အစိုးရ နှင့် လွှတ်တော် အမှားများအား ထောက်ပြပြောဆိုနိုင်ဟု ပြည်ထောင်စုဝန်ကြီးပြော

ပို့စ်တင်ချိန် - 7/03/2013 10:27:00 AM

နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ဒီမိုကရေစီ နိုင်ငံထူထောင်စဉ် အစိုးရပြော ဆို သည်များအား လက်ခုပ်တီးဩဘာ ပေးစရာမလိုဘဲ မှားယွင်းမှု၊ လွဲ ချော်မှုနှင့် လိုအပ်မှုများရှိပါက ထောက်ပြပြော ဆိုနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း က ဇွန် ၃ဝရက် နေပြည်တော်တွင် ကျင်းပသည့် မီဒီယာတွေ့ဆုံပွဲတွင် ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ ဒီမိုကရေစီအရ ဝေဖန်မှုများ နှင့် မိမိတို့၏ ထင်မြင်ယူဆချက် များအား လွတ်လပ်စွာ ထောက်ပြ ပြောဆိုခြင်းသည် ဒီမိုကရေစီခရီး လမ်းတွင် တစ်တပ်တစ်အားဖြစ် စေသည့်အတွက် မှန်ကန်သော သတင်းအချက်အလက်များအား အသုံးပြု၍ ဝေဖန်ထောက်ပြမှု များ ပြုလုပ်ရမည်ဟု ပြည်ထောင်စု ဝန်ကြီးက ပြောဆိုသွား ခဲ့ခြင်းဖြစ် သည်။

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ''နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အ တွက် မသင့်တာတွေနဲ့ လိုအပ် ချက်တွေကို ဝေဖန်ထောက်ပြတာ သိပ်ကောင်းပါတယ်။ မှန်ကန်တဲ့အ ချက်အလက်တွေပေါ်မူတည်ပြီး ဝေဖန်တာဆိုရင် ပိုမှန်ကန်တယ်။ ဒီမိုကရေစီ သဘောအရလဲ ဝေဖန် ရမယ်၊ မှန်တာကိုသုံးသပ်ရမယ်။ ကိုယ့်အမြင်ကိုလဲ လွတ်လပ်စွာ ပြောဆိုနိုင်ရမယ်။ အစိုးရကို အား လုံးကောင်းပါတယ်ဆိုပြီး လက်ခုပ် တီးနေစရာမလိုဘူး''ဟု ပြောသည်။ ဝန်ကြီးပြောဆိုသည့် လွတ် လပ်စွာ ပြောဆိုခွင့်နှင့်ပတ်သက် ၍ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ၏ ပုဒ်မ-၃၅၄တွင် ပြဆိုထားသည် မှာ ''နိုင်ငံသားတိုင်းသည် နိုင်ငံ တော်လုံခြုံရေး၊ တရာဥပဒေစိုးမိုး ရေး၊ ရပ်ရွာအေးချမ်း သာယာရေး သို့မဟုတ် ပြည်သူတို့၏ကိုယ်ကျင့် တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် ပုဒ်မခွဲ(က)အရ မိမိ၏ယုံကြည် ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆို ခွင့်၊ ရေးသားဖြန့်ဝေခွင့်များကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့် ရှိသည်''ဟု ဖော်ပြထားသည်။

လွတ်လပ်စွာ ပြောဆိုရေး သားခွင့်နှင့်ပတ်သက်၍ သင်္ဃန်း ကျွန်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ် စားလှယ် ဦးသိန်းညွန့်ကပြောဆို ရာတွင် ''သမ္မတပြောသလို သ ဘောကွဲလွဲတာကို သည်းခံနိုင်စွမ်း ရှိရမယ်။ ဒီမိုကရေစီကို လိုလား ပါတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကိုယ် တိုင် အတိုက်အခံတွေအပါအဝင် ထောက်ပြပြောဆိုတဲ့ သတင်းမီ ဒီယာတွေကို တရားပြန်စွဲနေတယ်။ စွဲတာတောင်မှ သတင်းစာရှင်းလင်း ပွဲမှာကိုပြောတာ ပညာပေးရမယ်။ သင်ခန်းစာ ပေးရမယ် တဲ့။ ကျွန် တော်လဲနားမလည်ဘူး။ ယနေ့ ဒီမိုကရေစီကိုလိုလားပါတယ်ဆို တဲ့အဖွဲကြီးတွေကလဲ တရားစွဲနေ တယ်''ဟု ပြောသည်။

ယင်းက ဆက်လက်ပြောဆို ရာတွင် ဒီမိုကရေစီအသွင်ပြောင်း တယ်ဆိုပြီး အမြင်မတူတဲ့ဘက်က ရေးလာသောသတင်းများအား သက်ဆိုင်ရာ ရန်ကုန်တိုင်းအစိုး ရနှင့် ပြည်ထောင်စုဝန်ကြီးများက နိုင်ငံရေးယဉ်ကျေးမှုအရ ဖြေရှင်း ခြင်းမပြု ဘဲ တရားရုံများကနေ တရားစွဲဆိုခြင်းများ ပြုလုပ်နေ၍ ပုဒ်မ ၅၀၀၊ ၅၀၅ (ခ၊ ဂ)တို့မှာ ထောက်ပြပြောဆိုနေသည့် သ တင်းသမားများအတွက် အခွင့် အရေးများသဖွယ်လိုပင်ဖြစ်နေ သည်။ လူ့အခွင့်အရေးကြေညာ စာတမ်း အပိုဒ် ၁၉နှင့်အညီရေး သားနိုင်ရန် အရေးတကြီးကာ ကွယ်ရေးဥပဒေများ လိုအပ်နေ သောကြောင့် သတင်းမီဒီယာဥ ပဒေအားပြဋ္ဌာန်းနိုင်ရန် လွှတ် တော်တွင်လုပ်ဆောင်နေသည် ဟု ထပ်မံပြောသည်။ နိုင်ငံရေး စာရေးဆရာ ဦး ကျော်ဝင်းက ပြောဆိုရာတွင် အ စိုးရအဖွဲ့အစည်းများအား ထောက် ပြပြောဆိုနိုင်ရန်အတွက်ဆိုလျှင် ပြည်သူလူထုအနေဖြင့် စီးပွားရေး ဘဝများတွင်သာ အချိန်ကုန်နေ သည့်အပြင် အသိပညာပိုင်းဆိုင် ရာအားနည်း မှုများ ရှိနေသည့် အ တွက် သတင်းမီဒီယာများ၏စွမ်း ဆောင်မှုများ အရေးကြီးကြောင်း၊ အစိုးရအားနည်းမှုများအား ပြည် သူများသိရှိနိုင်ရန်အတွက်ပါ ဖြန့်ဝေပေးနိုင်ရန် လွတ်လပ်စွာ ထောက်ပြရေးအတွက် လူကြီးပိုင်း မှ နားလည်ရန်လိုအပ်ကြောင်း အကြံပြုပြောဆိုသည်။

နိုင်နိုင်ဇော်
yangonmedia