ရွှေလင်ပန်းအိမ်ရာစီမံကိန်း တိုင်းဒေသကြီး အစိုးရ တိုက်ရိုက်ရောင်းမည်

ပို့စ်တင်ချိန် - 6/07/2014 12:31:00 PM

ရွှေလင်ပန်းအိမ်ရာစီမံကိန်းမှ အိမ်ယာများကို တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

လှိုင်သာယာမြို့နယ်တွင် တည်ဆောက်နေသည့် ရွှေလင် ပန်း အိမ်ရာစီမံကိန်းကို ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့က တိုက်ရိုက်ကိုင်တွယ် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ အ တွင်းရေးမှူးဒေါက်တာသန်း အောင်က ပြောသည်။

ယင်းအိမ်ရာအတွက် လျှောက်လွှာများ စတင်လက်ခံပြီးသည် နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ သို့ လွှဲပြောင်းပေးကာ မဲဖောက် ရောင်းချပေးခြင်း အစီအစဉ်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လူအများ စိတ်ဝင်စားနေ သည့် အခန်းပေါင်း ၆၀၀ ကျော် ပါဝင်ပြီး အရစ်ကျစနစ်ဖြင့် ရောင်းချမည့် အဆိုပါ အိမ်ရာစီမံကိန်းကို အငြိမ်းစား အစိုးရ၀န်ထမ်းများနှင့် ၀င်ငွေနိမ့်ပြည်သူများအား တိုက်ရိုက်ရောင်းချမည်ဖြစ်သည်။

အိမ်ရာစီမံကိန်းကို လျှောက်လွှာဖြင့် မကြာမီ လျှောက်ထားခွင့်ရရန် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနက စီစဉ်လျက်ရှိသည်။

ပထမအရစ်တွင် အခန်းတစ်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအတွင်း ပေးချေရမည်ဖြစ်ပြီး တစ်လလျှင် အနည်းဆုံးသုံးသောင်းကျော်မှ ခြောက်သောင်းကျော် ပေးသွင်းရမည့် အိမ်ရာစီမံကိန်းကို ၀င်ငွေနည်းပြည်သူအများစုက စိတ်ဝင်စားလျက်ရှိသည်။

ယင်းအခန်းများ မဲဖောက် မည့် အစီအစဉ်မှာ ပြီးခဲ့သည့် လ များက ပြုလုပ်ခဲ့သည့် ဗိုလ်ဗထူး၊ ဗိုလ်မင်းရောင် အိမ်ရာစီမံကိန်း များတွင် မဲဖောက်သည့်ပုံစံ အ တိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးတည်နေရာအနီးရှိ Myanmar Events Parks ခန်းမ၌ ကျင်းပ သွားရန် စီစဉ်လျက်ရှိသည်။

7Day Daily