယူမနေရ ပင်စင်ဆိုပြီး အလုပ်ဖြုတ် ခဲ့တယ်။ ဒါက မတရားတဲ့အတွက် မတရားကြောင်းကို ဖော်ထုတ်ဖို့ ကျွန်မတရားလွှတ်တော်ချုပ်ရုံး အထိ ရောက် အောင်တက်ခဲ့တယ်။

တက်ခဲ့တာကလည်းစာချွန်လွှာနဲ့ပါ။ မတရားချမှတ် ထားသောအမှုကို ပယ်ဖျက်ပေးဖို့ တောင်းဆိုတဲ့ စာချွန် လွှာပါ။ နှစ်ဖက်ကြားနာမှုကို ၂ဝ၁၄ ခုနှစ်ဧပြီ ၂၈ ရက် မှာ တရားလွှတ်တော်ချုပ်ရုံးမှာ ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ အပြီးသတ်အမိန့်က မကျသေးပါဘူး။အမိန့်ချမှုကို ကျွန်မ စောင့်ဆိုင်းနေပါတယ်။

မေး - နှစ်ဖက်တွေ့ဆုံပြီး စစ်ဆေးတာက တစ်လကျော်သွားပြီ။ ဘာမှအဖြေမထွက်သေးဘူး။ ဒါနဲ့ ပညာရေးဝန်ကြီးဌာန ဘက်က ဒေါက်တာကို ဘာလို့ဖြုတ်ရသလဲဆိုတဲ့အဖြေကို တရားလွှတ်တော်ချုပ်ရုံးမှာ ပေးပြီးပြီလား။

ဖြေ - ပေးပြီးပါပြီ။ ကျွန်မက အဲဒီအဖြေကို မိတ္တူရထားပြီးပါပြီ။ ပညာရေး ဘက်ကစွပ်စွဲချက်တွေကိုပေါ့။ ဒီတော့ ကျွန်မဘက်ကလည်း ခုခံချေပလွှာတွေ တင်ထားပါတယ်။

မေး - အဓိက ဘာလို့ပြောလဲဗျ။

ဖြေ - ထုံးစံအတိုင်းပေါ့ရှင်။ သူတို့က ကျွန်မမှာ အပြစ်ရှိလို့ အပြစ်ပေးတာပေါ့။

မေး - ဒါဆို ဒေါက်တာ့မှာ အပြစ်ရှိနေတာပေါ့။

ဘဝတစ်လျှောက်လုံးအာမခံပြီး ပြောလိုတယ်။ ကျွန်မဘာအမှားမှမလုပ်ခဲ့ဘူး။ မသမာမှုလည်း မပြုခဲ့ဘူး။ ကျွန်မမှားနေရင် ဒီအထိ မတက်လာရဲပါဘူး။

မေး - ပညာရေးဘက်က ဆရာမကိုအလုပ်ဖြုတ်ရတဲ့ အဓိကအချက်က ဘာဖြစ်နေတာလဲလို့ ထွက်ဆိုချက်ပေးထားပါလဲ။

ဖြေ - စီးပွားရေးတက္ကသိုလ်ကို ပြောင်းသွားတဲ့သူနဲ့ လက်ရှိအဝေးသင်
မှာရှိတဲ့ ဆရာမနှစ်ဦးက ကျွန်မနဲ့ လက်မတွဲ နိုင်ပါဘူးဆိုတဲ့ တင်ပြချက် တစ်ခုရယ်၊ နောက်ပြီး လွန်ခဲ့ တဲ့ နှစ် များက ကျွန်မတိုင်တန်းခဲ့တဲ့ အကြောင်းအရာတွေက မဟုတ်မမှန်ဘဲ လုပ်ကြံတာကြောင့်ဆိုတဲ့
ပြစ်မှုများနဲ့လို့ ထွက်ချက်ပေးထားပါတယ်။

မေး - အဲဒီထွက်ချက်တွေအပေါ် ဆရာမ ဘာပြောလိုပါသလဲ။

ဖြေ - အထောက်အထားမဲ့ တွေလို့ ချေပထားပါတယ်။ ကျွန်မကိုဖြုတ်လိုက်တာ ၂ဝ၁၃ ခုနှစ် မတ်လ ၂၉။ ဟို ဆရာမတွေ ကျွန်မကိုလက်မတွဲနိုင်ပါဘူးဆိုတဲ့တိုင်တာ က ဇွန်လ ၂၇ ရက်။ ပညာရေးဝန်ကြီးဌာနဘက်က လုပ်မိလုပ်ရာလုပ်ရင်းနဲ့ တလွဲတချော်တွေ ဖြစ်ကုန်တာကို ပြောပြပါဦးမယ်။ နောက်တစ်ချက်က မဟုတ်မမှန်ဘဲလုပ် ကြံတယ် လို့ပြောတယ်။ ကျွန်မကိုစစ်လေ။ သက်သေတွေရှိတယ်။ မစစ်ဘူး။ ဘာလို့မစစ်လဲဆိုတော့ ကျွန်မတိုင်တဲ့ သူတွေက အခုဝန်ကြီးဌာနမှာအဆင့်မြင့်နေသူတွေ ဖြစ်နေ ကြတယ်လေ။

မေး - ဟုတ်ကဲ့ အခုဆရာမ ဘာဖြစ်ချင်ပါသလဲ။

ဖြေ - ကျွန်မအမှန်တရားကို လိုလားနေပါတယ်။ ကျွန်မ တရားလွှတ်တော်ချုပ်ရုံးရဲ့ဆုံးဖြတ်ချက်ကို စောင့်ဆိုင်း နေပါတယ်။ အခုကျွန်မအလုပ်ဖြုတ်ခံလိုက်ရတာ တစ်နှစ်ရှိသွားပါပြီ။ အကြောင်းထူးစေချင်ပါတယ်။

ပေါ်ပြူလာနယူးစ်
Popular Myanmar News Journal