MERS ဗိုင်းရပ်စ်ပိုးကြောင့် အရှေ့အလယ်ပိုင်း သွားမယ့် သြစီတွေကို အစိုးရသတိပေး

ပို့စ်တင်ချိန် - 5/09/2014 03:26:00 PM


အရှေ့အလယ်ပိုင်း နိုင်ငံကို သွားရောက်လည်ပတ်နေကြတဲ့ သြစတြေးလျနိုင်ငံသားတွေ အနေနဲ့ အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်နေတဲ့ ဗိုင်းရပ်စ်ပိုးကို သတိနဲ့ စောင့်ကြည့် စစ်ဆေးမှုတွေ လုပ်ဖို့ သြစတြေးလျ အစိုးရက သတိပေးလိုက်ပါတယ်။
MERS လို့ခေါ်တဲ့ အရှေ့အလယ်ပိုင်းဒေသ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ဗိုင်းရပ်စ်ပိုးကြောင့် အရှေ့အလယ်ပိုင်းဒေသမှာ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရပြီး မကြာသေးခင်ကလည်း အမေရိကန်နိုင်ငံမှာလည်း လူတစ်ဦးအပေါ် တွေ့ရှိပြီးနောက် သတိပေးချက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဇူလိုင်လကျရင် ဆော်ဒီအာရေးဘီးယားနိုင်ငံမှာ နိုင်ငံတကာက အစ္စလာမ်ဘုရားဖူးသူတွေဟာ မက္ကာမှာ ဘုရားဖူး ကြမှာ ဖြစ်တဲ့အတွက် အဲဒီမှာ ဗိုင်းရပ်စ်ပိုးတွေကူးစက်ပြီး တကမ္ဘာလုံး ပြန့်နှံ့သွားမှာကို စိုးရိမ်နေကြပါတယ်။
အဲဒီအရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးဟာ ကုလားအုပ်တွေကနေ စတင်ကူးစက်လာတဲ့ ရောဂါဖြစ်တယ်လို့လည်း ပြောဆိုနေကြပါတယ်။
အရှေ့အလယ်ပိုင်းဒေသကို မသွားဖို့ ပြောနေတာ မဟုတ်ပေမယ့် တိရိစ္ဆာန်ဈေးတွေကို ရှောင်ရှားဖို့၊ ကုလားအုပ်အသားတွေကို မစားဖို့ သတိပေးတာဖြစ်ပြီး အသဲရောဂါရှိသူတွေနဲ့ သက်ကြီးရွယ်အိုတွေ အနေနဲ့ သတိထားပြီး ခရီးသွားဖို့ တိုက်တွန်းတာဖြစ်ကြောင့် သြစတြေးလျနိုင်ငံက ကူးစက်ရောဂါ ပြန့်ပွားမှု တားဆီးရေး အဖွဲ့က ပြောလိုက်ပါတယ်။

ABC Radio Australia - မြန်မာပိုင်း