ကားစ်ဗတ်ဂ်ျ(Carlsberg)ဘီယာ ပြည်တွင်းထုတ်လုပ်မှု အောက်တိုဘာတွင် စတင်မည်

ပို့စ်တင်ချိန် - 5/09/2014 03:26:00 PM


Written by ထင်လင်းအောင်

နိုင်ငံတကာအဆင့် နာမည်ရအမှတ် တံဆိပ်ဘီယာတစ်မျိုးဖြစ်သော ကားစ်ဗတ်ဂ်ျ (Carlsberg) ဘီယာကို မြန်မာနိုင်ငံတွင် ယခု ၂၀၁၄ အောက်တိုဘာလမှစတင်ကာ စတင်ထုတ်လုပ်တော့မည် ဖြစ်သည်ဟု Carlsberg ကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းလိုက်သည့် Myanmar Golden Star (MGS) ကုမ္ပဏီ ဥက္ကဋ္ဌ ဦးသိန်းထွန်းက မဇ်္ဈိမကို မေ ၆ ရက်က ထုတ်ဖော်ပြောကြား လိုက်သည်။

ထိုသို့ ကားစ်ဗတ်ဂ်ျ Carlsberg ဘီယာ အနေဖြင့် ပြည်တွင်း၌ထုတ်လုပ်ရာတွင် ပုလင်းနှင့် သံဘူးများဖြင့် ခြေလှမ်းစတင် မည်ဖြစ်သော်လည်း ဃမျေူနြမါ စည်ဘီ ယာ အဆင့်အထိ ထုတ်လုပ်သွားမည်ဖြစ်ကာ ပုလင်းနှင့် သံဘူးများကို ပြည်ပဈေးကွက်သို့တင်ပို့နိုင်သည့်အထိ ဆောင်ရွက်သွားမည်ဟု ဆက်လက်ပြော သည်။

ဦးသိန်းထွန်းက “ ဈေးကွက်ထဲကို တော့ပုလင်း ၊ သံဗူးတွေအနေနဲ့စပြီးဖြန့်သွားမှာဖြစ်ပေမယ့် စည်ဘီယာ အဆင့်အထိ လုပ်သွားမှာပါ။ ဒါကိုလဲ ဒီနှစ် အောက်တိုဘာမှာစပြီး ထုတ်လုပ်သွား နိုင်အောင် လုပ်နေပါ တယ်”ဟု ပြောသည်။

လက်ရှိ ပြည်တွင်း စည်ဘီယာဈေးကွက်တွင်Myanmar Brewery Co,Ltd မှထုတ်လုပ်သော မြန်မာဘီယာ က ဈေး ကွက်ဝေစုအများဆုံးရရှိထားခြင်းဖြစ်သည့်အပြင် နိုင်ငံခြားဖြစ်ဘီယာများလည်း တင်သွင်းမှုများရှိ နေရာ ဈေးကွက်ယှဉ်ပြိုင် မှုပိုင်းကိုမူ များစွာလုပ်ဆောင်ရမည်ဖြစ်သည်ဟု ထပ်မံပြောသည်။

ထို့အပြင် စည်ဘီယာရောင်းချသည့် အရောင်းဆိုင်များအနေဖြင့် ထုတ်လုပ်သည့် ကုမ္ပဏီနှင့် သက်တမ်း ကာလတစ်ခု စာချုပ်ချုပ်ဆိုရသည့် ပြည်တွင်းစည်းကမ်း သတ်မှတ်မှုများရှိနေရာ ဈေးကွက်ရရှိရေးတွင် ရုန်းကန်ရမည့်အနေအထားတွင် လည်းရှိနေသည်ဟု ဆိုသည်။

ဆက်လက်၍ ဦးသိန်းထွန်းက “ ပြည်တွင်းမှာလည်း စည်ဘီယာတွေရှိနေသလို သွင်းကုန်တွေလည်း ရှိနေတော့ ဈေးကွက် ရရှိဖို့အတွက် ကြိုးစားရမှာပါ။ ဒါပေမဲ့ အကောင်းဆုံးတော့ကြိုးစားပြီးလုပ်သွားမှာ ဖြစ်ပါတယ်” ဟုပြောကြားသွားသည်။

Carlsberg ကုမ်္ပဏီအုပ်စုမှ ၅၁ ရာခိုင်နှုန်းနှင့် MGS ကုမ္ပဏီအုပ်စုမှ ၄၉ ရာခိုင်နှုန်း အကျိုးတူရှယ်ယာပိုင် ဆိုင်မှုဖြင့် တည်ထောင်ထားသည့်MGS Carlsberg ကုမ္ပဏီသည် နှစ်ဖက်အကျိုးတူပူးပေါင်းခြင်း ကို ၂၀၁၄ ဖေဖော်ဝါရီ ၁ ရက်က သတင်း ထုတ်ပြန်ခဲ့ကာ အမေရိကန်ဒေါ်လာ ၃၅သန်းမှ သန်း ၅၀ အထိ ရင်းနှီးမြှုပ် နှံသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားခဲ့သည်။

မြန်မာနိုင်ငံ၏ လူသိများသောကုန် ပစ္စည်းအမှတ်တံဆိပ်တစ်ခုဖြစ်သော Carlsberg အမှတ်တံဆိပ်ဘီယာ သည် ဒိန်းမတ် နိုင်ငံ ကိုပင်ဟေဂင်မြို့ အခြေစိုက်ကမာ်္ဘ့ စတုတ်္ထအကြီးဆုံးဘီယာအုပ်စုဖြစ်ကာ မြန်မာနိုင် ငံတွင် ထုတ်လုပ်မည့်Carlsberg ကုမ်္ပဏီကိုမူ ပဲခူးစက်မှုဇုန်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။

Carlsberg အုပ်စုနှင့် အကျိုးတူပူး ပေါင်းလိုက်သည့် MGS ကုမ္ပဏီသည် အချို ရည်နှင့် အဖျော်ယမကာများ ထုတ်လုပ် ရောင်းချနေသော ကုမ္ပဏီတစ်ခုဖြစ်ပြီးလက်ရှိတွင် ကမ္ဘာ့နာမည်ရအမှတ်တံဆိပ် PEPSI အချို ရည်ကုမ္ပဏီဖြစ်သော PEPSICO နှင့် လည်းပူးပေါင်းကာ ပြည်တွင်းထုတ်လုပ်မှုများကို လုပ်ကိုင်နေလျက်ရှိ သည်။

Mizzima Burmese