ဘက်မလိုက်မီဒီယာ - ဟာသ

ပို့စ်တင်ချိန် - 6/07/2014 05:25:00 PM


လူတစ်ယောက်သည် နယူးယောက်မြို့ထဲလမ်းလျှောက်နေစဉ် ခွေးဆွဲခံနေရသည့်မိန်းကလေးကို တုတ်ဖြင့်ရိုက်သတ်၍ ကယ်တင်လိုက်သည်။ မိန်းကလေး၏အမေသည် သူ့နား အပြေးရောက်လာသည်။
YST

“ကျေးဇူးတင်လိုက်တာကွယ်။ မင်းဟာ တကယ့်သူရဲကောင်းပါပဲ၊
မနက်ဖန်သတင်းစာတွေထဲမှာ ရဲရင့်တဲ့ နယူးယောက်မြို့သားတစ်ယောက်က
မိန်းကလေးတစ်ယောက်အသက်ကို ကယ်တင်လိုက်ခြင်းဆိုပြီး
ခေါင်းစီးတတ်ကြတော့မှာသေချာတယ်”
“ကျွန်တော် နယူးယောက်မြို့သား မဟုတ်ဘူးခင်ဗျ”
“သြော်…ဒါဆိုလည်း ရဲရင့်တဲ့အမေရိကန်သားတစ်ယောက်က မိန်းကလေးအသက်ကို
ကယ်တင်ခြင်းဆိုပြီး ရေးကြမှာ ပေါ့ကွယ်”
“ကျွန်တော် အမေရိကန်နိုင်ငံသား မဟုတ်ဘူးခင်ဗျ”
“ဒါဖြင့် ဘယ်နိုင်ငံသားလဲ”
“ကျွန်တော် အီရန်နိုင်ငံသားပါ”
နောက်တစ်နေ့ထုတ် သတင်းစာများထဲတွင် ထိုဖြစ်ရပ်ကို အောက်ပါအတိုင်း
သတင်းရေးသားလိုက်ကြသည်။
“အစ္စလမ်မစ်အစွန်းရောက်တစ်ဦးက အမေရိကန်ခွေးကို သတ်လိုက်ခြင်း”

ရဲစတိုင်း


The Myanma Age