လိပ်ခေါင်းရောဂါ အကြောင်း


လိပ်ခေါင်းဖြစ်လာပုံ
စအိုတွင်ရှိသည့် သွေးကြောထဲမှ သွေးဖိအားများသဖြင့် သွေးကြောမှကြီးထွား ၍ရောင်ရမ်းလာခြင်းကို လိပ်ခေါင်းဟု ခေါ်သည်။

လိပ်ခေါင်းရောဂါ လက္ခဏာများ
လိပ်ခေါင်းဖြစ်စတွင် ဝမ်းသွားသည့်အခါ သွေးစသွေးနပါလာခြင်းဖြစ်သည်။ ဝမ်းသွားပြီးမှ သွေးတစက် တစက်ကျခြင်းလည်း ဖြစ်နိုင်သည်။ စအိုဝတွင်လည်း နာကျင်နိုင်သည်။ တစ်ဆို့ဆို့ ခံစား နေရသည်။ဝမ်းသွားစဉ် အပြင်သို့ထွက်လာပြီး ပြန်သွင်း၍မရဘဲ ရှိနိုင်သည်။ သူ့အလိုလို ပြန်ဝင်သွားနိုင်သည်မှာ ကနဦးအစတွင်တွေ့ရသော်လည်း နောက်ပိုင်းတွင် လက်ဖြင့်ထိုးသွင်းမှသာ ပြန်ဝင်သည်။ တခိျု့တွင် လက်ဖြင့်ထိုးသွင်းသော်လည်း ပြန်မဝင်ဘဲ ရောင်ရမ်းနာကျင်စေမှု ဖြစ်နိုင်သည်။ လိပ်ခေါင်းရောဂါကြောင့် ဝမ်းသွားသည့်အခါ သွေးဆုံးရှုံးမှုများသဖြင့် သွေးအားနည်းရောဂါ ဖြစ် နိုင်သည်။ ထိုအခါ ဖြူဖပ်ဖြူရော်ဖြစ်ခြင်း၊ ရင်တုန်ခြင်း၊ မောပန်းခြင်းတို့ဖြစ်သည်။

လိပ်ခေါင်း ကုသမှု
အခိျု့ဝေဒနာရှင်များမှာ လိပ်ခေါင်းရောဂါကို ရက်ရှည်လများခံစားရသော်လည်း ထူးထူးခြားခြား ဝေဒနာ မခံစားရချေ။ တခါတရံသာဝမ်းသွားစဉ် သွေးတစက်နှစ်စက် ကျသည်။ အလိုလို သက်သာသွားသည်။ တနှစ်လျှင် နှစ်ကြိမ် ကာကွယ်လိုက်ပါက ပျောက်နိုင်ပါသည်။ သို့သော်လည်း စအိုကင်ဆာ ရရှိသူများ၏မှတ်တမ်းအရ စအိုကင်ဆာရရှိသူ အတော်များများသည် မူလပထမ၌ လိပ်ခေါင်းရောဂါရှိသည်ဟု ယုံကြည်ပြီး ဆရာဝန်မပြမိဘဲနေလာရာမှရောဂါ ကျွမ်းလာပြီးခွဲထုတ်၍မရနိုင်တော့သည့်အခြေအနေရောက်မှ ဆရာဝန်ပြဖြစ်သည့် သာဓကများစွာ ရှိခဲ့သည်ဟု သိရသည်။ ထို့ကြောင့်မိမိတွင် လိပ်ခေါင်းရောဂါ ရှိသည်ဟု ယုံကြည်ပြီး ကိုယ့်နည်းကိုယ့်ဟန်နှင့် ကုသနေသူများသည် အကယ်၍ ကင်ဆာဖြစ်နေပါက အချိန်မီ ကုသနိုင်ရန်နှင့် လိပ်ခေါင်းဟုတ်မဟုတ်ကို သိရှိရန် ရှက်ကြောက်နေစရာမလိုပဲ ဆရာဝန်နှင့်စမ်းသပ်စစ်ဆေးသင့်ပါသည်။
လိပ်ခေါင်းရောဂါဆိုတာ အကြောင်းတစ်ခုခုကြောင့်စအိုနဲ့စအိုဝ မှာရှိတဲ့  သွေးပြန်ကြောလေးတွေယောင်ရမ်းဖေါင်းကားလာတာပါ။ သွေးကြောဖုလေးက ဝမ်းသွား တဲ့အခါ ဝင်လိုက်ထွက်လိုက်နဲ့ လိပ်ရဲ့ဦးခေါင်းလိုဖြစ်နေလို့ လိပ်ခေါင်းလို့ ခေါ်တာပါ။
အဖြစ်များတဲ့အကြောင်းအရင်းတွေကတော့ စအိုအောက်ပိုင်းရှိတဲ့ သွေးကြောလေးတွေအတွင်းမှာ ဏမနျကမန တက်လာတဲ့ အတွက်ဖြစ်တာပါ။ ဝမ်းချုပ်တဲ့ အလေ့အကျင့်ရှိတဲ့သူတွေ၊ ကြာရှည်စွာ မတ်တပ်ရပ်နေရ သူများ၊ အထိုင်များသူများ၊ အဝလွန်တဲ့သူတွေ၊ကိုယ်ဝန်ဆောင်မိခင်တွေမှာဖြစ်တတ် ပါတယ်။ အခြားအကြောင်းကြောင့် ဖြစ်တတ်တာလဲ ဖြစ်ပါသေးတယ်။ တွေ့ရတတ်တဲ့ ရောဂါလက္ခဏာတွေကတော့ ဝမ်းသွားတဲ့အခါ စအိုကနေ သွေးကျလာတာပါပဲ။ ဝမ်းသွားပြီးတဲ့အခါ အိမ်သာမှာပဲဖြစ်ဖြစ်၊ စက္ကူမှာပဲဖြစ်ဖြစ် သတိထားမိနိုင်ပါတယ်။ ဝမ်းသွား ပြီးရင်လဲ ကုန်တယ်လို့ မခံစားရပဲ စအိုဝမှာ တစ်ဆို့တစ်ဆို့နဲ့ ခံစားရတတ်ပါတယ်။
လိပ်ခေါင်းကို အကြမ်းဖျင်းအားဖြင့် အတွင်းလိပ်ခေါင်းနဲ့ အပြင်လိပ်ခေါင်းဆိုပြီး ၂ မျိုးခွဲခြား ထားနိုင်ပါတယ်။ အပြင်လိပ်ခေါင်းကတော့ စအိုဝမှာဖြစ်တာဖြစ်ပြီး စအိုဝမှာ ယားယံတာ၊ ရောင်တာတွေဖြစ်တတ်ပါတယ်။ အတွင်းလိပ်ခေါင်းကတော့ စအိုအတွင်းမှာဖြစ်တာဖြစ်ပြီး မနာကျင်တက်ပဲ လူနာတွေ ကိုယ်တိုင် သတိမထားမိတတ်ကြပါဘူး။ လိပ်ခေါင်းကို မကုပဲထားမယ်ဆိုရင် စအိုအပြင်ဘက်ကို ကျွံကျလာနိုင် ပါတယ်။ နောက်ဆက်တွဲ ပြဿနာတွေဖြစ်တဲ့ လိပ်ခေါင်းထုအတွင်း သွေးခဲခြင်း နဲ့ သွေးလည်ပတ်မှုနည်းလို့ လိပ်ခေါင်းအဖုပုပ်သွားခြင်း တို့ဖြစ် သွားနိုင်ပါတယ်။ အဲဒီကနေ ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေကို ရောဂါပိုး ဝင်သွားနိုင်ပါတယ်။

လိပ်ခေါင်းဖြစ်ရသည့်အကြောင်းအရင်း
ဝမ်းချုပ်ခြင်းသည် လိပ်ခေါင်းဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းဖြစ်သည်။ အထူးသဖြင့် မကြာခဏ ဝမ်းချုပ်လေ့ရှိလျှင် လိပ်ခေါင်းဖြစ်လာနိုင်သည်။ ဝမ်းသွားသည့်အခါ ပုံမှန်မသွားဘဲ ညှစ်ပြီးမှ ဝမ်းသွားနိုင်ခြင်း မှာလည်း လိပ်ခေါင်းဖြစ်စေသည့် အချက်ဖြစ်သည်။
ကိုယ်ဝန်ဆောင်ချိန်တွင် လိပ်ခေါင်းရောဂါဖြစ်နိုင်သည်။ အရက်အလွန်အကျွံသောက်လျှင် လိပ်ခေါင်း ဖြစ်နိုင်သည်။ အသည်းရောဂါ၊ အူမကြီးကင်ဆာခံစားရသူတို့၌ လိပ်ခေါင်းဝေဒနာကို ခံစားရတတ်သည်။


Credit--> Hospital ( New Hong Kong )

ပညာရေးဝန်ကြီးဌာနဘက်က လုပ်မိလုပ်ရာလုပ်ရင်းနဲ့ တလွဲတချော်တွေ ဖြစ်ကုန်တာ

photo credit : Kamaryut Media

► အလုပ်ဖြုတ်ခံလိုက်ရသည့်အတွက် တရားရင်ဆိုင်နေသည့် တက္ကသိုလ်ဆရာမဒေါက်တာဒေါ်ကျင်ဌေးနှင့်တွေ့ဆုံခြင်း

ပညာရေးဝန်ကြီးဌာနဝန်ကြီးက ချမှတ်လိုက်သော အမိန့်တစ်ခုအပေါ်ချမှတ်ခံရသူ တက္ကသိုလ်ဆရာမက မတရားဟုဆိုပြီး နိုင်ငံ၏အမြင့်ဆုံးသော တရားစီရင်ရေး ဌာနသို့ တိုင်တန်းကာ ထိပ်တိုက်တွေ့ဆုံခဲ့သော အမှုမှာ ယခုအစိုးရသစ်လက်ထက်တွင် ဖြစ်ပွားခဲ့သည်။

ယင်းအမှုက မြန်မာ့ပညာရေး သမိုင်းတစ်လျှောက် တစ်ကြိမ် တစ် ခါမှမဖြစ်ခဲ့သော အမှုတစ်ခုဖြစ်သည့်အပြင် တရားလွှတ်တော်ချုပ်ရုံးက ယင်းကဲ့သို့ တက္ကသိုလ်ဆရာမ၏ တိုင်တန်းမှုကိုလက်ခံပြီး ကြားနာမှုပြုခဲ့သည်။ တိုင်တန်းမှု စ တင် ခဲ့သော ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလမှ ရေတွက် ပါက ခြောက်လပြည့်ပြီဖြစ်သော်လည်း တစ်စုံတစ်ရာဆုံးဖြတ်မှုကို တရားလွှတ်တော်ချုပ်ရုံးက မပြုလုပ်သေးပေ။

တိုင် တန်းမှုပြု ခဲ့သောရန်ကုန်အဝေးသင်တက္ကသိုလ် စီးပွားရေးပညာဌာန ပါမောက္ခဌာနမှူး (ယခုမယူမနေရ ပင်စင်ပေးခံထားရသူ) ဖြစ်ခဲ့သူ ဒေါက် တာဒေါ်ကျင်ဌေးနှင့် တွေ့ဆုံကာ မေးမြန်းခဲ့ပါသည်။

မေး- ဒေါက်တာခင်ဗျား။မင်္ဂလာပါ။ ဒေါက်တာကမြန်မာ့ပညာရေးတစ်လျှောက်လုံးမှာ ဝန်ကြီးနဲ့ထိပ်တိုက်တွေ့ပြီး တရားလွှတ်တော်ချုပ်ရုံးကို မကြောက်မရွံ့ တက်ခဲ့သူလို့ သိရပါ တယ်။ လက်ရှိအမှု အနေအထားကဘယ်လိုရှိနေပါသလဲ။

ဖြေ -ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်
ဒေါက်တာ ဒေါ်ကျင်ဌေးဆိုပြီး အခုတရားလွှတ်တော် ချုပ်ရုံးမှာ တွေ့ဆုံနေ ဆဲပဲလို့ ပြောလို့ရပါသေးတယ်။ တရားမမှုများလို ဟိုဘက်သည်ဘက် စစ်ဆေးတာမျိုး မဟုတ်ဘူး။ တရားလို တရားပြိုင်လည်း မဟုတ်ဘူး။ ပညာရေးဝန်ကြီးဌာနက ၂ဝ၁၃ ခုနှစ် ဇွန်လ ၂၇ ရက် နေ့စွဲနဲ့ ကျွန်မကို မယူမနေရ ပင်စင်ဆိုပြီး အလုပ်ဖြုတ် ခဲ့တယ်။ ဒါက မတရားတဲ့အတွက် မတရားကြောင်းကို ဖော်ထုတ်ဖို့ ကျွန်မတရားလွှတ်တော်ချုပ်ရုံး အထိ ရောက် အောင်တက်ခဲ့တယ်။

တက်ခဲ့တာကလည်းစာချွန်လွှာနဲ့ပါ။ မတရားချမှတ် ထားသောအမှုကို ပယ်ဖျက်ပေးဖို့ တောင်းဆိုတဲ့ စာချွန် လွှာပါ။ နှစ်ဖက်ကြားနာမှုကို ၂ဝ၁၄ ခုနှစ်ဧပြီ ၂၈ ရက် မှာ တရားလွှတ်တော်ချုပ်ရုံးမှာ ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ အပြီးသတ်အမိန့်က မကျသေးပါဘူး။အမိန့်ချမှုကို ကျွန်မ စောင့်ဆိုင်းနေပါတယ်။

မေး - နှစ်ဖက်တွေ့ဆုံပြီး စစ်ဆေးတာက တစ်လကျော်သွားပြီ။ ဘာမှအဖြေမထွက်သေးဘူး။ ဒါနဲ့ ပညာရေးဝန်ကြီးဌာန ဘက်က ဒေါက်တာကို ဘာလို့ဖြုတ်ရသလဲဆိုတဲ့အဖြေကို တရားလွှတ်တော်ချုပ်ရုံးမှာ ပေးပြီးပြီလား။

ဖြေ - ပေးပြီးပါပြီ။ ကျွန်မက အဲဒီအဖြေကို မိတ္တူရထားပြီးပါပြီ။ ပညာရေး ဘက်ကစွပ်စွဲချက်တွေကိုပေါ့။ ဒီတော့ ကျွန်မဘက်ကလည်း ခုခံချေပလွှာတွေ တင်ထားပါတယ်။

မေး - အဓိက ဘာလို့ပြောလဲဗျ။

ဖြေ - ထုံးစံအတိုင်းပေါ့ရှင်။ သူတို့က ကျွန်မမှာ အပြစ်ရှိလို့ အပြစ်ပေးတာပေါ့။

မေး - ဒါဆို ဒေါက်တာ့မှာ အပြစ်ရှိနေတာပေါ့။

ဘဝတစ်လျှောက်လုံးအာမခံပြီး ပြောလိုတယ်။ ကျွန်မဘာအမှားမှမလုပ်ခဲ့ဘူး။ မသမာမှုလည်း မပြုခဲ့ဘူး။ ကျွန်မမှားနေရင် ဒီအထိ မတက်လာရဲပါဘူး။

မေး - ပညာရေးဘက်က ဆရာမကိုအလုပ်ဖြုတ်ရတဲ့ အဓိကအချက်က ဘာဖြစ်နေတာလဲလို့ ထွက်ဆိုချက်ပေးထားပါလဲ။

ဖြေ - စီးပွားရေးတက္ကသိုလ်ကို ပြောင်းသွားတဲ့သူနဲ့ လက်ရှိအဝေးသင်
မှာရှိတဲ့ ဆရာမနှစ်ဦးက ကျွန်မနဲ့ လက်မတွဲ နိုင်ပါဘူးဆိုတဲ့ တင်ပြချက် တစ်ခုရယ်၊ နောက်ပြီး လွန်ခဲ့ တဲ့ နှစ် များက ကျွန်မတိုင်တန်းခဲ့တဲ့ အကြောင်းအရာတွေက မဟုတ်မမှန်ဘဲ လုပ်ကြံတာကြောင့်ဆိုတဲ့
ပြစ်မှုများနဲ့လို့ ထွက်ချက်ပေးထားပါတယ်။

မေး - အဲဒီထွက်ချက်တွေအပေါ် ဆရာမ ဘာပြောလိုပါသလဲ။

ဖြေ - အထောက်အထားမဲ့ တွေလို့ ချေပထားပါတယ်။ ကျွန်မကိုဖြုတ်လိုက်တာ ၂ဝ၁၃ ခုနှစ် မတ်လ ၂၉။ ဟို ဆရာမတွေ ကျွန်မကိုလက်မတွဲနိုင်ပါဘူးဆိုတဲ့တိုင်တာ က ဇွန်လ ၂၇ ရက်။ ပညာရေးဝန်ကြီးဌာနဘက်က လုပ်မိလုပ်ရာလုပ်ရင်းနဲ့ တလွဲတချော်တွေ ဖြစ်ကုန်တာကို ပြောပြပါဦးမယ်။ နောက်တစ်ချက်က မဟုတ်မမှန်ဘဲလုပ် ကြံတယ် လို့ပြောတယ်။ ကျွန်မကိုစစ်လေ။ သက်သေတွေရှိတယ်။ မစစ်ဘူး။ ဘာလို့မစစ်လဲဆိုတော့ ကျွန်မတိုင်တဲ့ သူတွေက အခုဝန်ကြီးဌာနမှာအဆင့်မြင့်နေသူတွေ ဖြစ်နေ ကြတယ်လေ။

မေး - ဟုတ်ကဲ့ အခုဆရာမ ဘာဖြစ်ချင်ပါသလဲ။

ဖြေ - ကျွန်မအမှန်တရားကို လိုလားနေပါတယ်။ ကျွန်မ တရားလွှတ်တော်ချုပ်ရုံးရဲ့ဆုံးဖြတ်ချက်ကို စောင့်ဆိုင်း နေပါတယ်။ အခုကျွန်မအလုပ်ဖြုတ်ခံလိုက်ရတာ တစ်နှစ်ရှိသွားပါပြီ။ အကြောင်းထူးစေချင်ပါတယ်။

ပေါ်ပြူလာနယူးစ်
Popular Myanmar News Journal


ရွှေပေါက်ကံတွင် အိမ်ခြေ ၈၀ ကျော်ကို ပြောင်းရွှေ့ရန် စည်ပင် အကြောင်းကြား




ရန်ကုန်၊ ဇွန် ၆

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ် အမှတ် (၂၂) ရပ်ကွက် ကွန်ကရစ်လမ်းပေါ်တွင် နေထိုင်လျက်ရှိသော အိမ်ခြေ ၈၀၊ လူဦးရေ ၃၈၀ ကျော်ကို စည်ပင်နယ်နိမိတ်တွင် ကျူးကျော်နေထိုင်သူဟု ဆိုကာ ဇွန်လ ၂၅ ရက်နေ့ နောက်ဆုံးထားကာ ပြောင်းရွှေ့ပေးရန် မြို့နယ်စည်ပင်သာယာရေး အုပ်ချုပ်ရေးရုံးက အကြောင်းကြားစာ ပေးပို့ထားကြောင်း ယင်းနေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ နေထိုင်သူများမှာ ကျပန်းလုပ်ကိုင်သူများ ဖြစ်ပြီး ရန်ကုန်မြို့တွင် အိမ်ငှားရမ်းရန် မတတ်နိုင်သောကြောင့် ယခုနှစ် ဧပြီလတွင်းက ဝင်ရောက် နေထိုင်သူများ ဖြစ်ကြောင်း၊ မြို့နယ်စည်ပင်က ပြောင်းရွှေ့ရန် စာထုတ် အကြောင်းကြားထားသော်လည်း နေစရာ မရှိခြင်း၊ အခြေခံပညာ သင်နေသော ကျောင်းသားများ ရှိခြင်းတို့ကြောင့် ဖယ်ရှားပေးမည် မဟုတ်ကြောင်း ယင်းနေရာတွင် နေထိုင်သူ ဦးစိုးဝင်းက ပြောကြားသည်။

“ဦးတို့မှာ နေစရာလည်း အထိုင်ကျနေပြီ။ ကလေးတွေလည်း ကျောင်းတက်နေပြီ ဆိုတော့ မဖယ်ပေးနိုင်ဘူး” ဟု ၎င်းက ရှင်းပြသည်။

ကျူးကျော်နေထိုင်သူများမှာ ကြည့်မြင်တိုင် တစ်ဖက်ကမ်း၊ တိုက်ကြီး၊ လှိုင်သာယာ၊ ဘိုကလေးနှင့် အခြားသော မြို့နယ်များမှ ပြောင်းရွှေ့လာသူများ ဖြစ်ကြောင်း၊ ကျူးကျော်နေထိုင်များကို စည်ပင်က ဖယ်ရှား ရှင်းလင်းရာတွင် အင်အားသုံးကာ အတင်းအကျပ် ဆောင်ရွက်ခြင်းများ လုပ်ဆောင်ခဲ့သောကြောင့် ၎င်းတို့ နေထိုင်ရာနေရာ ယာဉ်အဝင်အထွက်ကို သတိထားနေရပြီး ညပိုင်းတွင် ကင်းစောင့်ကာ စောင့်ကြည့်နေရကြောင်း ကျူးကျော်နေထိုင်သူများထံမှ သိရှိရသည်။

အဆိုပါ ကျူးကျော်များကို ဖယ်ရှားမှုနှင့် ပတ်သက်၍ မြောက်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေး အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းရာတွင် ကျန်းမာရေး မကောင်း၍ ဆေးရုံသို့ ရောက်ရှိနေသဖြင့် ယင်းအကြောင်းအရာကို မသိရသေးကြောင်း ပြန်လည်ပြောကြားသည်။
The Voice Weekly

ဥရောပ နိုင်ငံများသို့ လေကြောင်း တိုက်ရိုက် ပြေးဆွဲခွင့် ရသော်လည်း ခရီးသည် မရှိ၍ မပြေးဆွဲနိုင်


ဥရောပနိုင်ငံ များသို့ တိုက်ရိုက် ပျံသန်း ပြေးဆွဲခွင့်ရရှိ ထားသော်လည်း ခရီးသည် စီးနင်းမှု မရှိ၍ လေကြောင်းလိုင်းများ မပြေးဆွဲ နိုင်ကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ဥရောပ နိုင်ငံများနှင့် လေကြောင်း သဘောတူ စာချုပ်ချုပ် ဆိုထား သော်လည်း ခရီးသည် စီးနင်းမှု နည်းပါး၍ အာရှနိုင်ငံ များကိုသာ ပြေးဆွဲ နေကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန မှ သိရသည်။

အရင်တုန်း ကတော့ ဥရောပနိုင်ငံတွေကို တိုက်ရိုက် ပျံသန်းဖူးတယ်။ အဓိက ခရီးသည် မရှိလို့ ရပ်ဆိုင်းခဲ့တာ၊ အခု ခရီးသည်တွေ များလာ တော့ ပြေးဆွဲချင်တဲ့ လေကြောင်းလိုင်းတွေ ကို ခွင့်ပြုပေး သွားမယ် ဟု လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူး တစ်ဦး က ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံသည် နိုင်ငံပေါင်း (၄၆) နိုင်ငံနှင့် လေကြောင်း ပျံသန်းခွင့် သဘောတူ စာချုပ်ချုပ်ဆို ထားပြီး အဆိုပါ စာချုပ် များမှာ ခေတ်စနစ် နှင့် သင့်လျော်မှု မရှိတော့ သဖြင့် အသစ် ပြန်လည်ချုပ်ဆိုရန် စီစဉ် ထားကြောင်း သိရသည်။ ခရီးသည် နည်းနည်းလေး ဆိုတော့ ဘယ် လေကြောင်းလိုင်းမှ ပြေးဆွဲမှာမဟုတ်ဘူး။ခရီးကလည်း ဝေးတော့အရှုံးပေါ်မှာ။ဒါပေမဲ့ ခရီးသည် များလာရင်တော့တစ်မျိုးပေါ့ဟု MAI လေကြောင်းလိုင်းမှ ဈေးကွက် မန်နေဂျာ ဒေါ်အေးမရသာ က ပြောသည်။

ယခုလက်ရှိ ပြည်တွင်းမှ နိုင်ငံတကာသို့ ပျံသန်းနေသည့် လေကြောင်းလိုင်းများသည် ဘန်ကောက်၊ ကွာလာလမ်ပူ၊ စင်ကာပူ၊ တရုတ်၊ ကမ္ဘော ဒီးယားနှင့် အိန်္ဒိယစသည့် ခရီးစဉ်များကို အများဆုံး ပျံသန်း ပြေးဆွဲနေပြီး ဥရောပနိုင်ငံ များသို့ သွားရောက်လိုပါက စင်ကာပူ၊ ထိုင်းနိုင်ငံတို့မှ တစ်ဆင့် သွားရောက်လျက် ရှိကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံသို့ လေကြောင်းလိုင်းမှ ပြည်ပခရီးသည် ၀င်ရောက်မှုမှာ နှစ်စဉ် တိုးတက်နေပြီး ၂၀၁၁ ခုနှစ်တွင် ခရီးသည် သုံးသိန်းကျော် ၀င်ရောက်ခဲ့ကာ ၂၀၁၂ ခုနှစ်တွင် ခရီးသည် ငါးသိန်းကျော် ၀င်ရောက်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ပြည်ပ ခရီးသည် ကိုးသိန်းကျော် အထိ ၀င်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာနမှ သိရသည်။

Messenger News Journal

နားမကြားသူတွေအတွက် အခမဲ့ ပညာသင်ကျောင်း


နားမကြားသူတွေ ပညာသင်ကြားနိုင်ဖို့အတွက် အခမဲ့ အခြေခံပညာသင်ကျောင်းတခုကို ရန်ကုန်မြို့မှာ ဖွင့်လှစ်လိုက်ပါတယ်။

အကြားအာရုံ မသန်စွမ်းသူတွေအတွက် ဖွင့်ထားတဲ့ကျောင်းထဲ စ၀င်လိုက်ရင်ပဲ မြို့ရွာရပ်ကွက်တွေ ထဲက ကျောင်းတွေလို ကလေးတွေရဲ့ စာအံသံတွေနဲ့ ဆော့ကစားသံတွေကတော့ ကင်းမဲ့နေပါတယ်။

disableကျနော်တို့အတွက် ဒီကျောင်းနေရာကြီးဟာ တိတ်ဆိတ်ငြိမ်သက်နေပေမယ့် ကလေးငယ်တွေနဲ့ ဆရာတွေကြားမှာတော့ သူတို့ချင်းပဲ နားလည်ကြတဲ့ ဘာသာစကားတွေနဲ့ ဆူညံနေကြမယ် ထင်ပါတယ်။

ဘာလို့လဲဆိုတော့ ဒီနေ့က အကြားအာရုံ မသန်စွမ်းသူတွေအတွက် ဖွင့်လှစ်ထားတဲ့ အခြေခံပညာကျောင်း ရှိရာ အမှတ် ၃၄ (အက်ဖ်ဂျီ)၊ အိုးစု ၃ လမ်း တာမွေမြို့နယ်မှာ ပထမရက် ကျောင်းတက်နဲ့ ကျောင်းအပ် လက်ခံနေကြပြီး ဖြစ်ပါတယ်။

ကျောင်းအသစ် ဖြစ်တာကြောင့် အရာရာတိုင်းဟာ သစ်လွင်နေပြီး ကျောင်းအရှေ့မှာ နိုင်ငံတော်အလံ က တလူလူလွင့်နေတာလည်း မြင်တွေ့ရပါတယ်။

စာသင်ခန်းပေါင်း ၆ ခန်း ရှိပြီး အခြေခံပညာ သူငယ်တန်းကနေ စတုတ္ထတန်းအထိ သင်ကြားပေး နေတဲ့အပြင် နောက်ပိုင်းတွေမှာလဲ နယ်ကလာသူတွေအတွက် အဆောင်တွေ ထားပြီး အခမဲ့ သင်ကြားပေးမှာ ဖြစ်လို့ ၂ ထပ်တိုက်ခံအဖြစ် တည်ဆောက်ထားပါတယ်။

အဆောင်နေကျောင်းသားတွေအပါအ၀င် ကျောင်းသား ၁၀၀ ကျော် လက်ခံနိုင်တဲ့ကျောင်း ဖြစ်ပါတယ်။

ကျောင်းအပ် လက်ခံတဲ့ ဒီနေ့မှာပဲ ပညာလာသင်နေတဲ့ ကျောင်းသားနဲ့ ကျောင်းသူ ၂၄ ယောက် ရှိတယ်လို့ ဆရာမကြီးက ပြောပါတယ်။

ဆရာမကြီး ဒေါ်စုမြတ်နွယ် ကတော့ နားမကြားကလေးတွေဟာ သာမန်ကလေးတွေလို အတူတူပဲ ဖြစ်ပြီး ဒီလို ကျောင်းတွေ ပေါ်လာခြင်းက ကလေးတွေကို လူ့အသိုင်းအ၀ိုင်းအတွင်း အများနည်းတူ ၀င်ဆံ့လာမယ်လို့ ဆိုပါတယ်။
“နားမကြားကလေးတွေက သာမန်ကလေးတွေနဲ့ အတူတူပဲလေ။ သူတို့မှာ အတားအဆီး ဖြစ်နေတာ ဘာသာ စကားပဲလေ။ ကျမတို့လည်း အခုနေ နိုင်ငံခြားသွားလို့ တရုတ်စကား မတတ်ဘူးဆိုရင် ကျမတို့လည်း ဘာသာစကား အတားအဆီးဖြစ်နေတာ။ နားမကြားတဲ့ ကလေးတွေကလည်း ဘာသာစကား အတားအဆီး ဖြစ်နေတဲ့ ကလေးတမျိုးပဲပေါ့။ ဘာသာစကား ကိုသာ ဆက်သွယ်ပြောဆိုနိုင်မယ်ဆိုရင် လူ့အသိုင်းအ၀ိုင်းနဲ့ ကလေးတွေနဲ့ အတားအဆီး မဖြစ်တော့ဘူး။ ဒီလိုကျောင်းတွေ ပေါ်လာခြင်းအားဖြင့် အများနည်းတူ ကလေးတွေ သင်ယူနိုင်မယ်။”

မြန်မာပြည်မှာ ရှိတဲ့ လူဦးရေးရဲ့ ၂ ဒသမ ၃၂ ရာခိုင်နှုန်းဖြစ်တဲ့ ၁၃ သိန်းခန့်ဟာ မသန်စွမ်းသူတွေ ဖြစ်ပြီး မသန်စွမ်းသူတွေရဲ့ ၁၀ ရာခိုင်နှုန်းလောက်ဟာ နားမကြားသူတွေ ဖြစ်နေပေမယ့် ဒီလို စာသင်ကျောင်းတွေက နည်းပါးနေပါသေးတယ်။

အရင်တုန်းက မန္တလေးမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ နေရာချထားရေးဝန်ကြီးဌာနက ဖွင့်တဲ့ ကျောင်းတခုတည်းသာ ရှိရာက အခု ပညာသင်နှစ်မှာမှ စတင် ဖွင့်လှစ်လိုက်တဲ့ နားမကြားသူတွေရဲ့ အခမဲ့ ကျောင်းဟာ ဒုတိယမြောက်ကျောင်းလည်း ဖြစ်ပါတယ်။

ရန်ကုန်မြို့ရဲ့ အတိုင်းအတာမှာ စာသင်ကြားဖို့အတွက် မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်း တခုတည်းနဲ့ မလုံလောက်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်မှူး ဒေါ်ယုယုဆွေက ခုလို ပြောပါတယ်။
“ရန်ကုန်မြို့ရဲ့ အတိုင်းအတာမှာ စာသင်ကြားဖို့အတွက် မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်း တခုတည်းနဲ့ မလုံလောက်ဘူး။ နှစ်စဉ် နားမကြားသော ကလေးတွေ အများကြီး ရှိတယ်။ နယ်က လူတွေကို လက်ခံနိုင်ခြင်းမရှိဘူး။ အဲဒါကြောင့် အခု ဒီကျောင်းကို ဖွင့်မယ်။ ၂၀၁၄ – ၁၅ ပညာသင်နှစ်မှာ နေ့ကျောင်းကိုပဲ လက်ခံနိုင်မယ်။ နယ်က လူတွေအတွက် အဆောင်ကို ၂၀၁၅-၁၆ ပညာသင်နှစ်မှာ လက်ခံမယ်။”

ကြည့်မြင်တိုင်တဘက်ကမ်းမှာနေတဲ့ ဒေါ်လှနုထွန်းကတော့ အကြားအာရုံ မသန်စွမ်းသူ သမီးလေးကို တာမွေကကျောင်းအထိ လှေစီး၊ ကားစီးပြီး အကြိုအပို့ လုပ်နေရတာ ဖြစ်ပါတယ်။

သူတို့သားအမိကို ဆရာနဲ့ ဆရာမတွေကလည်း ချစ်ကြသလို ကျောပိုးအိတ်တွေလည်း ၀ယ်ပေးတယ်လို့ ဆိုပါတယ်။
ဒေါ်လှနုထွန်း က သားသမီးတွေကို ပညာတတ် ဖြစ်စေချင်တယ်လို့ နားမကြားတဲ့ သူသမီးလေးကို တချက်ကြည့်ရင်း ခုလို ပြောပါတယ်။
“ကလေးတွေကို ဖြစ်ထွန်းစေချင်တယ်။ ပညာတတ်စေချင်တဲ့ စိတ်ဆန္ဒရှိတယ်။ ဒါပေမယ့် ကျမတို့အနေနဲ့ ကလေးတွေဘက်ကို ပြန်လှည့်မကြည့်နိုင်တဲ့ အဆင့်ဖြစ်နေတယ်။ တဖက်တလမ်းက စားဝတ်နေရေးအတွက် ရှာဖွေနေရတယ်။”
သူ့မှာ သားသမီး ၅ ယောက် ရှိပြီး နားမကြားတဲ့ သမီးလေး စုလဲ့ဝင်းထွေးထက်ဆိုးတဲ့ ပိုလီယို ဖြစ်နေတဲ့ ၁၄ နှစ် အရွယ် အကြီးဆုံးသားကြီးတယောက်လည်း ရှိပါတယ်။

သူသမီးလေးအတွက် ကျောင်းတက်ဖို့ အဆင်ပြေပေမယ့် သူသားကြီးလိုမျိုးအတွက်တော့ ကျောင်းတွေကလဲ လက်မခံလို့ ဘာလုပ်ရမှန်း မသိသေးဘူးလို့ ဆိုပါတယ်။

ဒေါ်လှနုထွန်းက သူသားကြီးအတွက် တခုခုတော့ လုပ်ပေးရဦးမယ်လို့ ကျောင်းအခန်းနားက ဆရာမ တယောက်နဲ့ ပြောရင်း ကျောင်းဆင်းပြီမို့ နားမကြားတဲ့သမီးလေးကို လက်ဆွဲရင်း ထွက်သွားပါတော့တယ်။

DVB Burmese

အိန္ဒိယ ရွှေကျောင်းတော် ပဋိပက္ခ လူပေါင်းများစွာ ထိခိုက်ဒဏ်ရာရ




နယူးဒေလီ၊ ဇွန် ၅

အိန္ဒိယနိုင်ငံ ရွှေကျောင်းတော်၌ ဆစ်ခ်အုပ်စုများကြား ဓားကိုင် ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်းကြောင့် လူပေါင်းများစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ရွှေကျောင်းတော်ကို စစ်တပ်က ၁၉၈၄ ခုနစ်တွင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့မှု အောက်မေ့ဖွယ် အခမ်းအနား ကျင်းပနေစဉ် ယင်းကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အောက်မေ့ဖွယ် အခမ်းအနားတွင် မည်သူက ဦးစွာ စကားပြောသင့်ကြောင်း အချင်းများရာမှ တစ်ဆင့် ဆစ်ခ်ဘာသာဝင်များ၏ အမြင့်မြတ်ဆုံး ဘုရားကျောင်းတော်၌ ပဋိပက္ခ စတင်ဖြစ်ပွားခဲ့ကြောင်း သတင်းထောက်များက ပြောကြားသည်။

ဘုရားကျောင်းတော် လှေကားများအတိုင်း ပြေးဆင်းသွားသူများက ၎င်းတို့၏ ဓားများ ဝှေ့ရမ်းသွားသည်ကို မှတ်တမ်းများတွင် တွေ့နေရသည်။

ယင်းကဲ့သို့ ပဋိပက္ခများ ဖြစ်ပွားခဲ့ခြင်းကြောင့် လူ ၃ ဦးကို ဆေးရုံသို့ တင်ပို့ ပေးထားရသည်။

အန်ရစ်စတာဒေသရှိ ရွှေကျောင်းတော်တွင်းရှိ ဆစ်ခ်ခွဲထွက်ရေး ဝါဒီများကို ကြယ်ပြာစစ်ဆင်ရေးဟု အမည်ပေးသွားသည့် စစ်ရေးစီးနင်းမှုဖြင့် ၁၉၈၄ ခုနစ်တွင် ဖြေရှင်းခဲ့ခြင်းကြောင့် လူပေါင်း ၄၀၀ ကျော်နှင့် စစ်သား ၈၇ ဦး သေဆုံးခဲ့ကြောင်း အိန္ဒိယအစိုးရက ပြောကြားသည်။

သို့သော်လည်း သေဆုံးသူ အရေအတွက်မှာ အစိုးရအဖွဲ့ ပြောကြားသည်ထက် ပိုမိုပြီး ၁၀၀၀ နီးပါးထိ ရှိကြောင်း ဆစ်ခ်အုပ်စုများက ပြောကြားသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်က ဖြစ်ပွားခဲ့သည့် သတ်ဖြတ်ခံရမှု ဖြစ်ရပ် အထိမ်းအမှတ်အဖြစ် ရာပေါင်းများစွာသော ဆစ်ခ်ဘာသာဝင်များက ဇွန်လ ၆ ရက်နေ့တွင် ရွှေကျောင်းတော်၌ စုဝေးခဲ့သော်လည်း နောက်ပိုင်းတွင် ပဋိပက္ခများအဖြစ် ပြောင်းလဲသွားခဲ့သည်။

“၁၉၈၄ အာဇာနည်တွေကို အောက်မေ့သတိရဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။ အဲဒီအဖြစ်အပျက်က အရမ်းဝမ်းနည်းဖို့ ကောင်းပါတယ်” ဟု ပန်ဂျပ်ပြည်နယ် အာဏာရပါတီ ဆီရိုမာနီ အကာလီအဲ၏ ပြောရေးဆိုခွင့်ရှိသူ ဆင်းချဒူမာရာက ပြောကြားသည်။

“ရွှေကျောင်းတော်က ဒီနေ့မှာလည်း ဂုဏ်သိက္ခာမဲ့ ဖြစ်ရပြန်ပြီ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အထွတ်အမြတ်ထားရာ ရွှေကျောင်းတော်အတွင်း ပဋိပက္ခဖြစ်ပွားခြင်းကို လက်မခံနိုင်ကြောင်း အဆိုပါ ဖြစ်ရပ်တွင်း ပါဝင်သူများကို ကျောင်းစီမံရေးအဖွဲ့က အရေးယူသွားမည် ဖြစ်ကြောင်း ဆင်းချဒူမာရာက မှတ်ချက်ပြုသည်။

The Voice Weekly

ကမ္ဘာ့ဖလားဘောလုံးပွဲမှာ လုပ်ပွဲပြဿ နာ ဒိုင်တွေ သတိထားရန် ဖီဖာဒိုင်ချုပ်ပြော


မကြာခင် ဘရာဇီးနိုင်ငံမှာ ကျင်းပတော့မယ့် ကမ္ဘာ့ဖလားဘောလုံးပွဲမှာ လုပ်ပွဲပြဿ နာဟာ ဘောလုံးပွဲ ဒိုင်တွေအားလုံးရင်ဆိုင်ရမယ့် ပြဿနာဖြစ်နိုင်ပြီး ဒိုင်တွေအားလုံး သတိထားကြ ရလိမ့်မယ်လို့ ဖီဖာဒိုင်ချုပ်က ပြောကြားပါတယ်။

လွန်ခဲ့တဲ့ နှစ်ပတ်က အင်္ဂလန်မှာကစားခဲ့တဲ့ နိုင်ဂျီးရီးယား နဲ့ စကော့တလန်ခြေစမ်းပွဲအပါအ၀င် အခုနှစ် ကမ္ဘာ့ဖလားခြေစမ်းပွဲတွေမှာ လုပ်ပွဲတွေ ကစားခဲ့ကြတယ်လို့ စွပ်စွဲမှုတွေ ရှိခဲ့ပါတယ်။

တောင်အာဖရိက ကမ္ဘာ့ဖလားဘောလုံးပွဲတွေ ကစားတုန်းကလည်း အခုလို လုပ်ပွဲပြဿ နာ တွေရှိခဲ့ပြီး အခုလည်း ဒီပြဿ နာကတော့ရှိနေတယ်လို့ ဖီဖာလုံခြုံရေးအကြီးအကဲကလည်း ပြောဆိုပါတယ်။

“အဲဒီလို လုပ်ပွဲပြဿနာတွေကရှိတော့ ဒိုင်တွေအားလုံးက သတိကြီးကြီးထားကြရမှာဖြစ်ပေမယ့် အခုကမ္ဘာ့ဖလားပွဲဟာ ပြဿ နာ တစုံတရာမရှိပဲ အောင်အောင်မြင်မြင်ကျင်းပနိုင်ပါလိမ့်မယ်”လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဒိုင်ချုပ် ဘူစကာ က ပြောဆိုခဲ့ပါတယ်။

အခု ဘရာဇီးကမ္ဘာ့ဖလားဘောလုံးပွဲက စတင်ပြီး ကင်မရာ ၁၄ လုံး အကူအညီနဲ့ ဂိုးလိုင်းနည်းပညာကို ပထမဆုံး အသုံးပြုမှာဖြစ်ပြီး မိနစ်ပိုင်းအတွင်း ပျက်ပြယ်တဲ့ အမှတ်အသားပြ စပရေးဗူးတွေကိုလည်း စတင်သုံးစွဲမယ်လို့ သိရပါတယ်။

DVB Burmese

စည်းကမ်းရှိသော ဒီမိုကရေစီ"ဟူသည့် အသုံးအနှုန်းကို မကြိုက်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမအကြိမ်ဗဟိုကော်မတီ တတိယအကြိမ်အစည်းဝေးကို ဇွန်လ ၇ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီ စားသောက်ခန်းမတွင်
ကျင်းပစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

နန်းလွင်နှင်းပွင့်၊ ခင်မြတ်မြတ်ဝေ

ရန်ကုန်၊ မဇ္ဈိမ။ ။ ဒီမိုကရေစီနိုင်ငံ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်းများ ဆောင်ရွက်နေဆဲ ဖြစ်သည့် မြန်မာနိုင်ငံတွင် “ စည်းကမ်းရှိသော ဒီမိုကရေစီ" ဟူသည့် စကားလုံးမှာ ပြောဆိုရန် မလိုအပ်သည့် စကားဖြစ်ပြီး ထိုအသုံးအနှုန်းကို မိမိအနေဖြင့် မကြိုက်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က
ဗဟန်းမြို့နယ်၊ ဒို့ရိုးရာ စားသောက်ဆိုင်တွင် ကျင်းပသည့် ပထမအကြိမ် ဗဟိုကော်မတီဝင် အစည်းအဝေးတွင် ပါတီဝင်များကို ပြောဆိုလိုက်သည်။

“ဒီမိုကရေစီလို့ ဆိုကတည်းက သူ့မှာ စည်းကမ်းဆိုတာ ပါလာပြီးသားပါ၊ စစ်မှန်တဲ့ ဒီမိုကရေစီဆိုရင် လုံလောက်ပါပြီ" ဟုပြောသည်။


ဒေါ်အောင်ဆန်းစုကြည်ဆိုလိုခြင်းမှာ လက်ရှိ မြန်မာနိုင်ငံရေး အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ လုပ်ဆောင် နေကြရာတွင် “ စည်းကမ်းရှိသောဒီမိုကရေစီ “ ဟူသည့် အသုံးအနှုန်းများ သုံးနှုန်းပြောဆိုနေခြင်းများကို ဆိုလိုခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင်း နိုင်ငံရေးအသွင်ကူးပြောင်းရေး ဆောင်ရွက်ရာတွင် “ စစ်မှန်သည့် ဒီမိုကရေစီ" ဆိုသည့် အသွင်ကိုသာ ဖော်ဆောင်ရမည် ဖြစ်ပြီး စစ်မှန်သည်ဟူသည့် စကားလုံး အတိုင်း ဒီမိုကရေစီလမ်းစဉ်၏ စည်းကမ်းများနှင့် အညီ သွားကြရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။


ထို့ပြင် ဒီမိုကရေစီနိုင်ငံတော်သို့ အသွင်ကူးပြောင်းရာတွင် ပိုမိုအောင်မြင်စေရန်၊ ထိရောက်စေရန် အပြုသဘောဆောင်သည့် အကြံပြုချက်များ ရှိရန် အပြန်အလှန်ရှိရန် လိုအပ်သည်ဟု ဆိုသည်။


၂၀၁၁ ခုနှစ်မှ စ၍ သမ္မတသစ် တတ်လာပြီးသည့်နောက် ဒီမိုကရေစီနိုင်ငံတော်သို့ ကူးပြောင်းရန် အစိုးရမှ ဦးဆောင်ကာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းများ၊
တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၊ နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးခြင်းများ၊ ပါတီများ လွတ်လပ်စွာ စည်းရုံးခွင့် ထူထောင်ခွင့်များ စသဖြင့်
ဒီမိုကရေစီနိုင်ငံတော်၏ အခြေခံ ရှိရမည့် အခွင့်အရေးပေးခြင်းများ စတင်ပြုလုပ်နေသည်မှာ ၂ နှစ်ခွဲခန့်ရှိပြီဖြစ်သည်။

Mizzima Burmese

ပုလောမြို့နယ် ရေချိုကျေးရွာ အမကတွင် ဆွံ့အ နားမကြားသူတစ်ဦး ၀င်ရောက်နှောင်ယှက်မှုဖြစ်ပွား


ပုလော ဇွန် ၇

ပုလောမြို့နယ် ရှပ်ပုံကျေးရွာအုပ်စု ရေချိုကျေးရွာ အမကတွင် ဇွန်လ(၆)ရက် နံနက်(၁၀)နာရီခန့်က ဆွံ့အ နားမကြားသူ တစ်ဦးမှ ဓါးမတစ်ချောင်းကိုင်ဆောင် ၍ ကျောင်းတံခါးမှန်များခုတ်ခွဲဝင်ရောက်ပြီး ဆရာ/မနှင့် ကျောင်းသား/သူများ အား နှောင့်ယှက်ခြင်းများကြောင့် ဆရာ/မနှင့် ကျောင်းသား/သူများ ကျောင်း အတွင်းမှ ထွက်ပြေးခဲ့ရကြောင်း သိရှိရသည်။

ဖြစ်စဉ် ကျူးလွန်သူ မောင်နိုင်နိုင်ဦး (ဆွံ့အနားမကြားသူ)အား ပုလောမြို့နယ်ရဲတပ်ဖွဲ့၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့စစ်အဖွဲ့တို့မှ ဖမ်းဆီးနိုင်ခဲ့ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းမေးမြန်းရာ အရက်မူးခြင်း၊ စိတ်ဖောက်ပြန်ခြင်းမရှိဘဲ ကျောင်းဝင်းအတွင်းရှိ ဈေးဆိုင်အား မကျေနပ်၍ ၀င်ရောက် ရမ်းကားခြင်း ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါဖြစ်စဉ်ကို ကျူးလွန်သူ မောင်နိုင်နိုင်ဦးအား ပုလောမြို့နယ် ရဲတပ်ဖွဲ့မှ ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar

ဥရောပ တွင် လေယာဉ်ပျံအတွင်း ၀ိုင်ဖိုင်တပ်ဆင်မူ ၂၀၁၇ အတွင်း ရရှိရန်မျှော်မှန်း




အမေရိကမှာတော့ လေယာဉ်ပျံအတွင်း အင်တာနက် အသုံးပြုမူ အဆင်သင့် ရရှိနေပြီးနည်းတူစွာ ဥရောပတစ်ခွင်မှာတော့ ထို အမျိုးအစား ဆက်သွယ်မူဟာ
မမူလောက်ဌာတဲ့ အနေအထားမှာ ရှိနေပါတယ်။ ထိုသို့ အမေရိက တစ်ခွင်လုံးတွင် ရရှိသကဲ့သို့ လေယာဉ်ခရီးသွားအွန်လိုင်းရရှိစေရန် ဥရောပရဲ့ ကျယ်ပြန့်လှတဲ့ နက်ဝပ်ချိတ် ဆက်မူကြီး တစ်ခု ဖန်တီးရန်အတွက် ကြီးမားခံ့ညားလှတဲ့ အစီအစဉ်တစ်ခုကို ဗြိတိသျှဂြိုလ်တုတယ်လီကွန်မြူနစ်ကေရှင် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Inmarsat က
ကြေငြာခဲ့ပါတယ်။ ထို ဂြိုလ်တု ကမ္ပဏီအနေနဲ့ အမေရိကမှာ လေယာဉ်ဝိုင်ဖိုင် စီစဉ်ခဲ့တဲ့ GoGo ကဲ့သို့ တူညီတဲ့နည်းလမ်းဖြင့် Data Traffic ကြီးတစ်ခုကို
ထိန်းချုပ်မှာ ဖြစ်ပြီး နက်ဝက် 4G အစီအစဉ်တွေနဲ့ လုပ်ဆောင်ကာ ပါတနာအနေနဲ့ ပါဝင်သွားမှာ ဖြစ်ပါတယ်။

ဥရောပနဲ့ထိုကုမ္ပဏီနာမည်နှစ်ခုကို ပေါင်းစပ်ခေါ်ဆိုထားတဲ့ Europasat
ဆိုတဲ့နာမည်ဖြင့် အသစ်တည်ဆောက်ထားတဲ့ ဂြိုလ်တုကို နာမည်ပေးမှာ ဖြစ်ပြီး မတူညီတဲ့ ဆဲလ်တာဝါတိုင်တွေနဲ့အတူ လေယာဥင်္တစ်စင်းနဲ့ တစ်စင်း
ဆက်သွယ်မူလိုင်းတွေ ကောင်းမွန်တည်ငြိမ်အောင် ပြုလုပ်မှာ ဖြစ်ပါတယ်။

Aung Heine ...

Smart Pro Journal

ကညနက အမျိုးသမီးစပယ်ယာ လိုင်စင်များ စတင်ထုတ်ပေး


အမျိုးသမီးယာဉ်နောက်လိုက်တစ်ဦး လုပ်ငန်းခွင်ဝင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ − နစ်ကီ)

 အမျိုးသမီးယာဉ် နောက်လိုက်များအား တစ်လအ တွင်း စပယ်ယာလိုင်စင် ၁၉ ခု ထုတ်ပေးပြီးဖြစ်ကြောင်း ကုန်း လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီး မှူးရုံးမှ ဦးစီးအရာရှိဦးမြင့်အောင် ကပြောကြားသည်။

‘‘စပယ်ယာလိုင်စင်အတွက် စပယ်ယာစည်းကမ်းချက်ဆောင် ရန်၊ရှောင်ရန်တွေကို ရေးဖြေရပါ တယ်။ အခုလိုင်စင်ရသွားတဲ့ ၁၉ ဦးက ၄၈ အထူးအဲကွန်းကပါပဲ’’ ဟု ၎င်းကဆိုသည်။

မေလ ၁၅ ရက်မှ ဇွန်လ ၅ ရက်အထိ တစ်လအတွင်းထုတ်ပေးခဲ့ခြင်းဖြစ်သည်။ ဧပြီလကုန်ပိုင်းမှစတင်၍ အစမ်းခန့်အပ်ထားသော ၄၈ အထူး အဲကွန်း(ကွန်ပျူတာ တက္ကသိုလ်)မှ အမျိုးသမီးယာဉ်နောက်လိုက် ငါးဦးအပါအ၀င် စုစုပေါင်း ၁၉ ဦးမှာ ကညနလိုင်စင်နှင့် ယာဉ်လုပ်သားလိုက်ခွင့်ကတ် ပါ ရရှိပြီးဖြစ်သည့်အပြင် ၁၂၄ အထူးမြောက်ပိုင်းခရိုင်ယာဉ်လိုင်းတွင် လည်း အမျိုးသမီးယာဉ်နောက် လိုက် ခြောက်ဦးထပ်မံခန့်ထား ပြီဖြစ်ကြောင်း ယာဉ်ပိုင်ရှင် ဦး တရုတ်လေးကပြောသည်။

လက်ရှိ ၁၂၄ အထူးမြောက် ပိုင်းခရိုင်ယာဉ်လိုင်းရှိ ယာဉ်နှစ် စီးတွင်သာ သုံးဦးစီခန့်ထားပြီး ဖြစ်သော်လည်း တစ်ဦးစီးမှာ အလုပ်သင်အဖြစ်သာ ခန့်ထား ကြောင်း သတင်းရရှိသည်။

၁၂၄ ယာဉ်လိုင်းရှိ မြို့တွင်း ခရီးသည်အများဆုံးစီးနင်းလိုက် ပါလေ့ရှိသောကြောင့် အမျိုးသမီး ယာဉ်နောက်လိုက်နှစ်ဦး ထားရှိ ခြင်းဖြစ်ပြီး ကားပေါ်တွင် သုံး ယောက်တန်းထိုင်ခုံရှေ့နောက် နှစ်ခုံဖြုတ်ကာ ခြံဝန်းပုံစံတံခါး ကန့်ထားပြီး နေရာသတ်မှတ်ပေး ထားကြောင်း သိရသည်။

အမျိုးသမီး ယာဉ်နောက် လိုက်အလုပ်ကို အမျိုးသမီးအများ စုလာရောက်လျှောက်ထားသော် လည်း ညဘက်အိမ်ပြန်ချိန်တွင် အမျိုးသမီးများလုံခြုံရေးအတွက် ယာဉ်သိမ်းသည့်နေရာဖြစ်သော အင်းစိန်မြို့နယ်အနီးတစ်ဝိုက်ကိုသာ ဦးစားပေး ခန့်အပ်ထားပြီး မိသားစုအချင်းချင်း တွဲဖက်လုပ် ကိုင်မည်ဆိုပါက လက်ခံပေးမည်ဖြစ်ကြောင်း ယာဉ်ပိုင်ရှင် ဦးတရုတ်လေးက ပြောသည်။

၁၂၄ ယာဉ်လိုင်းတွင် ယာဉ် အစီးရေ တစ်ရာဝန်းကျင်ရှိသော် လည်း ၎င်းပိုင်ဆိုင်သော ယာဉ် ၂၉ စီးလုံးတွင် အမျိုးသမီးယာဉ် နောက်လိုက်များ ခန့်အပ်သွား မည်ဖြစ်ပြီး လက်ရှိတွင် ၁၀ စီး တိုးချဲ့နိုင်ရန် ဆောင်ရွက်နေ ကြောင်း ၎င်းက ပြောသည်။

 ၁၂၄ အထူး မြောက်ပိုင်း ခရိုင်ယာဉ်များကို ကွန်ပျူတာ တက္ကသိုလ်မှ ဗိုလ်တထောင်စေတီအထိ တစ်နေ့လေးခေါက်ခန့်ပြေးဆွဲလျက်ရှိသည်။

မြန်မာနိုင်ငံတွင် ၁၉၇၀ ၀န်း ကျင်က ကုန်းလမ်းပို့ဆောင်ရေး ကော်ပိုရေးရှင်းလိုင်းတွင် အမျိုး သမီးယာဉ်နောက်လိုက်များ တရားဝင်လိုင်စင်ဖြင့် အလုပ်လုပ်ကိုင်ဖူးကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန စာရင်းများအရ သိရသည်။

Author: အိမွန်ကျော်
7DAY DAILY


ကမ္ဘာ့အကြီးဆုံး သားအိမ်ကင်ဆာ အကြိတ် ခွဲထုတ်


အန္ဒိယ နိုင်ငံ Chennai ရဲ့ မြောက်ဘက်ရှိ မြို့ငယ် တစ်ခုမှ Latha လို့ အမည်ရတဲ့ အမျိုးသမီးကြီး ဖြစ်ပါတယ်။ အသက် အားဖြင့် ၅၂ နှစ် ရှိပြီ ဖြစ်ပြီး သားအိမ် ကင်ဆာ ဝေဒနာ ခံစားနေရ ပါတယ်။ ယင်းဝေဒနာ ကြောင့် ဆေးရုံမှာ ခွဲစိတ် ကုသမှ ပြုလုပ် ခဲ့ပြီး ပုံမှာ မြင်တွေ့ ရသလိုပဲ ကမ္ဘာ့ အကြီးဆုံး ကင်ဆာ အကြိမ်ကြီးကို ခွဲထုတ် လိုက်နိုင်ခဲ့ ပါတယ်။


ပေါင်ချိန်အားဖြင့် ပေါင် ၃၀ ရှိပါတယ်။ ခွဲစိတ်မှု ကြာမြင့်ချိန်က ၃ နာရီခွဲ ဖြစ်ပြီး အမျိုးသမီး ကြီး ဟာလည်း အသက်ဘေးမှ လွတ်မြောက်ခဲ့ ပါတယ်။ အကြိတ်ရဲ့ အလေးချိန်က သာမန် မွေးကင်းစ ကလေးငယ်ထက် ငါးဆ တောင် လေး ပါတယ်။ ယင်း အကြိတ်ကို အနှစ် ၂၀ ကျော်ကြာတောင် မွေးမြူ ခဲ့ခြင်း ဖြစ်ပြီး နှစ်ကြာလာ တဲ့ အလျောက် ကြီးထွား လာခြင်း ဖြစ်ပါတယ်။ အန္ဒိယ တိုင်းမ် သတင်းစာမှာ ဖော်ပြ ခံရပြီး ယင်း အမျိုးသမီး ရဲ့ သတင်းဟာ ကမ္ဘာ အနှံ့ ကူးဆက် ပြန့်နှံ့ သွားပါတယ်။

Latha အမျိုးသမီးကြီး မှာ ယင်းကဲ့သို့ အကြိတ်မျိုး ထပ်မံ မဖြစ်နိုင်တော့ကြောင်း သိရ ပါတယ်။
.
Ref: metro
အောင်ခမ်း (www.innewsmyanmar.com)

၈၈ ကိုမြအေး နှလုံးခွဲစိတ်မှု အောင်မြင်


၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမြအေးဟာ နှလုံးမှာရှိတဲ့ သွေးကြောတွေ ပိတ်ကုန်လို့ ဇွန်လ ၇ ရက်က ခွဲစိတ်ကုသမှုခံယူရပြီး ခွဲစိတ်မှု အောင်မြင်ခဲ့ပါတယ်။

ကိုမြအေးရဲ့ ခွဲစိတ်ကုသမှု အခြေအနေနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသား ကိုပဏ္ဍိတ်ထွန်းကို ဒီဗွီဘီ ၀ိုင်းတော်သား ကိုရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
အသံဖိုင် နားဆင်ရန်




DVB Burmese

တရုတ် စစ်အသုံးစရိတ် တစ်နှစ် ဒေါ်လာ ၁၄၅ ဘီလျံရှိ



ဇွန်၊၇ရက်။

တရုတ်နိုင်ငံရဲ့ ပြီးခဲ့တဲ့နှစ် ကာကွှယ်ရေးအသုံးစရိတ်ဟာ အမေရိကန် ဒေါ်လာ
၁၄၅ ဘီလျံ ရှိတယ်လို့ အမေရိကန် ကာကွှယ်ရေး ၀န်ကြီးဌာနက ပြောပါတယ်။
ဒီငွေပမာဏဟာ တရုတ်နိုင်ငံက တရားဝင်ဖော်ပြတဲ့ ပမာဏထက် အဆ ၂၀ ကျော်
ပိုများနေတာ ဖြစ်ပါတယ်။ ဒါဟာ တရုတ် နိုင်ငံရဲ့ ရေတပ်နဲ့လေတပ်
ခေတ်မီဖို့အပြင် ဆိုင်ဘာစစ်ပွှဲ တိုက်ခိုက်နိုင်စွမ်းအတွက်
ရင်းနှီးမြှုပ်နှံမှုတွေကို ထင်ဟပ်စေတယ်လို့
ပင်တဂွှန်စစ်ဌာနချုပ်ကပြောကြောင်း အမေရိကန် ကွန်ဂရက်က နှစ်စဉ်ထုတ်ပြန်တဲ့
အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဘေဂျင်းမြို့တော်မှာရှိတဲ့
ကာကွယ်ရေးဌာနကတော့ ဒါတွေဟာ တရုတ်ရဲ့ စစ်ရေးခြိမ်းခြောက်မှုကို
ချဲ့ကားထားတဲ့ အဓိပ္ပာယ်မရှိ ပြောဆိုမှုဖြစ်တယ်ဆိုပြီး ပယ်ချလိုက်ပါတယ်။
ပြီးခဲ့တဲ့မတ်လမှာ တရုတ်အစိုးရက ကာကွှယ်ရေးအသုံးစရိတ် ၁၂ ရာခိုင်နှုန်း
တိုးမြှင့်ကြောင်း ကြေညာခဲ့ပါတယ်။

source;Straight Time

ဘာသာပြန် David


The Myanma Age

မြန်မာလူကုန်ကူးဂိုဏ်ကြီးတစ်ဂိုဏ်းအားနှိမ်နင်း


   မြန်မာလူကုန်ကူးမှုဂိုဏ်း ကြီးတစ်ဂိုဏ်းအားထိုင်းနိုင် ငံ ဘန်ကောက်၊ မဟာချို င်
 နှင့်မဲခေါင်ငါးဖမ်း လှေဆိပ် တို့တွင်ထိုင်းအစိုးရလူကုန်  ကူးမှုအထူးရဲတပ်ဖွဲ့ AHTD,MAT အဖွဲ့နှင့် FED အဖွဲ့တို့ က ယမန်နေ့က နှိမ်နင်း လိုက်ကြောင်းသိရှိရသည်။



             ဇွန်လ၄ ရက်နေ့က ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ပနိုကျေးရွာမှ  အသက် ၁၈ နှစ်အရွယ် ကိုပိုင်ဆိုသူသည် ပွဲစားများ အခန်းပိတ်လှောင်ထားစဉ် ခေါင်မိုး    အောက်မှထွက်ပြေးလွတ်မြောက်
လာခဲ့သည်။

ငါးဖမ်း လှေပေါ်သို့ ရောင်းစားခံလိုက်ရသည့် တရွာတည်းသား သက်ကိုလွင်   နှင့် ဝေအောင် တို့ လွတ်မြောက်ရေးအတွက် ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ဆက်သွယ် အကူညီေ တာင်းခံလာခဲ့သည်။


  ပထမဦးဆုံးထွက်ပြေးလွတ်မြောက် သူ အသက် ၁၈နှစ်အရွယ် ကိုပိုင် က” ကျနော်တို့ကို ပေါင်မုန့် အလုပ် ရုံကိုသွင်းပေးမယ် ဆိုပြီးတစ်ယောက် ကို ဘတ်ငွေ ၁,၅၀၀ စီနဲ့ အလုပ်ရှာေ ပးခယူပါတယ်။ လှေဆိပ်မှာ ထပ်ပြီး တစ်ယောက်ကိုဘတ်ငွေတစ်သောင်း စီနဲ့ ရောင်းစားခဲ့ပါတယ်။ ကျနော့်သူ ငယ်ချင်း ၂ယောက်ကို ငါးဖမ်း လှေ  ကို ထည့်လိုက်ပါတယ်။ ကျနော့်ကိုနောက်နေ့မှာ တစ်နေရာကို ပို့မယ်လို့ပြော ပါတယ်။

ပွဲစားအိပ်နေတုန်း အမိုးနဲ့ နံရံကြားက ကျော်တက်ပြီး ၈နာရီလောက် လမ်းလျှောက်ပြီး ဘန်ကောက်က အဝေးပြေး ကားဂိတ်ကို အငှါးကား စီးလာ တယ်။ အဲဒီကတစ်ဆင့် ဘန်ကောက်မှာ အလုပ်လုပ်နေတဲ့ အစ်မ ဆီကို အရောက်လာခဲ့တာပါ။  ပွဲစားသိန်းဦး က အစ်မကိုဖုန်းဆက်သေးတယ်။ ကျနော်တို့ သုံးယောက် ထွက်ပြေးတာ ပုလိပ်ဖမ်းလို့ တစ်ယောက်ကို တစ်သောင်းစီ နဲ့ရွေးရမယ်လို့ ထပ်ပြီး လိမ်တောင်းသေးတယ်”  ဟုပြော သည်။
   

 MAT အဖွဲ့ရုံးတာဝန်ခံ ဦးစိုင်းအေး က MAT အဖွဲ့၏ ဥပဒေ အကြံပေး ဦးအောင်မျိုးသန့် နှင့် အတူ ပူးပေါင်းဆောင်ရွက်နေကျဖြစ်သော ထိုင်းတောင်ပိုင် ဖန်ငအခြေစိုက် ပညာရေးေ ဖါင်ဒေးရှင်း FED တို့နှင့် ညှိနှိုင်းတိုင်ပင်ပြီးေ နာက် မြန်မာလူကုန်ကူးမှု ဂိုဏ်းကြီးအားAHT D နှင့် ပူးပေါင်းကာ နှိမ်နင်းခဲ့ခြင်းဖြစ်သည်။

           ဘန်ကောက်မြို့ဖလန်ဆောင်နယ်မြေ ထပ်ခမ်းရဲစခန်းအကူညီဖြင့် ဇွန်လ ၅ရက်နေ့ နံနက် ပိုင်းက  ဘန်ကောက်မြို့ ဘန်ခွန်ထီယန်နယ်မြေတွင်နေထိုင်သည့် ဂိုဏ်းခေါင်ဆောင် သိန်းဦးအား အထောက် အထားအပြည့်အစုံဖြင့် ဖမ်းဆီးနိုင် ခဲ့သည်။

           MAT အဖွဲ့ဝင်တို့သည် လွတ်မြောက်လာသူတို့၏ အကူညီဖြင့် လိုအပ် သည့်အချက်အလက်များ အား ထပ်မံစုံစမ်းပြီးနောက် ဇွန်လ ၆ ရက်နေ့တွင် မဟာချိုင်မှ ပွဲစားဂိုဏ်း ခေါင်းဆောင် အမျိုးသမီးကြီး ဒေါ်ချမ်း ကို ဖမ်းဆီးခဲ့ သည်။ ထို့နောက်  စမုတ်ဆုံခါခရိုင် မဲခေါင်လှေဆိပ်မှ အခန်းပိတ်လှောင် ထား သည့် ပွဲစားအခင် နှင့်အကျော်ဆိုသူတို့အားဖမ်းဆီးပြီး နောက်ငါးဖမ်းလှေပေါ်   သို့ ထပ်မံ ရောင်းစား သည့် ပွဲစား အောင်နိုင်တို့ကို ဖမ်းဆီးနိုင်ခဲ့သည်။

            MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က “ဒီလထဲမှာ လူကုန်ကူး ခံနေရသူတွေကို ကယ်ထုတ်ဖို့ အချက် အလက် အပြည့်အစုံစုဆောင်းထားပြီး သား နောက်ထပ် ၃ နေရာကျန်ပါသေးတယ်။ နိုင်ငံရေးအခြေအနေအရ ထိုင်း အစိုးရဘက်က အလုပ်လုပ်နိုင်မှုအားနည်းနေသလို ကျနော်တို့မှာလည်း လုံခြုံ  အရရော စရိတ် စကပါ ကျနော်တို့ ကိုယ့်အား ကိုယ်အင်နဲ့လုပ်နေရတာဖြစ် တာကြောင့်ချင့်ချိန်ပြီးလုပ်နေရကြတာပါ။ထိုင်းငါးဖမ်းလှေတွေပေါ်မှာ ရောင်းစားခံနေရသမျှ မြန်မာတွေကို ကျနော်တို့ ကယ်တင်ဖို့ ခက်ခဲဦးမှာဖြစ် ပါတယ်။

 မြန်မာအစိုးရနဲ့ နိုင်ငံတကာ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့တွေ မူဝါဒတွေ ပြောင်းလဲ လုပ်ကိုင် နိုင်ပါစေလို့ သာဆိုတောင်း နေမိတယ်” ဟုပြောသည်။

     မြန်မာအမြောက်အမြား   ထိုင်းနိုင်ငံအတွင်း လူကုန် ကူးခံနေကြရသော် လည်း လူကုန်ကူးမှုတစ်ခု ဖေါ် ထုတ် ရန်အတွက်အချိန်နှင့် စရိတ်စကအမြောက်အမြား အသုံးပြုကြရကြောင်း MAT အဖွဲ့က ပြောပြ သည်။ လူကုန်ကူးမှုတိုက် ဖျက်ရေးလုပ်ငန်းသည် ချမ်းသာသူများ၊ အာဏာပိုင် များနှင့် လူမိုက်များ ပူးပေါင်း လုပ်ဆောင်ကြသည့် ဧရာမစီးပွားရေးလုပ်ငန်းကြီး တစ်ခု   ဖြစ်သည်။    ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေး တပ်ဖွဲ့တို့တွင် အစိုးရ ပီပီ ယာဉ်၊ ကိရိယာများနှင့် လူအင်အား ငွေအင်အား အသုံးပြုနိုင်ကြသည်။


       MAT အဖွဲ့ တွင်မူ မည်သည့်အစိုးရနှင့် မည်သည့်အဖွဲ့အစည်းတို့ကမှ ကူညီပေးထားမြင်းမျိုးမရှိပေ။အချို့အမှုကိစ္စများအတွက်ရင်းနှီးသည့်မိတ်ဆွေများ ထံမှ အခါအားလျှော်စွာ စရိတ်စက အကူညီတောင်း၍ လုပ်ကိုင်နေကြရသည်။

         MAT အဖွဲ့သည်  ၂၀၁၄ ခုနှစ်၊ ယခုလူကုန်ကူးမှုအထိ  လူကုန်ကူးခံရ သူပေါင်း ၉၀ဦးတို့ကို ကယ် တင်နိုင်ခဲ့ပြီး မြန်မာပွဲစားပေါင်း၈ဦးတို့အား ဖမ်း ဆီးနိုင်ခဲ့ပြီးဖြစ်သည်။ ထို့အပြင် ၂၀၁၁ ခုနှစ်တွင် လူကုန် ကူးခံခဲ့ရသူ ပေါင်း ၅၀ဦး၊ ၂၀၁၂ ခုနှစ်တွင်  ၂၉၂ ဦးနှင့် ၂၀၁၃  ခုနှစ်တွင်၂၆၄ဦး တို့ အား ကယ်တင်နိုင်ခဲ့ပြီး ဖြစ်ကြောင်း  ထုတ်ပြန်ထားသည်။

   
ယခု သတင်းအပြီးသတ်ချိန်တွင် ငါးဖမ်းလှေပေါ်တွင်ရောင်းစားခံနေခဲ့ရသူ ၂ဦးအား AHTD သို့ လာရောက်ပို့ဆောင်ထားဖြစ်သည်။ လွတ်မြောက် လာ သည့်အလုပ်သမား၃ဦးတို့မှာ အမှုကိစ္စပြီးမြောက် သည်အထိ ကယ်ဆယ်ရေး စခန်းထဲတွင် နေထိုင်ကြရမည်ဖြစ်ပြီး ဖမ်းဆီးထားသည့် လူကုန်ကူးဂိုဏ်းမှာ ထိုက်သင့်သည့် ပြစ်ဒဏ်များချမှတ်ခံရမည်ဖြစ်ကြောင်းသိရှိရသည်။

မင်းဘခက်
ရွှေလုပ်သား

ရှေးက တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း


နောင် ရန်ကုန်ကောလိပ်ဖြစ်လာခဲ့သည့် ပထမဆုံးအစိုးရ ဟိုက်စကူးကျောင်း
တက္ကသိုလ်ဝင်တန်းကို ဒသမတန်း (၁၀ တန်း)အဖြစ် ယေဘုယျအားဖြင့် သတ်မှတ်ထားကြသည်။ ရှေးခေတ်အခါကမူ ဒသမအဆင့်ဟု ခေါ်ဆိုကြ၏။

ကိုလိုနီခေတ်ဦးကာလ အထက်တန်းကျောင်းများ

အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအပြီး အောက်မြန်မာနိုင်ငံကို ဗြိတိသျှတို့ သိမ်းပိုက်ခဲ့ပြီးနောက် ရန်ကုန်အစိုးရ ဟိုက်စကူးကျောင်း (Government High School) ကို ယခု လသာ အထက(၁)နေရာ၌ ၁၈၇၄ ခုနှစ် မတ် ၂ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ထိုခေတ်ကာလက မြန်မာတစ်နိုင်ငံလုံးတွင် အစိုးရ အထက်တန်းကျောင်းဟူ၍ စစ်တွေတွင် တစ်ကျောင်း၊ မော်လမြိုင်တွင် တစ်ကျောင်းသာ ရှိသေးပြီး ခရစ်ယာန်သာသနာပြု ကျောင်းအချို့မှာမူ ဖွင့်လှစ်ထားပြီးဖြစ်သည်။

ခရစ်ယာန်သာသနာပြု ကျောင်းများတွင် ဗုဒ္ဓဘာသာဝင် မြန်မာကျောင်းသားကျောင်းသူ အများအပြား တက်ရောက်ပညာ သင်ယူခဲ့ကြသည်။ ၁၉၀၅ ခုနှစ်တွင် ကာလကတ္တား တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အောင်မြင်ခဲ့သူ မမြရွှေ (နောင်ပညာဝန်ထောက်) မှာ စိန်မေရီ ဒိုင်အိုခရစ်ယာန် အမျိုးသမီးကျောင်းသို့ ပထမဆုံး တက်ရောက်ခဲ့သည့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးဖြစ်သည်။

ကာလကတ္တားတက္ကသိုလ်သို့

ထိုခေတ်ကာလက ၁၀ တန်းအောင်မြင်သူများအဖို့ အိန္ဒိယနိုင်ငံ ကာလကတ္တားနှင့် မဒရပ်တို့သို့ သွားရောက်ကာ ပညာဆက်လက် ဆည်းပူးကြရသည်။ အက်(ဖ်)အေ (First Arts) စာမေးပွဲ (ဥပစာတန်း) အောင်မြင်ပြီးပါက ဘီအေဒီဂရီအတွက် ဆက်လက်ဖြေဆိုနိုင်ကြသည်။ ဗြိတိသျှအုပ်ချုပ်မှု လက်အောက်တွင် ပညာတတ်များ လစာကောင်းကြသဖြင့် အခြေခံဖြစ်သော ၁၀ တန်းစာမေးပွဲ အောင်မြင်ရေးအတွက် ကြိုးပမ်းကြသည်။

လွန်ခဲ့သည့် နှစ်တစ်ရာကျော်ကာလ ၁၀ တန်း အောင်မြင်ခဲ့ကြသူများထဲတွင် နောင်နယ်ပယ်အသီးသီး၌ ထင်ရှားသော ပုဂ္ဂိုလ်များ အများအပြား ပါဝင်ခဲ့ကြပါသည်။ ထင်ရှားသူအချို့မှာ မြန်မာလူမျိုး ဘုရင်ခံ ဆာဂျေအေမောင်ကြီး (၁၈၈၄)၊ ယစ်မျိုးမင်း ကြီးဦးရွှေစံအောင် (၁၈၈၇)၊ ဂျီစီဘီအေဥက္ကဋ္ဌ ဦးချစ်လှိုင် (၁၈၉၄)၊ ဘကြီးဘဘေ (၁၉၀၂)၊ ဆာမောင်ကြီး (၁၉၀၂)၊ နိုင်ငံတော်သမ္မတ ဒေါက်တာဘဦး (၁၉၀၅)၊ မြို့မကျောင်းအုပ်ကြီး ဦးဘလွင် (၁၉၁၁) စသူတို့ ဖြစ် . . . . .
သို့သော် ၁၈၈၁ ခုနှစ်တွင် လက်ရှိအစိုးရ အထက်တန်းကျောင်း၌ပင် တက္ကသိုလ်သင်တန်းများကို ရှိရင်းစွဲ ဆရာများဖြင့် တိုးချဲ့ဖွင့်လှစ်ခဲ့ရာ ၁၈၈၃ ခုနှစ် မတ် ၁ ရက်တွင် ကာလကတ္တားတက္ကသိုလ် လက်အောက်ခံ ပထမတန်း ဘီအေဒီဂရီကောလိပ်အဖြစ် အသိအမှတ်ပြုခဲ့သည်။

နှစ် ၁၃၀ ကျော်က တက္ကသိုလ်ဝင်တန်းအောင်စာရင်း

လွန်ခဲ့သည့် နှစ် ၁၃၀ ကျော်ဝန်းကျင်ကာလ (၁၈၈၀-၁၈၈၅) အတွင်း အောက်မြန်မာနိုင်ငံ၌ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူစာရင်းမှာ အရေအတွက် အလွန်နည်းပါးလှသည်။ (၁၈၈၀-၈၁) တွင် အောင်မြင်သူ ခြောက်ယောက်၊ (၁၈၈၁-၈၂) တွင် ၁၂ ယောက်၊ (၁၈၈၂-၈၃) တွင် ၁၆ ယောက်၊ (၁၈၈၃-၈၄) တွင် ၁၅ ယောက်၊ (၁၈၈၄-၈၅) တွင် ၁၃ ယောက်၊ (၁၈၈၅-၈၆)တွင် ၂၃ ယောက်ဟူ၍ လေ့လာတွေ့ရှိ ရပါသည်။

(၁၈၈၅-၈၆) ခုနှစ်တွင် ကျင်းပခဲ့သည့် ကာလကတ္တားတက္ကသိုလ် ၀င်ခွင့်စာမေးပွဲတွင် ရန်ကုန်ကွန်ဗင့်ကျောင်းမှ အမျိုးသမီးသုံးဦး အောင်မြင်ခဲ့ရာ ပထမဆုံး တက္ကသိုလ်ဝင်တန်း အောင်မြင်သော အမျိုးသမီးများ ဖြစ်လာခဲ့ကြသည်။

နှစ်တစ်ရာကျော်က ၁၀ တန်းအောင်ခဲ့ကြသူများ

လွန်ခဲ့သည့် နှစ်တစ်ရာကျော်ကာလ ၁၀ တန်း အောင်မြင်ခဲ့ကြသူများထဲတွင် နောင်နယ်ပယ်အသီးသီး၌ ထင်ရှားသော ပုဂ္ဂိုလ်များ အများအပြား ပါဝင်ခဲ့ကြပါသည်။ ထင်ရှားသူအချို့မှာ မြန်မာလူမျိုး ဘုရင်ခံ ဆာဂျေအေမောင်ကြီး (၁၈၈၄)၊ ယစ်မျိုးမင်း ကြီးဦးရွှေစံအောင် (၁၈၈၇)၊ ဂျီစီဘီအေဥက္ကဋ္ဌ ဦးချစ်လှိုင် (၁၈၉၄)၊ ဘကြီးဘဘေ (၁၉၀၂)၊ ဆာမောင်ကြီး (၁၉၀၂)၊ နိုင်ငံတော်သမ္မတ ဒေါက်တာဘဦး (၁၉၀၅)၊ မြို့မကျောင်းအုပ်ကြီး ဦးဘလွင် (၁၉၁၁) စသူတို့ ဖြစ်ကြသည်။

ထူးချွန်သူများ

တက္ကသိုလ်ဝင်စာမေးပွဲကို ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများလည်း အများအပြား ရှိကြသည်။ ၁၉၀၉ ခုနှစ်တွင် ရန်ကုန်စိန်ပေါကျောင်း (ယခု ဗိုလ်တထောင်အထက ၆) မှ ၁၀ တန်းအောင်မြင်ခဲ့သူ မောင်ဟုတ်စိန် (ပါဠိမြန်မာ အဘိဓာန်ကျမ်းပြု ဦးဟုတ်စိန်) မှာ မြန်မာတစ်နိုင်ငံလုံး ပထမစွဲခဲ့သူ ဖြစ်သည်။ (နောင် ဆွေစဉ်မျိုးဆက် လေးဆက်တိုင်လည်း ပထမစွဲခဲ့ပါသည်။)

၁၉၂၁ ခုနှစ်တွင် ၁၀ တန်းအောင်မြင်ခဲ့သော ဒေါ်မြစိန်သည် အင်္ဂလိပ်၊ မြန်မာ၊ အပိုသင်္ချာ၊ ရာဇ၀င်၊ သင်္ချာ၊ အိမ်တွင်းမှုသိပ္ပံ ဘာသာခြောက်မျိုးစလုံးတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀ တန်းကျောင်းသားဘဝ

ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၂၈ ခုနှစ်တွင် ရေနံချောင်းမြို့ အမျိုးသားကျောင်းသို့ စတင်ရောက်ရှိခဲ့ပြီး ၁၉၃၁ ခုနှစ်တွင် ၁၀ တန်းတက်ရသည်။ ထိုခေတ်က အတန်းအစဉ်လိုက် တက်ရခြင်းမျိုးထက် စာတော်လျှင်တော်သလို အတန်းကျော်တက်ရသည့် စနစ်မျိုး ရှိခဲ့သည်။ ခုနစ်တန်း စာမေးပွဲနှင့် ၁၀ တန်းစာမေးပွဲများမှာ အစိုးရစစ် စာမေးပွဲများဖြစ်ပြီး အရေးပါလှသည်။ ၁၉၃၂ ခုနှစ်တွင် ကိုအောင်ဆန်း မြန်မာ၊ ပါဠိ နှစ်ဘာသာ ဂုဏ်ထူးဖြင့် ၁၀ တန်းအောင်မြင်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀ တန်းအောင်လက်မှတ်တွင် မွေးနေ့ရက်စွဲကို (၁၃-၂-၁၉၁၅) ဟု ရေးသွင်းရမည့်အစား (၁၂- ၃-၁၉၁၆) ဟု မှားယွင်းဖော်ပြထားသည်ကို တွေ့ရပါသည်။

ကိုလိုနီခေတ်အောင်စာရင်း

ကိုလိုနီခေတ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းကို ထိုခေတ်ကာလ နာမည်ကျော် သတင်းစာများ၌ ထည့်သွင်းဖော်ပြလေ့ ရှိပါသည်။ (၁၅-၅-၁၉၃၅) ရက်စွဲပါ သူရိယသတင်းစာတွင် “အင်္ဂလိပ်-မြန်မာ ၁၀ တန်းစာမေးပွဲ အောင်စာရင်း” ခေါင်းစဉ်ဖြင့် ရန်ကုန်အစိုးရ အထက်တန်းကျောင်းမှ အစပြုလျက် မြန်မာပြည်အရပ်ရပ် အထက်တန်းကျောင်းများမှ အောင်စာရင်းကို ဖော်ပြထားပါသည်။

၁၉၃၅ ခုနှစ် ကောက်နုတ်ချက်

၁၀ တန်းစာမေးပွဲ ကောက်နုတ်ချက်စာရင်း၌ “အင်္ဂလိပ်-မြန်မာ ၁၀ တန်းစာမေးပွဲ အောင်စာရင်းကို ဤသတင်းစာတွင် ထည့်သွင်းဖော်ပြခဲ့ပြီးဖြစ်ကြောင်း၊ စာမေးပွဲ ၀င်ရောက်ဖြေဆိုသူပေါင်းမှာ ၃၂၅၃ ယောက်ရှိကြောင်း၊ ၎င်းအနက် ၁၂၅၀ အောင်မြင်သည့်အနက် ၈၅၀ သာ ကောလိပ်ကျောင်းသို့ဝင်ရန် စာမေးပွဲစစ်ဆေးရေးအဖွဲ့က ထောက်ခံချက်ပေးကြောင်း” ဟူ၍ ဖော်ပြထားပါသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀ တန်းအောင်လက်မှတ်

“၁၀ တန်းတွင် ၀င်ရောက်ဖြေဆိုသော မိန်းမကလေးပေါင်း” ခေါင်းစဉ်ဖြင့် ဆက်လက်ဖော်ပြရာ၌ “အင်္ဂလိပ်-မြန်မာ ၁၀ တန်းစာမေးပွဲတွင် ၀င်ရောက်ဖြေဆိုသော မိန်းမကလေးပေါင်း ၄၄၇ ယောက်ရှိကြောင်း၊ ၄၄၇ ယောက်အနက် ၁၉၉ ယောက် အောင်မြင်ကြောင်း၊ ၁၃၆ ယောက် သိပ္ပံကျောင်းသို့ ၀င်ရန်ခွင့်ပြုထားကြောင်း” ဟု တွေ့ရ၏။ ထို့ပြင် “ဦးပဉ္စင်းတစ်ပါးသာ အောင်သည်” ခေါင်းစဉ်ငယ်အောက်၌လည်း “ဦးပဉ္စင်းငါးပါး ၀င်ရောက်ဖြေဆိုသည့်အနက် တစ်ပါးအောင်မြင်ကြောင်း၊ အသက် ၄၁ ရှိ ကရင်လူမျိုးတစ်ယောက် ဖြေဆိုရာ စာမေးပွဲတွင် ကျဆုံးကြောင်း” ဟူ၍ တွေ့ရှိရသည်။

ကက် (စ်) ဘီခေတ် အောင်စာရင်း

ဂျပန်ခေတ်တစ်လျှောက် ၁၀ တန်းစာမေးပွဲများ ကျင်းပနိုင်ခဲ့ခြင်း မရှိဘဲ ဗြိတိသျှ စစ်ပြေးအစိုးရ ပြန်လည်ဝင်ရောက်လာချိန်မှ စ၍ ၁၀ တန်းစာမေးပွဲများ ပြန်လည်ကျင်းပခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် ၁၀ တန်းဖြေဆိုသူ ၁၁၆၇ ဦးအနက် ၅၃၈ ဦး အောင်မြင်ခဲ့ရာ ၄၆ ဒသမ ၁ ရာခိုင်နှုန်း အောင်မြင်သည်ဟု ဆိုနိုင်ပါသည်။ ၁၉၄၇ ခုနှစ်တွင် ဖြေဆိုသူ ၃၈၉၆ ဦးရှိလာပြီး ၁၂၁၄ ဦးသာ အောင်မြင်ခဲ့ရာ ၃၁ ဒသမ ၁ ရာခိုင်နှုန်း အောင်မြင်ခဲ့သည်။

ပါလီမန်ခေတ် အောင်စာရင်း

လွတ်လပ်ရေးရရှိပြီးနောက် ပါလီမန်ခေတ်သို့ ရောက်သောအခါ ၁၀ တန်းဖြေဆိုသူ အရေအတွက် တိုးတက်လာခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် ၁၀ တန်းဖြေဆိုသူ ၃၉၂၆ ဦးအနက် ၈၆၇ ဦး အောင်မြင်ခဲ့သည်။ ရာခိုင်နှုန်းအားဖြင့် ၂၂ ဒသမ ၀၉ ဖြစ်ပါသည်။ ၁၉၄၉ ခုနှစ်တွင် ပြည်တွင်းသောင်းကျန်းမှုများကြောင့် ဖြေဆိုသူ ၃၆၁၁ ဦးသာရှိခဲ့ပြီး ၈၀၁ ဦး အောင်မြင်ခဲ့သည်။ ၂၂ ဒသမ ၁၉ ရာခိုင်နှုန်း အောင်မြင်ပါသည်။

၁၉၅၀ ပြည့်နှစ်နောက်ပိုင်း နယ်မြေအေးချမ်းသွားပြီးနောက် ၁၀ တန်းဖြေဆိုသူ အရေအတွက် များပြားလာခဲ့သည်။ သို့သော် အောင်မြင်သူက ရာခိုင်နှုန်း နည်းပါးလှပါသည်။ ၁၉၅၀ ပြည့်နှစ်တွင် ဖြေဆိုသူ ၅၁၁၉ ဦးအနက် အောင်မြင်သူ ၉၉၄ ဦး (၁၉ ဒသမ ၄ ရာခိုင်နှုန်း)၊ ၁၉၅၁ ခုနှစ်တွင် ဖြေဆိုသူ ၈၈၀၄ ဦးအနက် အောင်မြင်သူ ၁၇၀၁ ဦး (၁၉ ဒသမ ၃ ရာခိုင်နှုန်း)၊ ၁၉၅၂ ခုနှစ်တွင် ဖြေဆိုသူ ၁၃၀၄၅ ဦးအနက် အောင်မြင်သူ ၁၉၃၈ ဦး (၁၄ ဒသမ ၈၅ ရာခိုင်နှုန်း) ရှိခဲ့သည်။ ထို့နောက် ၁၉၅၃ ခုနှစ်တွင် ၂၃ ဒသမ ၀၇၊ ၁၉၅၄ ခုနှစ်တွင် ၁၈ ဒသမ ၅၅၊ ၁၉၅၅ ခုနှစ်တွင် ၁၁ ဒသမ ၆၄၊ ၁၉၅၆ ခုနှစ်တွင် ၁၆ ဒသမ ၆၄ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြသည်။

ကိုယ်ပိုင်ကျောင်းများဖျက်သိမ်းခြင်း

ကိုလိုနီခေတ်၊ ပါလီမန်ခေတ် တစ်လျှောက်တွင် အလွတ်ပညာသင် ကိုယ်ပိုင်ကျောင်း အများအပြား ပေါ်ပေါက်ခဲ့သည်။ နှစ်စဉ် ယင်းကျောင်းများမှ ၁၀ တန်း ၀င်ရောက်ဖြေဆိုကြသူများလည်း အများအပြား ရှိခဲ့ကြသည်။ တော်လှန်ရေးကောင်စီ တက်စကာလတွင် ကိုယ်ပိုင်ကျောင်း ၁၂၉ ကျောင်းရှိခဲ့ရာ ယင်းကျောင်းများအားလုံးကို ၁၉၆၅ ဧပြီ ၁ ရက်တွင် ဖျက်သိမ်းခဲ့သည်။

ကျမ်းကိုး
၁။ မြို့တော်တစ်ခွင်အတိတ်ဖြစ်စဉ် (တက္ကသိုလ်ခင်မောင်ဇော်)
၂။ သူရိယသတင်းစာ (၁၅-၅-၁၉၃၅)
၃။ တက္ကသိုလ်ဝင်အောင်မြင်သူများ (မိုးဂျာနယ်၊ ၂၀၀၆ မေ)

News Eleven

၂၀၁၄ ကမ္ဘာ့အလှဆုံး အမျိုးသမီးဆယ်ဦး


အရာအားလုံးတွင် အခြားအရာများနှင့် ကွဲပြားစေသော ကိုယ်ပိုင်ထူးခြားမှုနှင့် အရည်အသွေးများ ကိုယ်စီရှိကြသည်။ သို့သော် သဘာဝအလှဆိုသည်မှာ ကံ၏ အကျိုးကျေးဇူးသာဖြစ်၏။ ကမ္ဘာပေါ်တွင်ရှိသည့် လှပသောအရာများအနက် လူသားများလည်း ပါဝင်သည်။ အမျိုးသမီးတစ်ဦး၏အလှမှာ မျက်နှာအလှသာမဟုတ်ဘဲ ကိုယ်ခန္ဓာကောက်ကြောင်း အလှလည်း ပါဝင်သည်။ အမေရိကန်နိုင်ငံ ဟောလိဝုဒ်တွင် အချောအလှဆုံး အမျိုးသမီးများအတွက် ဆန္ဒမဲကောက်ခံခဲ့မှုအရ ၂၀၁၄ ခုနှစ် ကမ္ဘာ့အချောအလှဆုံး အမျိုးသမီး ၁၀ ဦးကို ဖော်ပြပေးလိုက်ပါသည်။

(၁၀) နာအိုမီဝပ်စ်


နာအိုမီဝပ်စ်၏အလှကြောင့် ၂၀၁၃ ကိုယ်ရေးအတ္ထုပ္ပတ္တိရုပ်ရှင်တွင် မင်းသမီးဒိုင်ယာနာအဖြစ် သရုပ်ဆောင်ရန် ရွေးချယ်ခံခဲ့ရသည်။ ၎င်းသည် ရုပ်ရှင်ကားများစွာတွင်လည်း ဘုရင့်သမီးတော်နေရာမှ ပါဝင်သရုပ်ဆောင်ထားသည်။ မျက်နှာအလှနှင့် ရွှေရောင်ဆံပင်တို့က ၎င်း၏ ကြော့ရှင်းလှပမှုကို များစွာအားဖြည့်ပေးသည်။

(၉) အလီစီယာကီးစ်


ဂီတပညာရှင်တစ်ဦးဖြစ်သည့် အလီစီယာကီးစ်မှာ အချိန်တိုတိုအတွင်း ၂၀၁၄ ခုနှစ် ကမ္ဘာ့အလှဆုံးအမျိုးသမီးများ စာရင်းတွင် ရွေးချယ်ခံခဲ့ရသူဖြစ်သည်။ ၎င်းသည် သွယ်သွယ်လျလျနှင့် ဆွဲဆောင်မှုအလွန်ရှိသူဖြစ်ကာ သရုပ်ဆောင်အလုပ်လည်းလုပ်သူ ဖြစ်သည်။

(၈) ဇူအီဒက်စ်ချန်နယ်


ဇူအီဒက်စ်ချန်နယ်မှာ ၎င်း၏ ပင်လယ်ရေကဲ့သို့ အပြာရောင်မျက်ဝန်းများကြောင့် ကျော်ကြားပြီး အရပ်မြင့်ကာ ခန္ဓာကိုယ်အချိုးအစားပြေပြစ်ပြီး ထင်ရှားသော ဂီတပညာရှင်တစ်ဦး ဖြစ်သည်။

(၇) အန်ဂျလီနာဂျိုလီ


အန်ဂျလီနာဂျိုလီမှာ နာမည်ကြီးပြီး ဆွဲဆောင်မှုရှိသော မင်းသမီးဖြစ်ကာ အလွန်လှပသော အမျိုးသမီးတစ်ဦးဖြစ်သည်။ ၎င်းသည် အက်ရှင်ကားပေါင်းများစွာ ရိုက်ကူးထားပြီး တိုက်ခိုက်ရာတွင်လည်း ကောင်းသူဖြစ်သည်။ ၎င်းသည် စေတနာကောင်းသူတစ်ဦးဖြစ်ကာ ကမ္ဘာတစ်ဝန်း အလှူအတန်းများစွာ ပြုလုပ်ထားသည်။

(၆) အန်းဟက်သဝေး


ဟောလိဝုဒ်မင်းသမီး အန်းဟက်သဝေးမှာ တည်ငြိမ်လှပချောမောသော အမျိုးသမီးဖြစ်သည်။ ၎င်း၏ အပေါက်ဆုံးဇာတ်ကားမှာ Dark Night Rises ဇာတ်ကားဖြစ်ပြီး ငယ်ရွယ်စဉ်က ဘုရင့်သမီးတော်အဖြစ် ရုပ်ရှင်ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့သဖြင့် လူသိများသူဖြစ်သည်။

(၅) အမန်ဒါဆေးဖရီး


ဟောလိဝုဒ်၏ ငှားရမ်းခအများဆုံး မင်းသမီးတစ်ဦးဖြစ်သော အမန်ဒါဆေးဖရီးသည် အညိုရောင်ဆံပင်ကောက်ကောက်အရှည်နှင့် ခန္ဓာကိုယ်အချိုးအစား ပြေပြစ်သူဖြစ်သည်။

(၄) ကိတ်မစ်ဒယ်လ်တန်


ကိတ်မစ်ဒယ်လ်တန်၏ ဆွဲဆောင်မှုရှိသောအလှနှင့် မဟာဆန်မှုကို မည်သူမျှ ငြင်းနိုင်မည်မဟုတ်ပေ။ ၎င်း၏အရပ်မြင့်ခြင်း၊ ချစ်စရာကောင်းခြင်းနှင့် ဆံပင်ရှည်ရှည်ကြောင့် ကမ္ဘာ့တစ်ဝန်း ပရိသတ်များစွာ ရရှိထားသူဖြစ်သည်။

(၃) ရိုးစ်ဘန်နီ


၂၀၁၄ ကမ္ဘာ့အလှဆုံးအမျိုးသမီး ၁၀ ဦး စာရင်းတွင် တတိယနေရာ၌ ရှိနေသည့် ရိုးစ်ဘန်နီမှာ အံ့သြစရာလှပသော ရုပ်ရည်ရှိပြီး ယင်းတတိယနေရာကိုရရန် အသက်ငယ်ရွယ်လွန်းသူ ဖြစ်သည်။ ပြုံးနေစဉ် အလွန်ချစ်စရာကောင်းလောက်အောင် လှပသူဖြစ်သည်။ ၎င်းသည် Star War ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ထားသည်။

(၂) အေမီအဒမ်


ဟောလိဝုဒ်၏ ဈေးအကြီးဆုံး မင်းသမီးစာရင်းတွင် ပါဝင်သော အေမီအဒမ်မှာ ဟောလိဝုဒ်တွင်တွေ့ရသော အလုပ်အများဆုံး မင်းသမီးဟုပြောလျှင် လွန်မည်မထင်ပေ။ Man of Steel ဇာတ်ကားတွင် Lois Lane အဖြစ် သရုပ်ဆောင်ချက်မှာ အလွန်ဆွဲဆောင်နိုင်သည့် သရုပ်ဆောင်ချက်ဖြစ်သည်။

(၁) ရိုစီဟန်တင်တန်ဝှိုက်တလေ


အလွန်ချစ်စရာကောင်းသော အပြုံးနှင့် ပြီးပြည့်စုံသည့် ခန္ဓာကိုယ်အလှကို ပိုင်ဆိုင်ထားသည့် ဟောလိဝုဒ်ဈေးကြီးသော မင်းသမီးတစ်ဦးဖြစ်သူ ရိုစီဟန်တင်တန်ဝှိုက်တလေသည် ကမ္ဘာ့အလှဆုံးအမျိုးသမီးအဖြစ် ယခု ဆန္ဒမဲကောက်ခံမှုတွင် ရွေးချယ်ခံရသည်။ ၎င်း၏ အပေါက်ဆုံး ရုပ်ရှင်ဇာတ်ကားမှာ Transformer ဇာတ်ကား Dark of the Moon ဖြစ်ပြီး တစ်သက်တာ အလှဆုံးအမျိုးသမီးတစ်ဦးဟု ၎င်းကိုမှတ်ယူမှုမှာ ငြင်းဆန်ရန်ခက်ခဲသည်။

7Day Daily

ပုံပန်းမကျသော တြိဂံနှင့် နိုင်ငံ၏အနာဂတ်


ကျွန်တော်တို့ ပဉ္စမတန်း စတက်သည့်နေ့မှာပင် ဆရာ၊ ဆရာမများက ပြောကြသည်။ ‘‘မင်းတို့နှစ်က  စနစ်သစ်ပညာရေးစတဲ့နှစ်ကွ’’ တဲ့။ ‘‘မင်းတို့ရှေ့က ခြောက်တန်း သမားတွေက စနစ်ဟောင်း နောက်ဆုံးပဲ’’လို့ဆိုလိုက်တော့ ဘာမသိ၊ ညာမသိနှင့် ကိုယ့်ကိုယ် ကိုယ်တောင် နည်းနည်းဘဝင်မြင့် ချင်ချင်ဖြစ်သွားရသည်။ ငါတို့က တကယ့် Brandnew အတန်း လည်းအသစ်၊ စနစ်လည်းအသစ် ဆိုပြီးတော့။ ၁၉၇၂-၇၃ ဝန်းကျင် လောက်ကဖြစ်ပါ၏။
ထိုနှစ်မှာပဲ စနစ်သစ်၏ သင် ကြားရေးအသစ်နှင့် စတင်မိတ် ဆက်ရပါသည်။ အင်္ဂလိပ်စာကို A, B, C, D က စမသင်ဘဲ ကတ်ထူပြားတွေပေါ်မှာ BOOK တို့၊RULER တို့၊ ERASER တို့ စသဖြင့် ရေးထားပြီး ကတ်ပြား တစ်ခုချင်းကို ထောင်ပြလျက် စာလုံးပေါင်းရော အသံထွက်ပါ လေး၊ ငါးခေါက်မက တိုင်ပေးပါသည်။ပြီးမှ ‘‘ဘွတ်ခ်ဆိုတာ မင်းတို့ရေးနေတဲ့စာအုပ်ကို ခေါ်တယ်။ ရူးလားဆိုတာက မင်းတို့မျဉ်းသား တဲ့ ပေတံကိုပြောတာ။ အီရေးဇား ဆိုတာ မင်းတို့စာရေးလို့ မှားသွား ရင် ဖျက်တဲ့ခဲဖျက်ကိုခေါ်တယ်’’ စသည်ဖြင့် ရှင်းပြပါသည်။ ပြီး တစ်ခေါက်ပြန်ဆိုကြည့်ပါဦးဟု ဆိုကာ ကတ်ပြားလေးတွေတစ်ခု ချင်း ထောင်ပြပြန်ပါသည်။ မြို့ သားတွေကတော့ နွေရာသီမှာ ကျူရှင်ကြိုတက်ထားတာဆိုတော့ ဆရာမပြောသမျှ လိုက်အော်ကြသည်။ ကျွန်တော်တို့လို တောသားတွေကတော့ ယခုမှ မြင်ဖူးသည့် အင်္ဂလိပ်စာလုံးတွေကို အထူးအဆန်းသဖွယ်ကြည့်ရင်း မျက်စိသငယ်၊ နားသငယ် ဖြစ်ကြရ၏။ (ကျွန်တော်တို့ခေတ်က ငါးတန်းရောက်မှ အင်္ဂလိပ်စာ စသင်ပါသည်။ ဤကား စကားချပ်)

သည်အထဲ ဆရာမက အင်္ဂလိပ်စာလုံးပေါင်း လေး၊ ငါးခု လောက်သင်ပြီးသည်နှင့် အတန်း သားများကို နှစ်ယောက်တစ်တွဲ ထွက်စေကာ သူရွတ်ပြသော စာ လုံးပေါင်းကို ကတ်ပြားတွေထဲမှ မှန်အောင်ရွေးစေပါသည်။ မှန် အောင်ရွေးနိုင်သူကို မရွေးနိုင်သူ က အခန်းတစ်ပတ်ကုန်းပိုးရပါ သည်။ တစ်ခါမှ ကျွန်တော်ကုန်း ပိုးစီးရသည့် အလှည့်မရောက်ခဲ့ပါ။ တစ်နေ့ကို သုံးခါလောက်ကုန်းပိုး ခဲ့ရပါသည်။ နဂိုကတည်းက ကျွန် တော့်လူကောင်ကခပ်ညှက်ညှက် ဆိုတော့ လူကောင်ခပ်ကြီးကြီး နှင့်များကျလျှင် ခါးကိုကုန်းနေ အောင်ပိုးခဲ့ရပါသည်။ ကြာတော့ အင်္ဂလိပ်စာအချိန် ရောက်မှာ တောင် အလိုလိုကြောက်လာ တော့သည်။ ဤကား ကျွန်တော် ကိုယ်တိုင် နဖူးတွေ့ ဒူးတွေ့ကြုံခဲ့ ရသည့် စနစ်သစ်ပညာရေးဖြစ်ပါ ၏။

သည်လိုနှင့် ဆယ်တန်း ရောက်လာတော့ ကျွန်တော်တို့ နောက်က ကိုးတန်းတွေက ဝိဇ္ဇာ၊ သိပ္ပံပေါင်းထားသည်။ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သမိုင်းဘာ သာရပ်များက တစ်ဘာသာစီ၊ ဓာတုဗေဒနှင့် ရူပဗေဒနှစ်ခုပေါင်း က တစ်ဘာသာ၊ ပထဝီဝင်နှင့် ဘောဂနှစ်ဘာသာပေါင်းက တစ် ဘာသာဖြစ်သွားသည်။ ၁၉၇၈-၇၉ ခုနှစ်ဖြစ်၏။ ကျွန်တော်တို့က ဝိဇ္ဇာ၊ သိပ္ပံအခွဲ။ ဆရာတွေက ပြောကြပြန်သည်။ မင်းတို့ က စနစ် ဟောင်းနောက်ဆုံးနှစ်တဲ့။ မကျ စေနဲ့တဲ့။ ကျရင် စနစ်သစ် ဝိဇ္ဇာ၊ သိပ္ပံအပေါင်းထဲရောက်သွားလိမ့် မယ်။ ပထဝီတွေ၊ သမိုင်းတွေပြန် ကျက်ရလိမ့်မယ်။ အောင်အောင် ဖြေတဲ့။ ကျွန်တော်မျက်စိလည် သွားသည်။ ငါးတန်းစတက်တုန်း က ကျွန်တော်တို့ကို စနစ်သစ်ဟု ဆရာတွေက ပြောခဲ့သည်။ ယခု တစ်ခါ ကျွန်တော်တို့က စနစ် ဟောင်းနောက်ဆုံးနှစ်ဖြစ်သွား ပြန်သည်။ သစ်မည်မှ မကြံသေး။ ဘယ်အချိန်များဟောင်းသွားပါ လိမ့်ဟု တွေးရင်း ကျွန်တော့်မှာ အတော်အူကြောင်ကြောင်ဖြစ်ရ ပါသည်။

တစ်ခါဆယ်တန်းအောင် ပြန်တော့လည်း တက္ကသိုလ်ပညာ ရေးမှာ ဒေသကောလိပ်ဆိုတာ ကြီးနှင့် တည့်တည့်တိုးပြန်ပါ သည်။ ဒေသကောလိပ်မှာ ၂ နှစ် တက်ပြီးမှ ဆယ်တန်းအမှတ်နှင့် ဒေသကောလိပ် ၂ နှစ်အမှတ် ပေါင်း၊ သုံးနှင့်စားပြီးမှ တက္ကသိုလ် ရွေးချယ်လျှောက်ထားရသည်။ ထိုစနစ်ကလည်း သိပ်ကြာလိုက် သည်မထင်။ နောက်တော့ ဒုံရင်း အတိုင်း ဆယ်တန်းအမှတ်နှင့် တက္ကသိုလ်တွေရွေးချယ်လျှောက် ထားရပြန်သည်။

ကျောင်းပြီး၍ ပညာရေးဌာန မှာ ကျွန်တော်အလုပ်ဝင်တော့ ဆယ်တန်းက ဝိဇ္ဇာ၊ သိပ္ပံအခွဲပြန် ဖြစ်နေပြန်သည်။ ဘယ်အချိန်မှာ ပြန်ခွဲသွားမှန်းတော့ ကျွန်တော် လည်း အဆက်ပြတ်သွား၏။ သည့်နောက် ၁၉၉၆ ခုနှစ်မှာ ပြန် ပေါင်းသွားပြန်သည်။ သည်အခါ ကျတော့ ဆယ်တန်းက ခြောက် ဘာသာမဟုတ်တော့ဘဲ ငါးဘာ သာဖြစ်သွား၏။ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာတစ်ဘာသာစီ၊ ဓာတု၊ ရူပ၊ ဇီဝ သုံးဘာသာပေါင်းတစ်ဘာသာ၊ ပထဝီဝင်၊ သမိုင်း၊ ဘောဂ သုံးဘာသာပေါင်းက တစ်ဘာသာဖြစ်သွားပြန်သည်။ ဒါလည်းသိပ်ကြာကြာ မခံ။ ၂၀၀၂ ခုနှစ်ကျတော့ အတွဲ စနစ်ဖြစ်သွားပြန်၏။ အတွဲ(၁)မှ အတွဲ(၇)အထိ နှစ်သက်ရာအတွဲကို ကိုးတန်းကတည်းက ကျောင်းသားကိုယ်တိုင်ရွေးချယ်တက်ရသည့်စနစ်ဖြစ်သွားပြန်သည်။ နောက်တစ်နှစ်၊ ၂ နှစ်အကြာမှာ အတွဲ (၈)ဆိုပြီး စိတ်ကြိုက်မြန်မာ စာတွဲတစ်ခုတိုးလာ၏။ အခေါ်အဝေါ်လည်း ပြောင်းသွားသည်။ အခြေခံပညာအထက်တန်း မဟုတ်တော့။ တက္ကသိုလ်ဝင်တန်းဖြစ်သွားသည်။

ပြောချင်သည်မှာ ကျွန်တော် တို့ပညာသင်ကြားခဲ့သည့်ကာလ တိုကလေးနှင့် ပညာရေးဝန်ထမ်း လုပ်ခဲ့သည့် ဆယ်နှစ်ကျော်ကာလ အတွင်း ကျွန်တော်တို့နိုင်ငံ၏ ပညာရေးစနစ်အပြောင်းအလဲ များလှပုံကို ဖြစ်ပါသည်။ သည် အတောအတွင်း တက္ကသိုလ်ပညာ ရေးကလည်း လေးနှစ်မှသုံးနှစ် ဖြစ်။ စာပေးစာယူသင်တန်းတွေ ပေါ်လာ။ နောက်တော့ အဝေး သင်တက္ကသိုလ်ဟု အမည်ပြောင်း သွား။ ဟိုလိုကောင်းမလား လှည့် လုပ်ကြည့်လိုက်။ မဖြစ်လျှင် နောက်တစ်မျိုးလှည့်လုပ်။  အဆင် မပြေသေးလျှင်နောက်ထပ်တစ် မျိုးထပ်ပြောင်း ကြည့်။  ယခုတစ်ခါ တက္ကသိုလ်တွေက လေးနှစ်ပြန် ဖြစ်။ ပညာရေးစနစ်က ဂျာအေး သူ့အမေရိုက်ကဗျာလို ဖြစ်နေ သည်။ သည်ကြားထဲ ဝန်ကြီးတစ် ပါးပြောင်းသွားလျှင် နောက်ဝန် ကြီးက ရှေ့ဝန်ကြီးလုပ်သွားတာ ကို ဆက်မလုပ်။ သူ့စိတ်ကြိုက် အသစ်ထပ်လုပ်။ ကျောင်းတွေမှာ ပန်းခြံရှိရမည်ဆို၍ ပန်းအိုးတွေ၊ ပန်းပင်တွေ မှာပြီးစိုက်ကြရ။ တစ် ခါ ကလေးတွေ ဂီတနှင့် ရင်းနှီး အောင်ဆိုပြီး ‘‘ထံ၊ တျာ၊ တေ၊ ရှင်’’တွေသင်ကြရ။ သင်ကြားရေး ထက် လူကြီးလာစစ်လျှင် မျက်နှာ ရဖို့ကြိုးစားနေရသည်။

ခန့်ထားရေးကျတော့လည်း ဌာနတွင်းက လုပ်သက်လည်းရှိ၊ အတွေ့အကြုံလည်းရှိ၊ မူလတန်း၊ အလယ်တန်းဆရာအတတ်သင် တန်းများလည်း တက်ရောက် အောင်မြင်ပြီးသည့် E.Major သမားများကျတော့ ရာထူးတိုး မပေးဘဲ သုံးနှစ်နှင့် ဘွဲ့ရလာ သည့် E.Major တွေကျတော့ အထက်တန်းပြတန်းခန့်လိုခန့်။ ပညာရေးတက္ကသိုလ်က ပညာ ရေးဘွဲ့ (B.Ed) တွေကျတော့ အလယ်တန်းပြဘဝနှင့် ရှစ်လ၊ တစ်နှစ်ကြာပြီးမှ အထက်တန်းပြ ဖြစ်လိုဖြစ်၏။ တကယ့်ကို မျက်စိ လည်စရာဖြစ်သည်။

ပညာရေးစနစ်က ပေါင်း လိုက် ခွဲလိုက်၊ ခွဲလိုက် ပေါင်းလိုက် ဘယ်လိုပြောင်းပြောင်း၊ ရာထူး ခန့်ထားရေးတွေ ဘယ်လိုပြောင်း ပြောင်း။ အစဉ်အဆက်မပြောင်း မလဲတည်ရှိခဲ့သည်က စာမေးပွဲ ကို အခြေခံသည့် ပညာရေးစနစ် ဖြစ်ခြင်းနှင့် တက္ကသိုလ်ဝင်တန်း ရမှတ်ကို အခြေခံ၍ တက္ကသိုလ် ဝင်ခွင့်သတ်မှတ်သည့် စနစ်ဖြစ် ခြင်းပင်ဖြစ်သည်။ ကျွန်တော်တို့ ခေတ်က လေးတန်း၊ ရှစ်တန်း၊ ဆယ်တန်းအစိုးရစစ်ဖြစ်သည်။ နောက်တော့ အစိုးရစစ်စာမေးပွဲ က ဆယ်တန်းတစ်ခုပဲကျန်ခဲ့ သည်။ လေးတန်းနှင့် ရှစ်တန်းက ကျောင်းတွင်းစစ်များ ဖြစ်သွား သည်။ ဆယ်တန်းမှာပင် ၁၉၉၉ ခုနှစ်ကစ၍ ပြည်နယ်တိုင်း အလိုက် မေးခွန်း ၁၁ စုံဖြစ်သွား၏။ ယခုတစ်ဖန် တက္ကသိုလ်ဝင်တန်းက ပြည်တွင်းတစ်စုံ၊ ပြည်ပတစ်စုံဖြစ်သွားပြန်သည်။ လေးတန်းနှင့်ရှစ်တန်းကိုလည်း အစိုးရစစ်စာမေးပွဲများအဖြစ် ပြန်လည်ပြောင်းလဲတော့မည့်အကြောင်း သတင်းများတွင် ဖတ်ရသည်။ လက်ရှိကျင့်သုံးနေသော အခန်းဆုံးစစ်ဆေးသည့်စနစ်အစား ယခင်စာမေးပွဲစနစ်ကို ပြန်လည်ကျင့်သုံးခြင်းဖြစ်၏။

ဖွံ့ဖြိုးတိုးတက်သောနိုင်ငံ များတွင် ပညာသင်ကြားရေး၌ အဟန့်အတားဖြစ်စေသော စာမေးပွဲစနစ်ကို ကျော်လွှားနိုင်ဖို့ ကြိုးစားနေချိန်တွင် ကျွန်တော်တို့ နိုင်ငံကတော့ ခေတ်မမီတော့သည့် သင်ကြားနည်းစနစ်များနှင့် သင်ရိုးညွှန်းတမ်းများကို ပြုပြင်ပြောင်းလဲရမည့်အစား တင်းကျပ်သည့် စာမေးပွဲစနစ်ကို ပြန်လည် ကျင့်သုံးဖို့ ကြိုးစားလာသည်။ တက္ကသိုလ်ဝင်တန်းတွင်လည်း ရမှတ်အနည်းအများပေါ်မူတည်၍ တက္ကသိုလ်ဝင်ခွင့်သတ်မှတ်သည့်မူကို မပြုပြင်နိုင်သေး။ တင်းကျပ်သည့်စာမေးပွဲစနစ်နှင့် တက္ကသိုလ်ဝင်ခွင့်သတ်မှတ်သည့်မူ၊ သည်နှစ်ခုပေါင်းလိုက်တော့ ကလေးတွေကို နားလည်လည်၊ မလည်လည် အလွတ်ကျက်၊ နှုတ်တက်အာဂုံဆောင်သည့်ဘက်ကို ပိုအားသန်အောင်တွန်းပို့သလို ဖြစ်နေသည်။

သည်အတိုင်းဆိုလျှင်ဖြင့် ကျွန်တော်တို့ကလေးငယ်များက ကျိုးကြောင်းဆင်ခြင်တတ်သူများ ဖြစ်မလာဘဲ အရာရာကိုပုံသေ ကားကျမှတ်တတ်သူများဖြစ်လာ ပေလိမ့်မည်။ အရာရာကို ပုံသေ ကားကျမှတ်တတ်ခြင်းက သူတို့ ၏ အနာဂတ်ဘဝအတွက် ဘယ် လောက်များအသုံးဝင်ပါသလဲ။ နိုင်ငံအတွက်ရော ဘယ်လောက် များအရေးပါပါသလဲ။ ပညာရေး ကို တြိဂံနှင့်တင်စားသည်ဆိုပါ လျှင် ပုံပန်းမကျသော တြိဂံတစ်ခု ကို လှပသေသပ်အောင်ပြန်လည် မရေးဆွဲနိုင်သေးသမျှ နိုင်ငံ၏ အနာဂတ်က လှပလာစရာ အကြောင်းမမြင်မိပါဟုသာ ဆိုချင်ပါသည်။။


မင်းသန်းထိုက် (ဒေးဒရဲ)
7day daily

ခေါင်းအုံးမွေ့ရာလုပ်ငန်းမှ မှို့ကြိတ်စဉ် မီးလောင်၊ အမျိုးသမီး(၃)ဦး ဒဏ်ရာရ


ခေါင်းအုံးမွေ့ရာ လုပ်ငန်း၏ မြေညီထပ်တွင် မှို့ကြိတ်ရာ ရိုလာမှ မီးပွားများ ပန်းထွက်၍ အခန်းအတွင်းရှိ ဂွမ်းများသို့ ကူးစက် လောင်ကျွမ်း ခဲ့သည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ပျက်စီး ဆုံးရှုံးမှုများ အပြင် အမျိုးသမီး သုံးဦးပါ မီးသင့်ဒဏ်ရာများ ရရှိခဲ့သည်။ အဆိုပါ အမျိုးသမီး သုံးဦး မှာ မွေ့ရာလုပ်ငန်း ပိုင်ရှင်၏ ချွေးမနှင့် အမျိုးသမီး ၀န်ထမ်းနှစ်ဦး ဖြစ်ပြီး၊ ၎င်းတို့၏ ခန္ဓာကိုယ် နေရာအချို့တွင် မီးသင့် ဒဏ်ရာ ရရှိခဲ့ကြသဖြင့် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ အချိန်မီ ပို့ဆောင်နိုင်ခဲ့သည်။ ဒဏ်ရာ အခြေအနေမှာ စိုးရိမ်ဖွယ်ရာ အခြေအနေ မဟုတ်ကြောင်း မန္တလေးမြို့ ပြည်သူ့ ဆေးရုံကြီးမှ သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှု ဖြစ်စဉ်သည် ဇွန်လ (၆) ရက်နေ့၊ နေ့လယ် (၁၂) နာရီ အချိန်ခန့်က မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ပြည်ကြီး မျက်ရှင် ရပ်ကွက်လမ်း (၆၀)၊ (၃၂) လမ်းနှင့် (၃၃) လမ်းကြားရှိ နေလ ခေါင်းအုံး မွေ့ရာလုပ်ငန်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ မီးက မှို့တွေဆိုတော့ အတွင်းထဲ လှိုက်ပြီးလောင် နေတော့ မီးကျန်မှာ စိုးလို့ စိတ်ချရတဲ့ အထိ ငြှိမ်းနေတာ ကြောင့်ကြာ နေတာပါ ဟု မီးသတ်ဦးစီးဌာနမှ မီးလောင်ရာ နေရာသို့ လာရောက် ငြှိမ်းသတ်သူ တစ်ဦး က ပြောသည်။

မီးလောင်မှုကြောင့် မှို့ပိဿာချိန် (၆၀) ခန့်၊ ခေါင်းအုံး နှင့် ဖက်လုံးများနှင့် သုံးထပ်သား လေးချပ် မီးလောင်ကျွမ်း ဆုံးရှုံးခဲ့ ရပြီး၊ ပျက်စီး ဆုံးရှုံးမှု တန်ဖိုး တစ်သိန်းနှစ်သောင်း နှစ်ထောင်ခန့်ရှိ ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ဗဟို မီးသတ် ဦးစီးဌာနမှ ထုတ်ပြန်သည်။ အဆိုပါ မီးလောင်မှု ဖြစ်စဉ် အတွက် အမှတ်(၃) နယ်မြေ ရဲစခန်းတွင် နေလခေါင်း အုံးမွေ့ရာ လုပ်ငန်း၏ မန်နေဂျာကို (ပ) ၂၉၂/၂၈၅/၃၃၇-၃၃၈/၂၀၁၄ ဖြင့် အမှုဖွင့် အရေး ယူ ဆောင်ရွက်လျက် ရှိကြောင်း တိုင်းဒေသကြီး မီးသတ်ဦးစီး ဌာနမှ သိရသည်။

the messenger

အမြန်လမ်းက ချစ်မေတ္တာ


ထနောင်းကိုင်းရွာက ကုန်းခေါင်ခေါင် အညာရွာဆိုပေမယ့် မြို့နဲ့ ကူးလူးဆက်ဆံမှုလေးတော့ ရှိတယ်။ မီးသွေးလေး၊ ထန်းလျက်လေးနဲ့ ကုန်းတစ်ဝက်လူတစ်ဝက် တစ်ပတ်တစ်ခါလောက် မြို့ပေါ်တက်တဲ့ ခေါက်တိုကားလေးလည်း ရှိတယ်။ အဲဒီတုန်းက လမ်းကလည်း ဆိုး၊ ကားကလည်း ညံ့တော့ ဘယ်သူမှ မြို့ကို ခဏခဏတော့ မသွားကြပါဘူး။ ပဲလေးနှမ်းလေးပေါ်တဲ့ ရာသီရောက်မှ မြို့ကို မဖြစ်မနေ သွားကြရတာကလား။

ဟိုတလောကတော့ ကျေးရွာချင်းဆက် ဆိုလား ခရိုင်ချင်းဆက်ဆိုလား လမ်းအသစ် ဖောက်လိုက်တော့ ရွာနဲ့မြို့ ဥဒဟိုသွားလို့ ရလာတယ်။ ကားကလည်း နေ့စဉ်နီးပါး ရွာကထွက်နေပြီဆိုတော့ ဘိလပ်ရည်လေး၊ ဂျင်ဂျာအေးလေး သောက်ချင်သူကလည်း မော်တော်ကားပေါ် စွေ့ကနဲ ပါသွားတာပဲ။

ဦးထုပ်လေးတစ်လုံး၊ ဖိနပ်လေးတစ်ရန် လောက် ၀ယ်မယ့်သူကလည်း ကားပေါ်ထိုင်လိုက်သွားတာပဲ။ လမ်းကလည်းဖြူး၊ ကားတွေကလည်း အရင်ကထက် ကောင်း လာတော့ ဒရောသောပါး မောင်းကြပါလေ ရော။ ထိမိကြ ခိုက်မိကြတာတွေလည်း ရှိ တာပေါ့။ ကိုဇော်ရဲတို့ ကာလသားဝိုင်းမှာလည်းလမ်းအကြောင်း၊ ဘကြီးဖြိုးတို့ ဥပုသ် ဇရပ်မှာလည်း လမ်းအကြောင်း၊ အရီးမြတို့ ဆန်ပြာဆန်ရွေးတဲ့ဝိုင်းမှာလည်းလမ်းအ ကြောင်း ပြောမဆုံးပေါင်တောသုံးတောင် ဖြစ်နေကြတာပေါ့။

တစ်နေ့ ကာလသားဝိုင်းမှာလူစုံတော့ ထုံးစံအတိုင်း လမ်းအကြောင်း၊ ကားအကြောင်း ရောက်သွားကြ တယ်။ ကိုပိန်က စာစောင်လေး၊ ဘုတ်အုပ်လေး ဖတ်သူဆိုတော့ ဗဟုသုတနဲ့ပြည့်နေတယ်။ ကပ်္ပိယ ကြီးကတောင် ကိုပိန်ကို ချီးမွမ်းရတယ်။

“ကိုပိန်က မင်္ဂလာတရားတော်နဲ့အညီ နေတာဗျ”ကပ်္ပိယကြီးစကားလည်းဆုံးရော သူကြီး တူမောင်မူက မျက်ထောင့်နီကြီးနဲ့ကြည့်ပြီး မေးခွန်းထုတ်တယ်။

“ဟိုနေ့က အုတ်လျှံဆိုင်က ဒယီးဒယိုင် နဲ့ထွက်လာတာ မင်္ဂလာတရားတော်လားဗျ။ ငါပြောတာက အကြား အမြင် ဗဟုသုတနဲ့ ပြည့်စုံတာကို ပြောတာမောင်မူရ” ကိုပိန် ကသူ့ဘာသာ ပြောချင်ရာကိုပြောတယ်။
“မောင်ဇော်ကား လမ်းဘေးချောက်ထဲ ထိုးဆင်းလို့ဆို” ကာလသားခေါင်းကိုဇော်ရဲက ဒရိုင်ဘာ မောင်ဆွေ ကို အမြင်ကပ်နေတာ ကြာပြီဆိုတော့ အဆင်းဘီးတပ်ပေးလိုက်တယ်။

“မောင် ဆွေဆိုတဲ့ကောင်က အမြဲမူးနေတာပဲ။ ဖြစ်တာ နည်းတောင်နည်းသေးတယ်”တောင်ရွာက မောင်တာက သူသိချင်တာ ကိုမေးခွန်းထုတ်တယ်။“နေပြည်တော်လမ်းကလည်း မကြာခဏ ယာဉ်တိမ်း မှောက်မှုတွေ ဖြစ်နေတာ ဘာကြောင့်လဲဗျ။ အသွားလမ်းရော အပြန်လမ်းပါ သီးခြားစီ ဖောက်ပေးထား လျက်နဲ့”စကားဝိုင်းက ရွာနဲ့မြို့သွားတဲ့ လမ်းကနေ နေပြည်တော် အမြန်လမ်းအကြောင်း ရောက်သွား တယ်။ ကာလသားဝိုင်းဆိုတော့ လူက စုံတယ်။ အကြောင်းအရာကလည်း စုံ။ ပြောလိုက်ကြတာသော သောကိုညံလို့။

“အမြန်လမ်းဆိုသော်လည်း အမြန် လမ်းအင်္ဂါရပ်နဲ့အညီ စံချိန်စံညွှန်းအမီ ဖောက်သွားတာ မဟုတ်ဘူးလို့ သက်ဆိုင်ရာက ၀န်ခံလိုက်ပါပြီ” “သူတို့ဝန်ခံတာက အခုမှဗျ။ လူတွေ ကသေလိုက်တာ သောက်သောက် လဲ။ တစ် မိုင်ကို ကျပ်သန်းပေါင်း ၂,၅၀၀ လောက် အကုန်အကျ ခံထားရတာတဲ့။ လမ်းလည်း အမြန်ပြီးစေ၊ အင်ဂျင်နီယာတိုက်လည်း ဟီးထဆိုတဲ့ မူနဲ့လုပ်ထားတာလေ” ဆရာလေးကိုမျိုးဦးကတော့ သူ့အယူ အဆကို တွေးတွေးဆဆပြောတယ် “အာမခံကုမ္ပဏီတွေရဲ့ ၀ါးကြောဗျာ” “ဘယ်လိုဖြစ်လို့ အာမခံကုမ္ပဏီတွေက ၀ါး ရတာတုန်း။ ဖြစ်ရင် လျော်ရတာ မဟုတ်ဘူးလားဗျာ” ဆရာလေးကိုမျိုးဦးရဲ့ ကျောင်းနေဖက် သူငယ်ချင်း တစ်ယောက်က ဂိတ်ထောင် ထားတဲ့သူ။ အဲသည်သူငယ်ချင်းရဲ့ စကားတွေနားထဲ ကြားယောင်လာတယ်။

ရန်ကုန်ကနေ မန်္တလေးကို နေ့စဉ်သွား သူက နှစ်သောင်းဝန်းကျင်။ မန္တလေးကနေ ရန်ကုန်ကို နေ့စဉ်သွား သူကလည်း နှစ်သောင်းဝန်းကျင်။ နေ့စဉ် ခရီးသွားဦးရေက ရန်ကုန်-မန္တလေး သွားလာနေတာလေး သောင်းလောက်ပုံမှန်ရှိတယ်။ သင်္ကြန် ကာလတွေမှာသည့်ထက်များတယ်။

“အရပ်စကားနဲ့ပြောရရင် အာမခံ ဆိုတာ လောင်းကစားလိုပဲ။ အာမခံပေး သူကဒိုင်၊ အာမခံထားသူက ထိုးသား၊ မဖြစ် နိုင်လောက်ဘူးထင်လေ အလျော်ကြီး လေပဲ။ မဖြစ်နိုင်လောက်တဲ့ဟာကို မက်လုံးပေးပြီး ထိုးသားတွေရဲ့ပိုက်ဆံကို သိမ်းကျုံးယူတာပဲ”“ဒါဆိုရင် ကိုယ်ထားချင်မှ ထားမှာပေါ့ အေ”“မရဘူးကိုယ့်လူ၊ မထားမနေရဗျ၊ အရင်ကပိုဆိုးသေးတယ်။ မြို့ပေါ်က ဆိုင်ကယ်ပိုင်ရှင်တွေ မြွေအန္တရာယ် အာမခံမထား မနေရထားခဲ့ကြရသေးတာ” တောင်ရွာကမောင်တာက ၀င်ပြီး အရွှန်းဖောက်တယ်။

“အထင်မလွဲစမ်းပါနဲ့ ကိုပိန်ရာ။ နိုင်ငံ တော်ရဲ့ စေတနာဗျ။ မြို့ကြီးသားတွေ ဆိုင်ကယ်စီးရင်း မြွေပေါက်ခံရ မှာစိုးလို့ စေတနာနဲ့လုပ်ပေးထားတာ”မောင်တာစကားလည်းဆုံးရော တစ်နိုင်ငံလုံးပွဲကျသွားတယ်။ ဆရာ လေးကို မျိုးဦးကတော့ အာမခံကိစ်္စထက် လူ့အသက်ခန္ဓာတွေကအရေးကြီးပုံကို ရှင်းပြတယ်။

“ခရီးသည်တွေလိုချင်တာ လျော်ကြေးမဟုတ်ဘူးဗျ။ အသက်ခန်္ဓာ လုံခြုံစိတ်ချရမှု ကိုလိုချင်တာ။ ဖြစ်လာမှ လျော်တယ်ဆို တာထက် မဖြစ်အောင် ဘယ်လို စီမံဆောင် ရွက်ကြမလဲဆိုတာ လိုချင်တာ။ လမ်းမ ကောင်းရင် လမ်းပြင်ကြရမယ်။ ကားမကောင်းရင် သက်ဆိုင်ရာကားဂိတ်တွေက ကားတွေ လဲကြရမယ်။ ယာဉ်မောင်းတွေ မကျွမ်းကျင်ရင် အရည်အချင်းပြည့်တဲ့ ကျွမ်းကျင်ယာဉ်မောင်းတွေ ရှာဖွေခန့်ထား ကြရ မယ်ဗျ။ ဖြစ်လာမှ လျော်တယ်ဆိုတော့ အဲသည်ငွေနဲ့ ရက်လည်ဆွမ်းသွပ်ရုံ ရှိတော့မပေါ့”ကိုမျိုးဦးရဲ့ စကားတွေက စဉ်းစားစရာ ပါတော့ တစ်ဝိုင်းလုံး ငြိမ်ကျသွားတယ်။ ခဏကြာတော့ ကားအုံနာမောင် ဇော်က သူသိချင်တာကို မေးတယ်။

“ကျုပ်လည်း ကားလေး စီးပွားဖြစ်မလား လို့ ပြေးစားပါတယ်ဗျာ။ ဆီခိုးနို့ညှစ်တဲ့ ကောင်ရယ်၊ မဆင်မခြင် မောင်းတဲ့ကောင်ရယ်၊ အုံနာပိုက်ဆံကိုယ့်ပိုက်ဆံလို သဘော ထားတဲ့ကောင်ရယ်ချည်းပဲ။ ကျုပ် ဘယ်လို ဒရိုင်ဘာကို ရွေးရမလဲ။ အကြံလေးဘာ လေးပေးစမ်းပါဦး ကိုပိန်ရ”ကိုပိန်က မောင်ဇော်ရဲ့မေးခွန်းကို မဖြေ သေးဘဲ ရေနွေးကြမ်းခွက်ကို အရင် လှမ်းပြီး ဇိမ်ဆွဲသောက်နေလိုက်သေးတယ်။ မျက်လုံးကလည်း မောင်ဇော်ကို လှမ်းကြည့်လိုက်တယ်။ ပြီးမှ မေးခွန်းကို မေးခွန်းနဲ့ ပြန်ဖြေတယ်။

“ဒရိုင်ဘာအလုပ်ခေါ်လို့ လာလျှောက် ကြ သူသုံးဦးရှိတယ်။ ပထမလူက ယာဉ်မောင်းလိုင်စင်မရှိဘူး။ ယာဉ်မောင်းကျွမ်း တယ်။ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအကုန်နားလည်တယ်။ ဒုတိယလူက ယာဉ် မောင်းလိုင်စင်အနီ ရှိတယ်။ ကျွမ်းကျွမ်းကျင်ကျင် မောင်းတတ်တယ်၊

“အဲ … ဒါပေမဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနားမလည်ဘူး။ နောက်ဆုံး တစ်ယောက်က ယာဉ်စည်း ကမ်း လမ်း စည်းကမ်းကို အာဂုံဆောင်လောက်အောင် ရတယ်။ ယာဉ်မောင်းလိုင်စင်အနီ လက်ဝယ်ရ အောင် ယူထားနိုင်တယ်။ ဒါပေမဲ့ ကားမောင်း မကျွမ်းကျင်ဘူး။ ခင်ဗျား ဘယ်သူ့ရွေးမလဲ”မောင်ဇော်တစ် ယောက် ကိုပိန်မေးခွန်းကြောင့် ဇဝေဇ၀ါဖြစ်သွားတယ်။ မျက်လုံး လေးပုတ်ခတ်ပုတ်ခတ်လုပ်ပြီး သူ့စိတ်ထဲ ရှိတာ ပြောလိုက်တယ်။

“ကိုပိန်ရာ ခင်ဗျားရွေးခိုင်းထားတဲ့ သုံးယောက်စလုံးက တစ်ယောက်မှ စင်းလုံး ချောတာမပါဘူး။ ကျုပ်က ဘယ်လိုလုပ် ရွေးရမှာလဲ။ မကောင်းတာသုံးခုထဲက မကောင်းတာတစ်ခု ရွေးခိုင်းသလို ဖြစ်နေပြီ။ ခင်ဗျား ဆိုရင်ရော အဲသည်လို ကြုံလာရင် ဘယ်သူ့ကိုရွေးမလဲ”

ကိုပိန်က စကားဝိုင်းကိုသိမ်းချင်တာနဲ့ ခုံအောက်ရောက်နေတဲ့ဖိနပ်ကိုစီးတယ်။ လုံချည်ကို ပြင်ဝတ်တယ်။ ပြီးမှ တစ်ယောက် မှ မရွေးဘူးလို့ပြောပြီး ထွက်သွားတယ်။

Mizzima

ယင်းလပ်နှင့် ဝန်ကြီးဟောင်း လေးဦး၏ ပိုင်ဆိုင်မှုများ စုံစမ်းစစ်ဆေးမည်


ဘန်ကောက်၊ ဇွန် ၆

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ်နှင့် ဝန်ကြီးဟောင်း လေးဦး၏ ပိုင်ဆိုင်မှုများကို စစ်ဆေးရန် ထိုင်းအမျိုးသား လာဘ်စားမှု တိုက်ဖျက်ရေး ကော်မရှင် (NACC) က ဆုံးဖြတ်လိုက်ကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းတွင် ဖော်ပြထားသည်။

ယင်းလပ် အစိုးရလက်ထက်တွင် ပြဿနာများ ဖြစ်ပွားခဲ့ပြီး လာဘ်စားမှုများဖြင့် စွပ်စွဲခံခဲ့ရသော လယ်သမားများထံမှ အစိုးရက ဆန်ဝယ်ယူရေး အစီအစဉ်နှင့် ပတ်သက်၍ ယခုကဲ့သို့ ယင်းလပ်နှင့် ဝန်ကြီးဟောင်း လေးဦး၏ ပိုင်ဆိုင်မှုများကို စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ထိုင်းအမျိုးသား လာဘ်စားမှု တိုက်ဖျက်ရေးကော်မရှင် (NACC) အဖွဲ့ဝင် ကိုးဦးတွင် တစ်ဦးဖြစ်သူ နာရောင်ရာ သန်မာရစ်ကို အဆိုပါကိစ္စ စုံစမ်းစစ်ဆေးရန် ကော်မတီခွဲ ဖွဲ့ရန် တာဝန်ပေးလိုက်ကြောင်း လာဘ်စားမှု တိုက်ဖျက်ရေး ကော်မရှင်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယင်းလပ်နှင့်အတူ ပိုင်ဆိုင်မှုများကို စစ်ဆေးခံရသူများမှာ ယင်းလပ်၏ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးသုံးဦးနှင့် လက်ထောက် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးတို့ ပါဝင်သည်။

ထိုင်းလာဘ်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ဝန်ကြီးချုပ်ဟောင်း ယင်းလပ်သည် ဆန်စပါး ဝယ်ယူသည့် ကိစ္စတွင် အလွဲသုံးစားမှုဖြင့် တရားစွဲဆိုရန် မေလ အစောပိုင်းက ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။

NACC ၏ ဆုံးဖြတ်ချက်ကို ထိုင်းဆီးနိတ် လွှတ်တော်က လက်ခံ၍ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပါက ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ်အနေနှင့် နိုင်ငံရေးလုပ်ခွင့် ငါးနှစ် ပိတ်ပင်ခံရမည် ဖြစ်သည်။

ထိုင်းလာဘ်စားမှု တိုက်ဖျက်ရေး ကော်မရှင်သည် ဝန်ကြီးချုပ်ဟောင်း ယင်းလပ်ကို တာဝန်ပေါ့လျော့မှုဖြင့်လည်း စုံစမ်းစစ်ဆေးလျက် ရှိသည်။

ထို့အတူ ထိုင်းအစိုးရ ဆန်ဝယ်ယူရေး ကိစ္စနှင့် ပတ်သက်၍ ဝန်ကြီးချုပ်ဟောင်း ယင်းလပ်နှင့် ဝန်ကြီးဟောင်း လေးဦးအပြင် အခြားဝန်ကြီးဟောင်း ငါးဦးကိုလည်း စုံစမ်းစစ်ဆေးလျက် ရှိကြောင်း ထိုင်းအမျိုးသား လာဘ်စားမှု တိုက်ဖျက်ရေး ကော်မရှင် လက်ထောက် အထွေထွေအတွင်းရေးမှူး ဝိုရာဝစ်ဆူဘွန်းက ပြောကြားသည်။

ယင်းလပ်အစိုးရ၏ ဝန်ကြီးများ ဖြစ်သော ဒုတိယဝန်ကြီးချုပ် သုံးဦး၊ ဘဏ္ဍာရေးဝန်ကြီး ကစ်တီရန်နာရာနောင်နှင့် လူမှုဖွံ့ဖြိုးရေးနှင့် လူသားဘဝ လုံခြုံရေးဆိုင်ရာ ဝန်ကြီး ဆန်တီပရွန်ဖတ်တို့ ငါးဦးကို ၎င်းတို့၏ ဘဏ္ဍာရေး စာရင်းရှင်းတမ်းကို ဇွန်လ ၂၀ ရက်နေ့ မတိုင်မီ နောက်ဆုံးထား၍ ပေးပို့ရန် NACC က အမိန့်ထုတ်ပြန်ထားသည်။

the voice weekly

ဥစ္စာစောင့်တကယ်ရှိတာလား ???


ကျွန်တော့်ကို ဒီလိုလာမေးရင်တော့ ရှိတယ်ဆိုတာဖြစ်နိုင်တယ်။ ယုံလားဆိုတော့ ယုံတယ်လည်း မဟုတ်ဘူး၊ မယုံဘူးလည်းမဟုတ်ဘူး။ သူ့ဟာသူနေသူ နေကြတယ်။ ကိုယ်လည်း ကိုယ်ဟာကိုနေ တယ်ပေါ့လေ။ ဥစ္စာစောင့်တွေကြောင့် စီးပွားတက်တာ ဟုတ်လားမေးရင်လည်း ဟုတ်ချင်လည်းဟုတ်မယ်၊ ဒါပေမယ့် ကျွန်တော်တို့ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး အလုပ်နဲ့ ရတဲ့ငွေကိုပဲလိုချင်တယ်။ ဘယ် ပစ္စည်းမှ အလကားမရတာ၊ဥစ္စစောင့်က စီးပွားတက်အောင်လုပ်ပေးတယ် ဆိုရင်လည်း သူတစ်ခုခုလိုချင်လို့ လုပ်ပေးတာဖြစ်မှာပေါ့။ အဲ့ဒီတော့ ကိုယ်က သူ့အတွက် အလုပ်အပိုတွေလုပ်ပေးရဦးမယ်။ အဲ့ဒီတော့ သူ့ဟာသူနေ ကိုယ်ဟာကိုယ်နေလို့ပဲ ကျွန်တော်က ခံယူတယ်။

ဥစ္စာစောင့်တစ်ကယ်ရှိတာလား ဆိုတဲ့ မေးခွန်းလေးကိုကျွန်တော် ငယ်ငယ်လေးထဲက မယုံတာပါ။ ဗိုလ်တစ်ထောင်က မြနန်းနွယ်ဆိုတဲ့ ဥစ္စာစောင့် အကြောင်လည်းကြားဖူးပါရဲ့။ ဒါပေမယ့် ကိုယ်တွေမဟုတ်လေတော့ယုံရခက်ခက်ကြီးရယ်။ ဒါပေမယ့် ကျွန်တော်ထင်တယ်ကျွန်တော် ၇ တန်းလောက်မှာ ကိုယ်တွေ့အဖြစ်လေးတစ်ခု တွေ့ဖူးပါရဲ့။ ကိုယ်တွေ့ဆိုပေမယ့် အမေက ကျွန်တော်ငယ်သေးတာကို စိုးရိပ်ပြီးခေါ်မသွားလို့ နောက်ပိုင်းမှာ အမေ့ဆီက ပြန်ကြားရတာတွေကိုပဲ နားထောင်ရတာပါ။ အဖြစ်ကဒီလို။

ကျွန်တော် က ပုသိမ်ဇာတိ။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း အားလုံး ပုသိမ်ကကျောင်းတွေမှာပဲတက်ခဲ့တာ။ အမေကလည်း ပုသိမ်မှာပဲ ဆေးခန်းဖွင့်တယ်။ အမေဆေးခန်းဖွင့်တဲ့ အိမ်လေးက ကျွန်တော်တို့အိမ်နဲ့အတော်လေးလှမ်းသဗျ။ တစ်ခါတစ်လေ တစ်ပတ်ကို ၁ရက် ၂ ရက်လောက်တော့ အမေ့ဆေးခန်းကို လိုက်ပြီး ဆော့လေ့ရှိသဗျ။ ဆေးခန်းက ဆေးဘူးခွံကလေးတွေကို အိမ်ပြန်သယ်လာ၊ အဲ့ဒီဆေးဘူးခွံလေးတွေနဲ့ အိမ်ဆောက်တမ်းဆော့ အဲ့ဒီလိုပေါ့လေ။ အမေ့ဆေးခန်းဖွင့်တဲ့ အိမ်မှာက အပျိုကြီးတစ်ယောက်၊အပျိုကြီးရဲ့အမေနဲ့ တူမနှစ်ယောက်ရှိသဗျ။ ဥစ္စာစောင့်အဖြစ်ကအဲ့ဒီအိမ်မှာ ဖြစ်တာ။ ဖြစ်ပုံကတော့ ဆန်းသား။ အဲ့ဒီတူမနှစ်ယောက်မှာ အကြီးမက တစ်အိမ်လုံး ကျန်တဲ့လူတွေနဲ့မတူဘူးခင်ဗျ။ အသားအရည်က ရွှေဝါရောင် ၀င်းဝင်း၊မျက်နှာကလည်း ချောချောလေးနဲ့ တစ်မိပေါက် တစ်ယောက်ထွန်းဆိုသလို အတော်ချောသဗျ။ ထားပါတော့လေ မမိုးမိုးလို့ပဲ ခေါ်ကြပါစို့။

အဲ့ဒီအချိန်တုန်းက မမိုးမိုးက အထက်တန်းတက်နေတုန်းနဲ့တူတယ်။ အမေကလည်းထုံးစံအတိုင်း ညနေဆိုရင် စက်ဘီးလေးစီးပြီးတော့ဆေးခန်းသွား ညပိုင်းကျတော့ ပြန်လာပေါ့လေ။ ဒီလိုနဲ့တစ်နေ့ကျတော့ ဆေးခန်းပိတ်ပြီး ပြန်မယ်လုပ်တော့ ဆေးခန်းရှေ့၊ အိမ်ရှေ့ပေါ့ဗျာ၊ အဲ့ဒီမှာ မြွေသူတောင် (စပါးအုံးအဖြူရောင် လိုမြွေမျိုး) က ကန့်လန့်ဖြတ်ပြီး ပိတ်နေပါတယ်။ အမေကလည်း ကြောက်တော့ ဆေးခန်းကလည်း မပြန်ရဲ၊ အဲ့ဒါနဲ့ရွှေလက်စွပ်ကို ရေထဲစိမ် ရွှေရေငွေရေ ဖျန်းတယ်ဆိုပြီး မွေကြီးကို ခြောက်ထုတ်၊ မွေကြီးအိမ်ရှေ့က ထွက်သွားတော့မှပဲ အိမ်ပြန်ရဲတော့တယ်။ အဲ့ဒီလိုဖြစ်တာက ကြာသာပတေး နေ့တိုင်းခင်ဗျ။ ကြာသာပေးနေ့ ညရောက်ပြီဆိုရင် အဲ့ဒီမြွေကြီးက အချိန်မှန်ပဲဆေးခန်းရှေ့ ပိတ်ပိတ်ပြီးနေတာ။ ပိတ်တိုင်းလည်းခြောက်လှန့်ထုတ်ရတာပေါ့ဗျာ။ အဲ့ဒီလိုနဲ့ တစ်လလောက်ကြာလာတော့မမိုးမိုးက အမေ့ကိုလာပြောတယ်။ သူ တစ်ပတ်ကိုတစ်ခါလောက် အိပ်မက် မက်တယ်တဲ့။ အိပ်မက်ထဲမှာသူ့ဆံပင်တွေက အရှည်ကြီးပဲ၊ ရှည်တာမှ ခြေမျက်စိလောက်နားအထိရှည်ပြီးတော့ ဆံပင်အဖျားလေးတွေကအပေါ်ကို ပြန်ကော့တက်နေပါသတဲ့။ နောက်ပြီး သူရောက်သွားတဲ့ နေရာက တော်တော်ကို ခမ်းခမ်းနားနားနဲ့ တယ်… မဟာဆန်ဆိုပဲ။ ရွှေတိုင်လုံးကြီးတွေနဲ့၊ ရွှေတွေ ငွေတွေဆိုတာ ရွှေအိုးတွေနဲ့ ထည့်ထားတာ တစ်ခန်းလုံးအပြည့်ဆိုပဲ။ နောက်ပြီးတော့ အိပ်မက်ထဲမှာ သူ့အကို အမတွေနဲ့ တွေ့တယ်ဆိုပဲ။ ဟိုမှာ သူတို့ဒန်းစီးပြီးတော့ သီချင်းတွေ ဆိုကြတာ တယ်ပျော်ဖို့ကောင်းဆိုပဲ။

အမေကလည်း အို ညည်းအေ… အိပ်ရေးပျက်တာတို့၊ အားနည်းတာတို့ ဖြစ်ရင် ဒီလိုပဲ အိပ်မက် မက်တယ်ပါတယ်၊ အဟာရညီမျှတဲ့ အစားအစာ များများစားပေး၊ အားဆေးကတော့ လိုအပ်မှသောက်ဆိုပြီးတော့ အားဆေးပေးလိုက်ပါသတဲ့။ ဒါပေမယ့် မမိုးမိုးကတော့ သောကြာနေ့လောက်ဆိုရင် အမေ့ဆီလာပြီးသူ့အိမ်မက်ကို ပြောပြတတ်ပါတယ်။ အိမ်မက်ထဲမှာသူ့အစ်ကို အမတွေက သူ့တို့နဲ့ လာနေမလားလို့ ခေါ်နေကြောင်း။ သူလည်း ဟိုမှာနေရတာ ပျော်ကြောင်း ပြောပါတယ်။ အမေက နင့်အိမ်မက်ထဲမှာနဲ့ အပြင်မှာ ဘယ်ဟာ ပိုပျော်လည်းမေးတော့ သူက ဟိုမှာနေရတာ ပိုပျော်တယ်လို့ ပြောပါတယ်။

ဒီလိုနဲ့ တစ်လကျော်ကျော်လောက်ထင်တယ် အဲ့ဒီလို အဖြစ်အပျက်တွေဖြစ်ပြီးနောက်မှာတော့ မမိုးမိုးတစ်ယောက်သတိလစ်သွားပါတော့တယ်။ အိမ်ကို ဖုန်းဆက်ပြီးလှမ်းခေါ်တော့ အမေကလည်း အဲ ဒီကောင်မလေး စိတ်ညစ်စရာတွေရှိလား၊ ရည်းစားသညာတွေ ရပြီးတော့များတစ်ခုခုဖြစ်လေသလားဆိုပြီး နေ့ခင်းကြီး ဆေးခန်းကလေးကို သွားပါတယ်။ ဟိုရောက်တော့ သွေးပေါင်ချိန်ကြည့်၊ မျက်ခွံလှန်ကြည့်၊စသည်အားဖြင့်သူ စစ်ဆေးကြည့်ပါတယ်။ အားလုံးက ပုံမှန်၊ သို့ပေမယ့် သတိကတော့ လစ်နေတာပါပဲ။ အစက သတိလစ်ချင်ယောင်ဆောင်တယ်ထင်ပေမယ့် တစ်ကယ်သတိလစ်နေလေတော့ဘာရယ်ကြောင့် သတိလစ်ရတယ်ဆိုတာကို သူလည်း ရေရေရာရာမသိပါဘူး။ ဒီလိုနဲ့ နောက်တစ်နေ့ရောက် မမိုးမိုးလည်း ပြန်သတိရလာတော့ရှိုက်ကြီး တစ်ငင်ကို ငိုတော့တာပဲ။ သူ့ကို သူ့အစ်ကိုနဲ့အမတွေက ဟိုမှာ အပြီးလိုက်နေဖို့ခေါ်ကြောင်း။ သူတို့မှာ စုစုပေါင်း ညီအစ်ကို မောင်နှစ်မ ငါးယောက်ရှိကြောင်း။ အစ်ကိုက တစ်ယောက်၊ အမက ၃ ယောက်ရှိပြီး သူက အငယ်ဆုံးဖြစ်ကြောင်း။ အငယ်ဆုံးဖြစ်သောကြောင့် သူ့ကို အားလုံးက ချစ်ကြကြောင်း။ဒါပေမယ့် သူလည်း အိမ်ကလူကြီးတွေ စိတ်ပူမှာစိုးလို့ အိမ်ခဏ ပြန်ဦးမယ်ဆိုပြီးတော့ ပြန်လာတဲ့အခါမှာခုလို သတိရလာတာဖြစ်ကြောင်း တစ်ငိုငို တစ်ယိုယိုနဲ့ ပြောပါတယ်။

ဘယ်သူက သူပြောတာ ယုံမှာတုန်း။ လျှောက်ပြောနေတယ်လို့ပဲ ထင်တာပါပဲ။ ဒီလိုနဲ့ မမိုးမိုးတစ်ယောက်ဟာ တစ်ခါတစ်လေ သုံး နာရီလောက်သတိလစ်သွားလိုက်၊ တစ်ခါတစ်လေ တစ်ရက်လောက် သတိလစ်သွားလိုက်၊ နိုးလာရင် တစ်မှိုင်မှိုင်းတစ်တွေတွေနဲ့ သူ ရွေးရခက်နေကြောင်း ဟိုမှာလည်း ပျော်ပေမယ့် ဒီမှာလည်း ပျော်ကြောင်းစတဲ့ တောင်တောင်အီအီတွေ လျှောက်ပြေနေပါတယ်။ အဲ့ဒီကစပြီး အမေက ကျွန်တော့်ကို ဆေးခန်းမခေါ်တော့တာနဲ့ပဲ အိမ်ကနေပြီး အမေပြန်လာတိုင်းပြန်ပြောပြတဲ့ အဖြစ်အပျက်ကလေးတွေကိုပဲ စောင့်ပြီး နားထောင်ရတာပါပဲ။

ဒီလိုနဲ့ တစ်နေ့တော့ ကရင်ကျောင်းဆရာမတစ်ယောက်အိမ်ကိုလာလည်ပါသတဲ့။ အဲ့ဒီဆရာမက သိုက်တို့ဥစ္စာစောင့်တို့နဲ့ဆိုရင် စကားတွေဘာတွေ ပြောဆိုပဲ။ ပြောတယ်ဆိုတာက သူကလည်း အဆက်ပါဆိုပဲ။ အဆက်ဆိုတာက သိုက်နဲ့ အဆက်ရှိတယ်လို့ ဆိုပါတယ်။ ဟုတ်မှဟုတ်ရဲ့လားလို့ ကျွန်တော်သံသယဖြစ်ပေမယ့် အဲ့ဒီဆရာမနဲ့တွေ့တော့တစ်သက်လုံး ဗမာစကားပြောနေတဲ့ မမိုးမိုးဟာ ကရင်လို ထပြီးရောတော့တာပါဘဲ။ အမေတို့လည်း မျက်လုံး အကြောင်သားနဲ့ ထိုင်ကြည့်နေရတယ်လို့ဆိုပါတယ်။ နောက်တစ်ခုက အသံနေ အသံထားနဲ့ စကားပြောပုံကခဏနေ တစ်ယောက်၊ ခဏနေ တစ်ယောက်က ပြောနေသလို မမိုးမိုးရဲ့ အသံတွေက ပြောင်းနေပါတယ်တဲ့။ သူတို့ဟာ သူတို့ ပတွတ် ပတွတ်နဲ့ ပြောလို့လဲဝရောမမိုးမိုးလည်း သတိပြန်လစ်သွားရောတဲ့။ ကရင်ဆရာမကသူဟာ မမိုးမိုးရဲ့ အမသုံးယောက်နဲ့ စကားပြောဖြစ်ကြောင်း ပြန်ပြောပြပါတယ်။

အဲ့ဒီကျောင်းဆရာမ ပြန်ပြောပြတာကတော့ မမိုးမိုးဟာခုချိန်အထိ သိုက်ထဲမှာပဲရှိနေကြောင်း၊ စောစောက သူပြောသွားတာတွေဟာ သူ့အစ်မ သုံးယောက်ကသူ့ကိုယ်ထဲ ၀င်ပြီး ပူပြောတာဖြစ်ကြောင်း။ သူတို့ညီမလေးကို အပြီးခေါ်ထားချင်ကြောင်း။ သိုက်စောင့်ဘိုးဘိုးကြီးနဲ့ ဆွေးနွေးဦးမှာဖြစ်ကြောင်း ပြောပါတယ်။ နောက်ပြီး သူတို့ သိုက်က ပုသိမ် ရွှေမုဋ္ဌော ဘုရားအောက်မှာရှိကြောင်းလည်း ပါပါတယ်။ ဒီလိုနဲ့ အဲ့ဒါ ပြီးကထဲကမမိုးမိုးလည်း သတိလစ်သွားတာ သတိကို ပြန်လည်မလာတော့ပါဘူး။ ကြံရာမရတဲ့ အဆုံး ကြံခင်း က သိုက်နိုင်တယ်ဆိုတဲ့ဆရာတော်ကို အိမ်သားတွေ သွားပင့်ကြပါတယ်။

အဲ့ဒီလိုနဲ့ကြံခင်းက ဆရာတော် ရောက်လာရောဆိုပါဆို့ဗျာ။ ဆရာတော်ရောက်လာတော့လည်း မမိုးမိုးက သတိလစ်နေတုန်းခင်ဗျာ့။ ဆရာတော်က ရေမန်းတွေဘာတွေဖျန်းပြီး ဖနောင့်နဲ့ ကြမ်းပြင်လည်းဆောင့် လိုက်ရော မမိုးမိုးလဲ ငုတ်တုတ်ထ ထိုင်ဆိုပဲ။ ငုတ်တုတ်လည်း ထိုင်ပြီးရော ဆရာတော်နဲ့ ကရင်လို ရောကြလေရဲ့။ ကရင်လိုရောရင်း ရောရင်းကနေ နောက်ပိုင်း ဘာသာစကားပြောင်းသွား တာဘေးက လူတွေ လည်း နားမလည်တော့ပါဘူးတဲ့။ ဟို ကရင်ကျောင်းဆရာမလည်းနားမလည်တော့ဘူး။ ထင်တာကတော့ ရှေးဟောင်း ဘာသာစကားတစ်ခုဖြစ်မယ်ထင်ပါတယ်။

ဆရာတော်လည်း ပြောရင်းပြောရင်းနဲ့ ဒေါသတွေ ထွက်လာပြီးတော့ မမိုးမိုးကို ကြိမ်နဲ့ ဆော်ပါတော့တယ်။ မမိုးမိုးလည်း လူးလှမ့် နေတာပေါ့လေ။ အဲ့ဒါနဲ့ သိပ်မကြာပါဘူး မမိုးမိုး အသံက ယောင်္ကျားသံကြီးလိုပြောင်းသွားပြီးတော့ ဆရာတော့နဲ့ အတင်အချ ပြောတော့တာပါဘဲ။ နောက်မှ သိရတာက ဆရာတော်နဲ့ ပထမ ပြောတာက အစ်မ အကြီးဆုံးနဲ့ ပြောတယ်လို့ဆိုပါတယ်။ သူတို့ ရဲ့ အထွေးကလေးကိုလူ့ပြည်ပြန်မပို့တော့ဘူး ပြန်ခေါ်ထားမယ်ဆိုလို့ ဆရာတော်က သဘောမတူကြောင်း၊ လာပြီးမှတော့ သက်တမ်းစေ့နေပြီးမှ ပြန်ခေါ်ရမှာ ဖြစ်ကြောင်း၊ဒီလို ခုလွှတ် ခုပြန်ခေါ် လုပ်ချင်တိုင်းလုပ်ရအောင် မင်းတို့ကိုယ် မင်းတို့ ဘာထင်နေသလဲလို့ ပြန်ပြောကြောင်း။ ဟိုက ဘူးခံနေတာနဲ့ ဆရာတော်လည်း တင်းပြီးတော့ ကြိမ်နဲ့ သမတယ်လို့ဆိုပါတယ်။ သူ့ညီမ ကြိမ် သမခံနေရတာကို အစ်ကိုကတွေ့တော့မခံမရပ်နိုင်ဖြစ်ပြီး အမအစား အစ်ကိုကြီးက ကြိမ်ဒဏ်ဝင်ခံရင်း ဆရာတော်နဲ့ စကားများကြတယ်လို့ဆရာတော်က ပြန်ပြောပါတယ်။
နောက်တော့ အစ်ကိုကြီးသော ဘာသော နားမလည်ဘူးသမ မယ်ဆိုပြီး ကြိမ်နဲ့ ထပ်ဆော်ပြန်ပါတယ်။ မမိုးမိုးက လူးလှမ့်နေတာပါဘဲ။ ကြိမ်လုံးရာတွေလည်းတစ်ကိုယ်လုံးမွနေတာပေါ့လေ။ နောက်ဆုံးတော့ လူကြီးသံလိုမျိုး မမိုးမိုး ဆီက အသံထွက်လာပါတယ်။ ဆရာတော်ပြောတာကတော့အဲ့ဒါဟာ သိုက် စောင့် ဘိုးဘိုးကြီးလို့ ဆိုပါတယ်။ နောက်တော့ ဆရာတော်နဲ့ သိုက်စောင့် ဘိုးဘိုးကြီးနဲ့ စကားတွေ အတင်အချ ပြောလိုက်တာအတော်ကြာသွားပါသတဲ့။ နောက်ဆုံးတော့ ဘယ်လိုညှိလိုက်တယ်မသိပါဘူး ဆရာတော်က မင်းတို့လုပ်ချင်တိုင်း လုပ်လို့ရမယ် ထင်နေသလား။ ငါ သိုက်ကျောဖြတ်မယ်ဆိုပြီးတော့ကြံခင်းကို မမိုးမိုးကို ခေါ်သွားဖို့ ပြင်ပါတယ်။

ကြားထဲမှာ ရထားစီးတာ၊ ကားစီးတာတွေကို ချန်ခဲ့ရင်တော့ကြီးဒေါ်ရယ်၊ မမိုးမိုးရယ်၊ ဆရာတော်ရယ် ကြံခင်းကို ရောက်ပါလေရောပေါ့လေ။ ဟိုရောက်တော့ မြစ်ကူးပြီး ဆရာတော်ကျောင်းကို သွားရမယ့်ခရီးပါ။ ဆရာတော်က သိုက်က အစ်ကိုကြီးရော၊ အစ်မ၃ ယောက်ရောပါ ခေါ်လာပါသတဲ့။ မြစ်ကူးခါနီးကျတော့လှေပေါ်ရောက်တော့ တစ်ယောက်ပြီး တစ်ယောက် တက်ခိုင်းပါသတဲ့။ အဲ့ဒီက အဒေါ်ကြီး ပြောပြတာကတော့ လှေက တစ်ယောက်တက်လိုက်တိုင်းတစ်ယောက်စား မြုတ်မြုတ်သွားတယ်ဆိုပဲ။ ဟုတ်မဟုတ်တော့မသိဘူးပေါ့လေ။ အဲ့ဒါနဲ့ နောက်ဆုံး အစ်ကို ကြီးအလှည့်ကျတော့ အစ်ကိုကြီး က ပေကပ်ပြီး လှေပေါ်မတက်ဘူး လုပ်နေပါသတဲ့။ အဲ့ဒါနဲ့ ဆရာတော်လည်း အတင်းကြိမ်းမောင်းပြီး တက်ခိုင်းတော့မှလှေပေါ်ရောက်ပါသတဲ့။ လှေပေါ်ရောက်တော့ ဆရာတော်ကအဲ့ဒီ မမိုးမိုးရဲ့ အဒေါ်ကို ဟဲ့ဒကမကြီး ဟိုဘက်တိုးလိုက် ဒီမှာ အစ်ကို အကြီးဆုံးက ထိုင်စရာနေရာမရှိဘူးဖြစ်နေတယ်လို့ ဆိုလေတော့ အဒေါ်လည်း လန့်ဖျန့်ပြီး အမလေး အတူတူတော့ မထိုင်ပါရစေနဲ့ရှင်ဆိုပြီး နောက်တစ်တန်း ဆုတ်ထိုင်တယ်လို့ ဆိုပါတယ်။ လှေပေါ်ရောက်တော့ ဆရာတော်က “ကဲ ငါ့ကျောင်းအပိုင်ရောက်ပြီ၊ နင်တို့ မောင်နှစ်မတွေအေးအေးဆေးဆေးလိုက်ခဲ့ လမ်းမှာ လှေကို မှောက်ပစ်မယ် မကျန်နဲ့ သိုက်ပြန်မရောက်ဘူး ဖြစ်သွားမယ်လို့ကြိမ်းပါသတဲ့”။

ဆရာတော်ကျောင်းဝင်ခါနီးတော့ လှေပေါ်က ပါလာတဲ့မောတဲ့မောင်နှမ ၄ ယောက်ကို ဆရာတော်က မှာပါသတဲ့ “နင်တို့ ဟိုရောက်ရင် ငါ့ကျောင်းက ဟာတွေနဲ့တည့်အောင်နေ ရန်မဖြစ်နဲ့တဲ့”။ ကြီးဒေါ် ပြန်ပြောတာကတော့ဆရာတော့် ကျောင်းမှာလည်း ဥစ္စာစောင့်တွေရှိသတဲ့ဗျ။ နောက်ပြီး ဆရာ့တော့် ဗီဒိုထဲမှာလည်း အရုပ်တွေမှ အများကြီး ထူခြားတာက ကျွဲညီနောက်ရုပ်တဲ့ခင်ဗျ။ လပြည့်ညရောက်လို့ အဲဒီ ကျွဲညီနောင်ကိုမှ ဗီဒိုထဲကမထုတ်ဖူးဆိုရင် ကျောင်းတစ်ခုလုံး ဗြောင်းကို ဆန်တယ်လို့ ပြောပါတယ်။ ဟုတ်သည် မဟုတ်သည်ထားစိတ်တော့ ၀င်စားစရာပေါ့ဗျာ။

အဲ့ဒီလိုနဲ့ ဆရာ့တော့်ကျောင်းမှာ မမိုးမိုးကိုထား၊ ပြီးတော့ ဥပုတ်စောင့်ခိုင်း၊ ၈ ပါးသီလယူ၊ယောဂီဝတ်ပြီးတော့ သိုက်ကျော ဖြတ်တယ်လို့ဆိုပါတယ်။ မည်သို့ပင်ဆိုစေ၊ နောက်ပိုင်းမှာတော့ မမိုးမိုးတစ်ယောက် သတိလည်း မလစ်တော့သလို၊အိပ်မက်လည်း မမက်တော့ပါဘူး။ ထူးဆန်းတာတစ်ခုကမမိုးမိုးဟာ မြန်မာစကား တစ်မျိုးသာ ပြောတတ်သူ (အင်္ဂလိပ်စကားကတော့ ကျောင်းမှာ သင်တယ်၊ဒါကို ထားလိုက်ပါတော့) တစ်ယောက်ပါ။ ဒီလို အဖြစ်အပျက်တွေဖြစ်ပြီးတော့ ကရင်စကားရော၊ တစ်ခြားစကားကိုပါဒေသခံတစ်ယောက်လို မွှတ်နေအောင်ပြောပေမယ့်၊ အခုဆိုရင်သူဟာ အဲ့ဒီ ဘာသာစကားတွေကို လုံးဝ ပြန်မပြောနိုင်တာပါ။ အဲ့ဒီတော့ ယုံရ ခက်ခက်ကြီးရယ်။ လက်တွေ့ ကိုယ့်ရှေ့မှာ အဲ့ဒီလိုမျိုး ဖြစ်သွားတယ်ဆိုလေတော့ဥစ္စာစောင့်ဆိုတာ တစ်ကယ်ရှိတယ်၊ မရှိဘူးဆိုတာ ပြောရမှာ မလွယ်လှဘူး ဖြစ်သွားပါတယ်။ ခုတော့ မမိုးမိုးတစ်ယောက်လည်း အိမ်ထောင်တွေဘာတွေကျပြီးတော့ကလေးတွေတောင် ထွန်းကားနေပြီထင်ပါရဲ့။

ဒါတင်လားဆိုတော့မဟုတ်ပါဘူး။ ကျွန်တော် အဖေရဲ့ ဇာတိမြို့က ကန်ကြီးဒေါင့်မြို့ပါ။ ကန်ကြီးထောင့်မြို့ဆိုတာ ဘယ်ကနေ နာမည်တွင်လာလည်းမသိပေမယ့်၊ အဒေါ်ရဲ့ အိမ်နောက်ဖေးမှာတော့ ကန်ကြီး တစ်ကန်ရှိပါတယ်။ အခုတော့ အိမ်တိုင်းက ကျောပေးပြီး အိမ်သာလှည့်ဆောက်ထားလေရဲ့။ အဲ့ဒီမှာလည်း သိုက်ရှိတယ်ဆိုပါတယ်။ အဲ့ဒီသိုက်က နောက်ပိုင်း လူတွေ က အိမ်သာလှည့်ဆောက်ပါများလာလို့ကန်ကြီးဒေါင့် ရွှေလိပ်ပြာ ဘုရားဘက်ကို သိုက်ပြောင်းတယ်ဆိုပါတယ်။ သိုက်ပြောင်းတဲ့နေ့ကတော့ ညနေ၀င်ရီတလျှောမှာ ရွှေလှေတွေမိုးပေါ်ပျံပြီးတော့ ရွှေလိပ်ပါဘုရားဆီကို ဆည်းလည်းသံ တစ်ချွင်ချွင်နဲ့ ပြောင်းကြတယ်လို့လူတွေဆိုကြပေမယ့် ကျွန်တော်ကတော့ မျက်မြင်ကိုယ်တွေ့မဟုတ်လို့ မယုံပါဘူး။ ဒါပေမယ့် ကန်ကြီးဒေါင့် ဆရာတော် ဘုရားကြီး တည်ထားခဲ့တဲ့လေးမျက်နှာ စေတီတော်ရဲ့ မုဒ်ဦးတစ်ခုကတော့ အမည်မဖော်လိုတဲ့ ဥစ္စာစောင့်တစ်ယောက်က ဆရာတော်ကြီးထံရွှေတွေလာပေးပြီးတော့ ဘုရားတည်ဖို့ လှုဒါန်းသွားတယ်လို့ ဆိုပါတယ်။ ယခုအချိန်အထိ အဆိုပါမုဒ်ဦးမှာ ထိုကဗြည်းစာတမ်းကိုဖတ်နိုင်သေးကြောင်း ကန်ကြီးဒေါင့်မြို့ကို အလည်ရောက်ခဲ့တယ်ဆိုရင် သွားရောက်ကြည့်နိုင်ပါကြောင်း၊ ဥစ္စာစောင့် တစ်ကယ်ရှိသလားဆိုတဲ့ မေးခွန်းလေးကို စဉ်းစားဖို့ ပိုစ်တစ်ခုအနေနဲ့တင်ပေးလိုက်ပါတယ် ခင်ဗျား။
အပိုင်းကတော့ ကျွန်တော့် အဖေရဲ့ ဇာတိမြို့ကလေးကန်ကြီးဒေါင့်မြို့က အကြောင်းလေး။
ကန်ကြီးဒေါင့်ဆိုတာကပုသိမ်ကနေဆိုရင် ၁၈ မိုင်လောက်ဆိုတော့ နာရီဝက် ၁ နာရီလောက် ကားမောင်းသွားရင်ရောက်တယ်။ အရင်တုန်းက ကားလမ်းတွေသိပ်ပြီးတော့ မပေါက်သေးတော့ကန်ကြီးဒေါင့်နားက ဘဲကရက်၊ ဒေါင့်ကြီး၊ ကံကုန်း၊ ဖားစီကွင်း စတဲ့ စတဲ့ ရွာကလေးတွေကကန်ကြီးဒေါင့်ကိုပဲ အားထားနေရတာ။ ဘာဖြစ်လို့လဲဆိုတော့ကန်ကြီးဒေါင့်က မြစ်ကမ်းဘေးက ဆိပ်ကမ်းမြို့ကလေးလို ဖြစ်နေတော့ ရေလမ်းက အဓိကပဲ။ အနီးအနားကရွာတွေက စပါးပေါ်ချိန်ဆိုရင် စက်လှေတွေနဲ့လာပြီးတော့ စပါးလာအပ်ကြ၊ ကြိတ်ကြ၊ ရလာတဲ့ ငွေစလေးတွေနဲ့ ငရုပ်၊ ကြက်သွန် စတဲ့ ကုန်စိမ်းတွေဖြစ်ဖြစ်၊ အ၀တ်အစားတွေဖြစ်ဖြစ် ကန်ကြီးဒေါင့်မှာပဲ လာပြီး ၀ယ်ကြတာ။ ခုကျတော့ ကားလမ်းတွေပေါက်လာပြီဆိုတော့ ကန်ကြီးဒေါင့်မြို့လဲအရင်လောက် သိပ်ပြီး စည်စည်ကားကားမရှိတော့ပါဘူး။ အဲ.. စကားမစပ် မော်ဒယ် ချောရတနာ ကလည်း ကန်ကြီးဒေါင့် ဇာတိပဲ။

ကန်ကြီးဒေါင့်ရောက်ရင် လောကမှန်ကူ ဆုတောင်းပြည့်စေတီတော်ရှိမယ်။ ပုဂံခေတ်က ပုံစံကို ယူပြီးတော့ ဆောက်ထားတဲ့စေတီတော်။ စေတီတော်ထဲမှာ ရွှေ၊ ကျောက်မျက်ရတာနာတွေနဲ့ပူဇော်ထားတဲ့ ဆင်းတုတော် ရှိတယ်။ ပွဲတော်ရက်တွေဆိုရင်တော့အပူဇော်ခံပါတယ်။ အနီးကပ် ကြည့်လို့လဲရတယ်။ဒီ စေတီတော်ကို တည်တုန်းက ထူးထူးခြားခြားလေးတွေတော့ ရှိခဲ့ဖူးတယ်။ ဒါကတော့ သိုက်မောင်နှမ ဇာတ်လမ်းပဲ။ စေတီတော်ကို ဦးစီးဦးဆောင်ပြီးတော့ တည်ထားခဲ့တာကအခု ပျံလွန်တော်မူသွားပြီးတဲ့ ကန်ကြီးဒေါင့်ဆရာတော်ကြီး။ စေတီတော်ကြီးနဲ့ ကပ်ရပ်မှာက မင်္ဂလာရာမ ကျောင်းတိုက်ရှိတယ်။ ပရိယတ္တိစာပေတွေကို သင်ကြားပို့ချပေးနေတဲ့ ကျောင်းတိုက်။ ကျောင်းတိုက်ကြီးကလည်း တော်တော့်ကို ထည်ဝါတဲ့ မှန်စီရွှေချကျောင်းတိုက်ကြီး။ သင်္ကြန်တို့၊ အခါကြီး ရက်ကြီးတွေဆိုရင်မိုးကုတ်ဝိပဿနာတရားစခန်းဖွင့်တယ်။ နောက်ပြီးတော့ ရှင်ပြု နားသ မင်္ဂလာပွဲတွေလဲ ရွာနီးချုပ်စပ်ကလူတွေလာပြီးတော့ စုပေါင်းရှင်ပြု ပွဲတွေ လုပ်ကြတယ်။ နောက်ပြီး နှစ်တိုင်း ဘုရားပွဲရှိတယ်။ ဘုရားပွဲတော်ဆိုရင် အရမ်းပျော်ဖို့ ကောင်းသပေါ့။ ဇာတ်ပွဲ၊ စားသောက်ဆိုင်တန်းတွေ၊ ဒေသထွက် ပစ္စည်းရောင်းတဲ့ဆိုင်တွေ.. စသည် စသည်ဖြင့်။

ထူးဆန်းတယ်ဆိုတာက ဒီလို စေတီကြီးကို တည်နိုင်တယ်ဆိုတဲ့အချက်ကိုပါ။ စေတီတော်ကြီးတည်တော့ အနယ်နယ် အရပ်ရပ်ကအလှူရှင်တွေ အားတက်သရော လာပြီးတော့ လှူဒါန်းကြတာပဲ။ ဒါပေမယ့် စေတီတော် ကုန်ကျတဲ့ စရိတ်ကို တွက်ကြည်လိုက်ရင်လှူဒါန်းလို့ရတဲ့ ငွေနဲ့ မဖြစ်နိုင်လောက်တဲ့ အနေအထား။ နောက်ပြီးတော့ ဆရာတော်ကြီးကို သိုက်က သိုက်စောင့်ဘိုးဘိုးကြီးနဲ့သိုက်က မောင်နှမတွေ လာရောက်ပြီးတော့ လှူဒါန်းကြတယ်လို့လဲ ငယ်ငယ်တုန်းကတော့ ကြားဖူးပါရဲ့။ သို့ပေမယ့် ဟိုလူပြော၊ ဒီလူပြောဆိုတော့ ဂဃနဏသေချာ မကွဲပြားဘူး။ ဒါပေမယ့် ဒီစေတီကြီး တည်တော့သိုက်မောင်နှမတွေရဲ့ သိုက်နန်းနဲ့ သိုက်စောင့် ဘိုးဘိုးကြီးတို့ရဲ့ ရုပ်တုတွေကတော့အခုအချိန်ထိရှိတုန်းပဲ။ စေတီတော် တည်တဲ့အချိန်တုန်းကဆိုရင်ညပိုင်းတွေမှာ စေတီတော်ပေါ်မှာ သိုက်စောင့်ဘိုးဘိုးကြီး လမ်းလျှောက်နေပါတယ်ဆိုပြီးတော့ပြောသံတွေလဲ ကြားဖူးရဲ့။

နောက်တစ်ခုက စေတီရဲ့ မုဒ်တစ်ခုမှာ အမည်မဖော်လိုသူပါရမီရှင် အမျိုးသမီးတစ်ဦး ကောင်းမှု့ဆိုပြီး ခုချိန်အထိ ရေးထိုးထားတဲ့ မုဒ်ဦးတစ်ခုပါပဲ။ အဲဒီအချိန်တုန်းကတော့ အစိမ်းရောင်ဝတ်စုံ ၀တ်ဆင်ထားတဲ့အမျိုးသမီးတစ်ဦးက ဆရာတော်ကြီးဆီကို လာပြီးတော့ မုဒ်ဦးအတွက် ရွှေငွေ ရတနာတွေ လာပြီးတော့လှူဒါန်းသွားတယ် လို့ကြားဖူးတယ်။ တချို့ကလဲနဂါးသိုက်ကလာတယ်လို့ ပြောကြသလို၊ တချို့ကလဲ ဥစ္စာစောင့်လို့ ပြောကြတာပဲ။ မည်သို့ပင်ဖြစ်စေ ကျွန်တော် ဒီစေတီကြီးဆီကို သွားပြီးတော့ဖူးတိုင်း ထူးခြားတဲ့ ခံစားမှု့တစ်ခုကို အမြဲတမ်းခံစားရတယ်။ အဲဒီမှာ ကျွန်တော့်အဖေကို ရည်စူးပြီးတော့ အန္ဒိယကဗောဓိညောင်ပင်ကို လှူထားတာရှိတယ်။ ပြန်ရောက်တိုင်းသွားပြီးတော့ ကြည့်ဖြစ်တယ်။ ညောင်ရေသွန်းပွဲတော်နဲ့ကြုံရင်လဲ သွားပြီးတော့ ညောင်ရေသွန်းဖြစ်တယ်။ ခု ဗောဓိညောင်ပင်လဲ တော်တော်လေးကြီးလာပြီဆိုတော့ ငုံထားတဲ့ ပတ်လည်က အုတ်တွေကိုချဲ့ရဦးမယ်။

နောက်ထပ်စေတီတစ်ခုကတော့ ရွှေလိပ်ပြာ စေတီပါ။ အဲဒီမှာလဲ ဇာတ်လမ်းလေးရှိတာပဲ။ အပိုင်း ၁ နဲ့ ၂ မှာ ကျွန်တော် ထဲ့ပြီးတော့ ရေးခဲ့ဖူးတယ်ထင်ပါတယ်။ မည်သို့ပင်ဖြစ်စေ ဥစ္စာစောင့် တစ်ကယ်ရှိမရှိကတော့ကျွန်တော်လည်း သေသေချာချာ ရှိပါတယ်လို့ မပြောနိုင်သလို၊ မရှိပါဘူးလို့လဲ မပြောနိုင်ပါဘူး။ ထူးခြားတာလေးတွေကတော့ ရှိနေတာပါပဲ။

Credit: သဘာဝလွန်ဖြစ်ရပ်ဆန်းများ

ဒုချီးရားတန်း အကြမ်းဖက်မှုတွင် ပါဝင်သူ ဘင်္ဂါလီရှစ်ဦးကို ထောင်ဒဏ် ခုနစ်နှစ်ချ


ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာတွင် ရဲတပ်ကြပ်ကြီး  အောင်ကျော်သိန်း တိုက်ခိုက်ခံရမှုတွင် လက်နက်လုမှုဖြင့် ဖမ်းဆီးခံထားရသည့် ဘင်္ဂလီရှစ်ဦးကို မောင်တောမြို့နယ် တရားရုံးက မေလ ၂၇ ရက်နေ့က အလုပ်ကြမ်းနှင့် ထောင်ဒဏ် ခုနစ်နှစ်စီ စီရင်ချက် ချမှတ်ခဲ့ပြီး ထွက်ပြေး လွတ်မြောက်နေသူ ၄၆ ဦးကို တရားခံပြေးအဖြစ် သတ်မှတ်ထားကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်။

ယင်းဘင်္ဂါလီများကို မောင်တောမြို့နယ် တရားရုံးတွင် ၁၄ ကြိမ် စစ်ဆေးခဲ့ပြီး မေလ ၂၇ ရက်နေ့တွင် လက်နက် (အရေးပေါ် ပြစ်ဒဏ်စီရင်မှု) (ယာယီ) အက်ဥပဒေ ပုဒ်မ ၂ (၁)၊ (က) အရ အလုပ်နှင့် ထောင်ဒဏ် ခုနစ်နှစ်စီ စီရင်ချက် ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း မောင်တောမြို့နယ် တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ပြစ်ဒဏ်ချမှတ် ခံရသူများမှာ ရှောင်ရှုအာလောင်၊ ရောမာလီ၊ ဇာဟိတာလောင်၊ မာမက်ရော်ဖီး၊ မုစကာဖကာမာ၊ ကာမာလူဒိန်၊ ဒေါ်ဘီအူလာနှင့် ရှောင်ရှုအာလောင်တို့ ဖြစ်ကြပြီး ၎င်းတို့ကို မတ်လ ၁၁ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း မောင်တောမြို့မ ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းကို တိုက်ခိုက်မှုတွင် ပါဝင်ကူညီမှု၊ လက်နက်လုယက်မှုတို့ဖြင့် ဘင်္ဂါလီ ၄၆ ဦးကို မောင်တောမြို့တွင် ဓာတ်ပုံနှင့်တကွ ပိုစတာများဖြင့် ကြော်ငြာကာ တရားခံပြေးအဖြစ် သတ်မှတ်ထားကြောင်း ခရိုင်ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောဆိုသည်။

မောင်တောမြို့နယ် ခရေမြိုင်ကျေးရွာမှ ရဲတပ်ဖွဲ့ဝင်လေးဦးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူးနှစ်ဦး ပါဝင်သည့် လုံခြုံရေးအဖွဲ့သည့် ဇန်နဝါရီလ ၁၃ ရက်နေ့က ဘင်္ဂါလီများ နေထိုင်သည့် ဒုချီးရားတန်းကျေးရွာ အရောက်တွင် ဘင်္ဂါလီများ၏ တိုက်ခိုက်ခံရသဖြင့် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းနှင့် ၎င်းကိုင်ဆောင်သည့် အမ် ၂၂ မောင်းပြန် သေနတ်တစ်လက် ပျောက်ဆုံးခဲ့သည်။

(ခင်မောင်အေး)
The Voice Weekly

မန္တလေး - လားရှိုး ကားလမ်းမကြီးပေါ်တွင် ယာဉ်သုံးစီးတိုက်မိ


ဇွန် ၆ ရက်နံနက် ၇နာရီခန့်က သီပေါမြို့နယ် စံလောင်းကျေးရွာအနီး မန္တလေး-လားရှိုးသွားကားလမ်းမမိုင်တိုင်အမှတ် (၁၃၄/၄)  တွင် မန္တလေးဘက်မှ လားရှိုးဘက်သို့

လားရှိုးတွင် ဘုရားဆင်းတုကို ထဘီအတွင်း ထည့်ယူသဖြင့် ထောင် ၂ နှစ် ပြစ်ဒဏ်ချ




လားရှိုး၊ ဇွန် ၆

ရှမ်းပြည်နယ် လားရှိုးမြို့၌ အမျိုးသမီးတစ်ဦးက ဘုရားဆင်းတုတော်ကို ထဘီအတွင်း ထည့်ကာ ယူဆောင်သဖြင့် ဘာသာသာသနာကို စော်ကားမှုဖြင့် ဇွန်လ ၆ ရက်နေ့က လားရှိုးမြို့နယ် တရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ကြောင်း အဆိုပါ မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူး တင်ဖေဝင်းက ပြောကြားသည်။

ဒေါ်ရီရီအောင် အမည်ရ အဆိုပါ အမျိုးသမီးသည် ဇွန်လ ၅ ရက်နေ့ မွန်းလွဲပိုင်းတွင် လားရှိုးမြို့နှင့် ၂ မိုင်ခန့်အကွာ ဆုံကွယ်ကျေးရွာအုပ်စု စစ်မှုထမ်းဟောင်း ရပ်ကွက်ရှိ ဗောဓိညောင်ပင်တွင် ကိုးကွယ်ထားသော ဉာဏ်တော် ခြောက်လက်မခန့် သစ်သား ရုပ်ပွားတော်ကို ထဘီအတွင်း ထည့်၍ ယူဆောင်ခဲ့ကြောင်း နယ်မြေ ရဲတပ်ဖွဲ့စခန်းမှ ရဲအုပ်စန်းယုက ဆိုသည်။

ယင်းလုပ်ရပ်ကို တစ်ရွာတည်းနေ ဒေါ်အေးမူနှင့် ဒေါ်နှင်းဆိုသူ နှစ်ဦးက မြင်တွေ့သွား၍ ရုပ်ပွားတော်အား ပြန်လည်လုယူကာ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့သို့ အကြောင်းကြားကာ ဒေါ်ရီရီအောင်ကို ဝိုင်းဝန်းဖမ်းဆီးပြီး နယ်မြေရဲစခန်းသို့ အပ်နှံခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါကိစ္စကြောင့် ပဋိပက္ခများ မဖြစ်ပွားစေရန် လုံခြုံရေးတိုးမြှင့် ကြပ်မတ်ဆောင်ရွက်ခဲ့ပြီး အခင်းဖြစ်ရာ နယ်မြေရဲစခန်းသို့ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ ချက်ချင်းရောက်လာကာ ပဋိပက္ခများ မဖြစ်ပွားစေရန် လုပ်ဆောင်ခဲ့ကြောင်း ရဲအုပ်စန်းယုက ရှင်းပြသည်။

အဆိုပါ အမျိုးသမီးမှာ လားရှိုးမြို့၊ ရပ်ကွက် ၁၂ တွင် နေထိုင်သည့် အသက် ၄၃ နှစ် အရွယ်ရှိ ဒေါ်ရီရီအောင် ဖြစ်ပြီး ၎င်းကို ပုဒ်မ ၂၉၅ (ဘာသာသာသနာကို စော်ကားရန် အကြံဖြင့် ယုတ်ညံ့စေခြင်း) ဖြင့် စွဲချက်တင်ကာ တရားခံက ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံသဖြင့် ဇွန်လ ၆ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ကြောင်း မြို့နယ်တရားရုံးမှ သိရှိရသည်။

ဒေါ်ရီရီအောင်သည် သားဦး မွေးဖွားစဉ်က မီးတွင်း၌ ၎င်း၏ ခင်ပွန်းနှင့် စကားများ၍ ခင်ပွန်းဖြစ်သူ ရိုက်နှက်ခဲ့မှုကြောင့် မကြာခဏ စိတ်ဖောက်ပြန်လေ့ ရှိကြောင်း ၎င်း၏ အစ်မဖြစ်သူ ဒေါ်ပန်းမြိုင်က ပြောကြားသည်။

ဒေါ်ရီရီအောင်၏ ဖခင်မှာ ပထန်လူမျိုး အာရပ်နွယ်ဝင် အစ္စလာမ် ဘာသာဝင် တစ်ဦးဖြစ်ပြီး ၎င်းတစ်နှစ်သမီး အရွယ်တွင် မိဘများ အိမ်ထောင်ကွဲသွားပြီး မိခင်နှင့်အတူ နေထိုင်ခဲ့ကာ မိခင်၏ ဘာသာဖြစ်သော ဗုဒ္ဓဘာသာကို ကိုးကွယ်ခဲ့ကြောင်း ဒေါ်ပန်းမြိုင်က ဆက်လက်ရှင်းပြသည်။

၎င်း၏ နေအိမ်သို့ သွားရောက် ကြည့်ရှုစစ်ဆေးရာ နေအိမ်တွင် ဘုရားစင် တွေ့ရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ဖေဝင်းက ပြောပြသည်။

လားရှိုးမြို့တွင် ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အထောက်အကူပြု အဖွဲ့များ၊ ပြည်သူ့စစ်များ ပူးပေါင်း၍ လုံခြုံရေး တိုးမြှင့် ချထားကာ လှည့်ကင်းများဖြင့် ကြပ်မတ်ဆောင်ရွက်နေမှုများ ရှိနေပြီး လက်ရှိ အခြေအနေတွင် တည်ငြိမ် အေးချမ်းလျက် ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

(နေမျိုးနွယ်)
The Voice Weekly