မိန်းမကိုယ် မပါဘဲ မွေးလာသည့် အမျိုးသမီးများအတွက် မျှော်လင့်ချက်

ပို့စ်တင်ချိန် - 5/09/2014 06:23:00 AM


မက္ကဆီကို နိုင်ငံမှ အမည် မဖော်လိုသူ ၁၈နှစ်အရွယ် အမျိုးသမီးတစ်ဦးစာ မွေးကတည်းက သားအိမ်နဲ့ မိန်းမကိုယ် မပါလာတဲ့ Mayer-Rokitansky- Kiister-Hauser (MRKH) လက္ခဏာစု ပါဝင်လာခဲ့တယ်လို့ သိရပါတယ်။ အဲဒီရောဂါကြောင့် ကလေးမရနိုင်သလို ဖြစ်နေရာမှ ဓါတ်ခွဲခန်းမှာ တည်ဆောက်ထားတဲ့ မိန်းမကိုယ်အတုနဲ့ ခွဲစိတ်ပြုပြင်ပေးခဲ့တဲ့အတွက် အခုအချိန်မှာ ပုံမှန် အတိုင်း ပြန်ဖြစ်နေပြီလို့ သိရပါတယ်။ သူ့ရဲ့ အင်္ဂါအတုကို သူ့ရဲ့ လိင်အင်္ဂါတစ်ဝိုက်မှာ ရှိတဲ့ ကြွက်သားနဲ့ ဆဲလ်တွေကို ပြုပြင်ပြီး တည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီပြုလုပ်မှုဟာ ဓါတ်ခွဲခန်းမှာ ပထမဆုံး မိန်းမကိုယ်အင်္ဂါကို တည်ဆောက်နိုင်ခြင်း ဖြစ်ပြီး လူတွေမှာ အောင်မြင်စွာ အသုံးပြုနိုင်တော့မယ် လို့ သိရပါတယ်။ ဒီကုသမှုဟာ မိန်းမကိုယ် ကင်ဆာ ဒါမှမဟုတ် ထိခိုက်ဒဏ်ရာ ရရှိသူ အမျိုးသမီးတွေ အတွက် အသုံးဝင်နိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။


MRKH ဆိုတဲ့ ရောဂါ လက္ခဏာစုဟာ အမျိုးသမီး ၅၀၀၀ မှာ တစ်ယောက် ဖြစ်လေ့ရှိပြီး မွေးကတည်းက သားအိမ်၊ သားအိမ်ခေါင်းနဲ့ မိန်းမကိုယ် မပါလာတဲ့ အခြေအနေ ဖြစ်ပါတယ်။ မမျိုးဥအိမ်က ပုံမှန် အတိုင်း အလုပ်လုပ်နေတဲ့ အတွက် အပျိုဖော်ဝင်စ လက္ခဏာတွေ ကြုံတွေ့ရပေမယ့် ဓမ္မတာလုံးဝ မလာတာနဲ့ ကလေးမရနိုင်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆယ်ကျော်သက် အရွယ်မှ ဒီရောဂါရှိမှန်း သိရပါတယ်။ အဆိုပါ ရောဂါရိသူတွေကို မိန်းမကိုယ်ချဲ့တဲ့ ကိရိယာနဲ့ ကြွက်သားတွေကို ဆွဲဆန့်ကာ ကုသမှုပြုလုပ်ပေးလေ့ရှိပါတယ်။ အကယ်၍ မအောင်မြင်ခဲ့ရင် ခွဲစိတ်ကုသမှု ခံယူရလေ့ရှိပါတယ်။ အခုဓါတ်ခွဲခန်းမှာ တည်ဆောက်ထားတဲ့ မိန်းမကိုယ်နဲ့ ပြုပြင်မှု ခံယူထားသူတွေဟာ ပုံမှန်အတိုင်း လိင်ဆက်ဆံနိုင်တယ်လို့ ဆိုပါတယ်။

မိန်းမကိုယ် အသစ်ကို တည်ဆောက်ရာမှာ အရေပြားမှ ၀မ်းတွင်းအမြှေးပါးအထိ ပစ္စည်းမျိုးစုံကို အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ဒီပစ္စည်းတွေဟာ ကြွက်သားထု လေျာ့နည်းတဲ့အတွက် အချို့လူနာတွေ အနေနဲ့ မိန်းမကိုယ် ကျဉ်းမြောင်းတာမျိုး ဆိုးကျိုးတွေ ဖြစ်ပေါ်တတ်ပါတယ်။ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ ကလေးလူနာတွေမှာ ၇၅ ရာခိုင်နှုန်း အထိ ဖြစ်နိုင်တယ်လို့ သိရပါတယ်။

credit: ဒေါက်တာ ခင်စိုးမိုး