စကားများတဲ့ မိန်းမနဲ့ ကြက်တူရွေးကို သတ်ခဲ့တဲ့ ယောက်ျား

ပို့စ်တင်ချိန် - 5/09/2014 03:01:00 PM


အသက် ၅၃နှစ်ရှိ အယ်လ်ဘားမား အမျိုးသားတစ်ဦးဟာ စိတ်အနှောင့်အယှက် ဖြစ်လောက်အောင် အလွန်စကားများတဲ့ သူရဲ့ ဇနီး အသက် ၃၄နှစ်နဲ့ အိမ်မွေးတိရစ္ဆာန် ကြက်တူရွေးကို သတ်ပစ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ Robin Penton လို့ အမည်ရတဲ့ အမျိုးသားဟာ သူ့ဇနီး Collen Penton နဲ့ သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန်တွေ ဖြစ်တဲ့ ကြက်တူရွေးနဲ့ ခွေးသုံးကောင် သတ်ပြီး မတ်လ ၁၀ ရက်နေ့မှာ သူ့ကိုယ်သူ သေကြောင်းကြံစည် ဖို့ ကြိုးစားခဲ့ပါတယ်။
သကြောင်းမကြံခင် ရေးသားထားတဲ့ မှတ်စုမှာတော့ သူ့ဇနီး ကိုသတ်ပြီးနောက် သူတို့ရဲ့ ခွေးသုံးကောင်ကို သူ့ဇနီးက ထိန်းကျောင်း လေ့ကျင့်ပေးခြင်း မရှိခဲ့တာကြောင့် သတ်ပစ်ခဲ့တယ်လို့ ရေးသားခဲ့ပါတယ်။ ဒါ့အပြင် သူ့ဇနီးနဲ့ ကြက်တူရွေးဟာလည်း အလွန်စကားများတဲ့ အတွက် သတ်ခဲ့ရတာပါလို့ သူက ရေးထားပါတယ်။
အဆိုပါ မှတ်စုထဲမှာ သူရဲ့ သူဌေးဟောင်း (ဇနီးရဲ့ ခင်ပွန်းဟောင်း) နဲ့အတူ သူ့ဇနီးရဲ့ ကလေး သုံးယောက်တို့ကိုပါ မကျေနပ်တဲ့အကြောင်း ရေးသားထားပါတယ်။
နာက်ပြီး သူ့ကျူးလွန်ခဲ့တဲ့ အပြစ်တွေအတွက် တောင်းပန်ထားတာကိုလည်း တွေ့ရပါတယ်။
Penton သေကြောင်းကြံစည်နေစဉ်မှာပဲ ရဲများရောက်ရှိလာပြီး အလျင်အမြန် ဆေးရုံပို့ဆောင်ခဲ့ပါတယ်။ မနေ့က ဗုဒ္ဒဟုးနေ့မှာ သူ့ကို တရားရုံးမှာ စတင်စစ်ဆေးပြီး သူကျူးလွန်ခဲ့တဲ့ အပြစ်တွေကို ၀န်ခံခဲ့ပါတယ်။
သူ့ဇနီးကို သတ်ပြီးနောက် သူ့ကိုယ်သူ သေကြောင်းကြံစည်တော့မယ့် အကြောင်းကို သူ့ရဲ့ ညီအကို ထံ ဖုန်းဆက်ပြောတဲ့အတွက် ရဲများထံ အကြောင်းကြားပြီး ယခုလို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ရဲများရောက်ရှိသွားတဲ့ အချိန်မှာတော့ သူ့ရဲ့ဇနီးကို ရေချိုးခန်းထဲမှာ သွေးတွေနဲ့ တွေ့ရပါတယ်။ သူမကို သုံးချက်တိတိ သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး ခေါင်းမှာလည်း Heater နဲ့ ရိုက်မိထားတဲ့ ဒဏ်ရာများကို တွေ့ခဲ့ရပါတယ်။ သူမ သေဆုံးပြီးနောက် သူမကို ပန်းများနဲ့ အတူ နတ်သမီး ရုပ်တုနဲ့ အလှဆင်ပေးထားပါတယ်။ Penton က ထိုများကို သူ့မိခင်ရဲ့ အုတ်ဂူကနေ သွားယူလာတာလို့ ပြောပါတယ်။
Penton ကိုတော့ ရေချိုးခန်းထဲမှာ ရမ်နဲ့ ဟိုက်ဒရိုကိုဒုန်း ပေါင်းထားတဲ့ ရေထဲမှာ သေကြောင်းကြံစည်နေခဲ့တာ တွေ့ရပြီး ဆေးရုံ အမြန်တင်ခဲ့ရပါတယ်။
ဆးရုံကဆင်းပြီး တရားရုံးမှာ အမှုရင်ဆိုင်ရချိန်မှာတော့ သူဟာ ၈၀ခုနှစ်များက မုဒိမ်းမှုနဲ့ အခြား အမှုများအတွက် ထောင်ကျဖူးကြောင်း သိရှိရပါတယ်။

ref: dailymail.co.uk
World-Myanmar News