မြောက်ပင်လယ်ဖျံတို့ အိပ်လဲ လက်တွဲမဖြုတ်

ပို့စ်တင်ချိန် - 5/09/2014 12:59:00 PM



မြောက်ပင်လယ် ဆိုတာ ဂရိတ်ဗြိတိန်၊ နယ်သာလန်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ ပြင်သစ် နိုင်ငံတို့ ကြားက ပင်လယ်ဒေသ ဖြစ်ပါတယ်။ ယင်းဒေသမှာ ရှင်သန် ပေါက်ဖွားတဲ့ ချစ်စဖွယ် ဖျံတစ်မျိုး ကတော့ Dozy Otter လို့ အမည်ရပြီး အမွေးအမျှင်များ ပါရှိတဲ့ ဖျံ ဖြစ်ပါတယ်။

သူ့မှာ ရှိတဲ့ ထူးခြားချက် တစ်ခု ကတော့ အထီးအမ မောင်နှံ ချစ်ခင် တွယ်တာ တဲ့ အလေ့အထ ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့ရသလိုပဲ အိပ်ရင်တောင် လက်မဖြုတ်ပဲ ယှဉ်အိပ် ပါတယ်။ ပြီးတော့ အစားစားရင်လဲ လက်ချိတ် ပါတယ်။ အချို့ဆိုရင် သွားလာတဲ့ အခါတောင် လက် မဖြုတ် တမ်း နေတဲ့ အတွဲလေးတွေတောင် ရှိတယ်လို့ ဆိုပါတယ်။ သူတို့ ဟာလည်း သစ္စာ ရှိတဲ့ ရေသတ္တဝါလေးများ ဖြစ်ပြီး တစ်ကောင် သေရင် နောက် တစ်ကောင် ဟာ အခြား ဖျံတစ်ကောင်ကို မပေါင်းဖက် ပါဘူး။

ယင်း အကြောင်းက ဘယ်လို အကြောင်းမျိုးများကြောင့်မဆို တစ်ကောင်နဲ့ တစ်ကောင် လွတ်သွား၊ လွဲသွားမှာ စိုးတဲ့ အတွက် ဖြစ်ကြောင်း သိရ ပါတယ်။

.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)