မန္တလေး - လားရှိုး ကားလမ်းမကြီးပေါ်တွင် ယာဉ်သုံးစီးတိုက်မိ

ပို့စ်တင်ချိန် - 6/07/2014 06:04:00 PM


ဇွန် ၆ ရက်နံနက် ၇နာရီခန့်က သီပေါမြို့နယ် စံလောင်းကျေးရွာအနီး မန္တလေး-လားရှိုးသွားကားလမ်းမမိုင်တိုင်အမှတ် (၁၃၄/၄)  တွင် မန္တလေးဘက်မှ လားရှိုးဘက်သို့
ယာဉ်မောင်းအောင်မြင့်စိုး မန္တလေးမြို့နေသူမောင်းနှင်လာသောယာဉ်အမှတ်(၅ဃ/၁၈၂၀) Scanaအမျိုးအစား၊ အစိမ်းရောင်ရွှေမန္တလာအဆင့်မြင့်ခရီးသည်ယာဉ်သည် လမ်းအကွေ့၌ စလစ်ဖြစ်ပြီး ၊ ၄င်း၏ ယာဉ်ဖင်မှီးဖြင့် တစ်ဖက်ယာဉ်ကြောအတွင်းသို့ လားရှိုးမှ မန္တလေးဘက်သို့ ယာဉ်မောင်းဖြိုးရဲရင့်လွင် မောင်းနှင်လာသည့် ယာဉ်အမှတ် (၄၆/၂၇၈၃) CANDAအမျိုးအစား (အပြာရောင် ) ကုန်စုံတင်ယာဉ်အားတိုက်မိသည်။ ထိုသို့တိုက်မိ၍ CANDA ယာဉ်မှာ ဘေးတစ်စောင်း တိမ်းမှောက် သွားခဲ့ရသည်။




ဆက်လက်၍ ၄င်းရွှေမန္တလာယာဉ်သည် လားရှိုးမှမန္တလေးဘက်သို့ ယာဉ်မောင်း စိုင်းအောင်ညွှန့် မောင်းနှင်လာသော SNJ တံဆိပ်ပါ Dump Truck အမျိုးအစား (အ၀ါရောင်) ယာဉ်၏ ၀ဲဘက်ယာဉ် ဦးခေါင်းတံခါးဝဲဘက်ခြမ်းအား ၀င်တိုက်မိပြန်ပြီး လမ်းဘေးရှိသစ်ပင်ကို ၀ဲဘက်ဦးခေါင်းဖြင့် ၀င်ရောက်တိုက်မိခဲ့သည်။ ယင်းသို့တိုက်မိခြင်းကြောင့် ယာဉ်မောင်းအောင်မြင့်စိုးမှာ ညာဘက် လက်ပွန်းပဲ့ ဒဏ်ရာတစ်ချက်၊ ၀ဲဘက်လက်ဖ၀ါးပွန်းပဲ့ ဒဏ်ရာတစ်ချက်၊ ယာဉ်နောက်လိုက် ကျော်နိုင်မှာ ၀ဲဘက်တံတောင်ဆစ် ပွန်းပဲ့ဒဏ်ရာတစ်ချက်၊ ၀ဲဘက်ဒူးခေါင်း ပွန်းပဲ့ဒဏ်ရာတစ်ချက်ရရှိပြီး CNJတံဆိပ်ပါ Dump Truck အမျိုးအစားယာဉ်မောင်းစိုင်းအောင်ညွန့် မှာငယ်ထိပ်ပေါက်ပြဲဒဏ်ရာတစ်ချက်တို့ သာရရှိခဲ့ကြ၍ ခရီးသည်နှင့် အခြားသူများ ထိခိုက်ဒဏ်ရာရသေဆုံးမှု လုံးဝမရှိကြောင်း၊ ၄င်းနေရာမှာယာဉ်တိုက်မှု၊ ယာဉ်မတော်တဆဖြစ်မှု၊ မကြာခဏဖြစ်ပွား တတ်၍ သေဆုံးထိခိုက် မှုများရှိခဲ့သဖြင့် အထူးသတိပြု မောင်းနှင်သွားလာကြရန် လိုအပ်ကြောင်းသီပေါမြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းလှိုင်က သတင်းမီဒီယာအား ရှင်းလင်းပြောပြသည်။ ၄င်းယာဉ်တိုက်မှုနှင့် ပတ်သတ်၍ သီပေါမြိုမရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက် လျက်ရှိကြောင်းသိရသည်။


သီပေါကိုလတ်
Ygn News (www.YgnNews.com)