ဂစ်တာတီးနေသူ လူငယ်ကို ရိုက်နှက်ခဲ့သည့် ရဲတပ်ကြပ်အား ရက်သတ္တပတ် ကြာသော်လည်း အမှုဖွင့်မပေးသေး

ပို့စ်တင်ချိန် - 6/07/2014 10:23:00 AM


 ရဲတပ်ကြပ်တစ်ဦးက ဂစ်တာတီး နေသူ လူငယ်တစ်ဦးကိုရိုက်နှက်ခဲ့မှုအား မိသားစုမှ အမှုဖွင့် တိုင်ကြားသော် လည်း ရက်သတ္တပတ် ကြာမြင့်သည်အထိ အမှုဖွင့်အရေးယူပေးခြင်း မရှိ ကြောင်းကာယကံရှင် မိသားစုက ပေါ်ပြူ လာနယူးစ်သို့ ပြောသည်။

”ကျွန်မတို့ မကျေနပ်လို့ ရွှေပေါက္ကံရဲစခန်းမှာအမှုဖွင့်ထားတယ်။ ရဲစခန်းက
အမှု မဖွင့်ပေးသေးဘူး” ဟု အဆိုပါအရိုက်ခံခဲ့ရသည့် လူငယ်၏ အစ်မဖြစ် သူက ပြောသည်။

ရဲတပ်ကြပ်၏ ရိုက်နှက်ခြင်း ခံခဲ့ရသူ ကိုသော်ဒီထွန်း မှာ မေလ ၂၇ ရက် နေ့နံနက် ၃ နာရီကျော်တွင် ရွှေပေါက္ကံ ဆေးရုံကွေ့မှတ်တိုင်၌ သူငယ်ချင်းနှစ်ဦး နှင့် ဂစ်တာတီးနေစဉ် အဆိုပါ ရဲတပ်ကြပ် ရောက်ရှိလာခဲ့ပြီး ရိုက်နှက်မှု ဖြစ် ပွားခဲ့ကြောင်း၊ ရိုက်နှက်ခံ ရမှုကြောင့် ကို သော်ဒီထွန်း မှာ မြောက်ဥက္ကလာပ ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရကြောင်း မိ သားစု၏ ပြောကြားချက် အရ သိရ သည်။

ရွှေပေါကံ္ကမြို့နယ် ရဲစခန်းသို့ အထက်ပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ပေါ်ပြူလာနယူးစ် ဂျာနယ်မှသွားရောက်မေး မြန်းခဲ့ရာ နယ်မြေစခန်းမှူး ရဲအုပ် ဦးတင် အောင် က ဖြစ်စဉ်ကို စုံစမ်းဆဲဖြစ်ပြီး ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရသာ အရေးယူထားကြောင်း ဖြေကြားသည်။

ရဲတပ်ကြပ်နှင့်အတူ ရဲတပ်သား တစ်ဦးလည်း ရိုက်နှက်မှု ဖြစ်ပွားရာ နေရာတွင် ရှိနေခဲ့ပြီး ရိုက်နှက်နေသည့် ရဲတပ်ကြပ်ကို အဆိုပါ ရဲတပ်သားမှ တားမြစ်ခဲ့ခြင်းဖြစ်သည် ဟုလည်း ရိုက် နှက်ခံရသူ၏ အစ်မဖြစ် သူက ပြောပြသည်။

ဆေးရုံသို့ တက်ရောက်၍ ကုသမှု ခံယူခဲ့ ရခြင်းကြောင့် အပြင်းအထန် နာကျင်စေမှု ပုဒ်မ ၃၂၆ အရ တရားစွဲ ဆိုနိုင်ပြီး ထောင်ဒဏ် အများဆုံး ၇ နှစ် အထိ ချ မှတ်နိုင် သည်ဟုလည်း တရား လွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြော သည်။

ဇေဝေယံ
Popular Myanmar News Journal