မျက်ကွယ် က ပစ်မှတ်တစ်ခုအဖြစ် သုံးနိင်လာတဲ့ Google Glass

ပို့စ်တင်ချိန် - 6/07/2014 11:52:00 AM


ပြသထားတဲ့ ဗီဒီယိုထဲမှာတော့ စစ်ဘက်ဆိုင်ရာနဲ့ အေဂျင်စီတွေမှာ အမိန့်တွေကို တဝေတသိမ်း အတိအကျ လိုက်နာပြီး ရန်သူတွေကို လက်စတုံး

နိင်စေမဲ့ concept အမိုက်စားတစ်ခုပါပဲ။ တိကျလုံလောက်တဲ့ လက်တွေ့ App တစ်ခုတော့ မဟုတ်ခဲ့ပေမဲ့ TrackingPoint လို့ခေါ်တဲ့ ပစ်ကွင်းတိကျမူ
အကူကို Google Glass ကိုသုံးကာ ဘယ်လို မျိုး လုံခြုံတိကျတဲ့ ပစ်မှတ်ကို ဖြစ်ပေါ်စေတာကို ဖော်ပြခဲ့ပါတယ်။


Android နဲ့ iOS နှစ်မျိုးလုံးအတွက် ကုမ္ပဏီရဲ့ App ဟာ သေနတ် ချိန်းတဲ့မှန်ပြောင်းထဲမှာပါတဲ့ TrackingPoint နက်ဝပ်ချိတ်ဆက်မူဆီကနေ ၀ိုင်ဖိုင်ထောက်ကူထားတဲ့ စမတ်ဖုန်း၊ တပ်ပလပ်နဲ့ အခြား Google Glass လိုမျိုး ၀တ်ဆင်နိင်တဲ့ ကရိယာတွေဆီကို Live လက်ရှိဖြစ်ပေါ်နေတဲ့ပုံရိပ်တွေကို ချက်ချင်း မြင်ကွင်းတစ်ခုပုံစံ မျိုးဖြင့် ပေးပို့နိင်တာကဲ့သို့ ဖြစ်ပါတယ်။ ဆိုလိုရင်းက Google Glass လိုမျိုး မျက်မှန်ကို တပ်ထားခြင်းအားဖြင့် သေနတ်ကို အပြင်ထုတ်ပြီး ထားခြင်းဖြင့် ထို သေနတ်ထဲက မှန်ပြောင်းပုံရိပ်မြင်ကွင်းတွေနဲ့ Google Glass မှာမြင်နေရတဲ့ ပုံရိပ်တွေက တစ်ခုတည်း ဖြစ်ထဲနေတဲ့ အတွက် ယခင်ထက် ကိုယ်ကိုကိုယ်လုံခြုံစေပြီး ပစ်မှတ်တွေကို ထိရောက်ဖို့ လွယ်ကူစေမှာ ဖြစ်ပါတယ်။ သို့ပေမဲ့ ရောက်လာတော့မဲ့ အနာဂတ်ဆီမှာသာ တွေ့ရှိရမဲ့ Demo တစ်ခုသာ ဖြစ်လို့နေပါသေးတယ်။ ထိုကြောင့် တစ်စတစ်စ တိုးတက်ဖွံ့ဖြိုးလာတဲ့ တီထွင်မူ အနာဂတ်ပုံရိပ်တွေကို စိတ်ဝင်တစား စောင့်မျှော်အားပေးနေကြသော နည်းပညာချစ်ပရိသတ်များ ကို အသိပေးတင်ဆက်လိုက်ရပါတယ်။

Aung Heine (Smart Pro Journal)