အသတ်ခံရပြီးတစ်လကျော်ကြာတဲ့ အထိအသံတွေကြားကြားနေရလို့


ရန်ကုန်မေ၇။ ။နံနက် ၃း၃၀ နာရီဝန်းကျင်ရန်ကင်း ၁၂ ရပ်ကွက် က အိမ်လေးတစ်အိမ်မှာ အိုးခွက်တွေကိုကိုင်တွယ်နေသံကို
အဲ့သည့် အိမ်မှာ နေထိုင်တဲ့ သူတွေ အကုန်ကြားရပါတယ်။

ရန်ကင်းမြို့နယ် ၊မေတ္တာရိပ်သာလမ်းဆုံ ၁၂ ရပ်ကွက်မှာ အသတ်ခံခဲ့ရတဲ့ ကိုမင်းမင်းဦး (ခ)အကြီးကောင်က သူ့အိမ်မှာ ပုံမှန် မနက် အစောဘက်ဆို ထမင်းချက်၊ရေနွေးတည် လုပ်ပေးသလို သူတို့နေတဲ့အိမ်ရှေ့ ခြံဝန်းကိုသန့်ရှင်းရေးလည်း လုပ်တယ်။

ရပ်ကွက်ထဲမှာလည်း မြောင်းဖေါ်တာတာဘာညာလည်း ကိုမင်းမင်းဦးပါပါတယ်။
အသတ်ခံရသူ ကိုမင်းမင်းဦးရဲ့ဇနီးဖြစ်သူ မဇင်ဇင်အောင်က “သူဆုံးပြီးပေမယ့်လည်း
မနက်သူထနေကျအချိန်ဆိုရင်အဲ့လို အိုးသံခွက်သံ၊ပန်းကန်သံတွေကြား
ရတတ်တယ်။

သူက ခြံထဲမှာ မျက်ရှင်းတယ်။ပြီးရင် သူ့ယောက္ခမဆီက ကွမ်းဖိုးတောင်းတတ်တယ်။သူ့ပါးစပ်ထဲမှာ အမြဲတမ်းကွမ်း
ရှိတယ်။ တနေ့ သူ ပုံမှန်ခြံရှင်းပြီးချိန်လောက်မှာ ဒေါ်ကြီးရေ၊ဒေါ်ကြီးရေ ဆိုတဲ့ ခေါ်သံ
ကြားရတယ်။

ကျွန်မအေမက အော်အကြီးကောင်တော့ ကွမ်းဖိုးလာတောင်းတာလားမသိဘူးလို့
ပြောတယ်” လို့ပြောပါတယ်။

တစ်လပြည့် ဆွမ်းကျွေးတော့ ဘုရားဆွမ်းတော်ကပ်ထားတာကို သွားကျွေးပြီး
ကလေးတွေကြောက်အောင်လာလာမပြနဲ့တော့ဆိုတော့ လာမပြတော့ဘူးလို့ မဇင်ဇင်အောင်ကဆိုပါတယ်။

မဇင်ဇင်အောင်က “ကျွန်မတိုက်ကြီးကို ဧပြီလ ၂၂ ရက်နေ့ကသွားတော့
ကွမ်းငုံပြီးစားထားတဲ့ အသံနဲ့ မကြီးရေ တံခါးလေးဖွင့်ပေးပါဆိုလာခေါ်တယ်။ ကျွန်မ အမတွေက လည်း ညဘက်ဆိုတော့ တံခါးမဖွင့်ပေးဘူး။နောက် ည ၁ နာရီလောက်မှာ တစ်ခါ လာတယ်။

မကြီးရေ တံခါးလေးဖွင့်ပေးပါဆိုပြီးလာခေါ်တာမျိုးကြားရတယ်။မနက်ကျတော့ ကျွန်မ အမတို့က သူတို့ ထင်တဲ့သူကို ညဘက်နင်လာသေးလား ဆိုတော့ အဲ့ဒီ့ကောင်လေးက မလာဘူးလို့ ဖြေတယ်။

ကျွန်မကတော့ ကျွန်မ ယောကျာင်္းအသံဆိုတာ မှတ်မိတယ်။သူက သူအသက်ရှိစဉ်ကတည်းက အိမ်လည်တာမျိုးကို မကြိုက်ဘူးလေ” လို့ပြောပါတယ်။
အဲ့သည့်တိုက်ကြီးကိစ္စက တစ်လပြည့် ဆွမ်းကျွေး အပြီးမှ ဖြစ်တဲ့ ကိစ္စဖြစ်ပါတယ်။
အိမ်နားမှာတော့ အသံဗလံ ကြားရတာမျိုးမရှိတော့ဘူးလို့ဆိုပါတယ်။

The Modern News Journal

အချစ်ကို အရမ်းရူးသွပ်တဲ့သူတွေထဲမှာ သူမပါဘူးလို့ ဆိုလိုက်တဲ့ ဆုပန်ထွာ


သရုပ်ဆောင် ဆုပန်ထွာဟာ အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းလာခဲ့တာ အခုဆိုရင် ဆယ်စုနှစ် တစ်ခုကို ကျော်ခဲ့ပါပြီ။ သူမရဲ့လတ်တလော အနုပညာလှုပ်ရှားမှုအပြင်၊ အားလုံးစိတ်ဝင်စားနေတဲ့ အချစ်ရေးသတင်းနဲ့ ပတ်သက်ပြီး မေးဖြစ်ခဲ့တာကတော့ ‘အခုလတ်တလောမှာတော့ ဇာတ်လမ်းတွဲရိုက်နေတယ်။  ဇာတ်လမ်းတွဲ ဆိုပေမဲ့ အရင်ဇာတ်လမ်းတွဲထဲမှာက ရှေ့နေမလေး တစ်ယောက် ကာရိုက်တာပါ။ ဇာတ်လမ်းတွဲကနှစ်လ၊ သုံးလလောက် ရိုက်ရမှာ ဆိုပေမယ့် ကိုယ့်အတွက် အဓိကနေရာက လုပ်ရမယ့် ကာရိုက်တာ မျိုးဖြစ်နေတာရယ်၊ ပြီးတော့ ဒီဇာတ်လမ်းလေးက ပြည်သူလူထုအတွက် အကျိုးရှိစေမယ့် ဇာတ်လမ်းလေး ဖြစ်နေလို့ပါ။ ပန်ပန်ကို သင်္ကြန်မတိုင်ခင် ကတည်းက ကားရိုက်ကမ်းလှမ်း လာတာတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီဘက်မှာ ဇာတ်လမ်းတွဲ ရိုက်ဖို့ လက်ခံထားတော့ ငြင်းလိုက်ရပါတယ်။ ငြင်းလိုက်တယ် ဆိုတာကလည်း ကိုယ်က ကိုယ်ယူထားတဲ့ အနုပညာကြေးနဲ့ တန်အောင် အိုက်တင်ကိုလုပ်ပြချင်တာပါ။ ဇာတ်လမ်းတွဲတွေက ရှေ့မှာလည်း ရိုက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ရှေ့မှာ ရိုက်ခဲ့တဲ့ ဇာတ်လမ်းတွဲလို အခုဇာတ်လမ်းတွဲက ဇာတ်လမ်းတွဲပုံစံမျိုး မဟုတ်ပဲ အမှုတစ်ခုချင်းစီကို တစ်ခန်းချင်းစီ ဖော်ထုတ်ကြတာပါ။ အစအဆုံး စုစုပေါင်း ရှစ်ခန်းရိုက်ကူး ပေးဖို့ လက်ခံထားပါတယ်။  အခုချိန်မှာတော့ အချစ်ရေးက အေးအေးဆေးဆေးပါပဲ။ ဒါပေမဲ့ အချစ်ကို အရမ်းရူးသွပ်တဲ့ သူတွေထဲမှာတော့ မပါပါဘူး။ ချစ်သော ပရိသတ်ကြီးအတွက် ဘယ်လို အတိုက်အခိုက်တွေ၊ အခက်အခဲတွေဖြစ်နေပါစေ အနုပညာအလုပ်တွေကို ဒီထက်မက ကြိုးစားနေပါတယ်’လို့ သူမက ဖွင့်ဟခဲ့ပါတယ်။

trend myanmar

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် ကာချုပ်(ရေ) ဖုန်းကိုင်ထားမှု သံတမန်ကျင့်ဝတ်နှင့် မကိုက်ညီဟု ဝေဖန်


ရန်ကုန်၊ မေ ၇

နှစ်နိုင်ငံ လူကုန်ကူးမှု၊ လက်နက်နှင့် မူးယစ်ဆေးဝါး အရေးကိစ္စများနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာနှင့် မတ်လဆန်းပိုင်းက သွားရောက် တွေ့ဆုံခဲ့သည့် မြန်မာနိုင်ငံမှ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် သူရသက်ဆွေ တို့၏ တွေ့ဆုံမှု မြင်ကွင်း ဓာတ်ပုံအတွင်း ရေတပ်ဦးစီးချုပ်၏ လက်အတွင်း လက်ကိုင်ဖုန်း ကိုင်ဆောင်ထားခြင်းမှာ သံတမန်ဆက်ဆံရေးနှင့် ပတ်သက်ပြီး မပြုလုပ်သင့်သည့် ပုံစံဖြစ်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။

အဆိုပါ သတင်းဓာတ်ပုံကို ဘင်္ဂလားဒေ့ရှ် အခြေစိုက် Bangladesh Chronicle အင်တာနက် စာမျက်နှာ၌ မေ ၄ ရက် ရက်စွဲဖြင့် ဖော်ပြထားပြီး တွေ့ဆုံမှုကိုလည်း ယင်းနေ့ နေ့လယ်ပိုင်းက ၀န်ကြီးချုပ် ရှိတ်ဟာဆီနာ၏ ၀န်ကြီးချုပ် အိမ်တော်၌ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ယင်းသို့ သတင်းနှင့်တွဲဖက်၍ ဖော်ပြထားသည့် သတင်းဓာတ်ပုံ၌ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၏ လက်အတွင်း လက်ကိုင်ဖုန်း ကိုင်ဆောင် ထားသည့်အတွက် သံတမန်ရေးအရ မလုပ်ဆောင်သင့်သည့် လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်ခဲ့ခြင်းလည်း ဖြစ်သည်။

““ကျွန်တော် သိရသလောက်တော့ လူကြီးတွေ တော်တော်များများ ကိုယ်တိုင် ဖုန်းကိုင်တာ မရှိဘူး။ သူ့ရဲ့ ကိုယ်ရေးအရာရှိ လောက်ပဲကိုင်တာ””ဟု ယခင်စင်ပြိုင်အစိုးရအဖွဲ့၏ ကုလသမဂ္ဂ အမြဲကိုယ်စားလှယ် ဒေါက်တာသောင်းထွန်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။

သူက ဆက်လက်ပြီး ယင်းဓာတ်ပုံအရ ဖုန်းကိုင်ထားခြင်းသာ ဖြစ်ပြီး ဖုန်းပြောခဲ့သည်ဆိုပါက ““အခုလိုမျိုး အရေးကြီးတဲ့ နိုင်ငံခြား ဧည့်သည်တွေနဲ့ ထိပ်တန်း အစည်းအဝေးမှာတော့ လူကြီးတွေက ဖုန်းပြောလေ့ မရှိပါဘူး၊ တရားဝင် လူကြီးတွေနဲ့ တွေ့တဲ့ အခါကျတော့ လက်ကိုင်ဖုန်း ပြောတာတော့ သံတမန် ကျင့်ဝတ်အရ မညီဘူးပေါ့””ဟု သုံးသပ်သည်။

ငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတစ်ဦး ဖြစ်သည့် ဦးညိုအုန်းမြင့်ကလည်း ““ကျွန်တော်တော့ တွေ့ဖူးပါတယ်။ အခြေခံကျတဲ့ ဖြစ်နိုင်ခြေ အချက်က ခေါင်းဆောင်တစ်ဦးက တစ်ဦးကို ပြချင်လို့ တယ်လီဖုန်းပေါ်မှာ Reference အနေနဲ့ ဖြစ်နိုင်တယ်။ ခေါင်းဆောင်တွေ တွေ့ဆုံတဲ့အခါမှာ အဓိကကတော့ တစ်ယောက်နဲ့ တစ်ယောက် ရင့်ရင့်သီးသီး မပြောဖို့၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံရဲ့ အားနည်းချက်တွေကို ထောက်မပြဖို့။ ဒါပေမဲ့ ခုနကပြောတဲ့ တယ်လီဖုန်းပေါ်က တစ်ခုခု ထုတ်ပြတယ် ဆိုတာလည်း ဖြစ်နိုင်တာပဲ။

ဓာတ်ပုံတစ်ပုံကို ကြည့်ပြီးတော့ အကြောင်းအရာ တစ်ခုလုံးကို ပြောလို့မရပါဘူး။ ခေါင်းဆောင်နှစ်ဦးရဲ့ ဆွေးနွေးမှုတွေကို တစ်လျှောက်လုံး ဗီဒီယို ရိုက်ထားပြီးတော့ အဲဒီမှာ သူဟာ တယ်လီဖုန်းကိုပဲ တစ်ချိန်လုံး ကြည့်နေတယ် ဆိုရင်တော့ ပြောစရာဖြစ်တာပေါ့။ မြန်မာရေတပ် ဗိုလ်ချုပ်ကနေ တယ်လီဖုန်းထုတ်ပြီးတော့ အကြောင်း အချက်တစ်ခုခု ထုတ်ပြတာလည်း ဖြစ်နိုင်ပါတယ်။

မြန်မာပြည်ရဲ့ကိစ္စကို ပြောတာလည်း ဖြစ်နိုင်တယ်။ နှစ်နိုင်ငံ ဆွေးနွေးနေတဲ့ဟာကို အထောက်အကူ ပြုတာလည်း ဖြစ်နိုင်တယ်။ ဓာတ်ပုံ တစ်ပုံတည်းကျတော့ ဆုံးဖြတ်ဖို့ ခက်မယ်လို့ ထင်တယ်”” ဟု သုံးသပ်သည်။

နှစ်နိုင်ငံတွေ့ဆုံမှုအတွင်း ၀န်ကြီးချုပ် ရှိတ်ဟာဆီနာက ““အခု ဖြစ်နေတဲ့ ရာဇ၀တ်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတစ်နိုင်ငံတည်းနဲ့ ရပ်တန့်သွားအောင် လုပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် နှစ်နိုင်ငံ ပူးပေါင်း လုပ်ဆောင်သွားဖို့ လိုအပ်တယ်””လို့ ပြောဆိုခဲ့ကြောင်း ယင်းသတင်းဖော်ပြမှု၌ ပါရှိသည်။

““အခြေခံကျတဲ့ စိတ်ဝင်စားမှုအပေါ် နှစ်နိုင်ငံ လက်တွဲ လုပ်ကိုင်ကြမယ်ဆိုရင် နှစ်နိုင်ငံ နယ်စပ်ဒေသ တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေ ရရှိလာမှာ ဖြစ်တယ်”” ဟု မြန်မာ့ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေဘက်မှ ပြောဆိုခဲ့ကြောင်းလည်း အဆိုပါသတင်း၌ ဖော်ပြထားသည်။

လက်ရှိ ကာချုပ်(ရေ) ဗိုလ်ချုပ်ကြီးသူရသက်ဆွေမှာ စစ်တက္ကသိုလ် အမှတ်စဉ် ၂၂ ဆင်းဖြစ်ပြီး ယခင် ကာချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းအား ဒုတိယသမ္မတအဖြစ် ခန့်အပ်ခဲ့သည့်အတွက် ယခင်စစ်ဦးစီးချုပ် (ရေ) အဆင့်မှ ကာကွယ်ရေးဦးစီးချုပ်(ရေ)သို့ တိုးမြှင့် ခန့်အပ်ထားခံရခြင်း ဖြစ်သည်။

MH-0025
Myanmartandawsint Newspaper

ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ညွှန်းပိုင်းနဲ့ ပတ်သက်ပြီးပြောပြလာသူ ဆရာချစ်ဦးညို


ဗြိတိသျှလက်အောက်၊ ဂျပန်လက်အောက်၊ ထို့အပြင် ဂျပန်ကိုတိုက်ထုတ်ပြီး အင်္ဂလိပ်နှင့်ပေါင်းကာ နိုင်ငံရေးအသိ၊ နိုင်ငံရေးမီးစကိုမည်သို့၊ မည်ပုံကြိုးစား သည့် အကြောင်း၊ ဗိုလ်ချုပ်၏ အကျင့်စရိုက်သဘောသဘာဝများ၊ ဗိုလ်ချုပ်၏ ငယ်ဘဝ၊အိမ်ထောင်ရေး၊သားရေး၊ သမီးရေးကအစ လုပ်ကြံခံခဲ့ရသည်အထိ ဗိုလ်ချုပ်အောင်ဆန်း၏အတ္ထုပ္ပတ္တိကို ရုပ်ရှင်ရိုက်ကူးနိုင်ရေးအတွက် ဇာတ်ညွှန်း ခွဲရသည်မှာ လွယ်ကူသည့်အလုပ်မဟုတ်သော်လည်း ပြီးပြည့်စုံသော ရုပ်ရှင်အမှန်ဖြစ်စေရေး အစွမ်း ကုန်ကြိုးစားပြီး ဇာတ်ညွှန်းခွဲပေး ထားကြောင်းဆရာ ချစ်ဦးညိုကပြောသည်။

ဗိုလ်ချုပ် ရုပ်ရှင်အတွက် ဇာတ်ညွှန်းများကို အပိုင်းသုံးပိုင်း ခွဲပြီး ရေးပေး ထားကြောင်း၊အပိုင်းတစ်ကို ဆရာမြမြင့်မိုရ်၊အပိုင်းနှစ်ကို ဆရာ ကြည်စိုးထွန်း၊အပိုင်းသုံးကို ဆရာ ချစ်ဦးညိုတို့က တစ်ပိုင်း နှင့်တစ်ပိုင်း အချိတ်အဆက်မိ အောင် ရေးပေးထားကြောင်း သိရသည်။ ဗိုလ်ချုပ်ရုပ်ရှင် တွင် အခန်းပေါင်း ၃ဝဝ ကျော်၊ ဆင်းန်ပေါင်း ၃ဝဝ ကျော်ပါရှိပြီး ၁၉၄၄- ၁၉၄၅ ဗိုလ်ချုပ်ကျဆုံးသည်အထိ (အခန်း ၄၇ အထိ) ရေးခဲ့သည့်ဆရာချစ်ဦးညိုက

” ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘဝအစ၊ မောင်အောင်ဆန်း၊ ငယ်ဘဝ နာမည် မောင်ထိန်လင်းဘဝပေါ့။ အဲဒီကနေ ကျောင်းသား ဘဝမောင် အောင်ဆန်း၊ အဲဒီကနေ တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်း၊ သမဂ္ဂအတွင်းရေးမှူး ကိုအောင် ဆန်း၊သခင်အောင်ဆန်း၊ တို့ဗမာအစည်းအရုံးပေါ့။ သခင်ဘဝနဲ့တရုတ်ပြည်ကိုထွက်သွားတဲ့
အကြောင်း၊ တရုတ်ပြည်မှာအဆက်အသွယ် မရဘဲဂျပန်ကိုရောက် သွားတဲ့အကြောင်း၊ ဟိုင်နန်ကျွန်းမှာစစ်သင်တန်းတက်တဲ့ အကြောင်း၊ နောက်တစ်ခါ ပြန်ဝင်လာပြီး ဂျပန်ကိုတိုက်ထုတ်တဲ့
အကြောင်း၊ ခြုံပြောရမယ်ဆို ရင်တော့ အောင် ဆန်းအက်တလီ စာချုပ်ချုပ်ဆိုတဲ့အကြောင်းစတဲ့ ဗိုလ်ချုပ်ရဲ့အတ္ထုပ္ပတ္တိ သမိုင်းဖြစ်စဉ်
အကုန်လုံး ရုပ်ရှင်ထဲမှာပါတယ်။

အဲဒါတွေဟာ မြန်မာနိုင်ငံရဲ့သမိုင်းဖြစ်စဉ်နဲ့ အမြဲဒွန် တွဲနေတယ်လေ။ ဒီတော့ ဒီသမိုင်းဖြစ်ရပ်ကြီးအပေါ်မှာသမိုင်းနောက်ခံထားပြီးတော့ဗိုလ်ချုပ်ရဲ့အတ္ထုပ္ပတ္တိရသပေါ်လွင်အောင်၊ ဒေါ့ ကူမန်ထရီလို့ခေါ်တဲ့ မှတ်တမ်းတင် ကားမဟုတ်ဘဲနဲ့ ရုပ်ရှင်သဘောမျိုးသက်ဝင်ပြီး ရသပေါ်အောင်ရိုက်တဲ့ ရုပ်ရှင်ကားမျိုး၊ ဥပမာ- ဂန္ဓီတို့လို၊ နယ်လ်ဆင်မင်ဒဲလားတို့လိုမျိုး တိုင်းပြည်ရဲ့အထင်ကရ ပုဂ္ဂိုလ်ေ တွကိုပေါ့။ နောက် ဂျွန်အက် (ဖ်) ကနေဒီအကြောင်းပေါ့။ အဲဒီလိုမျိုးရုပ်ရှင် အဖြစ်ဖန်တီး ရိုက်မှာ။ အထူးပြုရမယ့်အချက် တွေရှိတယ်လေ။

အခက်အခဲတစ်ခုရှိတာက ဇာတ်ညွှန်းတစ်ခုကို သုံးယောက်ပေါင်းရေး လိုက်တော့တစ်ပိုင်းနဲ့တစ်ပိုင်း အံချော်သွားနိုင်တယ်။ ဒီအတွက်တော့ ညှိနှိုင်းတိုင် ပင်လိုက်ရင် ပြီးသွားမှာပါ။ ” ဟု ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ညွှန်း၏ သဘောသဘာဝ၊ အခက်အခဲ၊ ဖြတ်တောက်လိုက်ရပုံတချို့ကို ပြောသည်။ ဗိုလ်ချုပ်ရုပ်ရှင် တွင် ခေါင်းဆောင်ကောင်း တစ်ယောက်၏ စိတ်ထားမှန်ကန်မှု၊ ပညာဥာဏ်အမြော်အမြင်ရှိမှု၊ ဗဟုသုတကြွယ်ဝမှုတို့ကို အပြည့်အဝမြင်တွေ့ရ မှာဖြစ် ကြောင်း လည်းဆရာချစ်ဦး ညိုကပြောသည်။

ဗိုလ်ချုပ်ရုပ်ရှင်ကိုကြည့်ခြင်းအားဖြင့် ယင်းခေတ်၊ ယင်းကာလက တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတို့၏စိတ်ဓာတ်၊ အစည်းအရုံး၊ အဖွဲ့ဝင်တို့၏ခံယူချက်တို့ကို နှောင်း လူ၊ ယနေ့ခေတ်လူငယ်၊ လူကြီးတို့ ဆောင်ရန်၊ ရှောင်ရန်အသိ စိတ်ဓာတ်အများကြီး ရရှိမည် ဖြစ်ကြောင်း၊ရိုက်သူကသာ အမှန်တကယ် ရိုက်ပြနိုင်လျှင် အဖိုးအနဂ္ဃထိုက် တန်လှသည့် အကျိုးကျေးဇူးများစွာရရှိမှာ ဖြစ်ကြောင်း
လည်း ဆရာချစ်ဦး ညိုကသူ၏စိတ်ခံစားချက် အရင်းခံအမှန် သဘောတရား များကိုပြောပြ သည်။၂ဝ၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်၊ ဗိုလ်ချုပ်၏နှစ် ၁ဝဝ ပြည့် မွေးနေ့တွင်ပြသနိုင်ရန် စီစဉ် ထားရှိပုံနှင့်ပတ်သက်၍လည်း

” အစကတော့ မွေးနေ့ အမီပြသနိုင်ဖို့ ကြံဆောင် ကြိုးစားခဲ့ကြတာပေါ့။ ဒီအတွက်လည်း အကြိမ်ကြိမ် အစည်းအဝေးထိုင်ပြီးဆုံးဖြတ်ခဲ့ကြတယ်။ လုပ်ခဲ့ကြတယ်။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့်ပါ။အခုထိ မရိုက်ကူးနိုင်သေးဘူး။ မစနိုင်သေးဘူးဖြစ်နေတယ်။ ဒီတော့ကာ ဗိုလ်ချုပ်နှစ် ၁ဝဝ ပြည့်မွေး နေ့အမီပြသနိုင်ဖို့ဆိုတာ ဘယ် လိုနည်းနဲ့မှမဖြစ်နိုင်တော့ဘူး။ ရိုက်တဲ့အခါမှာတော့ နိုင်ငံခြားက အသိပညာရှင်၊ အတတ်ပညာရှင်တွေကို ဖိတ်ခေါ်ကမ်းလှမ်းပြီးတော့၊ အကူအညီတောင်းခံပြီးတော့ ပြီးပြည့်စုံတဲ့ ရုပ်ရှင်တစ်ခုဖြစ်အောင် ရိုက်ကူးသွားမှာပါ။

တကယ်လို့အပြမတော်ရင် တော့ဗိုလ်ချုပ်အောင်ဆန်းကို လူတွေရဲ့ ရင်ထဲ၊အသည်းထဲမှာ တယုတယိမ်း ဆည်း ထားတဲ့ ကျေးဇူးရှင်ကြီး၊ လွတ်လပ်ရေး ဗိသုကာကြီး၊တပ်မတော် ဖခင်ကြီးဆိုတဲ့ဂုဏ်ပုဒ်၊ ကြည် ညို၊လေးစား၊ ချစ်ခင်၊ မြတ်နိုး နေတဲ့ ဂုဏ်ပုဒ်၊ ပုံရိပ်တွေ ပျောက် သွား မှာ။ ဒီတော့ သေ ချာရိုက် ကြမယ်လို့ ယုံကြည် တယ်။ ကြည့်တဲ့အခါ မှာလည်း ရလဒ်ကကြည့်သူအပေါ်မှာမူတည်ပြီးတော့ အ မျိုးမျိုး ကွဲပြား ခြားနား သွား နိုင်တယ်။ ကွဲပြားသွားလိမ့်မယ်။

ဥာဏ်ကြီးရင်ကြီးသလောက်၊ စေတနာကြီးရင်ကြီးသလောက်၊ ကြည့်တတ်ရင် ကြည့်တတ်သလောက် အကျိုးရှိမှာပါ” ဟု ဆရာချစ်ဦးညိုကပြောသည်။ မှန်ကန်သော ဝံသာနုရက္ခိတတရား၊တိုင်းပြည်အတွက် ဘဝတစ်သက်တာလုံး မိမိကိုယ်မိမိပေးဆပ်ကာ အနစ်နာခံခဲ့ပုံ၊ ဗိုလ်ချုပ်အနားတွင် အသက်ကြီး သည့်သူများ ဝန်းရံနေပုံ၊ခေါင်းေ ဆာင်ကောင်း စိတ်ဓာတ်ပြည့်ဝပုံ ကို မြင်တွေ့ရမှာဖြစ်ကြောင်းကိုလည်း ဆရာချစ်ဦးညိုက ပြောပြခဲ့ပါသည်။

M ဘွယ်
Popular Journal 

တယ်လီနော၊ အော်ရီဒူးတို့၏ ကော်နက်ရှင်ထက်သာအောင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် KDDI တို့ ယခုလကုန်ပိုင်းတွင် စာချုပ်ချုပ်ဆိုမည်


ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးအတွက် လပေါင်းများစွာ
ဆွေးနွေးညှိနှိုင်းနေခဲ့သည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ဂျပန်နိုင်ငံမှ KDDI ကုမ္ပဏီတို့သည်
ယခုလကုန်ပိုင်းတွင် အပြီးသတ် စာချုပ်ချုပ်မည်ဟု သိရသည်။

"နိုင်ငံတော်ပိုင်လုပ်ငန်းဖြစ်တဲ့အတွက် အဆင့်ဆင့် တင်ပြနေရတာကြောင့် အခုလိုကြာနေတာပါ။
ဂျပန်နဲ့လည်း အသေးစိတ် ညှိနှိုင်းရပါတယ်။ ဒီလကုန်လောက် အပြီးသတ် စာချုပ်လက်မှတ်ထိုးဖို့
မှန်းထားပါတယ်"ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး တစ်ဦးဖြစ်သူ
ဦးသန်းထွန်းအောင်က မေလ ၆ ရက်နေ့တွင် ပြောကြားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာပုံတယ်လီပို့ အများပိုင်ဆက်သွယ်ရေးကုမ္ပဏီ တို့သည်
ပြည်ပကုမ္ပဏီများနှင့် ပူးပေါင်း လုပ်ကိုင်ရေး အပြီးသတ် ဆောင်ရွက်ပြီးမှသာ ဆက်သွယ်ရေး
လုပ်ငန်းလိုင်စင်ရရှိမည်ဖြစ်ပြီး လိုင်စင်လျှောက်ထားရာတွင် ဖြည့်စွက်ရမည့် အချက်အလက်များကို
ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနက ပေးပို့ထားပြီးဖြစ်သည်ဟုလည်း ၎င်းက ပြောကြားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအား ပြည်ပ ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ကိုင်ရေးအတွက် ပြင်သစ်နိုင်ငံမှ
Orange ဆက်သွယ်ရေး ကုမ္ပဏီ၊ ဂျပန်နိုင်ငံမှ KDDI ၊ စင်ကာပူနိုင်ငံ မှ SingTel ကုမ္ပဏီများနှင့်
အလွတ်သဘော ညှိနှိုင်းမှုများကို ပြီးခဲ့သည့်နှစ် ဧပြီလ ကတည်းက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး
လွန်ခဲ့သည့်နှစ် စက်တင်ဘာလတွင် အဆိုပါပြည်ပ ကုမ္ပဏီများအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
က တရားဝင်ဖိတ်ခေါ်ခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပြည်ပ ကုမ္ပဏီ ပူးပေါင်းလုပ်ကိုင်ရေး ညှိနှိုင်းဆွေးနွေးမှုသည်
တစ်နှစ်ကျော်ကာလအထိ ပြီးပြတ်ခြင်း မရှိသေးသော်လည်း နောက်ဆုံးအဆင့် ဆွေးနွေးမှုများအရ
KDDI နှင့် ပူးပေါင်းလုပ်ကိုင်မည် ဖြစ်သည်။

"ညှိနှိုင်းနေဆဲ အဆင့်လို့ ပြောချင်ပါတယ်။ အချိန်ကျရင် တရားဝင်ထုတ်ပြန်သွားမှာပါ။
ကျွန်တော်တို့ ဘာမှဖုံးကွယ်ထားစရာ မရှိပါဘူး"ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အထွေထွေ
မန်နေဂျာ ဦးကျော်စိုးဝင်းက ပြောသည်။

ဂျပန်နိုင်ငံမှ KDDI သည် ပြည်တွင်းမိတ်ဖက် ကုမ္ပဏီများအဖြစ် သတင်းအချက်အလက်နှင့်
ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်းနှင့် A1 ဆောက်လုပ်ရေး ကုမ္ပဏီများ
နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ညှိနှိုင်းမှု နောက်ဆုံး
အခြေအနေကို မြန်မာတိုင်း(မ်)က ဆက်သွယ်မေးမြန်းခဲ့သော်လည်း KDDI က မှတ်ချက်
တစ်စုံတစ်ရာမပေးခဲ့ပေ။

နေပြည်တော်ရှိ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၌ မေလ
၂ ရက်နေ့က ကျင်းပခဲ့သည့် တိုင်းအဆင့် ဆက်သွယ်ရေးမန်နေဂျာများ အစည်းအဝေးသို့
တက်ရောက်ခဲ့သည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တိုင်းအဆင့်မန်နေဂျာတစ်ဦးကမူ
"ဂျပန်ကုမ္ပဏီနဲ့ ဒီလကုန်မှာ စာချုပ်ချုပ်မယ် လို့ ကြားခဲ့ရတယ်။ ကျွန်တော်တို့ကိုတော့
အသေးစိတ် ဘာမှမညွှန်ကြားသေးပါဘူး" ဟု ပြောသည်။

အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်း ပြီးဖြစ်သည့် ရတနာပုံတယ်လီပို့ကုမ္ပဏီသည်လည်း
  ပြည်ပကုမ္ပဏီနှင့် ပူးပေါင်းလုပ်ကိုင်ရန် ထိုင်းနိုင်ငံမှ ဆက်သွယ်ရေးကုမ္ပဏီတစ်ခုနှင့်
ဆွေးနွေးနေသော်လည်း ညှိနှိုင်းနေဆဲအဆင့်သာ ဖြစ်သည်ဟု သိရသည်။
Myanmar Times

ဖွဲ့စည်းပုံပြင်ရေး ဦးစားပေးလုပ်ရန် ကေအန်ယူကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


တရားဥပဒေစိုးမိုးရေးနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စတွေ အဓိကထားလုပ်ဆောင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ရန်ကုန်မြို့မှာ ရောက်ရှိနေတဲ့  ကေအန်ယူ ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ဒီကနေ့ညနေပိုင်း တွေ့ဆုံခဲ့ကြစဉ် ခုလို တိုက်တွန်းပြောဆိုလိုက်တာပါ။

ဒီတွေ့ဆုံမှုမှာ တိုင်းရင်းသားတွေဘက်က လုပ်ဆောင်နေတဲ့ အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး တွေ့ဆုံဆွေးနွေးပွဲတွေဟာလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်မှာ မူတည်တဲ့ အတွက် ဒီဥပဒေကို ပြင်ဆင်ဖို့လိုကြောင်းနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှာလည်း ဖွံ့ဖြိုးရေးတွေအစား နိုင်ငံရေးဆွေးနွေးဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။

ဒီကနေ့ တွေ့ဆုံရာမှာ ပါဝင်တဲ့ ကေအန်ယူ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပဒိုစောသမိန်ထွန်းက ဆွေးနွေးပြောဆိုချက်တွေနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

“တရားဥပဒေ စိုးမိုးရေးကိစ္စကို အဓိကထားလုပ်ဖို့၊ အပစ်အခတ်ရပ်စဲရေးမှာလည်း တပ်မတော်ရဲ့ ပါဝင်ကန့်သတ်ချက်တွေဟာ ပိုပြီး အကျပ်အတည်း တွေ့စေတယ်။ ဒါကြောင့် တွေ့ဆုံဆွေးနွေးရေးကိစ္စ အဓိကက ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်လိုက်ရင် ပိုကောင်းတယ်။ မပြင်ဘဲနဲ့ ဆိုရင် တွေ့ဆုံဆွေးနွေးရေးဟာ အကျပ်အတည်း အများကြီး ရှိနိုင်တယ်။  အဲတော့ ဒါကို သူ အများကြီး ကျော်ဖြတ်ဖို့လိုတယ်။  နောက်ပြီး ငြိမ်းချမ်းရေးဖော်ဆောင်တဲ့နေရာမှာ  ဖွံ့ဖြိုးတိုးတက်ရေးအစား နိုင်ငံရေးကို ဆက်လက်ဆွေးနွေးဖို့ အဓိကထားလုပ်ပါ။ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အစားထိုးတာမျိုးက သတိထားရမယ်။ ကေအန်ယူ ဒုက္ကဋ္ဌကလည်း ဖြတ်သန်းလာတဲ့ ဖြစ်စဉ်တွေကို တခုချင်းတခုချင်း ပြန်ရှင်းပြတယ်။”

ကေအန်ယူဒု-ဥက္ကဋ္ဌနဲ့အဖွဲ့ဟာ မေ ၇ ရက်နေ့တုန်းကလည်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ အပစ်အခတ်ရပ်စဲရေး ခိုင်မာစွာဖြစ်ပေါ်လာဖို့၊ အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လုပ်ရေးနဲ့ ဆွေးနွေး သဘောတူခဲ့ပါတယ်။

အလားတူ ရှမ်းတိုင်းများ ဒီမိုကရစီအဖွဲ့ချုပ်ခေါင်းဆောင် ဦးခွန်ထွန်းဦးနဲ့ တွေ့ဆုံရာမှာလည်း တိုင်းရင်းသားတွေအားလုံး အပစ်အခတ်ရပ်စဲရေးဖြစ်လာအောင် ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ၂၀၀၈ ဖွဲ့စည်ပုံအခြေခံဥပဒေကို ၀ိုင်းပြီး ပြုပြင်ပြောင်းလဲဖို့ သဘော တူညီခဲ့ကြပါတယ်။

ကေအန်ယူ ဒု-ဥက္ကဌ နော်စီဖိုးရာစိန်တို့အဖွဲ့ဟာ ဧပြီ ၃၀ ရက်ကနေ မေ ၁၂ နေ့အထိ မြန်မာနိုင်ငံကို ရောက်ရှိပြီး ကရင်လူထုတွေ၊ ပါတီအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးနေပါတယ်။

DVB Burmese 

ခြံပိုင်ဆိုင်ခွင့်အတွက် သက်သေနှင့် မှတ်တမ်းအတုများ အသုံးပြု၍ တရားစီရင်ရေးစနစ်အတွင်းလုပ်ဆောင်ပုံ အကြောင်းအရာများကို DVB က မှတ်တမ်းရုပ်ရှင် ရိုက်ကူးမှုအား ရှင်းလင်း


ဘိန်းဘုရင်အဖြစ် နာမည်ကျော်ခဲ့သူ လော်စစ်ဟန်၏ တူတော်စပ်သူဟုဆိုသည့် လီယွန်းကျင်ဆိုသူ ၀ယ်ယူခဲ့သည့် ကျပ်သိန်း တစ်သောင်းကျော်တန်ဖိုးရှိသည့် လှည်းကူးမြို့နယ်၊
ကျွန်းကလေးကျေးရွာရှိ ခြံကွက် နှစ်ကွက်အား ဒေါ်လျောင်ငုတ်လင်(ခ) ဒေါ်စန်းစန်းရီဆိုသူက သက်သေနှင့် အထောက်အထားအတုများကို အသုံးပြု၍ ပိုင်ဆိုင်မှုရရန် လုပ်ဆောင်သည့်အကြောင်းအရာများကို ရိုက်ကူးထားသည့် “တရားမကြီး အမှုအမှတ် ၄၁၆ နှင့် ၄၁၇” စုံစမ်းထုတ်ဖော် ဗီဒီယိုမှတ်တမ်းအကြောင်း သတင်းစာရှင်းလင်းပွဲအား မေ ၈ ရက်က တာမွေမြို့နယ် နှင်းဆီလမ်းရှိ မြန်မာနိုင်ငံအခြေစိုက် DVB သတင်းဌာန ရုံးခန်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မှတ်တမ်းအား ရိုက်ကူးနိုင်ရန် DVB သတင်းဌာနက လေးလကျော် အချိန်ယူ ရိုက်ကူးခဲ့ကြောင်း သိရသည်။ DVB သတင်းဌာနက ရိုက်ကူးထားသည့် မှတ်တမ်းတွင် လီယွန်းကျင်ဆိုသူသည် ကိုးကန့် တရုတ်လူမျိုးတစ်ဦးဖြစ်ပြီး ကိုးကန့်နယ်မြေအတွင်း အကြီးဆုံးဘိန်းချက် စက်ရုံအား တည်ဆောက်ခဲ့သူဖြစ်ကြောင်း စသည့်အချက်များအား လီယွန်းကျင်က ခန့်အပ်ခဲ့သည့် ခြံစောင့် ဦးဝင်းထွန်းနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ရိုက်ကူးတင်ပြထားသည်။

လီယွန်းကျင်က ခြံနှစ်ခြံအား အခြားသူ၏ မှတ်ပုံတင်ဖြင့် ၀ယ်ယူခဲ့ကြောင်း အထောက်အထားများအပါအ၀င် DVB သတင်းဌာန၏ စုံစမ်းဖော်ထုတ်မှုအရ လီယွန်းကျင်ဆိုသူသည် လော်စစ်ဟန်၏ ကိုးကန့် လက်နက်ကိုင်တပ် ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ၏ ဦးစီးကော်မတီဝင် ဖြစ်ကြောင်း ကိုးကန့်နှင့် အစိုးရအကြား ငြိမ်းချမ်းရေးရယူထားစဉ် မှတ်ပုံတင်အတုဖြင့် ရန်ကုန်မြို့သို့ လာရောက်၍ ၁၉၉၇ ခုနှစ်က အဆိုပါ ၅ ဧကကျော်ရှိ ယင်းခြံကွက် နှစ်ကွက်အား ၀ယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ အစိုးရနှင့် ကိုးကန့်အကြား ၂၀၀၈-၂၀၀၉ ခုနှစ်တွင်း ပြန်လည်ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ကျဆုံးခဲ့ဟန်ရှိကြောင်း စသည့်အချက်အလက်များအား ရိုက်ကူးတင်ပြထားသည်။

အဆိုပါ ခြံနှစ်ခြံအား အမည်ပြောင်းရန် နှင့် ခြံစောင့် ဦးဝင်းထွန်းအား ထွက်သွားပေးရန် ဒေါ်လျောင်ငုတ်လင် (ခ)ဒေါ်စန်းစန်းရီက တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ DVB သတင်းဌာနက ဒေါ်လျောင်ငုတ်လင်အား တွေ့ ဆုံကာ ဒေါ်လျောင်ငုတ်လင် တင်ပြသည့် အချက်များဖြစ်သည့် လီယွန်းကျင်နှင့် လက်ထပ်ပေါင်းသင်းခဲ့သည့် လက်ထပ်ကျမ်းကျိန်လွှာ၊ သေစာရင်း၊ ၁၉၇၈ ခုနှစ်တွင် လက်ထပ်ခဲ့သည်ဆိုသည့် ဖိတ်စာ၊ ယှဉ်တွဲရိုက်ထားသည့် ဓာတ်ပုံများ စသည့် အချက်အလက်များ မှန်ကန်မှုရှိ မရှိအား DVB သတင်းဌာနက စုံစမ်းဖော်ထုတ်ရာတွင် ဒေါ်လျောင်ငုတ်လင် (ခ)ဒေါ်စန်းစန်းရီသည် အိမ်ထောင်မရှိသူ အပျိုကြီးတစ်ဦး ဖြစ်ကြောင်း စုံစမ်းသိရှိရသည်ဟု ရိုက်ကူးဖော်ပြထားသည်။

DVB သတင်းဌာနက သေစာရင်း ထုတ်ပေးခဲ့သည့် စင်ကာပူနိုင်ငံရှိ ဆေးရုံ နှင့် စင်ကာပူနိုင်ငံလိပ်စာပါ လူနာနေအိမ်သို့ သွားရောက်မေးမြန်းရာ ဒေါ်လျောင်ငုတ်လင်(ခ)ဒေါ်စန်းစန်းရီ တင်ပြသည့် သေစာရင်းမှာ လွဲမှားနေသည့် အချက်အလက်များစွာ ပါဝင်နေကြောင်း ရိုက်ကူးတင်ပြထားသည်။

ဒေါ်လျောင်ငုတ်လင် (ခ)ဒေါ်စန်းစန်းရီ တင်ပြသည့် အချက်အလက်များမှာ မှတ်တမ်းအတုများသာဖြစ်ကြောင်း လီယွန်းကျင် ခြံဝယ်ယူရန် လာရောက်စဉ်က ဒေါ်လျောင်ငုတ်လင် (ခ)ဒေါ်စန်းစန်းရီမှာ စကားပြန်အဖြစ်သာ ပါဝင်ခဲ့ကြောင်း ပြောဆိုသည့် ကျွန်းကလေးကျေးရွာမှ တာဝန်ရှိသူ အပါအ၀င် ဒေါ်လျောင်ငုတ်လင်နှင့် သူမ၏ရှေ့နေများ၊ နေရာဌာနများစွာသို့ သွားရောက်တွေ့ဆုံ မေးမြန်းခဲ့သည်များကိုလည်း ရိုက်ကူးတင်ပြထားကြောင်း သိရသည်။
အဆိုပါအမှုနှင့် ပတ်သက်၍ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလတွင် တစ်ဖက်သတ် စီရင်ချက်အမိန့်ချမှတ်ခဲ့သည့် တရားသူကြီး ဒေါ်လေးလေးမွန်သည် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဖြစ်နေကြောင်းနှင့် တရားလိုဘက်က တင်ပြထားသည့် သက်သေအထောက်အထားများနှင့် မှတ်တမ်းအတုများအပေါ် အခြေခံကာ တရားလိုကို တစ်ဖက်သတ် အနိုင်ဒီဂရီချပေးခဲ့ကြောင်း၊ သက်သေ အထောက်အထားများ မှန်ကန်မှုရှိ မရှိကို အလွယ်တကူလုပ်နိုင်သည့် စိစစ်မှုမျိုး လုပ်ရန်ကိုပင် တရားရုံးက ပျက်ကွက်ခဲ့ကြောင်း၊ အမှုစစ်ဆေးနေစဉ်ကာလအတွင်း တရားလိုတင်ပြသော အချက်အလက်များကို တန်ပြန်ချေပသူ မရှိဘဲဖြစ်ခဲ့ရကြောင်း DVB နှင့်သီးသန့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်းတို့ကို DVB သတင်းဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် တရားသူကြီး ဒေါ်လေးလေးမွန် နှင့်တွေ့ဆုံခဲ့သည်များကိုလည်း မှတ်တမ်း ဗီဒီယိုတွင် ဖော်ပြထားသည်။

DVB သတင်းဌာနအနေဖြင့် အဆိုပါအမှုအား ဖော်ထုတ်ရာတွင် တာဝန်ရှိသူအသီးသီးက ဖြေဆိုရန် ငြင်းပယ်ခြင်းများ ကြုံ တွေ့ခဲ့ရသည့်အတွက် မှတ်တမ်းဗီဒီယိုအား ခိုးပြီးရိုက်ကူးမှုများ ပြုလုပ်ခဲ့ရကြောင်း အများပြည်သူအကျိုးအတွက် အဆိုပါမတရားမှုအား ဖော်ထုတ်ရခြင်းဖြစ်ကြောင်းနှင့် ယခုဖော်ထုတ်သည့် အမှုတွဲမှာ တရားရုံးက အနိုင်ဒီဂရီ ချမှတ်ပြီးသည့် တရားစွဲမှုနှစ်ခုဖြစ်သော ၄၁၆ နှင့် ၄၁၇ ကိုသာ ဝေဖန်ခြင်းဖြစ်ကြောင်း ယခုအမှုမှာလည်း ပြီးပြတ်ခြင်းမရှိသေးဘဲ တရားမကြီးအမှု အမှတ် ၁၇ ဖြင့် ဆက်လက်ရင်ဆိုင်နေဆဲဖြစ်ကြောင်း စသည့်အချက်များအား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ဒါရိုက်တာ ဦးခင်မောင်ဝင်းက ဆိုသည်။

ယခုကဲ့သို့ တရားစီရင်ရေးစနစ်၏ လွဲမှားချွတ်ချော်မှုအား ထောက်ပြရခြင်းမှာ DVB သတင်းဌာန၏ မကွေးသတင်းထောက် ကိုဇော်ဖေ ထောင်ဒဏ်ချမှတ်ခံရခြင်းနှင့် မသက်ဆိုင်ကြောင်း ကိုဇော်ဖေ၏အမှုမှာ လွန်ခဲ့သည့် နှစ်နှစ်ကျော်က တရားစွဲဆိုခံရခြင်းဖြစ်ပြီး ယခုခြံနှစ်ကွက်အမှုမှာ အပြစ်မရှိဘဲ ထောင်ဒဏ်ချမှတ်ခံရသည့် DVB သတင်းထောက် ကိုဇော်ဖေ စီရင်ချက်မချမီ ၂၀၁၃ ဒီဇင်ဘာလက စတင်စုံစမ်းဖော်ထုတ်ခဲ့ခြင်းသာဖြစ်ကြောင်း DVB သတင်းဌာနသည် Professional ပီသသည့် သတင်းဌာန တစ်ခုသာဖြစ်ကြောင်း ဦးခင်မောင်ဝင်းက ဆက်လက်ပြောကြားသည်။

ခြံစောင့်ဦးဝင်းထွန်းကလည်း အဆိုပါ ခြံကွက်နှစ်ကွက်၏ မူလပိုင်ရှင်ဖြစ်သူ လီယွန်းကျင်သည် လက်ရှိကာလအထိ သေသည်ရှင်သည်ဆိုသည့် အခြေအနေတစ်ခုခုအား သိရှိမှုမရှိကြောင်း ထိုသို့သော အခြေအနေတွင် တာဝန်ပေးအပ်ထားသည့် အလုပ်တာဝန်တစ်ခုအား ဆက်လက်ထမ်းဆောင်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

လီယွန်းကျင်သည် ဘိန်းဘုရင် လော်စစ်ဟန်၏ တူဖြစ်သူဆိုခြင်း၊ လီယွန်းကျင် ပိုင်ဆိုင်သည့် မြေကွက်နှစ်ခုအား ဒေါ်လျောင်ငုတ်လင် (ခ)ဒေါ်စန်းစန်းရီက ပိုင်ဆိုင်ရန် လုပ်ဆောင်နေခြင်းအပေါ် လော်စစ်ဟန်တို့ဘက်က တုန့်ပြန်မှုရှိ မရှိ စသည့် အချက်များအပေါ် EMG က မေးမြန်းရာတွင် လီယွန်းကျင်သည် လော်စစ်ဟန်၏ တူဖြစ်ကြောင်း ခိုင်မာသည့် အထောက်အထားများ၊ ယုံကြည်ရသည့် အထောက်အထားများ ရှိသည့်အတွက် DVB က ဖော်ပြခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်လျောင်ငုတ်လင် (ခ)ဒေါ် စန်းစန်းရီက ခြံကွက်နှစ်ကွက်အား ပိုင်ဆိုင်ရန် လုပ်ဆောင်နေမှုအား လော်စစ်ဟန် ပြောနိုင်ခွင့်ရှိသည့် အနေအထားမဟုတ်၍ ၀င်ရောက်စွက်ဖက်မရကြောင်း ထို့ပြင် လီယွန်းကျင်က ခြံဝယ်ယူစဉ်ကလည်း မှတ်ပုံတင်အတုဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်နေကြောင်း ဦးခင်မောင်ဝင်းက ဆက်လက်ရှင်းလင်း ပြောကြားသည်။

ထိုသို့ ဖြစ်နေသည့် အနေအထားတစ်ခုတွင် သမ္မာန်စာဆင့်ဆိုသည့် အနေအထားများ၊ လင်မယားဖြစ်ကြောင်း ခိုင်လုံအောင် တင်ပြရန်လိုအပ်သည့် အနေအထားများ အချိန်ငါးလကျော်အတွင်း စစ်ဆေးခဲ့သည့် ၄၁၆ နှင့် ၄၁၇ အတွက် အမှန်တရားနှင့် ဝေးကွာသည့် အနေအထားတစ်ခု ဖြစ်နေကြောင်း မဏ္ဍိုင်ဥပဒေ အကယ်ဒမီမှ ဥပဒေပညာရှင် ဦးမောင်မောင်ဝင်း၏ ပြောကြားချက်များအရ သိရသည်။

(တရားလိုတင်ပြသည့် သေစာရင်းနှင့် DVB မှ ရရှိထားသည့် သေစာရင်းနှစ်ခု ကွဲလွဲနေပုံအား DVB ၏ မှတ်တမ်းရုပ်ရှင်တွင် ဖော်ပြခဲ့သည်ကို တွေ့ရစဉ်)

Eleven Media Group

မင်းသားရဲ့ ပါး၊ နှုတ်ခမ်း၊ နားနဲ့ ရင်ဘတ်ကို နမ်းရမည့်အခန်းပါ၍ သက်မွန်မြင့်မရိုက်ခဲ့သည့် "ကျွန်မက နှင်းဆီပါမောင်" ရုပ်ရှင်ကား ပြပြီ


အားလုံးသိကြတဲ့အတိုင်း ဒါရိုက်တာဝိုင်းက သူရိုက်ကူးမယ့် 'ကျွန်မက နှင်းဆီပါမောင်'
ရုပ်ရှင်ဇာတ်ကားကို 'အာဒံရယ်၊ ဧ၀ရယ်၊ ဒဿ ရယ်' ဇာတ်ကားမှာ သူနဲ့လက်တွဲပြီး အကယ်ဒမီ
ရခဲ့တဲ့ သက်မွန်မြင့်နဲ့ ရိုက်ကူးဖို့ပြင်ဆင်ခဲ့ပါတယ်။

ဒါပေမဲ့ မူရင်းဝတ္ထုထဲမှာ မပါဝင်တဲ့ ဇာတ်ဝင်ခန်းတွေဖြစ်တဲ့ မင်းသားရဲ့ ပါး၊ နှုတ် ခမ်း၊ နားနဲ့
ရင်ဘတ်တို့ကို နမ်းပြီးသရုပ်ဆောင်ရမယ့်အခန်း ပါဝင်တာကြောင့် ဇာတ်ကားရိုက်ကူးဖို့
သက်မွန်မြင့်က ငြင်းဆန်ခဲ့ပါတယ်။

စာရေးဆရာမ ပုညခင်ရဲ့ဝတ္ထုကို အခြေခံပြီး ရိုက်ကူးတာဖြစ်တာကြောင့် စာရေးဆရာမကလည်း
မြန်မာ့ယဉ်ကျေးမှုအရ ရိုက်မပြသင့်တဲ့ အခန်းတွေကို ဖြုတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါပေမဲ့ ဒါရိုက်တာ ၀ိုင်းက လက်မခံခဲ့ပါဘူး။ အခုတော့ ကန့်ကွက်မှုတွေ ရှိခဲ့တဲ့ 'ကျွန်မက
နှင်းဆီပါမောင်' ရုပ်ရှင်ဇာတ်ကားကြီးကို ပြီးခဲ့တဲ့စနေနေ့က မင်္ဂလာစံပြရုပ်ရှင်ရုံမှာ အထူးပွဲအနေနဲ့
ဧည့်ပရိသတ်များကို ပြသနိုင်ခဲ့ပါပြီ။

ဘ၀ရဲ့ အလှည့်အပြောင်းတွေကို ခါးစည်းခံခဲ့ရတဲ့ ထားသခင်အဖြစ် အကယ်ဒမီ ဖွေးဖွေးက
တကယ့်ကိုပီပီပြင်ပြင်နဲ့ ပိုင်နိုင်စွာသရုပ်ဆောင်ခဲ့တာကြောင့် ဇာတ်ကားကြည့်ခဲ့ရတဲ့စာရေးသူ
ကတော့ ထားသခင်နေရာက ဖွေးဖွေးနဲ့တောင် ပိုပြီးအံဝင်ခွင်ကျဖြစ်တယ်လို့ ခံစားမိပါတယ်။

'ကျွန်မက နှင်းဆီပါမောင်' ရုပ်ရှင်ဇာတ်ကားကြီးမှာ ထားသခင်က ဖခင်နဲ့ မိခင်တို့ရဲ့ တကွဲတပြားစီ
ဖြစ်နေတဲ့ အိမ်ထောင်ရေး အဆင်မပြေမှုကြောင့် ဖခင်ရဲ့အမေ လောင်းကစားကို ခုံမင်တဲ့ အဘွား
သူဌေးမကြီး ဒေါ်ထားခင်ရဲ့ အရိပ်အောက်မှာ ကြီးပြင်းခဲ့ရတဲ့ မြေးမလေးတစ်ယောက် ဖြစ်ခဲ့ပါတယ်။

ဘွားအေရဲ့အလို လိုက်မှုနဲ့ ငယ်ရွယ်စဉ်ကတည်းက တစ်ပါးသူအပေါ် အဆင့်အတန်း ခွဲခြားဆက်ဆံ
ပြီး မောက်မာတဲ့ ကလေးမလေးတစ်ယောက်ပေါ့။

တစ်နေ့မှာ သူမတို့ ပိုင်ဆိုင်တဲ့ ပြင်ဦးလွင်က မဟူရာစံအိမ်ကြီးကို သွားရောက်လည်ပတ်ရင်း
ခြံထဲမှာ အလုပ်လုပ်တဲ့ စိုင်းခွန်းသဆိုတဲ့ ရွယ်တူကောင်လေးနဲ့ အလုပ်သမား၊ အလုပ်ရှင်
ဆက်ဆံရေးပုံစံနဲ့ တွေ့ဆုံခဲ့ပါတယ်။

မာနကြီး ခက်ထန်တဲ့ထားသခင်ရဲ့ ဗိုလ်ကျတဲ့အပြုအမူ တွေဖြစ်တဲ့ ဖိနပ်စီးခိုင်းတာ၊ ဖိနပ်ရေဆေး
ခိုင်းတာ စတာတွေကြောင့် ခွန်းသအနေနဲ့ မကျေမနပ်ဖြစ်ရပုံတွေကို ၀ါရင့်ကလေးသရုပ်ဆောင်
ဟဲဗီးဖြိုးနဲ့ ယွန်းယွန်းတို့က သဘာဝကျကျ သရုပ်ဆောင်ထားတာကို တွေ့ရမှာပါ။

နောက်တစ်ခေါက် ပြင်ဦးလွင်ကို သွားရောက်တဲ့ အခါမှာလည်း လူပျို၊ အပျိုအရွယ်ဖြစ်နေပေမယ့်
ထားသခင်က နောက်ထပ်တစ်ကြိမ် သူ့ဖိနပ်ကို ခွန်းသအနေနဲ့ ထပ်စီးပေးရတဲ့အခြေအနေတွေ
ဖြစ်အောင်လုပ်လိုက်တဲ့အခါမှာတော့ ခွန်းသအနေနဲ့ အမျက်ဝင်လို့ ထားသခင်ကို တစ်နေ့
ပိုင်ဆိုင်ရမယ်လို့ဆိုပြီး သူမရဲ့ ရှေ့မှောက်မှာပဲ ကြုံးဝါးခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ထားသခင်ရဲ့ဘ၀ တစ်ဆစ်ချိုးပြောင်းလဲသွားတယ်လို့ ဆိုရမှာပါ။

နိုင်ငံခြားမှာရှိတဲ့ ဖခင်ဖြစ်သူလည်း သေ၊ အဘွားရဲ့ လောင်းကစားကြွေးတွေကြောင့် ပိုင်ဆိုင်မှုတွေ
ကုန်တဲ့အပြင် အဲဒီစိတ်နဲ့ပဲ အဘွားဖြစ်သူဟာ နောက်ဆုံးမှာ ကွယ်လွန်သွားပါတော့တယ်။

တစ်ကောင်ကြွက်ဘ၀ ရောက်သွားတဲ့အခါမှာတော့ ထားသခင်ဟာ တစ်ဝမ်းတစ်ခါးအတွက်
လောကဓံရဲ့ ကြမ်းတမ်းမှုတွေကို စတင်ရင်ဆိုင်ရပါပြီ။

ပထမဦးဆုံးအလုပ်ဖြစ်တဲ့ ဖိနပ်ရောင်းတဲ့ ကောင်တာမှာ အရောင်းစာရေးမအလုပ်ကိုလည်း သူမရဲ့
ကြွပ်ဆတ်ဆတ်အမူအရာကြောင့် မလုပ်နိုင်ခဲ့ပြန်ပါဘူး။

အဲဒီအချိန်မှာပဲ သူဌေးကြီးတစ်ယောက် ဖြစ်နေပြီဖြစ်တဲ့ ခွန်းသနဲ့ တွေ့ဆုံလို့ ထားသခင်နဲ့ ခွန်းသ
တို့ နှစ်ယောက်ရဲ့ မာနနဲ့ ကလဲ့စားချေမှုတွေကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းဆုံးတဲ့အထိ တစ်ယောက်ကိုတစ်ယောက် ကလဲ့စားချေ၊ အနိုင်ယူမှုတွေကြားမှာပဲ
ပြီးဆုံးသွားမလား၊ ကလဲ့စားချေမှုတွေကနေ အချစ်စစ်အဖြစ်ပဲ ပြောင်းလဲနိုင်မလားဆိုတာကို
မကြာခင် ရုံတင်လာတဲ့အခါမှာတော့ သွားရောက်ကြည့်ရှုပြီး အဖြေထုတ်ကြပါလို့။

အဲဒီထဲမှာ အများက လက်မခံနိုင်တဲ့ ဇာတ်ဝင်ခန်းဖြစ်တဲ့ ဇာတ်ကောင် ခွန်းသကို ထားသခင်က
နမ်းတဲ့အခန်းကလည်း မြန်မာ့မျက်စိ၊ မြန်မာ့ယဉ်ကျေးမှုနဲ့ ယှဉ်ရင် မရိုင်းရလေအောင် လှည့်ကွက်
တွေသုံးထားတဲ့ ဒါရိုက်တာ ၀ိုင်းရဲ့ အရည်အချင်းနဲ့ နေတိုး၊ ဖွေးဖွေးတို့ရဲ့ သဏ္ဌာန်လုပ်
သရုပ်တူအောင် အနုပညာဆန်ဆန် တင်ဆက်ထားတာကို တွေ့ရမှာပါ။

စာရေးဆရာမ ပုညခင်ရဲ့ အုပ် ၁၀၀ ပြည့် ၀တ္ထုကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး နဂိုမူရင်း ၀တ္ထုမှာ
ကတည်းက ပရိသတ်အားပေးမှုကို တစ်ခဲနက်ရထားတဲ့အပြင် နာမည်ကျော် ဒါရိုက်တာဝိုင်းရဲ့
ခံစားမှုတွေကို ဖြည့်စွက်လိုက်တဲ့အခါမှာတော့ မြန်မာ့ရုပ်ရှင်ဈေးကွက်မှာ ပေါက်နေတဲ့ သာမန်
ချစ်ကြိုက်ကွဲညား ကလိထိုးရယ်ရတဲ့ ဟာသရုပ်ရှင်ဇာတ်လမ်းတွေထဲကနေ တကယ်ပဲ ကွဲထွက်လို့
နေပါတယ်။

ဒီဇာတ်ကားထဲမှာ အဓိကသရုပ်ဆောင်တွေအဖြစ် အကယ်ဒမီ နေတိုး၊ အကယ်ဒမီ ဖွေးဖွေး၊
အကယ်ဒမီ ယွန်းယွန်းနဲ့ ဟဲဗီးဖြိုးတို့က ပါဝင် သရုပ်ဆောင်ထားကြပါတယ်။

ဇာတ်ကားကြာချိန်က ၂ နာရီ၊ မိနစ် ၂၀ ဆိုပေမယ့် နောက်ဆုံးပေါ် 4K Digital နည်းပညာနဲ့
ရိုက်ကူးထားတဲ့ ဇာတ်ကားသစ် ဖြစ်တာကြောင့် ရုပ်သံကြည်လင်ပြတ်သားမှုကို အပြည့်အဝ
ခံစားရမှာပါ။

ဒါ့ပြင် တစ်ကားလုံး အချိတ်အဆက်မိမိ ရိုက်ကူးတင်ဆက်သွားတဲ့ ဒါရိုက်တာရဲ့ အစွမ်းအစတွေနဲ့
သရုပ်ဆောင်တွေရဲ့ပီပြင်မှုကြောင့် ကြည့်ရှုတဲ့ပရိသတ်တွေ စိတ်ကျေနပ်စေမယ်လို့ ပြောချင်ပါ
တယ်။
 Myanmar Times

ဆန္ဒပြသမားတွေကို ထိုင်းရဲနှိမ်နင်း


ထိုင်းဝန်ကြီးချုပ် Yingluck Shinawatra ကို ရာထူးကဆင်းပေးဖို့ တရားရုံးက အမိန့်ချခဲ့သလို၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ကလည်း ပေါ့ဆမှုအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်ပြီးနောက် ပေါ်ပေါက် လာတဲ့ ဆန္ဒပြပွဲတွေကို လုံထိန်းရဲတွေက မျက်ရည်ယိုဗုံးတွေ အသုံးပြု ဖြိုခွင်းခဲ့ပါတယ်။ လူပေါင်းထောင်နဲ့ချီ ပါဝင်ကြတဲ့ ဆန္ဒပြပွဲတွေအတွင်း ဦးဆောင်သူ တဦးဖြစ်တဲ့ Suthep Thaugsuban ရဲ့ ဒီကနေ့ မိန့်ခွန်းထဲမှာတော့ လွှတ်တော်၊ ၀န်ကြီးချုပ်ရုံးနဲ့ တီဗွီသတင်းဌာန ၅ ခုရှေ့မှာ ဆန္ဒပြစုဝေးပြီး အစိုးရက အသုံးမချနိုင်အောင် ဟန့်တားကြဖို့ တိုက်တွန်းခဲ့တာပါ။

ဖွဲ့စည်းအုပ်ချုပ်ပုံ တရားရုံးကတော့ ထိုင်းအစိုးရ တာဝန်ရှိသူတဦးကို ရာထူးအပြောင်းအရွှေ့ လုပ်ရာမှာ မမှန်မကန် လုပ်ခဲ့တယ်ဆိုပြီး ဗုဒ္ဓဟူးနေ့ကပဲ ၀န်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင် ၉ ယောက်ကို ရာထူးကဆင်းပေးဖို့ အမိန့်ချခဲ့ပါတယ်။ ယာယီဝန်ကြီးချုပ်နေရာမှာတော့ ရာထူးကထွက်ခဲ့ရတဲ့ ၀န်ကြီးချုပ် ယင်လတ်နဲ့ အကိုဖြစ်သူ ၀န်ကြီးချုပ်ဟောင်း တပ်ဆင်တို့နဲ့ နီးစပ်သူ တဦးလည်းဖြစ်တဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Niwatthamrong Boonsongphaisan ကို အစားထိုး ခန့်အပ်ခဲ့တာပါ။

တရားရုံး ဆုံးဖြတ်ချက်တွေအရ ၀န်ကြီးချုပ် ရာထူးကထွက်ခဲ့ရပေမဲ့လည်း အစိုးရအဖြစ် ဆက်လက် ရပ်တည်နေတဲ့ အပေါ်မှာတော့ ဆန္ဒပြသူ တော်တော်များများက မကျေမနပ် ဖြစ်နေကြပြီး နောက်ဆုံး ဖိအားပေးတဲ့အနေနဲ့ ဒီကနေ့မှာ ဆန္ဒပြပွဲတွေ အကြီးအကျယ် ဆင်နွှဲဖို့ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကတော့ အစိုးရရဲ့ စပါးဝယ်ယူရေး အစီအစဉ်မှာ အဂတိမကင်းတာ၊ ဒေါ်လာသန်းပေါင်း ထောင်ချီ ဆုံးရှုံးတာတွေ အတွက် ၀န်ကြီးချုပ်မှာ တာဝန်ရှိကြောင်း လုံလောက်တဲ့ အထောက်အထား ရှိတယ်လို့လည်း ပြောဆိုထားတာပါ။

voa burmese

ရခိုင်ပြည်နယ်တ၀န်း မီးထိန်ထိန်လင်းတော့မည်

ဓာတ်ပုံ - ရခိုင်လူမှုကွန်ယက် တောင်ကုတ်

ရခိုင်ပြည်နယ်အတွင်း သံတွဲနဲ့တောင်ကုတ်မှာ လာမယ့်သီတင်းပတ်အတွင်း လျှပ်စစ်မီးကို နိုင်ငံတ၀န်းက တခြားဒေသတွေ နှုန်းထားအတိုင်း သုံးစွဲခွင့်ရတော့မှာဖြစ်ပြီး ကျန်မြို့နယ်တွေ မှာလည်း လာမယ့်နှစ်ပိုင်းတွေအတွင်း မီးရရှိရေးဆောင်ရွက်နေတယ်လို့ ပြည်နယ်အစိုးရ ၀န်ကြီးတဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ချင်းပြည်နယ်ပြီးရင် ဖွံ့ဖြိုးမှုနဲ့အနိမ့်ကျဆုံးဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ မီတာတယူနစ်ကို ကျပ်ငွေ ၅၀၀ နဲ့ သုံးစွဲရာကနေ မကြာခင်ကာလအတွင်း မြေပြန့်မှာ ကျသင့်တဲ့အတိုင်း တယူနစ်ကို ကျပ်ငွေ ၃၅ ကျပ်နှုန်းနဲ့ သုံးစွဲခွင့်ရတော့မှာ ဖြစ်ပါတယ်။

ပြည်နယ်အစိုးရက တောင်ကုတ်မြို့နယ်နဲ့ သံတွဲမြို့နယ်မှာ မေလ ၁၀ ရက်နေ့က စတင်ပြီး အစိုးရဈေးနဲ့ လျှပ်စစ်မီးပေးဝေဖို့ စီစဉ်ပေမယ့် ကြိုးသွယ်တာ မပြီးပြတ်သေးတာကြောင့် အနည်းငယ်နောက်ကျမယ်လို့ ရခိုင်ပြည်နယ်အစိုးရ လျှပ်စစ်စက်မှုဝန်ကြီး ဦေးအာင်သန်းတင်က ပြောပါတယ်။

သံတွဲခရိုင်အတွင်းမှာ သံတွဲ၊ တောင်ကုတ်နဲ့ ဂွမြို့တို့ ရှိပေမယ့် ဂွမြို့ကတော့ ဒီမဟာဓာတ်အားလိုင်းနဲ့ မချိတ်ဘဲ အသုတ်ဘက်ကလာတဲ့ ဓာတ်အားလိုင်းနဲ့ ချိတ်ဆက်မီးပေးသွားမယ်လို့ သူက ပြောပါတယ်။

ကျောက်ဖြူမြို့မှာ လျှပ်စစ်မီးလင်းနေပြီဖြစ်ပါတယ်။ တောင်ကုတ်နဲ့ သံတွဲပြီးစီးတဲ့အခါ သံတွဲ၊ ကျောက်ဖြူ၊၊ မအီနဲ့ အမ်းမြို့တွေကို ဆက်လက်ချိတ်ဆက်မီးပေးသွားဖို့ ဆောင်ရွက်နေပြီး လာမယ့် စက်တင်ဘာမှာ မီးရရှိကြမယ်လို့ သူက ပြောပါတယ်။

ရခိုင်ပြည်နယ် မီးလင်းရေးစီမံချက်ကို ၂၀၁၁ ခုနှစ်ကတည်းက စတင်လုပ်နေတာဖြစ်ပြီး  အိန္ဒိယ ချေးငွေ၊ ကျောက်ဖြူဓာတ်ငွေ့ထုတ်လုပ်နေတဲ့ ကုမ္ပဏီတွေနဲ့ နိုင်ငံတော်ဘတ်ဂျက်ငွေတွေနဲ့ ပေါင်းစပ် လုပ်ကိုင်နေတယ်လို့ သူက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း မီးလင်းရေး စီမံထားရှိမှုကတော့ ၂၀၁၄ ဒီဇင်ဘာမှာ အမ်း၊ ပုဏ္ဏားကျွန်း၊  စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်မြို့တွေမှာ လျှပ်စစ်မီး ရရှိဖို့နဲ့ ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်မှာ ဆိုရင် မင်းပြား၊ ရန်းဗြဲ၊ ဘူးသီးတောင်၊ မောင်တောမြို့တွေကို လျှပ်စစ်မီး ရရှိရေးစီမံချက် ထားရှိလုပ်ဆောင်နေတယ်လို့ ရှင်းပြပါတယ်။

လက်ရှိကာလထိ ဆောင်ရွက်ရာမှာ ကြုံတွေ့မှုကတော့ မအီနဲ့ ကျောက်ဖြူကို ၂၃၀ ကေဗွီလိုင်းတွေ ဖြတ်သန်းရာမှာ တာဝါတိုင်တွေ စိုက်ထူရာမှာ ရွှံ့နွံတောတွေကို ပိုင်ရိုက်ပြီးမှ တာဝါတိုင် စိုက်ထူရတာတွေ၊ တောင်ပေါ်တွေမှာ တာဝါတိုင်စိုက်ထူရတာတွေမှာ အခက်အခဲကြုံရပြီး ကျန်မြေပြန့်ဒေသမှာတော့ အခက်အခဲ မရှိဘူးလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်တွင်း လျှပ်စစ်မီးရရှိတဲ့အခါ ရေထွက်ကုန်နဲ့ဆက်စပ်တဲ့ အအေးခန်း စက်ရုံတွေ၊ ငါး၊ ပုစွန်သိုလှောင်စက်ရုံတွေ ပေါ်ထွန်းလာနိုင်ပြီး ဖွံ့ဖြိုးတိုးတက်လာနိုင်မယ်လို့ သူကမျှော်မှန်းပေမယ့် စက်မှုဇုန်တွေအတွက် လုံလောက်အောင်ထိ လျှပ်စစ်မီး မရနိုင်သေးဘူးလို့ ဦးအောင်သန်းတင်က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ မဟာဓာတ်အားလိုင်း မရောက်တာကြောင့် ဒေသခံတွေစုပြီး မီးလင်းရေး ကော်မတီတွေ ဖွဲ့စည်းလုပ်ဆောင်ခဲ့ကြရာက နောက်ပိုင်းမှာ ဖိုးသီးချိုကုမ္ပဏီက မီးပေးရေး လုပ်ငန်းကို လုပ်ကိုင်ခဲ့ပါတယ်။

သံတွဲဒေသခံ ကိုဝင်းနိုင်က “မြို့ထဲမှာတော့ ဓာတ်တိုင်အသစ်တွေ လဲထားတာ တွေ့ပါတယ်။ ဒါပေမယ့် တိုင်ထောင်ထားတုန်းပဲရှိပါသေးတယ်၊ ဓာတ်တိုင်တွေတော့ စိုက်နေပါတယ်။ နောက် တောင်ကုတ်ဓာတ်အားခွဲရုံကနေပြီးတော့ သံတွဲကို ဓာတ်အားကြိုးတွေ သွယ်တန်းနေပါတယ်။ အဲဒါတွေက အခုချိန်အထိ ပြီးစီးခြင်း မရှိသေးပါဘူး” လို့ ပြောပါတယ်။

သံတွဲခရိုင်တွင်းမှာ ပါဝင်ပြီး သံတွဲမြို့ကနေ မိုင်ရှစ်ဆယ်လောက်ကွာဝေးတဲ့ ဂွမြို့နဲ့ ကျိန္တလီ မြို့နယ်ခွဲကို မီးရရှိရေးကို လုပ်ဆောင်သင့်တယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်တွင်းမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ လက်ထက်တုန်းက အချိန် အကန့်အသတ်နဲ့ မီးပေးခဲ့ဖူးပါတယ်။

DVB Burmese 

မြန်မာနိုင်ငံတွင် Western Union မှ ငွေလွှဲအေးဂျင့်နေရာပေါင်း ၄၆၀ထိ တိုးချဲ့ထား


သီဟကိုကို

ရန်ကုန်၊ မဇ္ဈိမ။ ။ နိုင်ငံတကာ ငွေလွှဲကုမ္ပဏီ Western Union နှင့် ပြည်တွင်းဘဏ် (၉)ခု ချိတ်ဆက်ကာ မြန်မာတစ်နိုင်ငံလုံးတွင် ငွေလွှဲအေးဂျင့်နေရာပေါင်း (၄၆၀)အထိ တိုးချဲ့ ၀န်ဆောင်မှုပေးနေသည် ဟု Western Union မှ တာဝန်ရှိသူများက ပြောသည်။

မေလ ၉ ရက်တွင် ပြုလုပ်သည့် Western Union ကုမ္ပဏီ၏ မြန်မာနိုင်ငံသို့ ရောက်ရှိသည့် ၁ နှစ်ပြည့် အခမ်းအနားတွင် ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

Western Union သည် ၂၀၁၃ ခုနှစ်တွင် နိုင်ငံတကာ ငွေလွှဲခြင်းလုပ်ငန်းများကို မြန်မာနိုင်ငံတွင် တရားဝင် ၀န်ဆောင်မှုလုပ်ငန်းများ စတင်ခဲ့ပြီး ပြည်တွင်ဘဏ်များနှင့် ချိတ်ဆက်ကာ
ငွေလွှဲအေးဂျင့် (၁၀၀) ကျော်နှင့် စတင်လုပ်ငန်းကိုင်ခဲ့သည်။

Western Union မှ အင်ဒိုချိုင်းနားနှင့် မြန်မာနိုင်ငံ၏ Regional Director Ms.Ly Nguyen က “ Western Union ဟာ မြန်မာကို ကမ္ဘာနဲ့ချိတ်ဆက်ပေးခြင်းဖြင့် အခွင့်အလမ်းကောင်းများနဲ့
လမ်းကြောင်းအသစ်များကို ဖန်တီးပေးနိုင်ဖို့ မျှော်လင့်ပါတယ်" ဟု ပြောသည်။

ယခုအချိန်တွင် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးအရ အခက်အခဲဆုံးနှင့် တောင်တန်းဒေသဖြစ်သည့် ချင်းပြည်နယ်ကို ငွေကြေးဆိုင်ရာ ၀န်ဆောင်မှု ရစေရန်အတွက် Western Union နှင့် သမ၀ါယမဘဏ်တို့ပူးပေါင်းကာ ၀န်ဆောင်မှုပေးသွားမည်ဖြစ်သည်။

နိုင်ငံတကာငွေလွဲခြင်းသည် နိုင်ငံခြားရောက်မြန်မာများနှင့် ယင်းတို့၏ မိသားစုများအတွက် လိုအပ်သည့် ၀န်ဆောင်မှုတစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၁၄၃နိုင်ငံမှ ပေးပို့သည့်ငွေကို Western Union မှ တစ်ဆင့် မြန်မာနိုင်ငံရှိ သုံးစွဲသူများ ရရှိနိုင်မည်ဟု Western Union မှ တာဝန်ရှိသူများက ပြောသည်။

မြန်မာနိုင်ငံရှိ Western Union ၏ အေးဂျင့်ဘဏ်များမှာ ဧရာဝတီဘဏ်၊ သမ၀ါယမဘဏ်၊ ပထမပုဂ္ဂလိကဘဏ်၊ ကမ္ဘောဇဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ Global
Treasure ဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်၊ ယူနိုင်တက်အမရာဘဏ်နှင့် ရိုးမဘဏ်တို့ ဖြစ်သည်။

Mizzima Burmese

PepsiCo ဈေးကွက်မြှင့်တင်ရန် စက်ရုံများ တိုးချဲ့မည်


မြန်မာဈေးကွက်တွင် စတင်ထုတ်လုပ်ဖြန့်ချိနေပြီဖြစ်သည် PepsiCo သည် ဈေးကွက်ပြိုင်ဆိုင်မှု မြှင့်တင် နိုင်ရန်အတွက် ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ စက်ရုံများကို တိုးချဲ့သွားမည်ဟု Lotte-MGS Beverage Co. ,Ltd (LMB) အစုရှယ်ယာ ၃၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည့် ဦးသိန်းထွန်းက ပြောသည်။

“ဒီနှစ်ထဲမှာတော့ စက်ရုံထပ်ဆောက်ဖို့မရှိဘူး။ ဒါပေမဲ့ လက်ရှိစက်ရုံရဲ့ ထုတ်လုပ်မှုပမာဏကို မြှင့်တင် မှာပါ။ ဈေးကွက်ထဲမှာ Coca-Cola ကလည်း အရင်ရှိနေတယ်။ ပြည်တွင်းအချိုရည်တွေကလည်း ပိုပြီးတိုး တက်လာတယ်ဆိုတော့ ကျွန်တော်တို့ ပိုကြိုးစားရမှာပါ”ဟု ၄င်းက ပြောသည်။

မြန်မာဈေးကွက်တွင် Pepsi-Cola, 7-Up, Marinda တို့ကို ထုတ်လုပ်ရောင်းချရန်အတွက် တောင်ကိုရီးယား အခြေစိုက် Lotte Chilsung Beverage Co.,Ltd နှင့် မြန်မာကုမ္ပဏီတစ်ခုဖြစ်သော Myanmar Golden Beverage Co.,Ltd(MGS) တို့သည် ယခုနှစ် ဇန်န၀ါရီလအတွင်းက ထုတ်ပြန်ကြေညာခဲ့ပြီး လက်ရှိအချိန်တွင် Pepsi-Cola ပုလင်း၊ သံဘူးနှင့် ပလတ်စတစ်ဘူးကြီးများ ထုတ်လုပ်ရောင်းချနေပြီဖြစ် သည်။

LMB သည် 7-Up, Marinda ပုလင်း၊ သံဘူးနှင့် ပလတ်စတစ်ဘူးကြီးများကိုလည်း ထပ်မံထုတ်လုပ် ရောင်းချသွားမည်ဖြစ်ပြီး ဈေးကွက်ဝေစု ပိုမိုတိုးတက်ရရှိအောင်လည်း ဆောင်ရွက်သွားမည်ဟု ဦးသိန်း ထွန်းက ဆက်လက်ပြောကြားသည်။

Lotte-MGS Beverage Co.,Ltd (LMB) ကို Lotte Chilsung Beverage Co.,Ltd က အစုရှယ်ယာ ၇၀ ရာခိုင်နှုန်း၊ ကျန်အစုရှယ်ယာ ၃၀ ရာခိုင်နှုန်းကို မြန်မာ MGS ကုမ္ပဏီက ပိုင်ဆိုင်ပြီး မြန်မာနိုင်ငံအတွင်း PepsiCo ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အမေရိကန် ဒေါ်လာ ၈၁ သန်း ရင်းနှီးမြှုပ်နှံမည်ဟု ထုတ်ပြန်ကြေညာထားသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေနှင့် လူ့အခွင့်အရေးချိုးဖောက်မှုတို့ကြောင့် ၁၉၉၄ ခုနှစ်ကတည်းက မြန်မာဈေးကွက်မှ ပြန်လည်ဆုတ်ခွာခဲ့သည့် PepsiCo သည် ၂၀၁၂ ခုနှစ်တွင် ပြန်လည်ဝင်ရောက်လာ ခဲ့ခြင်း ဖြစ်သည်။

ပြန်လည်ဝင်ရောက်ချိန်တွင် မြန်မာကုမ္ပဏီတစ်ခုဖြစ်သော ဒိုင်းမွန်းစတားကုမ္ပဏီကို ဖြန့်ချိရေး ကိုယ်စားလှယ် ပေးအပ်ခဲ့ပြီး ဗီယက်နမ်နိုင်ငံမှ တင်သွင်းဖြန့်ချိခဲ့ကာ မြန်မာ-ထိုင်းနယ်စပ်မှဝင်ရောက်နေသည့် PepsiCo အချိုရည်များနှင့် ဈေးနှုန်းချင်း မယှဉ်ပြိုင်နိုင်ခြင်းကြောင့် ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် တင် သွင်း ဖြန့်ချိမှုရပ်ဆိုင်းခဲ့သည်။

PepsiCo အချိုရည်များ ထုတ်လုပ်ဖြန့်ချိရန် ပူးပေါင်းထားသည့် MGS ကုမ္ပဏီသည် ၁၉၉၀ ကျော်နှစ်များ ကတည်းက PepsiCo အချိုရည်များကို အကျိုးတူ ထုတ်လုပ်ဖြန့်ချိခဲ့ဖူးသည်။

အခြားတစ်ဖက်လည်း Coca-Cola သည် မြန်မာဈေးကွက်တွင် ဦးဆောင်သူတစ်ဦးအဖြစ် ရောက်ရှိနေပြီ ဖြစ်သည်။ Pinya Manufacturing Co Ltd နှင့် အကျိုးတူပူးပေါင်းထားသည့် Coca-Cola ကလည်း ကုန် ပစ္စည်းတိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက် စက်ရုံများကို ယမန်နှစ်ကတည်းက စတင်တိုးချဲ့ခဲ့ကြောင်း Pinya Manufacturing မှ Commercial Director ဦးအောင်ဝင်းက ပြောသည်။

Mizzima Burmese

ဂျပန်နိုင်ငံ၊ တိုကျိုဖက်ရှင်ရှိုးပွဲမှာ မော်ဒယ်တွေ လေထဲ လမ်းလျှောက်ပြခဲ့ (လမ်းလျှောက်သည့် video ပါသည်)


ဂျပန်နိုင်ငံ၊တိုကျိုမြို့ ဈေးဝယ်စင်တာတစ်ခုကို လာရောက်လည်ပတ်ဝယ်ယူသူတွေဟာ ကမ္ဘာ့ဆွဲငင်အားကို ဆန့် ကျင်တဲ့ ဖက်ရှင်ရှိုးတစ်ခုကို တွေ့ မြင်ခဲ့ရပါတယ်။ Gucci ၀တ်စုံ ၀တ်ဆင်ထားတဲ့ မော်ဒယ်တွေဟာ ၄၂ မီတာမြင့်တဲ့ အဆောက်အဦးမျက်နှာစာမှာ ချထားတဲ့ လျှောက်လမ်းပေါ်မှာ ဒေါင်လိုက် Catwalk လျှောက်ပြ ခဲ့ကြပါတယ်။ မော်ဒယ်တွေရဲ့ ခန္ဓာကိုယ်မှာ ကြိုးတွေနဲ့ ချိတ်ဆွဲပြီး ဒေါင်လိုက် အထက်အောက် အလှလျှောက်ပြ ခဲ့တာပါ။

ဒီအစီအစဉ်ကို Shogakukan Inc. က ဦးစီးကျင်းပတာဖြစ်ပြီး Gucci ရဲ့ ဈေးကွက်မြှင့်တင်ရေး ဖက်ရှင်မဂ္ဂဇင်းဖြစ်တဲ့ Precious ရဲ့ ဆယ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။

Precious ရဲ့ အယ်ဒီတာချုပ် Fukashi Suzuki က အသက် ၄၀ ကနေ ၅၀အရွယ် စာဖတ်ပရိတ်သတ် အမျိုးသမီးတွေရဲ့ ဖက်ရှင်ပိုင်းဆိုင်ရာရွေးချယ်မှုတွေမှာ ပိုမိုရင်ခုန်စရာတွေပြည့်နှက်အောင် အားပေးဖို့  အိုင်ဒီယာကို ရခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါဟာ လေထဲမှာ ပြုလုပ်တဲ့ ဂျပန်နိုင်ငံရဲ့ ပထမဆုံးဖက်ရှင်ရှိုးပွဲလည်းဖြစ်ပါတယ်။


Ref: telegraph.co.uk
Trend Myanmar

ဆိုရှယ်နက်ခ်ဝက်ပေါ်မှာ စိတ်ပျက်စရာအကောင်းဆုံးလို့ သတ်မှတ်ခံရတဲ့ ပို့စ်များ


မေသော်

ဖေ့စ်ဘွတ်ခ်လို ဆိုရှယ်နက်ခ်ဝက်တွေမှာ ကိုယ်တင်လိုက်တဲ့ ပို့စ်တွေ၊ ဓာတ်ပုံတွေဟာ လူတွေကို စိတ်ပျက်စေပါသလား။ ဒါမှမဟုတ် တခြား user တွေလို Like အရေအတွက်မရဘဲ နည်းနေတာမျိုးတွေ ကြုံဖူးပါသလား။ အမှန်တော့ ဖေ့စ်ဘွတ်ခ်လို နေရာမျိုးမှာ ကိုယ့်အကြောင်းတွေ နေ့တိုင်းရေးပြီးတင်နေခြင်းဟာ နည်းနည်းတော့ အူကြောင်ကြောင်နိုင်လွန်းလှပါတယ်။ ဒါပေမယ့်လို့ ကိုယ်က မင်းသား၊ မင်းသမီး မဟုတ်တောင်မှ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အကြောင်းကို သူများတွေ ဖတ်ချင်လာ အောင်၊ ဒါမှမဟုတ် စိတ်ဝင်စားလာအောင် ကိုယ်လည်း ဒီအသိုင်းအ၀ိုင်းမှာ နာမည်ကောင်းလေးရလာအောင်တော့ ကိုယ့်ဘက်က ပြသနိုင်ပါတယ်။ ဖေ့စ်ဘွတ်ခ်မှာ Like အများကြီးရတာဟာ ဘ၀မဟုတ်ပေမယ် ကိုယ်တင်လိုက်တဲ့ Post တွေက လူဟားစရာဖြစ်နေရင်တော့ ဘယ်ကောင်းမလဲနော်။ လေ့လာသူတစ်ချို့ရဲ့ စစ်တမ်းအရတော့ ဖေ့စ်ဘွတ်ခ်ပေါ်က ဒီလိုလူမျိုးတွေရဲ့ပို့စ်တွေက နည်းနည်း အာရုံနောက်စရာကောင်းတယ်လို့ ဆိုထားပါတယ်။ ဘယ်လိုပို့စ်မျိုးတွေ၊ စတေးတပ်စ်မျိုးတွေ ဆိုတာကြည့်ကြည့်ရအောင်။

၁။အရည်မရ အဖတ်မရ စတေးတပ်စ်မျိုးတွေ ။

ဘာအကြောင်းအရာမှ မယ်မယ်ရရမရှိဘဲ ‘ကော်ဖီသောက်မလို့ပါဆိုမှ ကော်ဖီမှုန့်က မရှိတော့ပြန်ဘူး’ ၊ ‘အိမ်မှာလည်း ရှုပ်ပွနေတာပဲ ဘယ်ကစရှင်းရင် ကောင်းမလဲ’၊ ‘အိမ်က အဲယာကွန်းက အလုပ်မလုပ်တော့ဘူး’ စတာမျိုးတွေကို စတေးတပ်စ်အနေနဲ့ တင်နေမယ့်အစား တခြား အကျိုးရှိတဲ့ စာတိုပေစလေးတွေ၊ သီချင်းလေးတွေ တင်တာကမှ ကိုယ်နဲ့တခြား သူငယ်ချင်းတွေနဲ့ အမြင်ဖလှယ်လို့ ရပါသေးတယ်။ အရည်မရ အဖတ်မရ စတေးတပ်စ်မျိုးတွေ လူမျိုးတွေဟာ ကိုယ့်ကိုလူတွေ သတိထားမိအောင် အတင်းလုပ်ယူနေတဲ့ သူတွေဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

၂။ဘယ်နေရာမှာ ရှိတဲ့ဆိုတဲ့အကြောင်း တစ်နေ့ကို သုံးလေးခါ check in ၀င်တာမျိုးတွေ။

ကိုယ်ရောက်နေတဲ့ နေရာက ကော်ဖီဆိုင်အမိုက်စားဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် မနေ့ကလည်း ဒီနေရာ ရောက်လို့ check-in ၀င်ထားပြီးပြီ၊ ဒီနေ့လည်း ထပ်ဝင်ပြန်ပြီ။ နောက်နေ့ နောက်ကော်ဖီဆိုင်သွားဖြစ်ရင်လည်း check -in ၀င်ဦးမှာပဲ။ ဒီလိုလူမျိုးတွေကလည်း သူများတွေအတွက်တော့ ဟာသပါပဲ။ သိထားရမှာက ဘယ်သူကမှ ၂၄နာရီလုံးလုံး သင်ဘယ်မှာရှိနေတယ်ဆိုတာကို စိတ်မ၀င်စားပါဘူး။

၃။စတေးတပ်စ်တွေတင်တဲ့အခါ ၊ ပို့စ်တစ်ခုခုလုပ်တဲ့အခါ စာလုံးပေါင်းမှန်အောင် မပေါင်းနိုင်တာမျိုးတွေ။

ဘယ်ဘာသာနဲ့ပဲရေးရေ ကိုယ်ရေးပြီး တင်လိုက်တဲ့ စတေးတပ်စ်လေးက စာလုံးပေါင်းမှန်နေတော့ မကောင်းဘူးလား။ အမှားပေါင်းတစ်သိန်းခြောက်သောင်းနဲ့ စာမျိုးကို ဘယ်သူကမှ မဖတ်ချင်ပါဘူး။ ကိုယ်ကတော့ ဘာဖြစ်ဖို့ ဘာလုပ်ပါ၊ ဘာလုပ်ရင် ဘယ်လို အကျိုးရှိမယ်ဆိုတဲ့ စာသားမျိုးတွေ ရေးနေ၊ တင်ဖို့ အသည်းအသညန်ကြိုးစားနေပေမယ့် စားလုံးပေါင်းကျတော့ မှားနေတာမျိုးဆိုရင်တော့ ကိုယ့်စာကို ဖတ်တဲ့သူတွေအတွက် ဝေဖန်စရာပဲပေါ့။

၎။နိုင်ငံရေးအကြောင်းအရာတွေကိုလည်း မသိပဲနဲ့ ၀င်ရေး၊ ၀င်ယောင်တာမျိုးတွေ။

ကိုယ်က နိုင်ငံရေးအကြောင်း ဘာမှဂဃနဏမသိဘဲ ၀င်ယောင်တာမျိုးရှောင်ပါ။ သိတယ်ဆိုရင်တောင် ကိုယ်သိနေတာတွေက အမှန်ဖြစ်သလား၊ မဖြစ်ဘူးလား ဆိုတာ သေသေချာချာဆန်းစစ်ဖို့ လိုတာကြောင့် သေချာမှ ပြောပါ။

၅။selfie ဓာတ်ပုံတွေ မနားတမ်းရိုက်ပြီး post လုပ်တာမျိုးတွေ။

အလှပုံ selfie တွေ စိတ်ကြိုက်ရိုက်ပြီး တစ်နေ့ လေး၊ ငါးပုံ တင်ခြင်းမျိုးလည်း မလုပ်ပါနဲ့။ အဲ့ဒီလို selfie ပုံတွေ မနားတမ်းတင်ခြင်းဟာ ကျွန်မဓာတ်ပုံအောက်မှာ ရှင်တို့ like တွေမှ မမြင်ရရင် ကျွန်မနေရတာ ကိုယ့်ကိုယ်ကိုယ်တောင် ယုံကြည်မှုမရှိတော့လို့ပါ ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်နေပါတယ်။

Ref:yourtango.com
Trend Myanmar

တန်ဖိုး အလယ် အလတ်ပိုင်းတွေ ပိုသွက်လက်နိုင်တဲ့ အိမ်ခြံမြေဈေးကွက်


မန္တလေးမြို့ရဲ့ အိမ်ခြံမြေဈေးကွက်ဟာ လာမယ့် ကာလတွေမှာ တန်ဖိုးအမြင့်ထက် ကျပ်သိန်း ၁၀၀၀ ပတ်လည် တန်ဖိုးအလယ်အလတ်ပိုင်း အိမ်မြေအပိုင်းတွေမှာ အရောင်းအဝယ်ပို သွက်နိုင်ကြောင်း
  သုံးသပ်ကြပါတယ်။ အိမ်ခြံမြေ ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ အရောင်းအဝယ်ပါးလို့ စိတ်ပျက် လက်ပျက် ဖြစ်နေခဲ့ကြရတာ အချိန်နှစ်နှစ်ကျော်အထိ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

အခုချိန်မှာတော့ ဈေးကွက်မှာ ဝယ်ယူရင်းနှီးမြှုပ်နှံလိုသူတွေအတွက် အတိုင်းအတာ တစ်ခုအထိ ထိရောက်နိုင်မယ့်အပြောင်းအလဲတချို့ ဖြစ်ပေါ်လာတာကြောင့် ဈေးကွက်ဟာ ပြန်လှုပ်ရိပ်ပြလာခဲ့တာပဲ
 ဖြစ်ပါတယ်။

ဒါပေမဲ့ ဒါဟာ ဆိုခဲ့သလိုပဲ “အတိုင်းအတာတစ်ခု” အထိသာဖြစ်ပြီး အရှိန်အဟုန်နဲ့ အလုပ်ဖြစ်ဖို့ကတော့ အပြည့်အဝ မမျှော်လင့်နိုင်သေးကြောင်း အိမ်-မြေ အကျိုးဆောင်တွေက ပြောကြပါတယ်။

အိမ်-မြေ ဈေးကွက် ငြိမ်သက်ခဲ့ရတာဟာ မြေဈေးကစားမှုတွေရဲ့ဂယက်အဖြစ် ဈေးကွက် ကမောက်ကမ ဖြစ်ခဲ့ရတာကြောင့် ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ ရောင်းခွန်ဝယ်ခွန်နှုန်းထားတွေ တိုးခဲ့တာကြောင့် ဝယ်ရောင်းတွေရော၊ နေဖို့ ဝယ်ချင်သူတွေပ အလုပ်လုပ်ဖို့ လက်တွန့်ကုန်ကြတာကြောင့် ဖြစ်ပါတယ်။ အဲဒါတွေ နောက်ပိုင်းမှာ အိမ်-မြေ ရောင်းဝယ်ကြရာမှာ ကျင့်သုံးဖို့ နေရာအလိုက် အိမ်- မြေ တန်ဖိုး စံနှုန်းတွေ သတ်မှတ်တဲ့ ကိစ္စရပ်တွေကလည်း အိမ်-မြေ ဈေးကွက်မှာ လှုပ်ရှားနေသူတွေကို အလုပ်လုပ်ဖို့ထက် ဈေးကွက် ဘာဆက်ဖြစ်နိုင်မလဲဆိုတာ စောင့်ကြည့်ကြဖို့ ပိုစိတ်အားသန်စေခဲ့ပါတယ်။

 အခုနောက်ဆုံး အပြောင်းအလဲအဖြစ် အိမ်-မြေ ရောင်းဝယ်ရာမှာ ပေးဆောင်ရတာ များပြားတယ်လို့ သုံးသပ်နေကြတဲ့ အခွန် ၃၀ ရာခိုင် နှုန်းကို ပြန်လည်လျှော့ချပေးလိုက်တာမှာ အရောင်းအဝယ် လုပ်မယ့်သူတွေကို အတိုင်းအတာတစ်ခုအထိ လှုပ်ရှားလာစေနိုင်ပါလိမ့်မယ်။ ဒီနေရာမှာ အခွန်လျှော့ချပေးရာမှာ အိမ်-မြေ တန်ဖိုးအဆင့်အလိုက် ရာခိုင်နှုန်း ခွဲခြား သတ်မှတ်လျှော့ချထားတာကြောင့် တန်ဖိုးအမြင့်တွေထက် အလယ်အလတ်နှုန်းထားတွေသာ အရောင်းအဝယ် ပိုသွက်လိမ့်မယ်လို့ ခန့်မှန်းကြတာပဲဖြစ်ပါတယ်။ အခွန်နှုန်းထားကို ပြောင်းလဲလိုက်တာမှာ အိမ်-ခြံ-မြေ တန်ဖိုး ကျပ်သိန်း ၅၀၀ အောက်ကို သုံးရာခိုင်နှုန်း ကျပ်သိန်း ၅၀၀ မှ ၁၅၀၀ အထိကို ၁၀ ရာခိုင်နှုန်း ကျပ်သိန်း ၁၅၀၀ မှ ၃၀၀၀ ကြားကို ၂၀ ရာခိုင်နှုန်း ပေးဆောင်ကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အခွန်ဆောင်ဖို့ ရာခိုင်နှုန်းနည်းမယ့် ကျပ်သိန်း ၁၀၀၀ ပတ်လည်တွေကို ဝယ်ရောင်းတွေ ပိုမျက်စိကျနိုင်တာကြောင် ဒီအပိုင်းတွေ ပိုအလုပ်ဖြစ်နိုင်မယ်လို့ သုံးကြတာပါ။

ဒါ့ပြင် အခုအခွန်လျှော့ထားတဲ့ စနစ်ဟာ ဝင်ငွေရလမ်းမဖော်ပြနိုင်သူတွေအတွက်လည်း ဝယ်၊ ရောင်း အဖြစ်ရင်းနှီးမြှုပ်နှံဖို့အခွင့်အလမ်းဖြစ်ပြီးအိမ်မြေဈေးကွက် ကောင်းကောင်း ပြန်လည်ပတ်နိုင်မလား၊
 ဈေးနှုန်းတန်းတွေ အပြောင်းအလဲဖြစ်တဲ့အထိ ရိုက်ခတ်မှုရှိနိုင်မလား၊ ဘယ်အတိုင်းအတာအထိ ပြောင်းလဲမှုဖြစ်ဦးမလဲဆိုတာကတော့ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။

Yatanarpon

လူသားစား ညီအစ်ကိုက ထောင်က ကျွေးသည့် အစားအစာများကို စားချင်ပုံမရ


လူသားစားမိသွားရင် တခြား ဘာအသားမှ မစားချင်တော့ဘူးဆိုတာ ဖြစ်နိုင်ချေရှိပါတယ်။
အုတ်ဂူပေါင်း ၁၀၀ခန့်ကိုဖောက်ကာ အလောင်းများကို ခိုးယူစားသောက်မှုကြောင့် ပါကစ္စတန်က

ပုလဲ - ဂန့်ဂေါလမ်း ကားမှောက် တစ်ဦးသေ ၊ (၂၃) ဦးဒဏ်ရာရ



ပုလဲ၊ မေ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ပုလဲ - ဂန့်ဂေါသွားကားလမ်း မိုင်တိုင်အမှတ် ၅၇ မိုင် ၆ ဖာလုံနေရာတွင် မေလ ၇ ရက်နေ့ ညနေ ၃ နာရီက ကားတစ်စီးတိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်တွင် လိုက်ပါ လာသူများအနက်မှ တစ်ဦးသေဆုံးပြီး (၂၃) ဦးဒဏ်ရာရရှိခဲ့ကြောင်း ပုလဲမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဆိုပါ ကားတိမ်းမှောက်ရာအရပ်သို့ လဲကန်နယ်မြေရဲကင်းစခန်းမှ ရဲတပ်ကြပ်ကြီး ချန်မှုန်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ကိုလင်းလင်းဇော် ဆိုသူသည် ဖောကားအပြာရောင် အမျိုးအစား ယာဉ်အမှတ် ၇င/၇၁၈၅ ပေါ်တွင် ကျောက်ခွဲစက် ဖရိမ်များတင်ဆောင်၍ ဂန့်ဂေါမြို့နယ်၊ ကျော်ရွာမှ ပခုက္ကူမြို့သို့ မောင်း နင်းလာစဉ် အဆိုပါ ကား၏ လက်ယာဘက်နောက်ဘီး (အပြင်)ဘီးပေါက်ကာ ယာဉ်တိမ်းမှောက်ခဲ့ခြင်းဖြစ် သည်။

ထိုသို့ ယာဉ်တိမ်းမှောက်စဉ် ခင်အေးရေနံမှော်နေရာမှ ၀မ်းဘဲချိုင့်ကျေးရွာသို့ ပြန်ရန် လမ်းကြုံလိုက်ပါသည့် လမ်းလုပ်သား(၂၄)ဦးအနက် အမျိုးသမီးတစ်ဦးမှာ ယာဉ်တိမ်းမှောက်ရာတွင် ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့ သည်။ လမ်းလုပ်သား အမျိုးသား(၁၃) ဦးနှင့် အမျိုးသမီး(၈)ဦးတို့မှာ ဒဏ်ရာအသီးသီးရရှိခဲ့ကြောင်း လဲကန် နယ်မြေရဲကင်းစခန်း၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

အဆိုပါ ယာဉ်တိမ်းမှောက်ခြင်းနှင့် ပတ်သက်၍ ပုလဲမြို့မရဲစခန်းက ယာဉ်(ပ) ၁၁/ ၂၀၁၄ ပြစိမှုပုဒ်မ ၃၀၄ - (က)၊ ၃၃၇ /၃၃၈ အရ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုနေ့ညနေပိုင်းအချိန်ကလည်း ရွှေဘို - ကျောက်မြှောင်းသွားကားလမ်းတွင် ဖောကားယာဉ်တစ်စီး နောက်ဘီးပေါက်၍ တိမ်းမှောက်ခဲ့ရာ စစ်ဗိုလ်တစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သေးကြောင်း သိရှိရသည်။

သတင်း၊ ကိုတိုးကြီး (Facebook)

ရွှေတောင်မြို့နယ်တွင် ဒုတိယ အကြိမ် လေပြင်း တိုက်ခတ်ခံရ၍ နေအိမ် ၄၀ ကျော် ထပ်မံ ပျက်ဆီး


 ပြည်၊ မေ ၈

 ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင် ရွှေတောင်မြို့နယ်တွင် မေလ (၈) ရက်နေ့ ညနေပိုင်းက ဒုတိယအကြိမ် လေဆင်နှာမောင်း တိုက်ခတ်၍ နေအိမ် ၄၀ ကျော် ထပ်မံပျက်ဆီးသွားကြောင်း ဒေသခံများထံက သိရှိရသည်။

ရွှေတောင်မြို့နယ် ရွှေဟင်္သာကျေးရွာ အုပ်စုနှင့် ကျီးသဲကျေးရွာ အုပ်စုရှိ ကျေးရွာခွဲ ရှစ်ရွာမှာ လေပြင်းတိုက်ခတ်မှုကြောင့် ၂၄ အိမ် ပြိုကျခဲ့ပြီး ပျက်စီးသည့် အိမ် ၂၁ အိမ်မှာ အမိုးလန် ပျက်ဆီးခဲ့ရာ အိမ်ထောင်စု ၄၅ စုရှိ လူဦးရေ (၁၇၄) ဦးမှာ လေဘေးသင့်ဒဏ် ခံခဲ့ရပြီး လေပြင်းဒဏ်ကြောင့် ပျက်ဆီးဆုံးရှုံးမှု တန်ဖိုးသိန်း ၃၉၀,၀၀၀ ကျပ် ရှိကြောင်း ပြည်ခရိုင် မီးသတ်ဦးစီးဌာန ထုတ်ပြန် ချက်အရ သိရသည်။

“မိုးလေး တဖြောက်နှဖြောက် ရွာနေချိန်မှာ ဧရာဝတီမြစ်ထဲက နီရဲရဲ လေပြင်းလုံးကြီး တက်လာပြီး တိုက်တာပဲ။ လေတိုက်တဲ့ အချိန်က သုံးမိနစ်လောက်ပဲ ရှိတယ်။ အိမ်က သိပ်စိတ်မချရလို့ ဘေးအိမ်ကို ဝင်ပြေးရတယ်။ ထင်တဲ့အတိုင်းပဲ အိမ်ပြိုသွားတယ်” ဟု လေပြင်းဒဏ်ကြောင့် နေအိမ်ပြိုကျခဲ့သူ ညောင်ကုန်း ရွာဟောင်းကျေးရွာက ဦးစောဝင်းနိုင်က ပြောဆိုသည်။

လေဘေးဒဏ်သင့် ကျေးရွာသားများမှာ ယာယီတဲများဖြင့် နေနေရပြီး သက်ဆိုင်ရာ အာဏာပိုင်များမှ ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးခြင်း မရှိသေးကြောင်း ၎င်းကျေးရွာသားများက ဆိုသည်။

ဧပြီလ ၁၂ ရက်နေ့ကလည်း ရွှေတောင်မြို့နယ်တွင် မိုးသက်လေပြင်း ကျမှုကြောင့် ဘုန်းကြီးကျောင်း တစ်ကျောင်း အပါအဝင် မြို့နယ်အတွင်းရှိ စမ်းရွာ၊ ရှင်ညိုရွာ၊ ညောင်ဝိုင်းရွာ၊ ရွာကုန်း အစရှိသည့် ကျေးရွာအုပ်စုများက လူဦးရေ ၁၃၈ ဦး နေထိုင်သည့် အိမ်ခြေ ၃၇ လုံး ပြိုကျခဲ့ပြီး လေဘေးသင့် ဒေသခံ အများစုမှာ ယခုအချိန်အထိ နေအိမ် ပြန်လည် တည်ဆောက်ရန် အကူအညီ လိုအပ်လျက် ရှိသည်။

The Voice Weekly

သွားကြမလားကွဲ့ ခုနစ်မိုင်စခန်းဆီ


 မန္တလေးမြို့သူ၊ မြို့သားများ အတွက်တပေါင်းလ ရွှေစာရံဘုရား ပွဲတော် အခါမျိုးမှာ ဘုရား ပွဲတော် သွားရင်း မလုပ်မဖြစ်လုပ်လေ့ ရှိတဲ့ အရာ တစ်ခုကတော့ ဒုဋ္ဌဝတီမြစ်ထဲကို ရေဆင်း ချိုးကြ တာပါပဲ။

အေးစိမ့်လှတဲ့ ဒုဋ္ဌဝတီမြစ် ရေထဲ တစ်ကိုယ်လုံး စိမ်လိုက်ရပြီဆို အပန်းတွေပြေ သွားရုံသာမက စိတ်ရော လူပါ လန်းဆန်းသွားတာ ကြုံဖူးသူတိုင်း အသိပါ။ အရင်က ဒုဋ္ဌဝတီမြစ်ရေကို ပွဲတော်ရက် ရောက်မှသာ စိမ်နိုင်ပါတယ်။ ခုတော့ အမြဲတမ်း စိမ်နိုင်နေပါပြီ။

  ဒုဋ္ဌဝတီမြစ်ရေကို စိတ် ကြိုက်စိမ်နိုင်ဖို့ အပန်းဖြေစခန်း တစ်ခုပေါ်လာပါပြီ။ အဲဒီနေရာ လေးကတော့ ဒုဋ္ဌဝတီမြစ်ဘေး မှာပဲရှိတဲ့ ခုနစ်မိုင်ဆိုတဲ့အပန်းဖြေ စခန်းပါပဲ။

  ခုနစ်မိုင်အပန်းဖြေစခန်း ဟာ ပုသိမ်ကြီးမြို့နယ်က ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကိုသွား ရာလမ်းပေါ်မှာရှိပါတယ်။ မန္တလေး -ပြင်ဦးလွင်လမ်းပေါ်ကနေ ခုနစ် မိုင်လောက်သွားရင်ရောက်တာမို့ ခုနစ်မိုင်အပန်းဖြေစခန်းလို့ခေါ်ပါ တယ်။ အပန်းဖြေစခန်းသို့သွား ရာလမ်းတစ်လျှောက် ဘေးဘီဝဲ ယာမှာ တောင်တန်းတွေကပြည့် နေတာမို့ မျက်စိပသာဒဖြစ်လှပါ တယ်။ အပန်းဖြေစခန်းကိုရောက် ရင် ဝင်ကြေးအဖြစ် လူတစ်ဦး ငါးရာကျပ်ပေးဆောင်ရပါတယ်။ ဝင်ကြေးပေးပြီးရင်တော့ အပန်းဖြေစခန်းထဲမှာ စိတ်ကြိုက်အနားယူလို့ရပါပြီ။

ဒုဋ္ဌဝတီမြစ်ရေက ရေစီးသန် လှတာမို့ မြစ်ထဲကရေတွေကို ဘေးမှာကန်ကြီးတစ်ခုအသွင် သွယ်ယူထားပါတယ်။ အဲဒီကန် ထဲမှာ ရေဆော့ကစားရမှာပါ။ မြစ်အတိမ်ပိုင်းကို ဝင်ရောက်လို့ရပေမယ့် ရေနက်ပိုင်းတွေကိုတော့ အန္တရာယ်များလှတာမို့ ကြိုးတွေနဲ့ တားထားပါတယ်။ ဒုဋ္ဌဝတီမြစ်က ရေစီးသန်လှတာမို့ သတ်မှတ်ထားတဲ့ဧရိယာမှာပဲ   ရေကစားဖို့၊ ကျောက်တုံးတွေရှိတဲ့အတွက် ရေကန်ထဲကိုဒိုင်ဗင်မပစ်ဖို့၊ ငါးနှစ်အောက်ကလေးတွေ Life Jacketဝတ်ဖို့ အပန်းဖြေစခန်းက အသိပေးထားပါတယ်။ အရက်၊ ဘီယာတွေကိုယူဆောင်မလာဖို့နဲ့ သောက်မယ်ဆိုရင်လည်း လူမြင်ကွင်းမှာမတ်တတ်ရပ်ပြီး မသောက်ဖို့ကိုလည်း သတိပေးထားပါသေးတယ်။

မြစ်ဘေးမှာ ကိုယ့်အစုအဖွဲ့ နဲ့ကိုယ်နားနေနိုင်ပြီး  ရေထဲမှာ ဆော့ကစားလို့ရမယ့်ခြေနင်းလှေ၊ ဘဲလှေစတဲ့ အပျော်စီးလှေတွေ လည်းငှားရမ်းနိုင်ပါတယ်။နောက် ပြီး Banana လို့ခေါ်တဲ့ ငှက်ပျော သီးပုံစံ အပျော်စီးယာဉ်ပေါ်မှာ ထိုင်ပြီး ရှေ့ကစက်လှေက ဒုဋ္ဌဝတီမြစ်ထဲဆွဲခေါ်ပေးသွားတဲ့ ကစားနည်းတွေလည်း  ရှိပါသေး တယ်။  စင်တင်မျက်လှည့်ဖျော် ဖြေပွဲတွေလည်းမကြာခဏတင် ဆက်ပေးနေတယ်လို့ အပန်းဖြေ စခန်းတာဝန်ရှိသူတွေက ဆိုပါ တယ်။

အပန်းဖြေစခန်းက အခုမှ ဆောက်လက်စမို့ အရိပ်ရတဲ့ နေရာက နည်းနေပါသေးတယ်။ သွားရောက်အပန်းဖြေရင် နေပူ ကြီးထဲကလာရတာမို့ ချက်ချင်း ကြီးရေထဲမဆင်းဖို့တော့လိုပါ တယ်။ တားမြစ်ထားတဲ့နေရာတွေ ကိုကျော်လွန်မသွားဖို့ကလည်း အရေးကြီးပါတယ်။ တစ်ခုခုထိ ခိုက်ဒဏ်ရာရတာပဲဖြစ်ဖြစ်၊ အသက်အန္တရာယ်ဖြစ်တာပဲဖြစ် ဖြစ် စခန်းကတာဝန်မယူဘူးလို့ အသိပေးထားလို့ပါပဲ။ နောက်ပြီး အပန်းဖြေစခန်းကိုလာတဲ့လမ်းက ကွန်ကရစ်လမ်းကျဉ်းလေးဖြစ်ပြီး ကားတွေ၊ ဆိုင်ကယ်တွေက အမြန်မောင်းတတ်ကြတာမို့ ယာဉ်အန္တရာယ်သတိပြုဖို့လည်းလိုအပ် ပါသေးတယ်။

ခုနစ်မိုင်အပန်းဖြေစခန်း နေရာဟာ မိုးတွင်းရေကြီးချိန်မှာ ရေနစ်မြုပ်လေ့ရှိတာကြောင့် တစ် နှစ်မှာ နှစ်ရာသီသာ စခန်းဖွင့်ထားမယ်လို့သိရပါတယ်။ဒါကြောင့် မိသားစုလိုက်အပန်းဖြေဖို့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ လည်ချင်ပတ်ချင်လို့ပဲ  ဖြစ်ဖြစ် သွားလာဖို့သင့်လျော်တဲ့ ခုနစ်မိုင်အပန်းဖြေစခန်းကို သွားရောက်ကြည့်ဖို့  ဒီတစ်ပတ်ညွှန်းဆိုလိုက်ပါတယ်။

Author: ညီညီဇော်
7Day Daily


ဓာတ်ပုံ - ညီညီဇော် / 7Day Daily

မြန်မာ့ သစ်အလုံးလိုက်တင်ပို့မှု ၃ လ ခန့် ခွင့်ပြုပေးရန် ပါကစ္စတန် တောင်းဆို


မြန်မာဘက်က နိုင်ငံခြားကို သစ်အလုံးလိုက် တင်ပို့မှု လုံးဝရပ်ဆိုင်းထားတာကို ၃ လလောက် ရွှေ့ဆိုင်းပေးဖို့ ပါကစ္စတန်နိုင်ငံ ကရာချိမြို့ ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (ကေစီစီအိုင်) ဥက္ကဋ္ဌ အဗ္ဗဒူဇာဂလီက မေတ္တာရပ်ခံခဲ့တယ်လို့ ပါကစ္စတန် အခြေစိုက် ဘစ္စနက် ရီကော်ဒါ သတင်းဌာနက ဖော်ပြပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်အတွင်း ပါကစ္စတန်နိုင်ငံ သစ်ကုန်သည်တွေဟာ မြန်မာနိုင်ငံကနေ အဓိကလိုအပ်ချက်ဖြစ်တဲ့ သစ်ကုန်ကြမ်းတွေ တင်သွင်းခဲ့ကြောင်း၊ မြန်မာအစိုးရက ၂၀၁၄ ဧပြီလက စပြီး  သစ်အလုံးလိုက်တင်ပို့မှု ရပ်ဆိုင်းလိုက်တဲ့အတွက် သူတို့ အနေနဲ့ အခက်အခဲကြုံရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် သစ်အလုံးလိုက် ၃ လ လောက် ဆက်ပြီး တင်ပို့ခွင့်ပေးပါ ဆိုပြီး သမ္မတ ဦးသိန်းစိန်၊ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံရုံးနဲ့ သက်ဆိုင်သူတွေဆီ စာရေးသားပေးပို့ အကြောင်းကြားခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ အစိုးရဟာ သစ်အလုံးလိုက် တင်ပို့မှုကို ပိတ်ပင်လိုက်ပေမယ့် အချောထည် တင်ပို့မှုတွေကိုတော့ ဆက်ပြီး ခွင့်ပြုပေးသွားမယ်လို့ ကြေညာထားပါတယ်။

DVB Burmese

ကမ္ဘာ့ဖလားဘောလုံးတည်ဆောက်စဉ် အလုပ်သမားများ သေဆုံးမှု (၈)ဦးထိရှိလာ

(တည်ဆောက်နေဆဲ ကမ္ဘာ့ဖလား ဘောလုံးကွင်း)

ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲအတွက် တည်ဆောက်နေသည့် ဘောလုံးကွင်း တစ်ကွင်း၌ အလုပ်သမားတစ်ဦး သေဆုံးမှု ထပ်မံဖြစ်ပွားသည့်နောက် ကြီးကြီးမားမား ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။ အသက်(၃၂)နှစ်ရှိ မူဟာမက်အလီ မာဆိုင်ရယ်လ် အေဖွန်ဆိုသည် ကမ္ဘာ့ဖလားအတွက် ကွင်းများတည်ဆောက်နေစဉ် (၈)ဦးမြောက် သေဆုံးသော အလုပ်သမားလည်း ဖြစ်လာသည်။ ၎င်းသည် ကြာသပတေးနေ့က မတော်တဆ ဓာတ်လိုက်ပြီး အသက်ဆုံးရှုံးခဲ့ခြင်း ဖြစ်သည်။ ဘရာဇီးလ်သည် ကမ္ဘာ့ဖလား ပြိုင်ပွဲအမီ ဘောလုံးကွင်းများ အပြီးသတ်နိုင်ရန် ရုန်းကန်နေပြီး ယင်းတို့အနက် ယခုမတော်တဆမှု ဖြစ်ပွားရာ ပန်တာနယ်လ်ကွင်းကြီးသည် အနှောင့်နှေးဆုံး အခြေအနေတွင် ရှိနေသည်။

မူဟာမက်သည် ဆက်သွယ်ရေး ကွန်ရက်စနစ်အတွက် အစိတ်အပိုင်းတစ်ခု တပ်ဆင်နေစဉ် ဓာတ်လိုက်သေဆုံးခြင်းဟု အစိုးရ အရာရှိတစ်ဦးနှင့် ကွန်ရက်စနစ်ကို တာဝန်ယူသည့် Etel Engenharia ကုမ္ပဏီ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တို့က အတည်ပြုခဲ့သည်။ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးသည် ဇွန်လ(၁၂)ရက်နေ့တွင် စတင်မည် ဖြစ်သော်လည်း ပန်တာနယ်လ်ကွင်းမှာ ယခုတိုင် ဆောက်လုပ်မှု အပြီးမသတ်သေးဘဲ ရှိနေသည်။ ကွိုင်ဘာရှိ ကွင်းကြီးတွင် မကြာမီ ကမ္ဘာ့ဖလားအကြို ပွဲစဉ်များ စမ်းသပ်ကစားမည် ဖြစ်သော်လည်း လက်ရှိအချိန်ထိ အလုပ်သမားများက ထိုင်ခုံများ လိုက်လံတပ်ဆင်နေဆဲသာ ရှိသည်။ အောက်တိုဘာလကလည်း အဆိုပါ ကွင်းကြီးတွင် မီးမတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ဖူးသည်။ ယခုတစ်ကြိမ် မူဟာမက် သေဆုံးမှုကြောင့် တည်ဆောက်မှု လုပ်ငန်းစဉ်များကို ခေတ္တဆိုင်းငံ့ပြီး ရာဇဝတ်ကြောင်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်းလည်း သိရှိရသည်။

ပူဇော်ခြင်းသည် လာဘ်တစ်ပါး


တစ်ခါတုန်းက နယ်စပ်မြို့လေးတစ်မြို့ရဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ စီးပွားရေးလုပ်ငန်းရှင် ပေါက်ဖော်ကြီးနှစ်ယောက် တွေ့ကြသတဲ့။ တစ်ယောက်သော ပေါက်ဖော်ကြီးက ‘‘အခုရောက်လာတဲ့အရာရှိက သိပ်ပြီးစည်းကမ်းကြီးတယ်ဆိုပဲ။ လာဘ်လည်း မစားဘူး၊ အလုပ်ကိုလည်း တိတိကျကျနဲ့ မှန်မှန်ကန်ကန်လုပ်တယ်’’လို့ ပြောပါတယ်။ ဒီတော့ ကျန်တဲ့ပေါက်ဖော်ကြီးက ဒီလို ပြန်ပြီး ပြောပါတယ်။

‘‘ထောင်ကဲကလည်း ပူပန်တတ်ရန်ကော။ အဲဒီစည်းကမ်းကြီးတဲ့ အရာရှိမှာ ပါးစပ်ပေါက်ပါတယ်မဟုတ်လား။ ပါးစပ်ပေါက်ပါတဲ့သူကို ဘယ်တော့မှ မကြောက်နဲ့၊ ပါးစပ်ပေါက်မပါတဲ့သူကိုသာကြောက်။ အဲဒါတစ်သက်လုံးမှတ်ထားရမယ့် နိယာမပဲ’’တဲ့။

ဟုတ်ပါတယ်။ စီးပွားရေးသမားဆိုတာကတော့ ကိုယ့်လုပ်ငန်းအဆင်ပြေဖို့အတွက် ရတဲ့ နည်းနဲ့ လာဘ်ပေးမှာပါ။ ရှေ့ ပေါက်ကဝင်လို့ရရင်ရ၊ မရရင် နောက်ဖေးမီးဖိုချောင်ကတစ်ဆင့် ဝင်မှာပဲ။ သူ့အတွက် အလုပ်ဖြစ်ဖို့က အဓိကလေ။ ဒီလိုနဲ့ပဲ လာဘ်ပေးလာဘ်ယူ သံသရာကြီး ရှည်ကြာလာခဲ့တာ ကြာလှပါပကောလား။

တစ်ချိန်သော ကာလကဆိုရင် လာဘ်ပေးလာဘ်ယူဆိုတဲ့ ဝေါဟာရကို မသုံးကြပါဘူး။ ‘‘ပူဇာစ ပူဇနေယျာနံ’’ဆိုတဲ့ ဝေါဟာရကိုသုံးပါတယ်။ ပူဇော်ထိုက်သူကို ပူဇော်ခြင်းဟာ မင်္ဂလာတစ်ပါးဆိုပြီး လာဘ်ပေးလာဘ်ယူဝေါဟာရကို Sugar coated လုပ်ကြပါတယ်။ သီတင်းဝါလကျွတ်ပြီလားဆိုမှဖြင့် လုပ်ပိုင်ခွင့်အမြင့်ဆုံးရှိတဲ့သူကို တစ်ဦးချင်းဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ ရိုရိုသေသေနဲ့ ရှိခိုးကန်တော့ကြရပါတယ်။ ရှေ့မှာတော့ အဖိုးတန်ရတနာတွေကို ရွှေကြုတ်တို့၊  ငွေကြုတ်တို့နဲ့ ထည့်ထားရတာပေါ့။ ဖြစ်နိုင်ရင် ဘောက်ချာတောင် ပါရပါသေးတယ်။ အဲဒီလို ပူဇော်ထိုက်သူကို ပူဇော်တာတို့၊ ရိုသေထိုက်သူကို ရိုသေတာတို့ဆိုတဲ့ မြန်မာ့ယဉ်ကျေးမှု ဂါရဝတရားတွေနဲ့ လာဘ်ပေးလာဘ်ယူမှုကို လှလှပပလေး ဆင်ယင်ကျင်းပသွားခဲ့ကြဖူးပါတယ်။

မျက်မှောက်ခေတ်ကိုရောက်လာတော့ ပြည်သူ့အစိုးရတစ်ရပ် ပေါ်ပေါက်လာပြီမို့ အဲဒီရွံရှာစက်ဆုပ်စရာကောင်းတဲ့ လာဘ်ပေးလာဘ်ယူမှုကို တိုက်ဖျက်ဖို့ ကြိုးစားကြပါတယ်။ ခေါက်ရိုးကျိုးနေတဲ့ စနစ်ကြီးဆိုတော့လည်း ဘယ်မှာ လွယ်လွယ်ကူကူနဲ့တိုက်ဖျက်ပစ်လို့ ရနိုင်မှာလဲ။ ဒီတော့ ‘‘မြွေမသေ တုတ်မကျိုး’’သုံးသိန်းအထိကို လာဘ်ပေးလာဘ်ယူဟု မသတ်မှတ်လို့   ပြဋ္ဌာန်းလိုက်ပါတော့တယ်။ အဲဒီအခါမှာ အပူဇော်ခံထိုက်တဲ့သူတွေလည်း သက်ပြင်းအခါခါချပြီး ‘‘အဟောဝတ၊ ကောင်းလေစွ၊ ကောင်းလေစွ’’လို့ ဥဒါန်းကျူးရင့်လိုက်ပါတော့တယ်ခင်ဗျာ။

လာဘ်ပေးလာဘ်ယူဆိုတဲ့ ကိစ္စကြီးက နိုင်ငံတကာမှာလည်း ရှိနေတာဆိုတော့ တိုက်ဖျက်ပစ်ဖို့ အတော်ခက်ပါတယ်။ ဆိုရှယ်လစ်နိုင်ငံတွေမှာလည်းရှိတာပါပဲ၊  ကွန်မြူနစ်နိုင်ငံမှာလည်း ရှိတာပါပဲ၊  ဒီမိုကရေစီနိုင်ငံမှာလည်း ရှိနေတာပါပဲ။ လူမှာ သာမန်ထက်လွန်ကဲတဲ့ လောဘစိတ် ရှိနေသမျှ ကာလပတ်လုံး (တစ်နည်း)၊ မိမိရဲ့စိတ်ကို မထိန်းချုပ်နိုင်သမျှကာလပတ်လုံး၊ ဒီလာဘ်ပေးလာဘ်ယူကိစ္စကြီးက တည်ရှိနေဦးမှာပါ။  ထိပ်ပိုင်းခေါင်းဆောင်တွေကအစ အောက်ခြေ ဝန်ထမ်းအထိ ဒီဖြစ်စဉ်ကြီးက ဖျောက်ဖျက်ပစ်ဖို့  ခက်ခဲလှပါတယ်။  တရုတ်ကြီးပြောသလို ပါးစပ်ပေါက်တွေရှိနေသမျှ လာဘ်စားနေဦးမှာ အမှန်ပါပဲ။

လာဘ်စားတယ်ဆိုတဲ့နေရာမှာ ကိုယ့်တိုင်းပြည်ကိုယ်လူမျိုးမျက်နှာကိုမှမထောက် လာဘ်စားတာမျိုးကတော့ လုံးဝခွင့်လွှတ်ဖို့ မကောင်းပါဘူး။ လာဘ်ဆိုတာမျိုးက နည်းနည်းစားစား၊ များများစားစား မကောင်းတာတော့အမှန်ပဲ။ တစ်တက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်း ကြက်သွန်ပါ။ လာဘ်စားနေကျပုဂ္ဂိုလ်ဟာ ပျူစောထီးခေတ်‘‘ငှက်ကြီး’’ လိုပဲ။ နေ့စဉ်အပျိုတော်ခုနစ်ယောက်ကို မှန်မှန်စားရပါမှ။ မစားရတဲ့နေ့ ဒေါသတွေပေါက်ကွဲပြီး ပျူစောထီးကို ပေါက်သတ်ဖို့ကြိုးစားခဲ့သလိုပါပဲ။ လာဘ်စားနေကျပုဂ္ဂိုလ်ဟာလည်း လာဘ်မစားရရင် ဒုက္ခပေးတတ်ပါတယ်။

လာဘ်ပေးလာဘ်ယူကိစ္စနဲ့ ပတ်သက်ပြီး ဟိုတစ်လောက သတင်းစာထဲမှာ ဖတ်လိုက်ရတယ်။‘‘ဟီလာရီကလင်တန် နိုင်ငံခြားရေးဝန်ကြီးတာဝန် ထမ်းဆောင်စဉ် သင်္ဂဟဟိုတယ်ကပေးသည့်လက်ဆောင် ဒေါ်လာတစ်ရာကျော်နေ၍ ဟိုတယ်သို့ ပြန်အပ်’’တဲ့။ အမေရိကန်နိုင်ငံရဲ့ ဥပဒေအရ ဒေါ်လာတစ်ရာကျော်တန်တဲ့ အမှတ်တရပစ္စည်းဖြစ်ပေမယ့်လည်း လက်ခံလို့မရဘူးတဲ့။ ဒါက  သူ့နိုင်ငံရဲ့ စံသတ်မှတ်ချက်ပေါ့။ စံနမူနာယူဖို့ကောင်းတဲ့  ဥပဒေသတ်မှတ်ချက်ပဲနော်။

ကျွန်တော်ကတော့ ဒီထက်ကောင်းတဲ့ စံသတ်မှတ်ချက်တွေကို ပိုပြီး ကြည်ညိုလေးစားမိတယ်။ ဒါကိုတော့  ဥပဒေတွေနဲ့လည်း သတ်မှတ်မထားပါဘူး။ မိမိရဲ့ မွန်မြတ်သန့်စင်တဲ့ စိတ်ဓာတ်အခံနဲ့ သတ်မှတ်ထားတာပါ။ ကိုယ့်စိတ်က သန့်ရှင်းဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကြည်ညိုနိုင်တဲ့သူဖြစ်ဖို့လိုပါတယ်။

မင်းတုန်းမင်းတရားကြီး ခေတ်တုန်းကဆိုရင် ပခန်းမင်းကြီး ဦးရန်ဝေးဆိုတာရှိပါတယ်။ ပခန်းဘုရင်ကြီးလို့လည်း ချစ်စနိုးနဲ့ခေါ်ကြပါတယ်။ မင်းတုန်းမင်းကြီးကိုယ်တိုင် ချစ်ကြောက်၊ ရိုသေ၊ လေးစားရတဲ့ ဝန်ကြီးတစ်ပါးပါ။  မင်းတုန်းမင်းကြီးရဲ့ ငယ်ဆရာ ‘‘လူပြန်တော်’’တစ်ယောက် ပေါ့။

တစ်နေ့တော့ ပခန်းမင်းကြီး ဦးရန်ဝေးရဲ့ နှမဟာ ရွာမှာ ဆင်းရဲကျပ်တည်းလွန်းလို့ဆိုပြီး သူ့အစ်ကိုဆီကို ရောက်လာပါတယ်။ အစ်ကိုကြီးရဲ့ အမ,အစကို ခံချင်လို့ပေါ့။ ဝန်ကြီးအနေနဲ့လည်း ‘‘ဉာတကာနဉ္စ သင်္ဂဟော’’ဆိုတဲ့ မင်္ဂလာတရားနဲ့အညီ ဆွေမျိုး ဉာတိကို  ပေးချင်ကမ်းချင်ရှာပါတယ်။ ဒါပေမဲ့ သူ့မှာက ငွေပိုငွေလျှံမရှိဘူး။ ဘုရင်ကပေးသနားတဲ့ ရိက္ခာလစာငွေကလည်း မလောက်တော့ နှမဖြစ်သူကို ပေးကမ်းထောက်ပံ့ဖို့ အခက်အခဲကြုံ နေရတယ်။ နောက်ဆုံးကြံရာမရနဲ့ ပန်းထိမ်တော်မှာ မင်းတုန်းမင်းတရားကြီးအပ်ထားတဲ့ ရွှေထဲက လေးဆယ့်ငါးကျပ်သားကိုယူပြီး နှမလုပ်သူကို ပေးလိုက်သတဲ့လေ။ နောက်ပြဿနာ  နောက်မှ ရှင်းမယ်ဆိုတဲ့သဘောပေါ့။

ဒီကိစ္စဟာ မင်းတုန်းမင်းတရားကြီးရဲ့ ရွှေနားတော်ကို ပေါက်ကြားသွားပါတယ်။ ယောအတွင်းဝန်မင်း ဦးဘိုးလှိုင်ကို စုံစမ်းစစ်ဆေးဖို့ ဘုရင်မင်းတရားကြီးက အမိန့်တော်ချပါတယ်။ အဲဒါကြောင့်ဦးဘိုးလှိုင်ဟာ ပခန်းမင်းကြီး ဦးရန်ဝေးဆီသွားပြီး ဖြစ်ကြောင်းကုန်စင်မေးတော့တာပေါ့။ ဒီအခါမှာ ပခန်းမင်းကြီး ဦးရန်ဝေးက ‘‘မောင်လှိုင်၊ မင်းပဲ စဉ်းစားကြည့်လေ၊ ငါရတဲ့ရိက္ခာလစာငွေက တစ်ထောင်ပဲရတယ်။ ငါးရာကို ပွဲကတော်ကြီး ပေးရတယ်။ ကျန်တဲ့ငါးရာကို ငါ့လက်အောက်ငယ်သားတွေကို ထောက်ပံ့ရတယ်။ ငါ့မှာ ဘာမှ မကျန်တော့ဘူး။ ဒီကြားက ငါ့နှမလာလို့ ပေးချင်ပေမယ့် ပေးစရာမရှိဘူး။ ငါဘယ်သူ့ဆီကမှ တံစိုးလက်ဆောင်လည်းမယူဘူး။ တောင်းလည်းမတောင်းဘူး။ အဲဒါကြောင့်  ငါ့နှမကိုပေးဖို့အတွက်  ငါ့အရှင်ရဲ့ပစ္စည်းကို ငါယူတယ်။ သံသရာမှာ ခံစရာရှိရင်တောင် ငါ့အရှင်သခင်ရဲ့အစေအပါးအဖြစ် ခံမယ်ဆိုတဲ့စိတ်နဲ့ ငါယူမိပါတယ် မောင်လှိုင်ရယ်’’တဲ့။

ဒီစကားကို မင်းတုန်းမင်းကြီးကြားသိရတော့ ပခန်းမင်းကြီး ဦးရန်ဝေးရဲ့ စာရိတ္တသတ္တိ၊ ဝါရိတ္တသတ္တိတွေကို ကြည်ညိုလေးစားလွန်းလို့ အပြစ်တော်မယူခဲ့ဘူးဆိုပဲ။ ကျွန်တော်တို့ရဲ့ အရှင်သခင်တွေကော ပခန်းမင်းကြီး ဦးရန်ဝေးလို ပြည်သူလူထုဆီက လာဘ်ပေးလာဘ်ယူမှုကို ရဲရဲဝံ့ဝံ့တွန်းလှန်ရဲတဲ့  သတ္တိတွေ မွေးနိုင်ကြပါပြီလား။

တစ်ချိန်တုန်းကတော့ ပြည်သူပိုင်ပစ္စည်း ငါ့ပစ္စည်းဆိုပြီးခိုးခဲ့၊ ဝှက်ခဲ့ကြလို့ တိုင်းပြည်ငါးပါးမှောက်ခဲ့ဖူးပါတယ်။ တကယ်တော့ ပြည်သူပိုင်ပစ္စည်းဆိုတာ မိမိကဲ့သို့သော ပြည်သူအများပိုင်ဆိုင်တဲ့ ပစ္စည်းသာဖြစ်ကြောင်း သဘောပေါက်ဖို့ လိုတာပေါ့နော်။ အဲဒီလို သဘောမပေါက်ကြလို့ တိုင်းပြည်ချောက်ထဲကျခဲ့ကြရတာပဲမဟုတ်လား။

နောက်ထပ် စံပြုရမယ့် ပုဂ္ဂိုလ်တစ်ယောက်ကတော့ ဝိပဿနာ ကမ္မဋ္ဌာန်းနည်းပြဆရာကြီး ဦးဂိုအင်ကာရဲ့ ဆရာဖြစ်တဲ့ ဆရာကြီးဦးဘခင်ပါ။ သူက ငွေ စာရင်းမင်းကြီးပါ။

တစ်နေ့ ရုံးဆင်းချိန်မှာပေါ့။ ဆရာကြီး ဦးဘခင်ဟာ ရုံးဆင်းပြီဆိုပြီး ရုံးခန်းထဲက ထွက်လာခဲ့ပါတယ်။ သူ့ကားနားကိုရောက်လို့ ကားပေါ်တက်မယ်အလုပ်မှာ သူ့ လက်ထဲ ခဲတံတစ်ချောင်းပါလာတာကို သတိပြုမိပါတယ်။ ပြည်သူပိုင်ပစ္စည်းဖြစ်တဲ့ ရုံးသုံးခဲတံတစ်ချောင်းဟာ သူ့အတွက် အမှတ်တမဲ့ပင်ဖြစ်သော်ငြား ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုလို ဖြစ်နေပါတယ်။ အဲဒါကြောင့် အနီးမှာရှိတဲ့ ဝန်ထမ်းတစ်ဦးကိုပြန်ပြီး ထားခိုင်းလိုက်ပါတယ်။

ဆရာကြီးဦးဘခင်လို ငွေစာရင်းမင်းကြီးတစ်ယောက်ဆီကို ဒီခဲတံတစ်ချောင်းပါသွားလို့လည်း ဘယ်သူကမှ ယုံထင်ကြောင်ထင် ထင်ကြမှာမဟုတ်ပါဘူး။ တန်ဖိုးအားဖြင့်လည်း ဘာမှဟုတ်ဟုတ်ငြားငြားမတန်ပါဘူး။ ဒါပေမဲ့ ဆရာကြီးရဲ့ ဂုဏ်သိက္ခာနဲ့ပတ်သက်ပြီး အမှတ်တမဲ့ ကိစ္စလေးဟာ အမှတ်တရဖြစ်သွားတတ်ပါတယ်။ အင်မတန်ဖြူစင်သန့်ရှင်းနေတဲ့ ပိတ်ဖြူစပေါ်မှာ ဖြုတ်ချေးမျှလောက်သော အမည်းစက်ဟာ ထင်ရှားပေါ်လွင်တတ်သလိုပါပဲ။ ဆရာကြီးဦးဘခင်ဟာ သီလနဲ့ ပတ်သက်လာရင် အမှတ်တမဲ့ ကိစ္စကိုတောင်မှ စောင့်ထိန်းနိုင်ခဲ့တဲ့ သူတော်စင်ပုဂ္ဂိုလ်ကြီးပါ။

နောက်တစ်ဦးကတော့ ကျွန်တော်တို့အားလုံးရဲ့ စံပြပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်းပါပဲ။ သူ့ရဲ့ ကိုယ်ကျင့်တရားအပေါ်ထားတဲ့ သစ္စာ၊ ပါတီအပေါ်ထားတဲ့သစ္စာ၊ နိုင်ငံအပေါ်ထားတဲ့ သစ္စာတရားတွေကို သူပြုလုပ်ခဲ့တဲ့ ကာကယံအမှုတွေက သက်သေထူနေပါတယ်။

တစ်နေ့သောအခါပေါ့။ ဗိုလ်ချုပ်ရဲ့ အိမ်ကို ရှမ်းတိုင်းရင်း သားကြီးတစ်ဦး ရောက်ရှိလာပါတယ်။ ဗိုလ်ချုပ်ကို ကြည်ညိုရင်းစွဲရှိတဲ့သူမို့ ဗိုလ်ချုပ်နေထိုင်ရာ အိမ်ကိုမေးမြန်းစုံစမ်းပြီး ရောက်လာပါသတဲ့။ ပြီးတော့ သူ့မှာပါလာတဲ့ ရွှေထည်လက်ဝတ်လက်စားတွေကို ဗိုလ်ချုပ်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေမှာ သုံးစွဲဖို့ လှူဒါန်းတဲ့အကြောင်း၊ ဗိုလ်ချုပ်တို့မိသားစု စားဝတ်နေရေးကျပ်တည်းကြောင်းကြားရလို့ စိတ်မကောင်းဖြစ်ပြီး အခုလိုလာ ရောက်လှူဒါန်းခြင်းဖြစ်တဲ့အကြောင်း ပြောပြပါတယ်။ ဒါဟာ ဗိုလ်ချုပ်ရဲ့ ရိုးဂုဏ်ကြောင့်ပါ။ ဗိုလ်ချုပ်ရဲ့ ရိုးသားသန့်စင်တဲ့ စိတ်ဓာတ်အခြေခံကို ကြည်ညိုလို့ လှူဒါန်းတာပါ။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းက လက်သင့်မခံ လိုက်ပါဘူး။ သူ့ကိုပုဂ္ဂိုလ်ရေးအရ လှူဒါန်းပေးကမ်းတာဖြစ်ပေမယ့် သူ့လိပ်ပြာသူမလုံပါဘူး။ ပြည်သူကို အလုပ်အကျွေးပြုဖို့ မွေးဖွားခဲ့တဲ့ ခေါင်းဆောင်တစ်ယောက်ဟာ ပြည်သူ့ဆီက အထောက်အပံ့ကို လက်ခံဖို့ဆိုရာမှာ သူ့လိပ်ပြာသူမလုံဘူးထင်ပါတယ်။ ဒါကြောင့်မို့  အခုလို တိုင်းရင်းသားတစ်ဦးက လာရောက်လှူဒါန်းထောက်ပံ့တာကို ကိုယ်ကျိုးအတွက် ရိုးသားစွာငြင်းပယ်ခဲ့ပါတယ်။ အလှူရှင်စိတ်ကျေနပ်အောင်ဆိုပြီး သူ့ကိုယ်ကျိုးအတွက် မသုံးစွဲဘဲ တော်လှန်ရေးအတွက် သုံးစွဲဖို့ ဖ.ဆ.ပ.လဌာနချုပ်ကို သွားရောက်လှူဒါန်းစေခဲ့ပါတယ်။

အကယ်၍သာ ဗိုလ်ချုပ်မှာ လောဘစိတ်ရှိခဲ့မယ်ဆိုရင် ဒီလိုအခွင့်အရေးကောင်းမျိုးကို လက်လွတ်ခံမှာမဟုတ်ပါဘူး။ ဒါပေမဲ့လည်း ဗိုလ်ချုပ်ဟာ တိုင်းပြည်အတွက် မွေးဖွားလာတဲ့သူပါ။ ဘဝတစ်ခုလုံးကို တိုင်းပြည်အတွက် ပေးဆပ်ဖို့ ဆုံးဖြတ်ထားတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ပါ။ တံစိုးလက်ဆောင်ဆိုတာ စက်ဆုပ်ရွံရှာစရာလို့ မှတ်ယူခဲ့သူပါ။

တစ်ခါတုန်းကလည်း ဆီပုံးလာပေးတာကို ခြေထောက်နဲ့ ပိတ်ကန်ပစ်ဖူးပါတယ်။ ‘‘လူထုကငတ်နေပြီး ငါက ဆီပုံးလိုက် လက်ဆောင်ယူစားသောက်နေတယ်လို့ အထင်မခံနိုင်ပါဘူး’’တဲ့။ အဲဒီလောက်ဖြူစင်တဲ့ ခေါင်းဆောင်တစ်ယောက်ပါ။

တကယ်တော့ ကျွန်တော့်တို့နိုင်ငံမှာ အတုယူစံပြုစရာ ခေါင်းဆောင်ကောင်းတွေ အများကြီးပေါ်ထွန်းခဲ့ပါတယ်။ အဲဒီ ခေါင်းဆောင်တွေ၊ သူတော်စင်တွေရဲ့ထုံးကို နှလုံးမူပြီး ကိုယ့်ရဲ့ ကိုယ်ကျင့်သီလကို ကောင်းသထက်ကောင်းအောင် တည်ဆောက်နိုင်ကြမယ်ဆိုရင် လာဘ်ပေးလာဘ်ယူဥပဒေဆိုတာ လိုမယ်တောင် မထင်မိကြောင်းပါခင်ဗျာ။

7day daily

ဖိုးလပြည့်၏ ဆရာဟု နာမည်ထွက်နေသူ လက်ရွေးစင်ဟောင်း ဦးမျိုးလှိုင်ဝင်း တက္ကသိုလ်ချန်ပီယံ ဆုဖလား ယူဆောင်လာမှုအပေါ် ဝေဖန်မှုများရှိ


ရန်ကုန်၊ မေ ၈

ပညာရေးဝန်ကြီးဌာန (အောက်မြန်မာပြည်) တက္ကသိုလ်များ ဘောလုံး ဆပ်ကော်မတီမှ ကြီးမှူး ကျင်းပသည့် တက္ကသိုလ် ချန်ပီယံလိဂ် ဘောလုံး ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား၌ ချန်ပီယံဆုဖလား အား မြန်မာ့လက်ရွေး စင် ဘောလုံး သမားဟောင်း ဦမျိုးလှိုင်ဝင်း က ဘောလုံးကွင်းအတွင်း ယူဆောင် လာမှုအပေါ် မဖြစ်သင့်ကြောင်း ယခင်တက္ကသိုလ် ဘောလုံး သမား ဟောင်းများနှင့် လက်ရှိတက္ကသိုလ် ဘောလုံးသမားများက ဝေဖန်လျက် ရှိသည်။

တက္ကသိုလ် ချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကို မေလ ၃ ရက်နေ့ ညနေ ၃ နာရီက ရန်ကုန်မြို့ သုဝဏ္ဏအား ကစားကွင်း၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး လက်ရွေးစင်ကစားသမားဟောင်း ဦးမျိုးလှိုင်ဝင်းက အဆိုပါ ချန်ပီယံလိဂ် ဆုဖလားအား ကွင်းအတွင်း သယ်ဆောင်လာကာ ပြိုင်ပွဲအတွင်း ရေးမှူးဖြစ်သူ ယခင် ဗိုလ်ချုပ်မှူး ကြီးဟောင်း ဦးသန်းရွှေ၏မြေး ဦးနေရွှေသွေးအောင်ထံ သို့ လွှဲပြောင်း ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

““မနှစ်ကတော့ ဆုဖလား သယ်ဆောင်တာကို မော်ဒယ်လ် တစ်ယောက်နဲ့ လုပ်တော့ ဝေဖန်သံတွေ ကြားရ တယ်။ ဒီနှစ်တော့ မော်ဒယ်လ်နဲ့ မလုပ်ဘဲနဲ့ မျိုးလှိုင်ဝင်းကို ခိုင်းတယ်ဆိုတာတော့ မဖြစ်သင့်ဘူးပေါ့နော်။ မျိုးလှိုင်ဝင်းက ၇ တန်း၊ ၈ တန်းပဲ အရည်အချင်းရှိတာ မှန်ပါတယ်။ ဒါပေမဲ့ ဘောလုံးမှာတော့ ပါမောက္ခလောက် ရှိတယ်။ သို့သော် တက္ကသိုလ်ဘော လုံးပြိုင်ပွဲမှာဖလားကိုသယ်ဆောင် တဲ့သူ မရှိတော့ဘူးလား။ ထင်ပေါ် ကျော်ကြားတဲ့ မြန်မာ့လက်ရွေးစင် ဘောလုံးသမား ဖြစ်ရမယ်ဆိုရင်လည်း ကျွန်တော်တို့ တက္ကသိုလ် ဘောလုံး သမားထဲမှာ ရှိပါတယ်။ ဥပမာ – သန်းတိုးအောင်၊တင်မြင့် အောင်၊ အောင်ကျော်ကျော်တို့ကို သုံးမယ်ဆိုရင် ပြောစရာ မရှိပါဘူး။ ကိုမျိုးလှိုင်ဝင်းက နေရွှေသွေး အောင်(ဖိုးလပြည့်) ငယ်ငယ်လေး ကတည်းက နည်းပြဆရာ ဖြစ်တဲ့ အတွက် သူကြိုးဆွဲရာက တာက ဒီခေတ်ကြီးထဲမှာ မဖြစ်သင့်ဘူး။ ဒါကိုတော့ အလေးအနက် ရှုတ်ချ တယ်””ဟု ယခင်တက္ကသိုလ်နှင့် ကောလိပ် ပေါင်းစုံဘောလုံး ပြိုင်ပွဲ များတွင် ၀င်ရောက်ကစားခဲ့ဖူးသူ လည်း ဖြစ်၊ တက္ကသိုလ်နှင့် ကောလိပ်ပေါင်းစုံ လက်ရွေးစင် ရွေးချယ်ရေးအဖွဲ့၌ ပါဝင်ခဲ့ဖူးသူ ဦးဇော်မြင့်က မြန်မာသံ တော်ဆင့်သို့ ပြောသည်။

ဦးဇော်မြင့်မှာ လက်ရှိတွင် မြန်မာနေရှယ်နယ်လိဂ် ဘောလုံး ပြိုင်ပွဲဝင် ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်း၏ မန်နေဂျာအဖြစ်လည်း လုပ်ကိုင်နေသူဖြစ်သည်။

၂၀၁၃ ခုနှစ် အောက်တို ဘာလ ၅ ရက်နေ့က ပြုလုပ်ခဲ့သည့် တက်္ကသိုလ်များ ချန်ပီယံလိဂ်ဖွင့်ပွဲ ပြုလုပ်စဉ်က လည်း ၂၀၁၃ ခုနှစ် Miss Universe Myanmar အလှမယ်ဘွဲ့ရခဲ့သူ မော်ဒယ်လ်မိုးစက် ၀ိုင်အားကွင်း အတွင်း သို့ ဖလားသယ် ဆောင်ခွင့်ပေးခဲ့သည့်အတွက် ဝေဖန်သံများထွက်ပေါ်ခဲ့သေးသည်။

လက်ရွေးစင်ဟောင်း ဦးမျိုးလှိုင်ဝင်းအား နေရာပေးမည်ဆိုပါက မြန်မာနိုင်ငံအစိုးရက ပြုလုပ်နေသည့် ဘောလုံးပြိုင်ပွဲများ၌သာ အသုံးပြုသင့်ပြီး တက္ကသိုလ်နှင့် ကောလိပ်ပေါင်းစုံ ပြိုင်ပွဲများတွင်မူ ဦးသန်းတိုးအောင်၊ ဦးအောင်ကျော်ကျော်တို့ကို ရွေးချယ်ခြင်းမှာ ပိုမိုသင့်လျော်ကြောင်းလည်း သုံးသပ်မှုများ ရှိသည်။

““တချို့ကလည်း ဒီကိစ္စကို ဝေဖန်ကြတယ်။ ကိုမျိုးလှိုင်ဝင်းက ၁၀ တန်းတောင် မအောင်သေးတော့ သူ့နေရာ မှာ တခြားတစ် ယောက်ကို အစားထိုးချင်တယ်။ တချို့ကလည်း ဘာမှမပြောဘူး။ သူက အောင်မြင်ခဲ့တဲ့ ဘောလုံးသမား ဖြစ်နေလို့ပါ။ တချို့က လည်းသူ့နေရာမှာ တခြား၁၀တန်း အောင်တဲ့ ဘောလုံးသမား တစ် ယောက်ကို ထည့်စေချင်တယ်”” ဟု ပုသိမ်တက္ကသိုလ် လက်ရွေးစင်အသင်းမှ ဂိုးသမားကိုနိုင်လင်း ထွန်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယခုကျင်းပမည့် တက္ကသိုလ်နှင့် ကော်လိပ်ပေါင်းစုံ ပြိုင်ပွဲအား ဦးနေရွှေသွေးအောင်က အဓိကပံပိုး ကူညီထား သူ ဖြစ်ပြီး ယမန်နှစ်က ဥက္ကဋ္ဌ ရာထူးယူခဲ့ပြီး ယခု နှစ်တွင်မူ အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသည့် အပေါ်မှာလည်း ဝေဖန်မှုများ ရှိသည်။

““ဦးနေရွှေသွေးအောင် (ဖိုးလပြည့်) က စပွန်ဆာပေးရင်လည်း စပွန်ဆာရာထူးမှာပဲ နေသင့်တယ်။ အခုလို မျိုးအတွင်းရေးမှူးတို့၊ မနှစ်ကဆိုလည်း ဥက္ကဋ္ဌ လုပ်တယ်။ ဒါတွေကိုတော့ကျွန်တော်တို့ ကန့်ကွက်တယ်။ ပြိုင်ပွဲ တွေ လုပ်တာတော့ ကောင်းပါတယ်။ သို့သော်လည်းပဲ ပြိုင်ပွဲရည်ရွယ်ချက်က တခြားစီဖြစ်နေတယ်။သူတို့ အတွင်းရေးမှူးဆိုတာ ကျွန်တော်တို့ မသိရသလို ကျွန်တော်တို့ ရွေးချယ်ရေး အဖွဲ့ကိုသူတို့မသိဘူး ဖြစ်နေ တယ်။ ဘယ်သူက ဥက္ကဋ္ဌ၊ ဘယ်သူက အတွင်းရေးမှူးလဲဆိုတာ သတင်းစာဖတ်မှ သိရတယ်။ သူတို့သဘော မျိုး သူတို့လုပ်နေတာကို ရှုတ်ချတဲ့ သဘောနဲ့ကျွန်တော်တို့ မသွားဘူး။ တက်္ကသိုလ် ဘောလုံးလောကကို ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင် နိုင် တဲ့သူတွေ အများကြီး ရှိတယ်။ သူ့အနေနဲ့ ပံ့ပိုးတယ်ဆိုတာ စပွန် ဆာအနေနဲ့ ငွေရေးကြေးရေး ပေးမယ်ဆိုတာကို လက်ခံတယ်။ သို့သော် အတွင်းရေးမှူးရာထူး ဆိုတာတော့ ပွင့်လင်းမြင် သာမှု ရှိရမယ်””ဟု ဦးဇော်မြင့်ကပြောသည်။

ယခင် စစ်အစိုးရ ခေါင်းဆောင်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး (ဟောင်း) ဦးသန်းရွှေ၏မြေး ဦးနေ ရွှေသွေးအောင် မှာ ဘောလုံး ၀ါသနာပါသူတစ်ဦးဖြစ်ပြီး ယခင်ကလည်း အင်္ဂလန်ပရီးမီးယားလိဂ်မှ နာမည်ကြီးအသင်း ဖြစ် သည့် မန်ချက်စတာယူနိုက်တက် အသင်းအား ၀ယ်ယူရန်စီစဉ်ခဲ့ကြောင်းလည်း Embassy of Yangonကြေး နန်းပေါက်ကြားမှုဖြစ်စဉ်၌ သတင်း များ ထွက်ပေါ်ခဲ့ သေးသည်။

အလားတူ ဖိုးလပြည့်၏ဆရာဟု သတင်းထွက်နေသူ လက်ရွေးစင် ကစားသမားဟောင်း ဦးမျိုးလှိုင်ဝင်းမှာ လည်း အစိုးရအသိုင်းအ၀ိုင်းနှင့် နီးစပ်သူ တစ်ဦးဖြစ်ပြီး အကောက်ခွန်ဝန်ထမ်းများအတွင်း လာဘ်စား မှုများ ကြောင့် ၀န်ထမ်း အများအပြား အလုပ်ထုတ်ခံရ သော်လည်း မပါဝင်ခဲ့သည့်အတွက် မေးခွန်းထုတ် ခံနေရသူ တစ်ဦးလည်း ဖြစ်သည်။

တင်ဇာအောင်
Myanmartandawsint Newspaper

ဒီလိုလူငယ်လေးတွေ အများကြီးလိုပါတယ်


အသက် ၂၀ ၀န်းကျင် အရွယ်လူငယ်လေးတစ်ယောက်။ ပုံစံက ခပ်အေးအေး။ ဆံပင်ကို သပ်သပ်ရပ်ရပ် ဘေးခွဲ ခွဲထားတယ်။ ကားပေါ်မှာ ငြိမ်ငြိမ်သက်သက်ပဲ ဂျာနယ်ဖတ်နေတယ်။ ခရီးသွားမယ့်သူတွေထဲမှာ အုပ်စု တစ်စုပါတယ်။ သူတို.အုပ်စု ကားပေါ်တက်လာကတည်းက ကားပေါ်မှာ သူတို.ပဲရှိတဲ့အထာနဲ. အော်ကြီးဟစ်ကျယ် ပြောနေကြတယ်။ တစ်ခြားခရီးသည်တွေကို ဖုတ်လေတဲ့ ငပိ ရှိတယ်လို.တောင်မထင်တဲ့ပုံ။

ဖြစ်ချင်တော့ ကောင်လေးထိုင်ခုံက လူရမ်းကားအုပ်စုရှေ.တည့်တည့်ကခုံ။
တစ်ခြားခရီးသည်တွေရဲ့မျက်နှာတွေမှာက လူရမ်းကားအုပ်စုကို ကြည့်မရလို. တင်းနေတဲ့ပုံစံပေါက်နေ
ပေမယ့်ဒီကောင်လေးမျက်နှာကတော့ ပုံမှန်ပဲ။ အားလုံးကို ဥပက္ခာပြုထားတဲ့ပုံပေါက်နေတယ်။ ရုတ်တရက် ဂျာနယ်ဖတ်နေရင်းနဲ. သူ.နှာခေါင်းထဲမှာ ရာဘာနံ.တစ်ခုရလိုက်တယ်။ ဖိနပ်ကလာတဲ့ ရာဘာနံ.။

မသင်္ကာလို.နောက်လှည့်ကြည့်လိုက်တော့ နောက်ကအုပ်စုထဲက တစ်ယောက်ရဲ့ဖိနပ်က
သူ.ခေါင်းကိုလာထိတော့မယ်။ သူ.ခုံပေါ်ကို နောက်ကနေ ခြေထောက်လှမ်းတင်ထားတာ။
ကောင်လေးက ရုတ်တရက် နောက်ကိုပြန်ကြည့်လိုက်တော့ "မင်းကဘာကြည့်တာလည်း"
တဲ့။ မကျေနပ်ဘူးလား ဆိုတဲ့သဘော။ ဘေးကခရီးသည်တွေ ကောင်လေးအတွက် စိုးရိမ်သွားကြတယ်။ ကောင်လေးက တည်တည်ငြိမ်ငြိမ်ပဲ ပြုံးပြပြီး "ဘာမှမဟုတ်ပါဘူး.. အစ်ကိုကြီးတို.ပြောနေတာတွေကို စိတ်ဝင်စားလို. နောက်လှည့်ပြီး နားထောင်မလို.ပါ"
လို.ပြောလိုက်တော့ လူရမ်းကားအုပ်စု သဘောကျသွားတယ်။ လူမိုက်တွေဆိုတာ အမြှောက်ကြိုက်တယ်မလား။

သူတို.စကားဝိုင်းထဲကို ကောင်လေးဝင်သွားတယ်။ ကောင်လေးပုံစံက သူတို.ပြောနေတာတွေကို
လေးစားအားကျနေတဲ့ပုံ။ သူတို.စကားပြောတာ နားထောင်နေရင်းနဲ. တစ်ခါတစ်ခါ "ဟုတ်လား .. မိုက်တယ်ဗျာ.. ခင်ဗျားတို.ကို အားကျတယ်" ဆိုတဲ့ အမြှောက်စကားလုံးလေးတွေ ထည့်ထည့်ပေးတယ်။ ဟိုအဖွဲ.ကလည်း သူတို.တပည့်တစ်ယောက်တိုးလာပြီဆိုပြီး ငါကွဆရာကြီးဆိုတဲ့ ပုံစံတွေပေါက်လာပြီး
ကောင်လေးကိုလည်း ခင်သွားတယ်။ လူမိုက်တွေဆိုတာ တပည့်လိုချင်ကြတယ်လေ။ရုတ်တရက် သူတို.အုပ်စုထဲကတစ်ယောက်က "ဆေးလိပ်သောက်ကြမယ်ကွာ"ဆိုပြီး စကားစတယ်။ Air-con ကားပေါ်မှာ ဆေးလိပ်သောက်ဖို.ပြောပြီဆိုကတည်းက အခြေအနေက မကောင်းတော့ပါဘူး။ အဲချိန်မှာ ကောင်လေးက

"ကျွန်တော်တစ်ခုလောက် အကြံပြုချင်ပါတယ်။ အစ်ကိုတို.ကို အကြံပြုတာပါ..
ဆရာဝင်လုပ်တာတော့မဟုတ်ပါဘူး။ အကိုတို.လို မီးကျောင်းမင်းတွေကို ကျွန်တော်လို ပုဇွန်ဆိတ်လေးက ရေခင်းလည်းမပြရဲပါဘူး။ ခုချိန် ကားပေါ်မှာ ဆေးလိပ်သောက်လို. အဆင်မပြေလောက်ဘူးအကိုတို.ရ။ဘာလို.လည်းဆိုတော့ ကားပေါ်မှာ အကိုတို. ... ကျွန်တော်တို.ရဲ့ မိဘအရွယ်လောက်ရှိတဲ့လူကြီးသူမတွေ ပါလာတယ်။ သူတို.က ဆေးလိပ်နံ.ခံနိုင်မှာမဟုတ်ဘူး။ အဲဒီတော့ ဒီလိုလုပ်။ ခု.. ကျွန်တော်တို. စကားဝိုင်းကို
ရပ်လိုက်မယ်။ နားကြမယ်။ မြို.ပေါ်ရောက်မှ ဆိုင်တစ်ဆိုင်ဆိုင်မှာထိုင်ရင်း
အေးအေးဆေးဆေးထပ်ပြောကြတာပေါ့ဗျာ... ဘယ်လိုလည်း" ။ လူရမ်းကားအုပ်စု
ကောင်လေးရဲ့အကွက်ထဲကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားပါပြီ။ ကောင်လေးရဲ့စကားကို ကန်.ကွက်မဲမရှိ သဘောတူကြတယ်။

တစ်ကယ်တော့ ကားပေါ်ကခရီးသည်တွေကို အေးအေးဆေးဆေး နားစေချင်တဲ့အတွက် ထက်မြက်တဲ့
ကောင်လေးက အရဲစွန်.လူရမ်းကားအုပ်စုထဲဝင်ရောပြီး ပြဿနာကို ပိုင်ပိုင်နိုင်နိုင်ဖြေရှင်းသွားတာပါ။ ပထမရင်းနှီးမှုယူတယ်။ ဒုတိယ ကိုယ်လိုချင်သလို ပုံသွင်းလိုက်တယ်။ ကဲ.. အသက်၂၀ လူငယ်လေးတစ်ယောက်အနေနဲ.ပြဿနာတစ်ခုကို ဖြေရှင်းသွားပုံက ဘယ်လောက်အတုယူဖို. ကောင်းလည်းဗျာ။ ရန်ကုန်-ပွင့်ဖြူဆွဲတဲ့ "ရွှေပွင့်ဖြူ" အဝေးပြေးကားပေါ်မှာ ကြုံလိုက်ရတဲ့ တစ်ကယ့်အဖြစ်အပျက်လေးပါ။

ထိုက်သူ

သက်သေခံအတုများဖြင့် တင်ပြခဲ့သည့်အမှု တရားရုံး အနိုင်ပေး


လှည်းကူးမြို့နယ်တွင်းရှိ မြေကွက်ဆိုင်ရာ အချင်းဖြစ်ပွားခဲ့သည့် တရားစွဲဆိုမှုတွင် တရားလိုဘက်မှ သက် သေအတုများကို စစ်ဆေးမှုအားနည်းခဲ့ပြီး တစ်ဖက်သတ် အနိုင်ပေးခဲ့သည့် အမှုတစ်ခုကို ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းဌာနမှ စုံစမ်းထောက်လှမ်းသည့် သတင်းပညာရပ်ဖြင့် ဗွီဒီယိုမှတ်တမ်းများ ပြုစုကာ ဖော်ထုတ်ခဲ့သည်။

ရိုက်ကူးထားသည့် အကြောင်းမှာ ၁၉၉၇ ခုနှစ်တွင် တရုတ်လူမျိုး ဦးလီယွင်းကျင် ၀ယ်ယူထားသည့် မြေကွက်နှစ်ကွက်ကို ၎င်း၏ဇနီးဟူသည့် သက်သေအတုဖြင့် လိမ်လည်ကာ တိုင်တန်းခဲ့သူကို တရားရေးရာ ၀န်ထမ်းများက စစ်ဆေးမှုအားနည်းစွာဖြင့် အမှုအနိုင်ပေးခဲ့ခြင်းဖြစ်သည်ဟု ဒီဗွီဘီရုပ်သံမှတ်တမ်းများတွင် ဖော်ပြထားသည်။

  မြေကွက်ပိုင်ရှင် ဦးလီယွင်းကျင်မှာ ၎င်း၏ခြံတွင် အမြဲတစေမနေနိုင်သဖြင့် ရပ်ကွက်လူကြီးများနှင့်ပြောဆို ကာ အသိမိတ်ဆွေဖြစ်သူ ဦးဝင်းထွန်းကို ခြံစောင့်ရန် အပ်နှံထားခြင်း ဖြစ်သည်။

အမှုနှင့်ပတ်သက်၍ ခြံကို တရားလို ဒေါ်လျှောင်ငုတ်လင်မှ ၎င်း၏ခင်ပွန်းဟုဆိုသည့် ဦးလီယွင်းကျင်ထံမှ လွှဲပြောင်းကြောင်း လာရောက် လျှောက်ထားမှသာ ခြံတွင် ၁၇ နှစ်ကျော် နေထိုင်နေသည့် ဦးဝင်းထွန်းကို ရပ်ကွက်လူကြီး လာရောက်ပြောကြားမှ သိခဲ့သည်ဟု ဒီဗွီဘီ၏ ရုပ်သံမှတ်တမ်းတွင် ဦးဝင်းထွန်းက ပြော သည်။

“သူက ဦးလီယွင်းကျင်ရဲ့ ဇနီးလည်း မဟုတ်ဘူး၊ ရောက်လာတုန်းက ဘာသာပြန်အနေနဲ့ပဲသိတာ။ ခြံက လည်း သူပိုင်ရှင် မဟုတ်ဘူး။ ပြောတာတွေလည်း မှားနေတယ်၊ အဲ့တော့ ကျွန်တော်က လက်မခံဘူးလို့ ရပ်ကွက်လူကြီးကိုပြောတယ်” ဟု ဦးဝင်းထွန်းကဆိုသည်။

   ဒေါ်လျှောင်ငုတ်လင်မှ ပိုင်ရှင်အမည် လွှဲပြောင်းကာ တရားခွင်တင်ရာတွင် မြေကွက်အမှတ် မှားယွင်းနေခဲ့သော်လည်း တရားရုံးက ပြန်လည်ပြင်ဆင်လျှောက်ထားခွင့်လည်း ပြုခဲ့သည်။

အချင်းဖြစ်ပွားခဲ့ရာ ပဲခူးတိုင်း၊ လှည်းကူးမြို့နယ်၊ မြို့အ၀င်အနီးတွင်ရှိသည့် မြေကွက်နှစ်ကွက်မှာ ဧရိယာ အားဖြင့် ၃ ဒသမ ၃၂ ဧက နှင့် ၂ ဒသမ ၁၈ ဧက ကျယ်ဝန်းသည်ဟု အရောင်းအ၀ယ် စာချုပ်များနှင့် ကြေးတိုင်နှင့် မြေစာရင်းဦးစီး ဌာနရှိ မှတ်တမ်းများတွင် ဖော်ပြထားသည်ကို ဒီဗွီဘီက မှတ်တမ်းယူထား ခဲ့သည်။

ဦးလီယွင်းကျင်မှာ ဘိန်းလောကတွင် နာမည်ကြီးသူ လော်စစ်ဟန်၏ တူတော်စပ်သူတစ်ဦးဖြစ်ပြီး ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့၏ ကော်မတီဝင်တစ်ဦးဖြစ်ကာ ၂၀၀၈ ခုနှစ်နှင့် ၂၀၀၉ ခုနှစ် ၀န်းကျင်တွင် တိုက်ပွဲ များတွင် သေဆုံးခဲ့သည်ဟု ခန့်မှန်းချက်များ ရရှိထားသည်ဟု ဒီဗွီဘီသတင်း ဌာနမှ ဗွီဒီယိုမှတ်တမ်းတွင် အဓိကတာဝန်ယူခဲ့သူ မဏ္ဍိုင်အကယ်ဒမီမှ ရှေ့နေ ဦးခင်မောင်ဝင်းက ပြောသည်။

  ဒေါ်လျှောင်ငုတ်လင်၏ သက်သေများ တွင် ဦးလီယွင်းကျင်၏ နာမည်နှင့် သေစာရင်းများမှာ စင်ကာပူနိုင်ငံ ရှိ နာမည်နှင့် သေစာရင်းများနှင့် ကွဲလွဲနေပြီး ကိုးကွယ်သည့်ဘာသာမှာလည်း လွဲမှားနေသည်ကို တွေ့ရ သည်။ ထို့ပြင် ဒီဗွီဘီ၏ စုံစမ်းချက်အရ လီယွင်းကန်၏ မှတ်ပုံတင်မှာအတု ဖြစ်နေသည်။

ဦးခင်မောင်ဝင်းက “လင်မယားဖြစ်ကြောင်းတင်ပြထားတဲ့ သက်သေမှာလည်း ၁၉၇၈ ခုနှစ်က မင်္ဂလာ ဆွမ်းကျွေး ဖိတ်စာက ကွန်ပျူတာနဲ့ စာစီထားတယ်၊ အဲ့ခေတ်က ကွန်ပျူတာ မရှိသေးဘူး၊ တွဲရိုက်ထားတဲ့ ဓာတ်ပုံမှာလည်း ၆ ပေ ၃ လက်မ အရပ်ရှိတဲ့ ဦးလီယွင်းကျန်နဲ့ အရပ်တော်တော်ပုတဲ့ ဒေါ်လျှောင်ငုတ်လင် နဲ့က အရပ် တူတူဖြစ်နေတယ်။ ဒါတွေက လုပ်ကြံထားတယ်လို့ သံသယရှိတယ်” ဟု ပြောသည်။

ေ ဒေါ်လျှောင်ငုတ်လင်အား အနိုင်ပေးခဲ့သည့်အမှုတွင် တရားသူကြီးဖြစ်သူ ဒေါ်လေးလေးမွန်အား သက်သေ အတုများနှင့်ပတ်သက်၍ ဒီဗွီဘီသတင်းဌာနမှ သွားရောက်မေးမြန်းခဲ့ရာ “တရားခွင်မှာတုန်းက ဘယ်သူမှ လာပြီးတားတဲ့သူ ငြင်းတဲ့သူ မရှိဘူး၊ သမ္မန်လုလင်(ဆင့်ခေါ်စာပို့သူ)နဲ့လည်း ဆင့်စာလည်း ပို့ခဲ့တယ်၊ တရားပြိုင်ကလည်း ခြံစောင့်သူ ဖြစ်နေတယ်၊ ဒါ့ကြောင့် အတည်ဖြစ်သွားတာပါ” ဟု ပြောသည်။

အထက်ပါအမှုနှင့်ပတ်သက်၍ ဒီဗွီဘီ သတင်းဌာနမှ တရားခွင်နှင့် ပတ်သက်သည့် တရားရေး ၀န်ထမ်းများ၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှ ၀န်ထမ်းများ၊ ဥပဒေဆိုင်ရာ ကျွမ်းကျင်သူများ၊ ပြင်ပ အမည်မဖော်လို သူ သတင်ရင်းမြစ်များနှင့် ဆက်သွယ်မေးမြန်းခဲ့သည်ဟု ပြောသည်။

ဗွီဒီယိုမှတ်တမ်းအား ဇန်န၀ါရီမှ စတင်ရိုက်ကူးနိုင်ရန် ကြိုးစားခဲ့ခြင်းဖြစ်ပြီး လေးလကြာ မှတ်တမ်းပြုစုခဲ့ရသည်ဟု ဆိုသည်။ သတင်းပညာရပ်တွင် တစ်ခုအပါ အ၀င်ဖြစ်သည့် စုံစမ်းထောက်လှမ်းရသည့် ပညာရပ် ဖြင့် မှတ်တမ်းပြုစုထားသည့် ဗွီဒီယိုနှင့်ပတ်သက်၍ “ကျွန်တော်တို့အနေနဲ့ သတင်းသမားတွေရဲ့ ကျင့်ဝတ် တွေကို လိုက်နာခဲ့တယ်၊ တချို့မှတ်တမ်းတွေကတော့ ခိုးပြီးရိုက်ခဲ့တယ်၊ ပြီးတော့ ပြန်လွှင့်ဖို့ မလွှင့်ဖို့ကို အယ်ဒီတာတွေ ပြန်စိစစ်တယ်” ဟု ပြောသည်။

သတင်းစာပညာရပ်၌ သက်ဆိုင်ရာ သတင်းရင်းမြစ်များအား သမားရိုးကျမေးမြန်းမရသည့် လျှို့ဝှက်မှု၊ လိမ်လည်မှု၊ မသမာမှု ကိစ္စရပ်များမှာ ပြည်သူအပေါ် အကျိုးကြီးမားစွာ သက်ရောက်နိုင်မှုရှိပါက စုံစမ်းထောက်လှမ်းနိုင်သည်ဟုပါရှိပြီး ဖြစ်သည်။

mizzima burmese

ရွေးကောက်ပွဲ ကာလ မဲဆွယ်ခွင့် NLD မေးမြန်းမှုကို ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး ပြန်လည် ဖြေရှင်းချက် ရှေ့နောက် မညီဟု NLD ဝေဖန်


 ရန်ကုန်၊ မေ ၅

 ရွေးကောက်ပွဲကာလ မဲဆွယ်ခွင့်နှင့် ပတ်သက်သော သဘောထားများကို NLD ပါတီမှ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးအား စာဖြင့်ရေးသား မေးမြန်းရာတွင် အမေးနှင့်အဖြေ ရှေ့နောက်မညီဟု NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက မေလ (၅)ရက်နေ့တွင် မြန်မာသံတော်ဆင့်မှ တစ်ဆင့် ဝေဖန် ပြောကြား လိုက်သည်။

NLD ပါတီသည် ရွေးကောက်ပွဲကာလ မဲဆွယ်မှုနှင့် ပတ်သက်သော သဘောထားများကို ဧပြီလ ၂၃ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌထံ စာရေးသား မေးမြန်းခဲ့သည်။ကော်မရှင်မှလည်း ၎င်းတို့၏ သဘောထားများကို မတ်လ ၄ရက်၊ NLD ပါတီထံ ပြန်လည်ပေးပို့ခဲ့သည်။ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ပြောစကားများနှင့် ယခုပြန်လည်ဖြေဆို ပေးပို့သော သဘောထားများ ရှေ့နောက် ညီညွတ်မှု မရှိခြင်းအပေါ် NLD ပါတီမှ ပြန် လည် ဝေ ဖန်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ပါတီက သူပုသိမ်မြို့ ခရီးစဉ်မှာ ပြောတဲ့စကားရဲ့ သဘောထားကို သိချင်လို့ စာရေးသား မေးခဲ့တယ်။ သူကမေးတာကို မဖြေဘဲ ဆန့်ကျင်ဘက် ဘာပြောလဲဆိုတော့ ရွေးကောက်ပွဲဝင်မယ့် သူရော၊ သူ့ရဲ့ကိုယ်စားလှယ်ရော၊ ပါတီက ကိုယ်စားလှယ်ရော ၀င်ပြီး မဲဆွယ်စည်းရုံးခွင့် ရှိတယ်လို့ ဖြေထားတယ်။ အရင်ဂျာနယ် တွေထဲမှာပါတဲ့ ဟာတွေနဲ့တော့ မတူတော့ဘူးပေါ့ဗျာ။ နောက်တစ်ခုက ပြည်ထောင်စု ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀(က၊ ခ၊ ဃ)လားမသိ အဲဒါတွေ ညွှန်းထားတယ်။ အဲဒီ ဥပဒေတွေကို ကြည့် လိုက်တော့ ဥပဒေပုဒ်မ (၁၀)မှာ သူပြောတဲ့ဟာတွေ ပါမလာဘူး။ ဘာတွေမှား ပြောလဲတော့ မသိဘူးဟု”” ဦးဉာဏ်ဝင်းက ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် ဧပြီလ ၇ ရက်နေ့က ပုသိမ်မြို့ ခရီးစဉ်တွင် ၂၀၁၅ အထွေထွေရွေး ကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်သည့်နေရာတွင် မဲဆန္ဒနယ်အတွက် ယှဉ်ပြိုင်သည့် ကိုယ်စားလှယ် လောင်းများကိုသာ မဲဆွယ်စည်းရုံးခွင့် ပြုမည်ဟု ပြောဆိုခဲ့သည့်အတွက် ဝေဖန်မှုများ ပြင်းထန်ခဲ့သည်။

ဦးဉာဏ်ဝင်းက ““အမေးနဲ့အဖြေ လွဲနေတဲ့အပေါ်မှာတော့ ပညာ၊ တာဝန် မသိဘဲနဲ့ မာနတွေ ရှေ့တန်း တင်ထားတော့ အဲဒီလိုတွေ ဖြစ်လာတယ်။ သူပြောတဲ့ ဟာတွေက ဥပဒေရော အာဏာအပ်နှင်း ထားခြင်း မရှိတဲ့ ဟာတွေကို သူက လုပ်ပိုင်ခွင့်ရှိနေတယ် ထင်နေတာ””ဟု ၎င်းက ဆက်လက်ပြောသည်။

NLD ပါတီမှ ရွေးကောက်ပွဲကာလ မဲဆွယ်ခွင့်နှင့် ပတ်သက်သော သဘောထားများကို ပါတီတိုင်း သိရှိနိုင်ရန် ဒုတိယအကြိမ် ရွေးကောက်ပွဲ ကော်မရှင်ထံ စာရေးသား ပေးဖို့ရန် စီစဉ်လျက်ရှိသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် ယခင် စစ်တက္ကသိုလ် DSA အပတ်စဉ် ၉ ဆင်းဖြစ်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး(ငြိမ်း) တစ်ဦးဖြစ်သည့် အပြင် ယခင် န၀တကောင်စီဝင် (ယခင် ဦးပိုင် လီမိတက် ဥက္ကဋ္ဌ၊ တံတားဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး)အဖြစ် ထမ်းဆောင် ခဲ့သူလည်း ဖြစ်သည်။

အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာသံတော်ဆင့်မှ ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးဝင်းဦးခိုင်ထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

ကျော်စိုးဦး

Myanmartandawsint Newspaper

ပွဲလန့်တုန်း ဖျာခင်းသွားတဲ့ ပြည်ခိုင်ဖြိုး ပါတီဟု ဒေသခံများကဆို



 မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ ထန်းလုံးတပ် ကျေးရွာ၌ ၅  မိုင်အရှည်ရှိ  ကျေးရွာကိုယ်ထူ ကိုယ်ထလမ်းကို ပြည်ခိုင်ဖြိုး အမည်ဖြင့် ပြည်ထောင်စု နေ့စဉ်သတင်း စာ၌ ထည့်သွင်းဖော်ပြခဲ့ခြင်းကြောင့် ကျေးရွာ လူထုဒေသခံ တစ်ထောင်ကျော်ခန့် မေ ၆ ရက်တွင် သတင်းစာရှင်းလင်းပွဲကျင်းပပြုလုပ်ကာ““ပြည်ခိုင်ဖြိုး ပါတီ အနေနဲ့ ကျွန်တော်တို့ ကျေးရွာလမ်းလေး အပေါ် ပွဲလန့်တုန်း ဖျာခင်းခဲ့တာပါ””ဟု ဒေသခံများက ဆိုကြသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ““ပြည်သူနှင့်ပါတီ ပူးပေါင်းဆောင်ရွက်ကြဖို့””ဟု မကြာခဏ ပြောခဲ့သော်လည်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေး၏ မြို့နယ်ဖြစ်သော ထန်းလုံးတပ်ကျေးရွာရှိ ၅ မိုင် အရှည်ရှိ လမ်းကလေးကို ပြည်ခိုင်ဖြိုးပါတီဝင်များက ပြည်ထောင်စု နေ့စဉ်သတင်းစာတွင် ဖော်ပြပေးခဲ့ခြင်းကြောင့် မည်သည့်ပါတီဝင်မှမဟုတ်သော ကျေးရွာသားများ က ကျေနပ်မှုမရှိဘဲ သတင်းစာ ရှင်းလင်းပွဲကျင်းပပြုလုပ်ခဲ့ခြင်းနှင့်ပတ်သက်၍ ထန်းလုံးတပ်ကျေး ရွာဒေသခံဦးခင်မောင်မိုးကို မေးမြန်းရာ ““ကျွန်တော်တို့ ရွာကလေးမှာရှိတဲ့ ပြည်သူတွေက ဘယ် ပါတီမှမ၀င်ဘူးဗျ။ အဲဒါကို ပြည်ခိုင်ဖြိုးပါတီက ကျွန်တော်တို့ရွာက ရွာသား ၅ ဦးကိုခေါ်တယ်။ အင်္ကျီ ၅ထည်ဝတ်ခိုင်းပြီး ပြည်ခိုင်ဖြိုးကပဲ လုပ်တယ်ဆိုပြီး ပြည်ထောင်စုနေ့စဉ် သတင်းစာမှာ ခရိုင်စည်းရုံးမှူးနဲ့ မြို့နယ်စည်းရုံးရေးမှူးတို့က ဦးဆောင်ပြီး ဒီလမ်းကိုခင်းတယ်ဆိုပြီး ထည့်ထား တယ်ဗျာ။ ကျွန်တော်တို့ရွာက ပြည်သူတွေက ဒီလိုလုပ်ရပ်ဟာ ပွဲလန့်တုန်းဖျာခင်းတာ။ အဲဒါကို ပြည်သူလူထုကမကျေနပ်လို့ဒီနေ့ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာပါ””ဟု ဆိုသည်။

အဆိုပါကိစ္စနဲ့ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှတံတားဦးပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်ခင်သန္တာကို မေးမြန်းရာတွင် ““ဒီလုပ်ရပ်အပေါ်ရွေးကောက်ပွဲကော်မရှင်က ပြင်း ပြင်းထန်ထန်အရေးယူသင့်တယ်။ ပြည်သူတွေအနေနဲ့ အေးချမ်းသာယာနေတာကို တည်ငြိမ်မှုကို ပျက်ပြားအောင်လုပ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ တည်ငြိမ်သွားအောင် လုပ်ပေး သင့်တယ်။ ဘာကြောင့်လဲဆိုတော့ ဘယ်ပါတီမှမ၀င်ကြတဲ့ ကျေးရွာသားတွေဟာ ကိုယ်ထူကိုယ်ထနဲ့ လုပ်နေတာဆိုတော့ ပေါက်ကွဲမှုတွေ ဖြစ်လာတာပေါ့””ဟု ဆိုသည်။

၎င်းကိစ္စအပေါ် ကျေးရွာရှိပြည်သူများနှင့် ဒေသခံများကလိုအပ်ပါက တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟုလည်း ဒေသခံများက ဆိုကြကြောင်းသိရသည်။

စိုးဝင်းနိုင်
Hot News Journal


မြတ်သောမောင် နဲ့ အဆင်ပြေမယ့် သူကို လက်တွဲဖို့ စဉ်းစားမယ့် စိုးမြတ်နန္ဒာ



စိုးမြတ်နန္ဒာ ရဲ့ Karat Silk ပိုး ထည်ဆိုင်က မြန်မာ့နှစ်သစ်ကူး ဈေးရောင်း ပွဲတော် အနေ နဲ့ ဧပြီ ၂၆ ရက် နဲ့ ၂၇ ရက်မှာ မနက် ၁ဝ နာရီမှ ည ၇ နာရီအထိ မိတ်ဟောင်း မိတ်သစ် များ အတွက် ရောင်းချပေးခဲ့ပါတယ်။

စိုးမြတ်နန္ဒာက ဆိုင်အတွက် ပိုအချိန် ပေးဖြစ်ပြီး မု(ဒ်)လာရင်တော့ ဇာတ်ကားတွေ ကို သွားရိုက်ဖြစ်ပါတယ် လို့ ပြောပါ တယ်။ စီးပွားရေး လုပ်ရတာကို ဝါသနာပါပြီး ပိုးထည် ဒီဇိုင်းတွေကိုလည်း ကိုယ်တိုင် ဖန်တီးပေးနေတဲ့ စိုးမြတ်နန္ဒာက “ဆိုင်နဲ့ ပတ်သက်ပြီး နိုင်ငံခြား ခရီးတွေ သွားရ တယ်။ စက်ချုပ်ခန်း သွားရတယ်။ ရုတ်တရက် ကြည့်ရင်တော့ လုပ်တာ လွယ်တယ် ထင်ရတယ်။ ဒါပေမဲ့ ဘယ် အလုပ်မဆို အမြဲတမ်း လွယ်ကူနေတယ် လို့မရှိ ဘူး။ မင်းသမီး အလုပ်လည်း မလွယ်ဘူး။ ကြိုးစားရတာပဲ။ အပြင် စီးပွား ရေးလည်း ကြိုးစားရတာပဲ။ ဒီဇိုင်းတွေ ထွက်ဖို့ လုပ်ရတယ်။ လူတွေနဲ့ စကားတွေ အများကြီးပြော ရတယ်။ ဝန်ထမ်းတွေကို ပြန်သင်ပေး ရတယ်။ ကိုယ်လိုချင်တဲ့ ပုံစံမျိုး သွင်းရတယ်။ customer နဲ့ကိုယ်တွေ ကြားထဲမှာ နားလည်မှု လွဲသွားရင် ဒီအင်္ကျီထည် ကပြောင်း လဲ သွားမှာလေ။ အဲဒါဆို ရင် ဘယ်လို လုပ်မလဲပေါ့။ ဒါဒါက တော့ စီးပွားရေး လုပ်ရတာ ဝါသနာ ပါပါတယ်။ မြန်မာ ချိတ်ထဘီတွေကိုလည်း စိတ်ဝင်စားတယ်။ အခုနောက် ပိုင်းမှာ customer တွေက သူများနဲ့မတူတဲ့ ဒီဇိုင်းတွေကို ဝတ်ချင်တာ။ ဒီဇိုင်းအသစ် လုပ်ပေးပါလို့ ပြောကြ တယ်။ ဒီဇိုင်းအသစ် လုပ်ရတာကို ဒါဒါက ဝါသနာ ပါတယ်။ ကိုယ်လုပ် ပေးတဲ့ ဒီဇိုင်းကို သူတို့ ကြိုက်တယ်ဆို ရင် ကျေနပ်တာပေါ့။ သူတို့ မကြိုက်ရင်လည်း သူတို့ကြိုက်အောင် အထပ်ထပ် လုပ်ပေးရတာပေါ့။ ဘယ် အလုပ် မဆိုတော့ မလွယ်ဘူး။ ဒါပေမဲ့ ဒါဒါက မင်းသမီး လည်းဖြစ်တယ်။ ဒီအနုပညာလောက ထဲက လူလည်းဖြစ်တဲ့ အတွက် ပရိသတ်တွေ အနေနဲ့ လာအားပေး ကြတာလည်း ရှိတယ်။ ဒီ နာမည် တစ်ခုက အများကြီး အကျိုးပြုပါတယ်။ သာမန်လူ တစ်ဦးအနေနဲ့ ဖွင့်တာထက် အခုလို လွယ်လွယ် လေး၊ အချိန် တိုတိုလေး နဲ့ အောင်မြင်တယ် ဆိုတာကလည်း အနုပညာ အလုပ်ကို လုပ်ခဲ့တဲ့အတွက် ကြောင့်လည်း ပါပါတယ်”လို့ ပြောပါတယ်။

Karat Silk ပိုးထည်ဆိုင်ကိုဖွင့်လှစ်တာ တစ်နှစ်ခွဲ လောက် ရှိပြီဖြစ်ပြီး ဆိုင်ကလည်း ခိုင်ခိုင်မာမာ နဲ့ အခြေကျနေပြီ ဖြစ်တဲ့ အတွက် ၂ဝ၁၄ ခုနှစ်ထဲ မှာပဲ ဆိုင်ခွဲ ဖြစ်ဖြစ် ဖွင့်လှစ်ဖို့ ရှိသလို နောက်ထပ် လုပ်ငန်း တစ်ခုလုပ်ဖို့ အတွက် သူငယ် ချင်း ၃ ယောက် တိုင်ပင်နေကြောင်း သိရပါတယ်။

ဇာတ်ကားတွေ ကို ဖြည်းဖြည်း နဲ့မှန်မှန်ပဲ ရိုက် ကူးသွား မှာ ဖြစ်ကြောင်းပြော တဲ့ စိုးမြတ်နန္ဒာက “ဟိုတလောက အောင်ရဲလင်း နဲ့ ဇာတ်ကား ရိုက်ဖြစ်တယ်။ ဘန်ကောက် သွား ရိုက်မယ်ဆိုတော့ ဒါဒါ လည်း မလိုက်နိုင်ဘူး။ အလုပ်တွေ လည်း ရှိတယ်။ ဝန်ထမ်းတွေ လည်း နားမယ်။ သူငယ်ချင်းတွေ ကလည်း ဆိုင်ကိစ္စနဲ့ စင်ကာပူ သွားမယ်။ ကလေးတွေ ကလည်း ပြင်ဦးလွင်မှာ သွား လည်ချင်တယ် ဆိုတာနဲ့ မရိုက် ဖြစ်ဘူး။ အသက်ကြီး လာတော့လည်း ကိုယ် တစ်ခုကို လုပ်ချင်တယ် ဆိုရင် တခြား တစ်ခုကို စွန့်လွှတ် ရတာမျိုး လည်း ရှိတယ်လေ။ ဇာတ်ကား ရိုက်တာကိုတော့ ဖြည်းဖြည်း နဲ့မှန်မှန်ပဲ ရိုက်ပါတယ်။ ဒါဒါ့ အနေအထားနဲ့ လိုက်ဖက်တာပဲ ရိုက်ချင်တယ်။ အရင် တုန်းကလို လာသမျှ ဇာတ်ကား ရိုက်မယ်ဆိုတဲ့ စိတ်လည်း မရှိတော့တာ လည်းပါ တယ်။ အေး အေးဆေးဆေး နဲ့ ကောင်းကောင်းလေး ပဲ ပရိသတ်ကို ရိုက်ပြချင် ပါတယ်” လို့ ပြောပါတယ်။

စိုးမြတ်နန္ဒာက မြတ်သောမောင် နဲ့ တူမဖြစ်သူ ခေတ်သခင်တို့ ကျောင်း ပိတ် တာကြောင့် ဧပြီ ၃ဝ ရက်နေ့မှာ စင်ကာပူကို ၁ဝ ရက်ကြာ အလည်အပတ် လိုက်ပို့ပေး မှာဖြစ်ပြီး ကလေး တွေ လိုက်ပို့ရင်း သူ့ရဲ့ ကျန်းမာရေး အတွက်လည်း ဆေးစစ်မှုလည်း လုပ်ခဲ့မှာ ဖြစ်ကြောင်း သိရပါတယ်။

လတ် တလောမှာ ချစ်သူ ရနေပြီ လို့ကြား ရတာကြောင့် အချစ်ရေးနဲ့ ပတ်သက် ပြီး မေးကြည့်တော့ စိုးမြတ်နန္ဒာက “ဒါဒါ့အချစ်ရေး က အသက်ကြီး ပြီဆိုတော့ ဘယ်သူမှ စိတ် မဝင်စား ပါဘူး။ တစ်စုံတစ်ခု ထူးခြားပြီ ဆိုရင်တော့ ဒါဒါ ကြိုပြောပါမယ်။ ဒါဒါက အခု အချိန်မှာ ဘာလုပ်လုပ် အသက်ကလည်း ကြီး ပြီဆိုတော့ များသော အားဖြင့် တစ်ခုခု ဆိုရင် မြတ်သောမောင် ပေါ် မှာပဲ မူတည်တယ်။ သူနဲ့ အဆင်ပြေမယ်၊ သူ့အတွက်ကောင်း မယ့်သူ ဆိုရင် ဒါဒါ စဉ်းစားမယ်။ အခု အချိန်မှာ ဒါဒါက ငယ်တော့တဲ့ အရွယ်လည်း မဟုတ်ဘူးလေ။ ရည်းစားတွေ လျှောက်ထားနေ တဲ့ အခြေအနေ မျိုးလည်း မဟုတ်တော့ဘူး။ အခုတော့ ဘာမှ မစဉ်းစားသေးပါဘူး” လို့ ပြောပါ တယ်။

ခိုင်ဝေလွင်
Popular Journal