အမေရိကန် ဖို့ဒ်ကားကုမ္ပဏီ အရောင်းဌာနဖွင့်ပြီ

ပို့စ်တင်ချိန် - 10/06/2013 02:16:00 PM




ကမ္ဘာကျော် အမေရိကန် ဖို့ဒ် မော်တော်ကားကုမ္ပဏီက မြန်မာနိုင်ငံမှာ ပထမဆုံးအရောင်းဌာနကို သောကြာနေ့ မနေ့က ရန်ကုန်မြို့မှာ ဖွင့်လှစ်လိုက်ပါတယ်။

ဖို့ဒ်ကားကုမ္ပဏီက လက်ရှိရောင်းချတဲ့ဈေးနှုန်းတွေကို မြန်မာပြည်သူအများစုအနေနဲ့ လက်လှမ်းမှီမှာ မဟုတ်ပေမယ့် အရောင်းပြခန်းကို လာရောက်ကြည့်ရှုသူ များပြားကြောင်းနဲ့ အနာဂတ်အလားအလာကောင်းကြောင်း ကုမ္ပဏီက ပြောပါတယ်။

မြန်မာအစိုးရဟာ လက်ရှိမှာ နိုင်ငံခြားကနေ တင်ပို့တဲ့ကားတွေကို အခွန်ငွေများပြားစွာ ကောက်ယူနေတဲ့အတွက် ကားဈေးတွေ အလွန်အမင်းကြီးမားနေပြီး ဖို့ဒ်ကုမ္ပဏီက အခုရောင်းချနေတဲ့ Ford Explorer ကားတစင်းကို အမေရိကန်ဒေါ်လာ တသိန်းကျော်ပေးရမယ်လို့ သိရပါတယ်။ အဲဒီကားဟာ အမေရိကန်မှာ ဒေါ်လာ ၂ သောင်း ၆ ထောင်ပဲပေးရတဲ့ကားဖြစ်ပြီး တစ်လကို ဒေါ်လာ ၅ဝဝ ခန့်ပေးရင် အလွယ်တကူ အရစ်ကျဝယ်ယူနိုင်တဲ့ကားဖြစ်ပါတယ်။
RFA Burmese