မိတ်ကပ်ဆရာမလက်စွမ်းပြထားတဲ့ အယောင်ဆောင်ဂျင်းဘောင်းဘီ

ပို့စ်တင်ချိန် - 5/09/2014 12:58:00 PM




တစ်ခါတည်းကြည့်ရုံနဲ့တော့ မိန်းကလေးတစ်ယောက်က အပြာရောင်တောက်တောက် အသားကပ်ဂျင်းဘောင်းဘီဝတ်ထားပြီး လမ်းလျှောက်နေတယ်လို့ပဲ မြင်မိကြမှာပါ။ တကယ်တော့ သူမက ခါးအောက်ပိုင်းမှာ အတွင်းခံကလွဲလို့ဘာမှဝတ်မထားပါဘူး။  ဒါကိုသတိထားပြီး ကြည့်လိုက်မိမှပဲ ကိုယ့်မျက်လုံးကိုတောင် မယုံကြည်နိုင်တော့ လောက်အောင်ဖြစ်သွားရမှာပါ..

ဟုတ်ပါတယ်။ တကယ့်ကို ဘာမှမ၀တ်ထားတာပါ။ ကဲ မဆန်းဘူးလား။ ရဲတင်းလွန်းအားကြီးတယ်လို့ မထင်ကြဘူးလား။ သူမအနေနဲ့က လည်း ယုံကြည်ချက်အပြည့်နဲ့ လမ်းပေါ်မှာလျှောက်သွားနေတာကတော့ သိပ်ကိုအံ့သြ ဖို့ကောင်းပါတယ်။


Body Paint မိတ်ကပ်ဆရာမတစ်ဦးဖြစ်တဲ့ မာရီပီ က မာရီလို့ပဲအမည်ရတဲ့ ပြင်သစ်မော် ဒယ်မိန်းကလေးတစ်ယောက်ကို အခုလို ဆန်းသစ်တဲ့ မိတ်ကပ်ဖန်တီးရေးဆွဲမှုကို ပြုလုပ်ပေးခဲ့တာပါ။

သူမက မော်ဒယ်မလေးရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းမှာ ဘရာ၊ရှပ်အကျီင်္နဲ့ ခါးအောက်ပိုင်းအတွက် အတွင်းခံတစ်ထည်ဝတ်ရုံကလွဲလို့ ဘာမှမ၀တ်ခိုင်းပါဘူး။ မိန်းကလေးရဲ့ ခါးအောက်ပိုင်း ဘာမှမ၀တ်ထားတဲ့နေရာဖြစ်တဲ့ တင်ပါး၊ပေါင်၊ခြေသလုံး ပတ်ချာလည်တို့ကို သူမရဲ့
body paintingမိတ်ကပ်အတတ်ပညာနဲ့ တကယ့်ဂျင်းဘောင်း ဘီအစစ်တစ်ထည်လို ဂျင်းဘောင်းဘီတံဆိပ်၊ချုပ်ရိုးချုပ်သားပုံစံတွေကအစလက်ဝင်စွာနဲ့
 နှစ်နာရီကြာရေးဆွဲပုံဖော်ပေးထားတာပဲဖြစ်ပါတယ်။


မော်ဒယ် မာရီရဲ့ ဒီလို ဘော်ဒီပိန့်ရေးဆွဲခံတဲ့ စိတ်ကူးက သူမရဲ့သူငယ်ချင်းဖြစ်တွေဖြစ် တဲ့ ဘယ်လ်ဂျီယံ၊ ပီအာရ်ကျောင်းသား ဆာရက် ဘာဘိုရို နဲ့ ဒေးဗစ်လက်ဆေ့ တို့ရဲ့ နောက်ဆုံးစာမေးပွဲ အိမ်စာပရောတစ်ခုဖြစ်တဲ့ 'Buzz video' တစ်ခုကိုပြုလုပ်ရင်း ရရှိခဲ့တာဖြစ်ပါတယ်။

မိတ်ကပ်ရေးဆွဲလို့ပြီးဆုံးသွားတဲ့အခါမှာတော့ မော်ဒယ်မိန်းက လေးကို ပြင်သစ်မြို့တော်က အများပြည်သူသုံး လိုင်လီလမ်းမမှာ ထွက်လျှောက် စေခဲ့ပါတယ်။ သူမကိုကြည့်ရတာကတော့ သိပ်ကိုလွတ်လပ်ပေါ့ပါးပြီး ယုံကြည်မှု အပြည့်ရှိနေတဲ့ အတွက် ဘယ်လမ်းသွားတစ်ယောက်ကမှ သတိထားမိကြမှာ မဟုတ်ပါဘူး။

ဒီလို ဆန်းပြားတဲ့တီထွင်မှုဖြစ်တဲ့ အသားကပ်ဂျင်းဘောင်းဘီ ဘော်ဒီပိန့်ကို ရေးဆွဲတာ အမျိုးသမီးထုအတွက်လည်း အလွန်စိတ်ဝင်စားစရာ ကောင်းလောက်တဲ့အရာတစ်ခု ဖြစ်လာမှာပါ။


ဖိုးသူတော် Team မှ ဘာသာပြန်သည်။