ပဲပုပ်ထောင်း (ပြုလုပ်နည်း)

ပို့စ်တင်ချိန် - 2/28/2014 10:41:00 AM


ပဲပုပ်ထောင်းရန်အတွက် ပဲပုပ်ခြောက်၊ ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း တို့ကို ၅ မိနစ်လောက် မီးကင်ပေးပါ။ မတူးအောင်မီးကင်ပြီး အားလုံးကို ဆားအနည်းငယ်ထည့်ကာ ညတ်နေအောင် ထောင်းပေးပါ။ အားလုံးညတ်ပြီးနှံ့သွားပြီဆိုလျှင် မွှေးပြီး အရသာကောင်းမွန်သော ပဲပုပ်ထောင်းလေး သုံးဆောင်လို့ ရပါပြီရှင်။ အချဉ်ကြိုက်လျှင် သံပုရည်ညှစ်ကာ သုံးဆောင်လို့ ရပါတယ်ရှင်။
ကြက်သားမှုန့်၊ အရသာမှုန့်၊ ဟင်းချိုမှုန့် ကြိုက်နှစ်သက်ရာထည့်ပြီးထောင်းလို့ ရပါတယ်ရှင်။

ဒေါ်ပု လက်ရာ