ညစ်ညမ်းဝက်ဘ်ဆိုက်များကို မိုဘိုင်းလ်ကိရိယာဖြင့် ကြည့်ရှုမှုတွင် iPhone နှင့် iPad ကိုင်ဆောင်သူအများဆုံးဖြစ်နေ

ပို့စ်တင်ချိန် - 6/07/2014 11:19:00 AM


အင်တာနက်မှ ညစ်ညမ်းဝက်ဘ် ဆိုက်များကို စမတ်ဖုန်းများဖြင့် ကြည့်ရှုမှုတွင် Apple ကုမ္ပဏီထုတ် iPhone နှင့် iPad ကိုင်ဆောင်သူများက အရေအတွက်အများဆုံးဟု သိရှိရသည်။


နာမည်ကြီး Pornhub ဝက်ဘ်ဆိုက် က ညစ်ညမ်းရုပ်ရှင်များကို ဝင်ရောက်ကြည့်ရှုသူ အရေအတွက်သည် နေ့စဉ် ၃၈သန်းမျှ ရှိနေကြောင်း ကြေညာခဲ့ သည်။ ယင်းတို့အနက် ထက်ဝက်မျှ သည် စမတ်ဖုန်းများ၊ Tablet များဖြင့် ကြည့်ရှုသူများဟုလည်း ဆိုသည်။ ယင်း တို့အနက် iOS သုံးကိရိယာများ ဖြစ်ကြသည့် iPhone၊ iPad များမှ Safari browser ကို အသုံးပြုပြီး ကြည့်ရှုသူ အရေအတွက်မှာ အများစု ဖြစ်နေကြောင်းလည်း သိရသည်။ Google ၏ chrome browser ဖြင့် ကြည့်ရှုသည့် မိုဘိုင်းလ်ဖုန်း အသုံးပြုသူအရေအတွက်
မှာ ၁၃.၆ ရာခိုင်နှုန်းမျှသာ ရှိသည်။

ညစ်ညမ်းရုပ်ရှင်များကို ကြည့်ရှုရာ တွင် အများဆုံး အသုံးပြုသည်မှာ iPad များဟု ဆိုသည်။ Safari browser မှ တစ်ဆင့် ယင်းရုပ်ရှင်များကို ကြည့်ရှုသူ အရေအတွက်မှာ မိုဘိုင်းလ်ကိရိယာ အသုံးပြု၍ ဝင်ရောက်လာသူ အားလုံး အနက် အမြင့်မားဆုံးဖြစ်ပြီး ၇၃ ရာခိုင် နှုန်းထိ ရှိခဲ့သည်။ Gizmodo ကအဆိုပါ အချက်အလက်များကို ထုတ်ပြန်ပေးရန် Pornhub ကို တောင်းဆိုခဲ့ခြင်း ဖြစ်
သည်။ Tablet မပါဝင်ဘဲ စမတ်ဖုန်း ချည်းသီးသန့် တွက်ချက်မှုတွင်မူ chrome က ၁၈ ရာခိုင်နှုန်းရှိပြီး Safari က ၃၈.၂ ရာခိုင်နှုန်းချုပ်ကိုင်ထားသည်။Desktop ကွန်ပျူတာများဖြင့် ညစ်ညမ်းဝက်ဘ်ဆိုက်များ ကြည့်ရှုမှုတွင်မူ Google ၏ chrome က ၄၄.၄ ရာခိုင် နှုန်းဖြင့် ထိပ်ဆုံးမှရှိနေပြီး ၎င်း၏နောက် တွင် Internet Explorer က ၂၃.၁၉ ရာခိုင်နှုန်း၊ Firefox က ၂၀.၁ ရာခိုင်
နှုန်းစီ အသီးသီး ရှိနေကြောင်းလည်း သိရသည်။

Planet Myanmar NEtwork