ရဲကို သေနတ်ဖြင့် ပစ်သတ်သော စစ်သားအား ခလရ (၃၀၉) တွင် စစ်ဆေးနေ

ပို့စ်တင်ချိန် - 5/09/2014 04:21:00 PM



ရဲကို သေနတ်ဖြင့် ပစ်သတ်ခဲ့မှုဖြင့် စစ်သားအား ကသာမြို့ရှိ ခလရ (၃၀၉) ခြေမြန်တပ်ရင်းတွင် ထိန်းသိမ်း၍ စစ်ဆေးနေကြောင်း ကသာခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ကသာခရိုင်၊ အင်းတော်မြို့ နယ်တွင် မေလ ၅ ရက်က အဆို ပါအမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေနတ်ဖြင့်ပစ်သူ တပ်မတော်သားကို ကသာမြို့မရဲစခန်းတွင် ထိန်းသိမ်းထားရာမှ ခလရ (၃၀၉) ခြေ မြန်တပ်ရင်းသို့ လွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း ကသာခရိုင် ရဲတပ်ဖွဲ့မှ ရဲအုပ်သန်းဝင်းက ပြောသည်။

 ‘‘တပ်ကပဲ ဆက်စစ်မလား။ အရပ်ဘက်ပဲ ပြန်လွှဲပေးမလားဆိုတာ မသိရသေးဘူး။ လောလောဆယ်တော့ တပ်ဘက်ကို လွှဲပေးထားတယ်’’ဟု ရဲအုပ်ဝင်းသန်းက ပြောသည်။

သေနတ်ဖြင့် ပစ်သူမှာ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့ ခလရ(၉၈) ခြေလျင်တပ်ရင်းမှ ဒုတပ်ကြပ်တစ်ဦးဖြစ်ပြီး သေဆုံးသူမှာ အင်းတော်မြို့နယ် နဘားဓာတ်အားခွဲစက်ရုံ လုံခြုံရေးတာဝန်ကျ ရဲတပ်ကြပ်ကြီးတစ်ဦးဖြစ်သည်။

ရဲတပ်ဖွဲ့မှာ စစ်ဆေးချက်အရ ၎င်းတို့နှစ်ဦးကြားတွင် ပြဿနာ ကြီးကြီးမားမားမရှိဘဲ အရက်သောက်ပြီး စကားအချေအတင်ဖြစ်ကာ ဒုတပ်ကြပ်စစ်သားက ကိုင်ဆောင်ထားသည့် သေနတ်ဖြင့် ပစ်ခဲ့ခြင်းဖြစ်ကြောင်း အမှုစစ်ရဲအရာရှိကပြောသည်။

 အင်းတော်မြို့နယ်တွင်ပင် မေလ ၅ ရက်မှာပင် (၁၄) နှစ်အ ရွယ်ကလေးတစ်ဦးက စစ်တပ်ထဲမှ သေနတ်ခိုးကာ လက်တည့်စမ်း ပစ်ခတ်သောကြောင့် လူတစ်ဦး ဒဏ်ရာရခဲ့ရာ ကလေးငယ်ကိုသာ လက်နက်ဥပဒေဖြင့် အမှုဖွင့်ထားပြီး တာဝန်ရှိသူ ဗိုလ်မှူးကိုမူ မည်ကဲ့သို့ အရေးယူထားသည်ကိုမသိရကြောင်း ကသာ မြို့မရဲစခန်းမှ သတင်းရရှိသည်။

7day daily