တယ်လီနောမှ ရောင်းချမည့် မိုဘိုင်းဖုန်း လက်ရှိထက် အင်တာနက်မြန်နှုန်း မြင့်မည်

ပို့စ်တင်ချိန် - 5/09/2014 06:14:00 AM


Telenor မှ စတင်ရောင်းချမည့် မိုဘိုင်းဖုန်း တစ်ဦးချင်း အင်တာနက်သုံး စွဲနိုင်မှုမြန်နှုန်း 1M ရရှိမည်ဟု ယင်းကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Mr. Petter Furberg ကပြော သည်။

” 1M ဆိုပေမယ့် တစ်နေရာနဲ့ တစ်နေရာတော့ speed နည်းနည်း ကွာခြား မှာပါ။ တာဝါတိုင်နဲ့ နီးတဲ့အပိုင်းမှာ မြန်နှုန်းပိုကောင်းသလို တာဝါတိုင် နဲ့ ဝေးတဲ့နေ ရာတွေ မှာမြန်နှုန်း အတက်အကျ ရှိနိုင်ပါတယ်” ဟု ၎င်းကပြောသည်။

ကွန်ရက် ဖြန့်ကြက်မှု အနေဖြင့် တစ်ပြေးညီ လုပ်ဆောင် သွား မည် ဖြစ်ကြောင်း၊ အင်တာနက် သုံးစွဲမှု အတိုင်းအတာ အပေါ် မူတည်၍ အင်တာနက် စနစ်အတွက် International Gateway ကို ငှားရမ်းခြင်း အပြင်လိုအပ်ပါက Bandwidth ကို တိုးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

”လက်ရှိ အခြေအနေအရတော့ အင်တာနက် လိုင်းကို မြန်မာပြည်မှာရှိတဲ့ လိုင်းနဲ့ပဲ ချိတ်ဆက်သွားမှာပါ။ နောက်ပိုင်းတော့ ပြည်ပနိုင်ငံတွေနဲ့ တိုက်ရိုက် ချိတ်ဆက်ဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

အင်တာနက် သုံးစွဲခ ကောက်ခံမှုကိုလည်း အများပြည်သူ သုံးစွဲမှု လွယ်ကူစေ မည့် နည်းလမ်းများကို အသုံးပြု သွားမည်ဖြစ်ကြောင်း၊ မိနစ်ဖြင့် ကောက် ခံခြင်း၊ Data စနစ်ဖြင့် ကောက်ခံခြင်းစသည့် အဆင်ပြေမည့် စနစ်ကို အသုံးပြုပေး သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

နော်ဝေ အခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီ Telenor Myanmar သည် လိုင်စင်ရယူပြီး ရှစ်လအတွင်း မိုဘိုင်းဖုန်းများ ရောင်းချပေးမည်ဟု ထုတ်ဖော် ပြောကြားထားပြီး ကနဦးအနေဖြင့် အချက်အချာကျ သည့် မြို့သုံးမြို့ကို ရောင်းပေးမည်ဟု သိရသည်။

လက်ရှိတွင် Telenor Myanmar ကုမ္ပဏီသည် မိုဘိုင်းဖုန်းရောင်းချရန် အတွက် အဓိကကျသည့် Data Center ကို ရန်ကုန်တွင် တည်ဆောက် ထားပြီး ယခုလ အတွင်းမှာလည်း မန္တလေးမြို့တွင် Data Center တစ်ခုအပြီးသတ် တည်ဆောက်မည်ဟု ယင်းကုမ္ပဏီမှ သိရသည်။ ယင်းကြောင့် Telenor မှ ပထမဆုံးရောင်း ချမည့် မို ဘိုင်းဖုန်း၏ အင်တာနက်သည် လက်ရှိ မြန်မာ့ဆက်သွယ်ရေး မှ ပေးနေ သည့် မြန်နှုန်း ထက် ပိုမိုမြန်ဆန်နေ မည် ဖြစ်ကြောင်း၊ မြန်မာ့ ဆက်သွယ်ရေး မှ လက်ရှိပေး ထား သည့် မိုဘိုင်းအင်တာနက်မြန်နှုန်းမှာ 2G စနစ်ကို 200kbps ဖြစ်ပြီး 3G စနစ်ကို 2 kbps speed သာရှိကြောင်း သိရသည်။

PN-052