ယွန်းဝတီလွင်မိုး ရေးဆွဲတဲ့ ပထမဆုံး ပန်းချီကား


ချစ်စဖွယ် ဟန်ပန်တွေ နဲ့ ပရိသတ်ရဲ့ အားပေးမှုကို ရရှိထားတဲ့ ဆယ်ကျော် သက် အနုပညာရှင်လေး ယွန်းဝတီလွင်မိုး က ငယ်စဉ် ကပင် ပန်းချီဆွဲခြင်းကို ဝါသနာပါခဲ့ သူ လည်း ဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုး က ပန်းချီကို ၅ တန်းလောက် က စပြီး စိတ်ဝင်စား ဖြစ်ခဲ့ပြီး မိခင် ဖြစ်သူနဲ့ အတူ ပန်းချီ သင်တန်း လည်း တက် ရောက်ခဲ့ ပါ တယ်။ နောက်ပိုင်း မှာလည်း ပန်းချီ ဆွဲခြင်း ကို လေ့လာဖြစ်ခဲ့ပြီး ပန်းချီဆွဲ ရတာ စိတ်ငြိမ်းချမ်း မှုလည်း ရရှိသလို စိတ်ကို တည်ငြိမ် အောင်ထားရပြီး တခြား အနှောင့် အယှက် ရှိရင် ပုံက တစ်မျိုးဖြစ်သွား နိုင်တယ်လို့ ယွန်းဝတီ လွင်မိုးက ပြောပါတယ်။ ယွန်းဝတီလွင်မိုး က ကျောင်းမှာလည်း ပန်းချီ ဆွဲဖြစ်ပြီး ပထမဆုံး ဆွဲဖြစ်တဲ့ပုံ ကတော့ မင်းသမီး တစ်ယောက်ရဲ့ မျက်နှာပုံ ပဲဖြစ်ပါတယ်။ ပုံရဲ့ အဓိပ္ပာယ် နဲ့ ပတ် သက်ပြီး ယွန်းဝတီလွင်မိုးက..

“အကြည့်ကို စူးစူးလေး ဖြစ်နေအောင် ဆွဲ ချင်တာ။ တအား ဆွဲဆောင် မှု ဖြစ်နေ တာမျိုး ပေါ့။ အခက်အခဲ ကတော့ မျက်နှာပိုင်းမှာ ပုံစံ မကျတာတွေ ရှိတယ်။ အဲဒါ အမျိုးစုံ ထပ်ထပ် ပြင်တယ်။ တအားပြင်တာ များရင်လည်း ပန်းချီ ကားပျက်တာတွေလည်း ရှိတယ်။ ဒါကြောင့် အဲဒီ အပိုင်းမှာ သေချာဆွဲ ခဲ့ရ တယ်။ ဒီပုံကတော့ သမီးရဲ့ ပထမဆုံး ပုံပါ။ သမီးက Profile ပုံဆွဲချင်တာလေ။ ဒါနဲ့ အင်တာနက်မှာ မော်ဒယ်တွေရဲ့ Profile ပုံတွေကို အများကြီး ကိုရှာပြီး လိုက်ကြည့်တယ်။ ပြီး တော့မှ သူတို့ ပုံတွေ အကုန်လုံးကို ရောစုပြီးတော့မှ ဆွဲလိုက်တာပါ” လို့ ပြောပြပါတယ်။ ယွန်းဝတီ လွင်မိုးက မိဘတွေနဲ့အတူ ပန်းချီပြပွဲတွေ လည်း လိုက်ကြည့်ဖြစ်ပြီး ပန်းချီဆရာ ကြီး တွေရဲ့ပုံတွေကို ကြည့်ပြီး တအား လည်း အားကျခဲ့ရကြောင်း၊ ဖခင်ဖြစ် သူရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံ ကို လည်း ပန်းချီပြန်ဆွဲ ဖို့လည်း စိတ် ကူးထားကြောင်း၊ ပန်းချီတွေ က တော့ ဆက်ဆွဲဖို့ ရှိပြီး ပန်းချီပြပွဲပြုလုပ်ဖို့ အတွက်ကတော့ အချိန်တော်တော်ယူ ရဦးမှာ ဖြစ်ကြောင်း၊ ပန်းချီ သင်တန်းကို သေချာမတက် ဘဲနဲ့ ပန်းချီဆွဲဖို့ ဆိုတာ ကတော့ မလွယ်ကူ ကြောင်း ပြောပြပါတယ်။

ပန်းချီကားနဲ့ပတ် သက်ပြီး ဖခင်ဖြစ်သူ ကကော ဘယ်လိုမှတ်ချက် ပေးလဲလို့ ယွန်းဝတီလွင်မိုးကို မေးတော့..

“ဖေဖေ ကတော့ ကောင်းတယ်တဲ့။ ထပ်ဆွဲဖို့တော့ အားပေးပါတယ်။ ပြီးတော့ ဖေဖေကလည်း အကြံပေးတယ်။ လူတစ်ယောက် ပန်းချီဆွဲ မယ်ဆိုရင် မျက်လုံးကို ကြည့်ရ တယ်တဲ့။ တကယ် လို့ပုံကိုကြည့်တယ် ဆိုရင်လည်း လူတွေက မျက် လုံးကိုပဲ ကြည့်တယ်ပေါ့။ အဲဒီတော့ ဒီပုံမှာ ဆိုရင် မျက်လုံး အားသန်တဲ့ အတွက် သမီးကို ချီးကျူး ပါတယ်”လို့ ပြောပြပါတယ်။ အခုဆွဲပြီး တဲ့ပုံကိုတော့ သူ့ အနေနဲ့ အားမရသေးဘဲ နောက်ပိုင်း ထပ်ဆွဲတဲ့ ပုံတွေမှာတော့ ဒီထက် ပိုမိုကောင်းမွန်အောင် ဆွဲပြီး ပရိသတ်ကို လည်း ပြသသွား မှာဖြစ်ကြောင်း ယွန်းဝတီလွင်မိုး က ပြောပါတယ်။

လင်းအက္ခရာ
Popular Journal

မြိတ်တွင် အိမ်ယာစီမံကိန်း ကုမ္ပဏီက ဝန်းခတ် ထားသည်ကို တစ်ဝက်လျော့ချပေးဖို့ ဒေသခံများ တောင်းဆို


ရန်ကုန်၊ မဇ္ဈိမ။              ။ မြိတ်မြို့တွင် ဆောက်လုပ်နေသည့် မြိတ်ပင်လယ် ရှုခင်းသာ အိမ်ယာ စီမံကိန်းကုမ္ပဏီက မြိတ်မြစ်ကို ဖြတ်၍ အုတ်တံတိုင်း ကာလိုက်သဖြင့် ဒေသခံများ သွားလာ လုပ်စားရန် အခက်ခဲဖြစ်သည်ဟု ၈၈မျိုးဆက် ပွင့်လင်း လူအဖွဲ့အစည်းမှ ကိုအောင်နိုင်ဦးက မဇ္ဈိမကို ပြောသည်။

မြိတ်မြို့နယ်၊ ငြိမ်းချမ်းရေးရပ်ကွက်၊ မြေဖုံနယ်မြေရှိ ပြည်ဖြိုးထွန်းကုမ္ပဏီက အကောင် အထည်ဖော် ဆောင်ရွက်နေသော မြိတ်ပင်လယ်ရှုခင်းသာအိမ်ယာ စီးမံကိန်းမြေဧက ၇၆ဒသမ၃ဧကကို ၂ဝဝ၄ခုနှစ်က စကာ စီမံကိန်း ဆောင်ရွက်နေပြီး စီမံကိန်း ဧရိယာအတွင်း လုံခြုံရေးဟုဆိုကာ အမြင့်ပေ ၁၅ပေ ၊ အလျား ၁၁ဝဝပေအထိ အုတ်တံတိုင်း ခတ်လိုက်သည့် အတွက် ဒေသခံများက လေကောင်းလေသန့် မရခြင်း၊ ငါးဖမ်းရ ခက်ခဲသွားခြင်းအပြင် သွားလာရ အခက်အခဲများ ရှိသည့် အတွက် အုတ်တံတိုင်းအမြင့်ကို ၇ပေခန့် အထိ လျော့ချပေးရန် တောင်းဆိုလိုက်သည်။

"ဒီအုတ်တံတိုင်းကြီးကာလိုက်တော့ဒေသခံတွေမှာ ငါးဖမ်းတာက အဆင်မပြေတော့ဘူး။ အရင်ကဆို ကိုယ်အိမ်နားပဲ အလုပ်လုပ်စားလို့ရတဲ့။ အိမ်ယာကနေ ပင်လယ်ကို ထွက်ဖို့အတွက် အပေါက်မရှိဘူး ပတ်ပြီးတော့သွားရတယ်။ အုတ်တံတိုင်းကမြင့်တော့ ပင်လယ်လေက မဝင်ဘူး ဒေသခံ ကျန်မာရေးအတွက် အဆင်မပြေဘူး''ဟုပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ၈၈မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်း၊ ဒေသခံများနှင့် မြိတ်မြို့နယ်စည်ပင်နှင့် ဒေသအာဏာပိုင်အချို့ တွေ့ဆုံကာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွင် ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းမှုကို မေလ၁၇ရက်က ညှိနှိုင်းခဲ့သည်။ ကုမ္ပဏီက အုတ်တံတိုင်းကို ခတ်ရန် စည်ပင်သို့တင်ထားသည့်စာတွင် ၁၃ပေအမြင့်အထိ ဆောက်လုပ်မည်ဟု တင်ထားခဲ့သဖြင့် နှစ်ပေ ပြန်ဖျက်ပေးမည်ဟု ကုမ္ပဏီက ကတိပြုခဲ့သည်။ သို့သော် ဒေသခံများဘက်ကမူ ၇ပေခန့်အထိ နှိမ့်ပေးစေချင်သည်ဟုဆိုသည်။

"စည်ပင်ရုံးက ညှိတုန်းက ကျွန်တော်တို့က ၇ပေ၊ ၈ပေလောက်ပဲ ထားစေချင်တယ်။ အခုအုတ်ကာထားတော့ ပင်လယ်ဘက် ထွက်ရတာဝေးတယ်။ အုတ်တံတိုင်း ကနေ ဖြတ်ပြီး ပင်လယ်ထွက်တဲ့ အပေါက်ကို ဖောက်ပေးစေချင်တယ်" ဟု ဒေသခံ ကိုမျိုးလွင်က ပြောသည်။

မြိတ်မြို့နယ် စည်ပင်သာယာရေးဌာနက အမှုဆောင်အရာရှိ ဒု-ညွှန်ကြားရေးမှူး ဦးသက်ဦးရှိန်က "ဥပဒေမှာက အုတ်တံတိုင်း အမြင့်ကို အတိုင်းအတာမရှိဘူး။ ဒေသတွေက အဲဒီတုန်းကတော့ ၂ပေဖျက်ပေးမယ်ဆိုတာကို သဘောတူကြတယ်။ သူတို့လိုချင်တဲ့ ၇ပေ၊ ၈ပေအမြင့်လောက်ပဲ ဆောက်ချင်တယ်ဆို သက်ဆိုင်ရာ ဌာနတွေကို စာတင်ပြီးပြောပေါ့၊ ကျွန်တော်တစ်ယောက်ထဲလုပ်ပေးလို့မရဘူး" ဟု မဇ္ဈိမကို ပြောသည်။

အဆိုပါ မြိတ်ပင်လယ် ရှုခင်းသာအိမ်ယာ အိမ်ယာစီမံကိန်းနှင့် ပတ်သက်၍ စီမံကိန်းဆောက်လုပ်နေသည့် ပြည်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္ပဏီ၏ မန်နေဂျာ ဦးခင်ဝေကို မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့ရာ အုတ်တံတိုင်းခက်ရခြင်းမှာ အိမ်ယာလုံခြုံရေးအရ နှင့် ဒေသခံများ နေထိုင်သည့်နေရာများသည် ကျူးကျော်မြေများ ဖြစ်သည့်အတွက် မြေယာပြဿနာများ ရှိလာနိုင်၍ ကြိုတင်ကာ အုတ်တံတားခတ်ထားခြင်း ဖြစ်သည်ဟု ပြောသည်။ ယင်းအပြင် ကုမ္ပဏီဘက်က ဒေသခံများ တောင်းဆိုသကဲ့သို့ စီမံကိန်းဝင်းကို ဖြတ်၍ ပင်လယ်ထွက်ပေါက် နီးရန် လမ်းဖောက်ခိုင်းသည်ကိုမူ လုံခြုံရေးအရ လုပ်ပေးမည်မဟုတ်ဟု ဦးခင်ဝေက ပြောသည်။ ကုမ္ပဏီက စီမံကိန်း၏ ဘေးက ပတ်၍ သွားနိုင်အောင်မူ လမ်းဖောက်ပေးခြင်း၊ သဲမြေခင်းပေးခြင်းများ ဆောင်ရွက်ပေးနေသည်ဟု ဆိုသည်။

"အုတ်တံတိုင်းကို  အခု နှစ်ပေကို ဖြိုပေးနေပါတယ်၊ အုတ်တံတိုင်းရဲ့တစ်ဝက်မှာ လေဝင်လေထွက်လို့ ရအောင် အုတ်ပန်းတွေကပ်ဖို့ စီစဉ်နေပါတယ်။ ဒါပေမယ့် စီးမံကိန်းအိမ်ယာဝင်းကို ဖြတ်ပြီးတော့ လမ်းတော့မဖောက်ပေးလို့မရဘူး။လုံခြုံရေးအတွက်ပါ''ဟု ဦးခင်ဝေက ဆိုသည်။

လက်ရှိဒေသခံများ နေထိုင်သည့် မြေသည် ပိုင်ရှင်ဦးရုံးကီးပိုင်သည့်မြေပေါ်တွင် ကျူးကျော်နေထိုင်ခြင်း ဖြစ်သည်ဟု မြိတ်မြို့နယ်မှ ၈၈မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုအောင်နိုင်ဦး ကပြောသည်။

မြိတ်ပုလဲမြေ

စွန့်စားမူတွေ အတွက် မရှိမဖြစ် နာရီ


နာရီတော့နာရီပါပဲ။ သို့ပေမဲ့ နာရီထက်တော့ ပိုပါတယ်။ တစ်ခါတစ်လေ စွန့်စားမူတွေ ဆိုတာ အသက် အန္တာရယ်တွေကို ဖက်နဲ့ ထုတ်ထားရသလို့မဟုတ်လား။ ဥပမာ- တောင်တက်၊ အဖွဲ့လိုက် ခြေလျှင် ခရီးစတဲ့ တောလမ်းခရီးတွေမှာ ဘယ်လောက်ပဲ safe ဖြစ်တယ်ပြောပြာ တစ်ခါခါမှာ မတော်တဆဆိုတာ ရှိတတ်ပါတယ်။ တစ်ခြား အချက်ပြအရာတွေ အသုံးဝင်ကာ အများကို ဆက်သွယ်နိင်တဲ့ အရာတွေ ကြိုးစား ဆောင်ထားသာငြား ဘေးကနေ ကိုယ်လွတ်ရုန်းတဲ့အခါ ပစ္စည်းတစ်ခြား လူတစ်ခြားပေါ့ ဘယ်ပြောကောင်းမလဲ။

လက်မှာ ပတ်ထားတဲ့ နာရီကျတော့ ဒီနေရာမှာ တစ်မျိုးပြောင်းသွားမယ်ထင်ပါတယ်။ နာရီကျတော့ တစ်ခြား ပစ္စည်းတွေနဲ့စာလျှင် ပိုပြီး ကိုယ်နဲ့ ပါလွယ်မယ်လို့ ယူဆပါတယ်။ Ralston Recon 6 Watch နာရီလာပါပြီ။ အပေါ်က နာရီ ခံ အောက်ကသေတ္တာလေးထဲက တော်တဆလမ်းမှာ မျက်စိလည်လို့ လမ်းမှား အစာရေစာ တွေအတွက် ရှိတဲ့ ချောင်းက ငါးမျှားစားနိင်ဖို့ ငါးမျှားကြိုး၊ ငါးမျှားချိတ်၊ သံလိုက် အိမ်မြှောင်၊ အကူအညီတောင်းခံဖို့အတွက် အလူမီနီယံ ၀ီစီ၊ ငါးကင် စာဖို့နဲ့ အခြား မီးကို မွှေးနိင်ဖို့အတွက် အရေအတွက်ပေါင်းများစွာ မီးခြစ်နိင်တဲ့ မီးခြစ်ဆံချောင်း၊ မှန်ဘီလူး၊ စတဲ့ အရာများ ပါဝင်ထားကာ ခရီးလမ်းမှာ အသုံးတည့်လှတဲ့ နာရီလေးပါ။ အထဲမှာ Led Flashlight ပါပါသေးတယ်။ လက်ပတ်က အချိုရည်ဘူး အဖုံးတွေကို ဖွင့်လို့ တဲ့ opener ပါပါတယ်။

ခြစ်ရာခံ၊ သတ္တုတွင်းထွက်နြဲ့ပုလုပ်ထားတဲ့ မှန်မျက်နှာပြင်၊ ဖြစ်ပြီး ဈေးကတော့ ကြိုတင်မှာယူခြင်းအနေနဲ့ ဒေါ်လာ ၄၉၅ လောက်မှာ ရှိပါမယ်။ ပုံမှန် နာရီကို အသုံးပြုမဲ့သူများအတွက် သိပ်မဆန်းပေမဲ့ တောတောင်ခရီးနဲ့ အကျွမ်းတ၀င် လက်ပွန်းတတီးနေသူများ အတွက်တော့ စိတ်ဝင်စား အသုံးတည့်မည့်လို့ ယူဆမိပါတယ်။

အောင်ဟိန်း (ရိုးရာလေး )

အိပ်ချင်ယောင်ဆောင်နေသော မြန်မာ့ဆက်သွယ်ရေးနှင့် ပြည်သူများ မျှော်လင့်နေသည့် အင်တာနက်မြန်နှုန်းမြင့် ကယ်တင်ရှင်


သော်ဇင်ထက်


ဝဋ်ဆိုတာ ကွန်နက်ရှင်လိုပဲ အမြဲ တမ်း လည်လေ့ရှိတယ်'။

'တစ်မိ နစ်ကို နှစ်ကျပ်၊ လေးကျပ်အကုန် အကျခံပြီး အဝိုင်းလေးလည်နေတာကြည့် နေရမယ့်အစား မိုးကုတ်ဝိပဿနာစက်ဝိုင်း ကိုကြည့်ရင် ပိုက်ဆံလဲ အကုန်သက်သာ မယ့်အပြင် ပါရမီပါရင် တရားထူးရနိုင်ပါ သေးတယ်'။

လိပ်ကမှ သူ့ထက်မြန်ဦးမယ်။

''လိပ်နဲ့အပြေးပြိုင် ဘယ်သူနိုင်''

...အစ ရှိသော စာသားများကို လူမှုကွန်ရက်စာ မျက်နှာများတွင် ပလူပျံထွက်အောင် တွေ့ နေရသည်။

ထိုစာသားများက မြန်မာ့ဆက် သွယ်ရေး၏အင်တာနက်လိုင်းကို ရည်ညွှန်း ရေးသားနေကြသည့် စာသားများပင် ဖြစ် ပါသည်။

မြန်မာနိုင်ငံတွင် အင်တာနက် အသုံးပြုသူဦးရေမှာ သုံးသိန်းကျော်သာရှိနေ ရာ လက်ရှိလူဦးရေနှုန်းနှင့်စာလျှင် အလွန် နည်းပါးသည့်ပမာဏဟုယူဆ၍ ရနိုင်သော် လည်း မိုဘိုင်းဖုန်းများဖြင့် အင်တာနက်အသုံး ပြုမှုမှာ တစထက်တစများလာသည်ကို တွေ့ ရသည်။ ယခင်အချိန်က မိုဘိုင်းဖုန်းအင် တာနက် မတွင်ကျယ်လာမီက Cyber Cafe များကိုသာ အားကိုးခဲ့ကြရသည်။ ယခုအချိန် တွင် အင်တာနက်သုံးစွဲသူအချို့မှာ မိုဘိုင်း ဖုန်းဖြင့်အင်တာနက်ကို အသုံးပြုနေကြသူ များလည်းဖြစ်သည်။ တကယ်တော့ မြန်မာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၊ စီးပွားရေးကဏ္ဍတိုး မြင့်မှုတို့တွင် မိုဘိုင်းဆက်သွယ်ရေး က အရေး ကြီးသော အခန်းတစ်ရပ်မှပါဝင်နေရာ နောက် ကျချန်ထားလို့မရ သည့်ကဏ္ဍဖြစ်သည်။

ယခုအခါ မြန်မာနိုင်ငံတွင် မို ဘိုင်းဖုန်းကို ပြည်သူရှစ်သန်းကျော်သုံးစွဲ နိုင်နေပြီဖြစ်ပြီး ယင်းဖုန်းများဖြင့် အင်တာ နက်အသုံးပြုမှုက တစထက်တစ တက်ရိပ် ပြလာသည်။ မိုဘိုင်းဖုန်းများဖြင့် အင်တာ နက် ဆက်သွယ်အသုံးပြုသူဦးရေ နည်းပါး နေသော်လည်း အင်တာနက်ကွန်နက်ရှင် နှေးကွေးမှု၊ မကြာခဏပြတ်တောက်မှုများ ဖြစ်ပေါ်ခြင်းက သုံးစွဲသူပြည်သူများ၏ စိတ် ညစ်ညူးမှုကို အမြဲတမ်းဖြစ်ပေါ်စေခဲ့သည်။
ထိုသို့ မြန်မာ့ဆက်သွယ်ရေးလုပ် ငန်း၏ အင်တာနက် အသုံးပြုသူအားလုံး အလိုချင်ဆုံးသော ဆန္ဒမှာတော့ အဝိုင်းလေး လည်နေခြင်းကို အချိန်ကြာမြင့်စွာ ထိုင် မကြည့်လိုတော့ခြင်းပင်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ADSL အင်တာ နက်လိုင်းသုံးစွဲသူထက် မိုဘိုင်းဖုန်းဖြင့်အင် တာနက်သုံးစွဲသူဦးရေ ပိုမိုများပြားသည်။ ၂ဝ၁၄ ခုနှစ်တွင် မိုဘိုင်းဖုန်းသုံးစွဲသူရှစ်သန်း ခန့်ရှိလာပြီး လေးသန်းကျော်မှာ မိုဘိုင်းဖုန်း ဖြင့် အင်တာနက်သုံးစွဲကြသူများ ဖြစ်လာ သည်။ ယင်းအရေအတွက်ကြောင့် မိုဘိုင်း အင်တာနက်ဝန်ဆောင်မှုသည် မိုဘိုင်းဖုန်း သုံးစွဲသူများအတွက် အရေးကြီးဆုံးနေရာ တစ်ခုကို ရောက်ရှိလာခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးမှ ဆက် သွယ်ရေးလုပ်ငန်းလုပ်ကိုင်ခွင့်ကို ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ လိုင်စင်များချပေးလိုက် သည့်နောက်ပိုင်း ပြည်သူများအနေဖြင့် အ ရည်အသွေးကောင်းမွန်သော အင်တာနက် ဝန်ဆောင်မှုများကို ပို၍မျှော်လင့်လာခဲ့ကြ သည်။

၂ဝ၁၄ ခုနှစ်တတိယသုံးလပတ် တွင် ပုဂ္ဂလိကဆက်သွယ်ရေးလုပ်ငန်းသုံးခု မှ မြန်မာနိုင်ငံ၏ မိုဘိုင်းဝန်ဆောင်မှုကို စတင်တော့မည်ဖြစ်သည်။ တယ်လီနော၊ အူ ရီဒူးနှင့် ရတနာပုံတယ်လီပို့စ်အများပိုင်ကုမ္ပ ဏီတို့ဖြစ်သည်။ ယင်းမတိုင်ခင်က မြန်မာ နိုင်ငံဆက်သွယ်ရေးမှာ အရှေ့တောင်အာရှ တွင် မိုဘိုင်းသုံးစွဲသူပမာဏ၌ အောက်ဆုံး တွင်ရှိနေခြင်းဖြစ်ရာ တယ်လီနော၊ အူရီဒူး တို့ကြောင့် အရှေ့တောင်အာရှတွင် နေရာ တစ်နေရာကို တိုးမြှင့်ရောက်ရှိလာရန် မျှော် လင့်ရသည်။

ထို့အပြင် ယင်းပုဂ္ဂလိကကုမ္ပဏီ များ ဝင်ရောက်မှုကြောင့် မြန်မာနိုင်ငံတွင် GDP တိုးမြင့်မှု၊ အလုပ်အကိုင်အခွင့်အလမ်း များတိုးမြင့်မှုတို့ ရရှိလာနိုင်သည်။ ယင်းကုမ္ပ ဏီများကြောင့်ပင်လျှင် မြန်မာနိုင်ငံသားလူ ဦးရေ တိုးမြှင့်စွာ မိုဘိုင်းဖုန်းကိုအသုံးပြုလာ နိုင်မည်ဖြစ်သည်။ ထို့အပြင် အကျိုးဆက်အ နေဖြင့် လူမှုကွန်ရက်အသုံးပြုမှု၊ ကောင်း မွန်သည့် ကွန်နက်ရှင်အသုံးပြုမှုတို့ကို ခံစား လာရနိုင်သည်။ ပိုပြီးဆွဲဆောင်မှုရှိသည်က ထိုကုမ္ပဏီများက ဝန်ဆောင်မှုပေးမည့် အင် တာနက်ကွန်ရက်ဖြစ်သည်။ မြန်မာနိုင်ငံသား တွေ မည်မျှစိတ်ကျေနပ်မှုရရှိစေမည့် မက် လုံးများဖြင့် ဆွဲဆောင်နေကြသည်။

ယင်းကုမ္ပဏီများနှင့် ယှဉ်ပြိုင်ဖို့ မြန်မာ့ဆက်သွယ်ရေး၏ လက်ရှိဝန်ဆောင် မှုများမှာ ကျေနပ်အားရစရာမရှိ။ ဆီးဂိမ်း မတိုင်မီတွင် မြန်မာ့ဆက်သွယ်ရေး၏ အင် တာနက်အမြန်နှုန်း Bandwidth 20Gbps အထိ တိုးမြှင့်ဆောင်ရွက် နေသော်လည်း အင်တာနက်သုံးစွဲသူများမှာ စိတ်ပျက်စရာ ဖြစ်ခဲ့ရသည်။ ယခု ၂ဝ၁၄ နှစ်ကုန်ပိုင်းတွင် အင်တာနက်မြန်နှုန်းကို Bandwidth 100 Gbps အထိ တိုးမြှင့်ရန် လုပ်ဆောင်နေ ကြောင်း ပြည်ပဆက်သွယ်ရေးဌာနဦးစိုင်း စောလင်းထွန်းက ပြောသည်။

ယင်းက ''အခုကနိုင်ငံတကာနဲ့ ပူးပေါင်းနေတယ်။ စင်ကာပူနဲ့ ပင်လယ်ရေ အောက်အင်တာနက်လိုင်းကို တိုးချဲ့နေပြီး နှစ်ကုန်မှာ Bandwidth 100 Gbps အထိ ရည်ရွယ်ထားပါတယ်။ နောက် ဇူလိုင်၊ သြ ဂုတ်လလောက်ဆိုရင် Bandwidth 50 Gbps အထိ တိုးမြှင့်ဖို့ ရည်ရွယ်ထားပါ တယ်''ဟု ဆိုသည်။

မြန်မာ့ဆက်သွယ်ရေးမှတစ်ဆင့် အင်တာနက်လိုင်းများရယူကာ ISP များ ကတစ်ဆင့် ပြန်လည်ထုတ်လွှင့်နေမှုအပေါ် သုံးစွဲသူများမှာ ဝယ်ယူ အသုံးပြုနေသော် လည်း အင်တာနက်နှေးကွေးခြင်း ပြဿနာ နှင့် ရင်ဆိုင်နေရဆဲဖြစ်ပြီး မြန်မာ့ဆက်သွယ် ရေးအနေဖြင့် ယင်းအပေါ် ဘယ်လိုဖြေရှင်း မလဲဆိုသည်ကလည်း စိတ်ဝင်စားဖွယ်ရာ ဖြစ်သည်။ ယင်းသို့ မြန်မာဆက်သွယ်ရေး ၏ အင်တာနက်လိုင်း နှေးကွေးနေမှုကြောင့် သုံးစွဲသူ User များ သုံးစွဲမှုပြည့်ဝမှုမရှိခြင်း ကို အဖြေရှာဖြေရှင်းလျက်ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း ပြည်ပဆက်သွယ် ရေးဌာန ဦးစိုင်းစောလင်းထွန်းက ပြော ကြားသည်။

ယင်းက ''ပြည်သူတွေ အင်တာ နက်သုံးစွဲမှု မပြည့်ဝဘူးဖြစ်တယ်။ တိုးတက် မှုရှိအောင်တော့ ကြိုးစားနေတယ်။ မိုဘိုင်း ဖုန်းနဲ့သုံးတဲ့သူရှိသလို ADSL လိုင်းလဲသုံး ကြတဲ့အခါ လိုင်းကျပ်တာတွေ များလာ တယ်။ ဒီတော့ သုံးစွဲမှုမပြည့် ဘူး။ အဲဒီ လိုင်းကျပ်နေတာတွေကို ရှာတယ်။ ပြုပြင် ထိန်းသိမ်းနေတယ်။ ဘယ်နေရာတွေ ဖြစ် တယ်ဆိုတာကို ဖော်ထုတ်နေပါတယ်။ စက် မှုပိုင်း ဆိုင်ရာတွေ မှာ စီမံကိန်းချပြီးတော့ ဒေသတွေထပ်တိုးချဲ့တာတွေ လုပ်နေ တယ်။ အခုလက်ရှိမှာ မိုဘိုင်းကို ပိုဦးစားပေးပြီး တော့ လုပ်နေပါတယ်။ အော်ပရေတာတွေ ရဲ့ ယှဉ်ပြိုင်မှုကြောင့် မြန်မာ့ဆက်သွယ်ရေး ဘက်ကလဲ နက်ဝေါ့ကောင်းမွန်အောင်၊ ဒေ တာတွေ ကောင်းမွန်အောင် အခြားနိုင်ငံတွေ ရဲ့ အကူအညီကိုရယူပြီး ဆောင်ရွက်နေပါ တယ်''ဟုပြောသည်။

မြန်မာ့ဆက်သွယ်ရေးမှ ADSL လိုင်းဝယ်ယူသူများ၊ ပုဂ္ဂလိက Internet Service Provider များထံမှ အင်တာနက် လိုင်း ဝယ်ယူသုံးစွဲနေသူများမှာလည်း ဝယ် ယူထားသည့် အင်တာနက်လိုင်းကျဆင်းမှု ပြဿနာကို နေ့စဉ်နှင့်အမျှ ရင်ဆိုင်နေရ သည်။ Internet Service Provider များ အနေဖြင့်လည်း သုံးစွဲသူနှင့် ညြေိတငိအ့ မမျှတနေသည့်အပေါ် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသို့ တင်ပြထားခြင်းရှိသော်လည်း အကောင်အထည်ပေါ်မည့် လက္ခဏာမှာ မရေရာဆဲ ဖြစ်သည်။။

အင်တာနက်လိုင်း ဝယ်ယူသုံးစွဲ သူ ၁ဝဝဝဝ ဝန်းကျင်ရရှိထားသည့် Redlink မှ အရောင်းအထွေထွေ လက်ထောက်မန်နေ ဂျာ ဦးမျိုးမြင့်ညွှန့်က ''လိုင်းကျပ်တဲ့ပြဿနာ ကတော့ ကျွန်တော်တို့ဆီမှာလဲဖြစ်နေတာ ပါပဲ။ အသုံးပြုတဲ့ User နဲ့ လက်ရှိရှိထားတဲ့ Bandwidth မမျှတတဲ့အခြေအနေနဲ့ ရင် ဆိုင်နေရတယ်။ ဆက်သွယ်ရေးဒုဝန်ကြီး ပြောသလို ကျွန်တော်တို့နိုင်ငံမှာ သုံးစွဲသူ အရေအတွက်ကို အင်တာနက် Bandwidth က အမီမလိုက် နိုင်ဘူးဖြစ်နေ တယ်။ အခု လက်ရှိ ကြုံနေတဲ့အပေါ် ကျွန်တော်တို့ဆီ မှာရှိတဲ့ Network တွေကို တိုးချဲ့နေသလို MPT ကပေးထားတဲ့ Bandwidth ပမာဏ တွေကိုလဲ တိုးချဲ့ဖို့ သူတို့ကိုတောင်းဆိုထား တယ်''ဟု ပြောသည်။

အင်တာနက်ဝန်ဆောင်မှုပေးနေ သည့် ရတနာပုံတယ်လီပို့စ်မှ အင်တာနက် လိုင်းများ နှေးကွေးနေမှုဖြေရှင်းနိုင်ရန် မြန် မာ့ဆက်သွယ်ရေးသို့ Bandwidth တိုးမြှင့်ရန် တောင်းဆိုထားပြီး ယင်းမှာ လက်ရှိ၌ ရ တနာပုံတယ်လီပို့မှ ရယူသုံးစွဲနေသည့် အသုံးပြုသူများ ကြုံတွေ့နေရသောအခက် အခဲကို ဖြေရှင်းရန် ကြိုးပမ်းမှုတစ်ခုဖြစ် သည်ဟု သိရသည်။

ယင်းနှင့်ပတ်သက်၍ ရတနာပုံ တယ်လီပို့စ်မှ ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးရှိန်းသူအောင်က ''ပြီးခဲ့တဲ့နှစ်ကတည်း က မြန်မာ့ဆက်သွယ်ရေးဆီကို Bandwidth ပမာဏတိုးတောင်းထားတယ်။ အခု ကျွန်တော်တို့ ဆီကနေ ရယူသုံးစွဲသူက မြင့်တက်လာတော့ ရှိတဲ့ Bandwidth နဲ့မမျှတဘူးပေါ့။ ဒါကြောင့် 5GB အပ်ချက်ရှိနေတာကို ကျွန်တော်တို့ဘက်က ငွေကြေး အကုန်အကျခံပြီး ဆောင်ရွက်ဖို့ မြန်မာ့ဆက်သွယ် ရေးကို တောင်းဆိုထားတာဖြစ်တယ်။ သူတို့ဘက် ကတော့ အခုထိ နိုင်ငံတကာနဲ့ ပေါင်းစပ်အဖြေရှာဖို့ လုပ်နေတုန်းပဲလို့ ပြန်တုံ့ပြန်ထားတာပဲ ရှိပါသေး တယ်''ဟုပြောသည်။
မြန်မာ့ဆက်သွယ်ရေးဘက်က ယင်းကဲ့ သို့ ပြင်ဆင်လျက်ရှိသော်လည်း ဆက်သွယ်ရေးအော် ပရေတာလိုင်စင်ရ ပုဂ္ဂလိကကုမ္ပဏီနှစ်ခုဖြစ်သည့် တယ်လီနောနှင့် အူရီဒူး ကုမ္ပဏီနှစ်ခုက ဈေးကွက် ယှဉ်ပြိုင်မှုအဖြစ် ပြည်သူများကို ယင်းတို့ ကတိက ဝတ်များကို ချပြထားသည်။

တယ်လီနောအနေဖြင့် မိုဘိုင်းအင်တာ နက်ကွန်နက်ရှင်ကို အကောင်းဆုံးပြင်ဆင်ထားပြီး 3G Network အနေဖြင့် ဒေတာသုံးစွဲသူ နည်းပါး သည့်အချိန်တွင် အင်တာနက်မြန်နှုန်း 4 MB မှ 6 MB အထိ ရရှိနိုင်မည်ဖြစ်ပြီး ဒေတာသုံးစွဲသူများပြား ပြီး လိုင်းကျပ်နေသည့်အချိန်တွင် 700kb မှ 1 MB အထိ သုံးစွဲနိုင်မည်ဖြစ်ကြောင်း တယ်လီနော၏စီအီးအိုဖြစ်သူ Petter Furbergu က အတည်ပြုပြော ပါသည်။

တယ်လီနော၏ အင်တာနက်မြန်နှုန်းဝန် ဆောင်မှုနှင့် မဲဆွယ်မှုက သက်ရောက်မှုရှိ သည်။ ပြည်သူများက မြန်မာ့ဆက်သွယ်ရေးအင်တာနက် ၏ အင်တာနက်ကွန်ရက်အပေါ် စိတ်ကုန်နေတာ ကြာပြီဖြစ်သည့်အချိန်တွင် ယခုလိုဝန်ဆောင်မှုပေး မည့်သူကို ကြိုဆိုကြသည်။ အချို့ကလည်း တယ်လီ နောဝန်ဆောင်မှုက တကယ်တမ်းရနိုင်မည်လားဆို သည်ကို သံသယရှိသည်။ မေးခွန်းတွေထုတ်ကြသည်။ ပုဂ္ဂလိကကုမ္ပဏီတွေအနေဖြင့် ယင်းတို့ကုမ္ပဏီထုတ် ကုန် တွင်ကျယ်စေရန် Marketing Strategy လုပ် သည်ဟု ရှုမြင်ကြသည်။

တယ်လီနောနည်းတူ အူရီးဒူးကလည်း 3G Network ကွန်ရက်မြန်မာနိုင်ငံ တွင် အကောင်း ဆုံးဖြစ်စေရမည်ဟု အာမခံထားပြီး မိုဘိုင်းဆင်းမ် ကတ်တွေကို ကျေးလက်ဒေသအထိ သုံးစွဲနိုင်ရန်စီ စဉ်ဆောင်ရွက်သွားမည်ဟု အူရီဒူးမြန်မာ ၏ အလုပ် အမှုဆောင်အရာရှိချူပ် Ross Cormack ကပြော ပါသည်။

ယင်းကုမ္ပဏီများပေးသည့် ကတိကဝတ် အတိုင်းတည်ဖို့ရာ မြန်မာနိုင်ငံအနှံ့ ချိတ်ဆက်ရန် Network Equipment Supplier များလိုအပ်သည်။ တယ်လီနောရောင်းချမည့် ဆင်းမ်ကတ်များမှာလည်း ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တွင်သာ သုံးစွဲလို့ ရဦးမည်ဖြစ်ရာ တာဝါတိုင်လိုအပ်ချက် မီးမောင်းထိုးပြ နေသလိုဖြစ်သည်။ ယင်းသို့ သုံးမြို့သာအသုံးပြုနိုင် မည်ဟု ကြေညာထားသော်လည်း မြန်မာ့ဆက်သွယ် ရေးကပေးနေသည့် ဝဋ်ဒုက္ခကိုခံနေရသည့် ပြည် သူများမှာ ဝန်ဆောင်မှု အကောင်းဆုံးပေးနိုင်မည် ကြော်ငြာနေသော 'နော' ပဲဖြစ်ဖြစ် 'ဒူး'ပဲဖြစ်ဖြစ် သုံး မည်ဟု ဆိုနေကြသည်။ သို့ဆိုလျှင် နှစ်ပေါင်းများစွာ တစ်ဦးတည်း ခြယ်လှယ်လာခဲ့ပြီး ယခုအခါ အိပ်ချင် ယောင်ဆောင်နေသည့် မြန်မာ့ဆက်သွယ်ရေးအနေ ဖြင့် ပြည်သူတွေအတွက် ဘာလုပ်ပေးမလဲဟုသာ မေးလိုက်ချင်ပါသည်။

Flower News Journal အတွဲ(၁၀) အမှတ်(၂၃)
==========================================

Yangon Media Group | #YangonTimesJournal | #FlowerNewsJournal
www.yangonmedia.com

မွေးကတည်းက လက်မောင်းတစ်ဖက်ကြီးနေတဲ့ ကမ္ဘာ့လက်မောင်းလှဲချန်ပီယံ


ဂျာမန်ဖွား Matthais Schlitte ဟာ ရှားပါးတဲ့ အရိုးများအစီအစဉ်မကျမှု ဝေဒနာကို မွေးကတည်းက ခံစားခဲ့ရပြီး သူ့  ရဲ့ ညာဖက်လက်မောင်းဟာ ဘယ်ဖက်လက်မောင်းထက် နှစ်ဆကြီးနေခဲ့ပါတယ်။ လက်ဖျံရဲ့လုံးပတ်ကတင် ၄၆ စင်တီမီတာရှိတာပါ။

အသက် ၂၇ နှစ်အရွယ် Matthais Schlitte ဟာ သူ့ ရှဲ့ရှားပါးရောဂါကြောင့်ပဲ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ရပါတယ်။ သူဟာ ကြေးစားလက်မောင်းလှဲကစားသမားအဖြစ် အသက်မွေးခဲ့ပြီးနောက် ဂျာမနီအမျိုးသားချန်ပီယံဆု ရှစ်ကြိမ်နဲ့  အပြည်ပြည်ဆိုင်ရာလက်မောင်းလှဲချန်ပီယံဆု ၁၂ ကြိမ်ရရှိထားခဲ့ပါတယ်။

၂၀၀၄ ခုနှစ်မှာ သူ့ ရဲ့ ဇာတိမြို့ ဖြစ်တဲ့ Haldensleben ရဲ့ ဘားလေးတစ်ခုထဲကို ၀င်သွားခဲ့ပြီးချိန်ကစလို့   ကြေးစားလက်မောင်းလှဲကစားသမားဘ၀ စခဲ့တယ်လို့  ဆိုပါတယ်။

“ Haldensleben မှာရှိတဲ့ ဘားလေးတစ်ခုက ဒီနယ်ရဲ့ အသန်မာဆုံးလက်မောင်းလှဲကစားသမားကို ရှာနေခဲ့တာ၊ အဲဒါက ကျွန်တော့်ရဲ့ ပထမဆုံးပြိုင်ပွဲဖြစ်ခဲ့ပြီး လက်မောင်းလှဲကစားသမားဘ၀ရဲ့ အစလည်း ဖြစ်တယ်လို့ ” Matthias Schlitte က ရှင်းပြပါတယ်။


“ ဒီကစားနည်းနဲ့ ပတ်သက်ပြီး ဗဟုသုတကော လေ့ကျင့်မှုကော တစ်ခုမှမရှိဘဲနဲ့  ကျွန်တော် ၉၀ ကီလိုတန်း အပျော်တန်းအဆင့်ကိုတောင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့တယ်။ အသက် က ၁၆ နှစ်နဲ့ ၆၅ ကီလိုပဲ ရှိသေးတယ်။”

“အသက်ကြီးပြီး ပိုပြီး အတွေ့ အကြုံရှိတဲ့ ဘဲကြီးတွေက ပထမတော့ ကျွန်တော့်ကို ပြုံးကြည့်ကြတယ်။ ဒီ ၀ိတ်လေးနဲ့ ပေါ့။ ဒါပေမယ့် ပွဲကို နိုင်ပြီးတဲ့အခါမှတော့ သူတို့ အထင်တွေ ချက်ချင်းပြောင်းကုန်ကြတယ်လေ”

လက်မောင်းလှဲအားကစားနည်းနဲ့ အရက်ဆိုင်လေးတွေက အမူးသမားတို့ ကြား ဘာမှ ပတ်သက်မှုမရှိကြောင်း သူက ထပ်မံပြောကြားခဲ့ပါတယ်။



Ref: Metro.co.uk
Trend Myanmar

ရည်းစားဟောင်းနဲ့ ကင်းကင်းရှင်းရှင်းနေဖို့ ကြိုးစားတဲ့အခါ ကိုယ့်အနေနဲ့သိထားသင့်တဲ့ အချက်(၅ )ချက်


လမ်းခွဲထားပြီးသား ရည်းစားဟောင်းက ခုတလောကိုယ့်ကို ပြန်ဆက်သွယ်နေတာကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ ပြတ်ထားတာ မကြာသေးတော့ သံယောဇဉ်ကလည်း နည်းနည်းရှိနေသေးတာမို့ သူဖုန်းဆက်ရင်လည်း ကိုင်လိုက်မိတယ်။ sms ပို့ရင်လည်း ပြန်ပို့နေမိတယ်။ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလို့ ပြောပေမယ့် သူက ခုပြန်ကပ်နေတော့ ဘယ်လိုလုပ်ရမလဲ မသိဘူးဖြစ်နေတယ်။ ဒါပေမယ့် ကိုယ့်ဘက်ကတော့ သူနဲ့ပြန်ကြိုက်ဖို့ လုံးဝမဖြစ်နိုင်တော့ ဘူး။ သူ့ရဲ့ချဉ်းကပ်နည်းတွေထဲက ရှောင်ရမယ့်အရာတွေနဲ့ ကိုယ့်စိတ်ကိုကိုယ် ပြတ်ပြတ်သားသားဖြစ်နိုင်ဖို့ အခြေအနေတွေကို သိထားဖို့လိုပြီပေါ့။

၁။သူငယ်ချင်းလိုပဲ နေကြရအောင် ဆိုတဲ့ ထောင်ချောက်ထဲ ၀င်မသွားမိပါစေနဲ့။

ပြတ်ပြီးခါစ အတွဲတစ်တွဲဟာ ချက်ချင်းလက်ငင်းကြီး သူငယ်ချင်းဖြစ်သွားတာမျိုး ရှိရင်တောင် တော်တော်လေးရှားမှာပါ။ သူငယ်ချင်းအမည်ခံပြီး ကိုယ့်ဆီက ပြန်လာဖို့ ထောင်ချောက်တစ်ခု ဖန်တီးနေတာလို့ စိတ်ထဲမှာ သိထားပါ။ သူ့ကြောင့် ကိုယ်ဘယ်လောက်နာကျင်ခံစားခဲ့ရသလဲ ဆိုတာကို တွေးပါ။ ကိုယ်ခံစားခဲ့ရတာတွေအတွက် ကိုယ်ဟာ သူ့ဆီက ဝေးဝေးပြေးဖို့ လိုနေပြီလို့လည်း ကိုယ့်ကိုယ်ကိုယ် သတိပေးပါ။

၂။ဖုန်းတွေဆက်၊ ဒရာမာအကွက်တွေထဲ မနစ်မျောပါနဲ့။

ပြတ်သွားကာမှ ဖုန်းတွေပြန်ဆက်တာမျိုး၊ လက်ဆောင်ပစ္စည်းလေးတွေ ပို့တာမျိုးတွေ လုပ်ရင် ဒါမျိုးတွေ မလုပ်ဖို့ ပြတ်ပြတ်သားသားပြောပါ။ တိုက်ဆိုက်မှုတစ်ခုခုရှိတိုင်း ကိုယ့်ကိုအသိပေးနေတာမျိုးတွေ၊ ကိုယ်ကြိုက်တဲ့သီချင်းလေး ရေဒီယိုမှာလာနေလို့ ကိုယ့်ဆီလှမ်းဖုန်းဆက်တဲ့ အကွက်မျိုးတွေ သူလုပ်တဲ့အခါ မနစ်မျောသွားပါစေနဲ့။

၃။ညဘက်အပြင်ထွက်တဲ့အခါ၊ လျှောက်လည်တဲ့အခါမျိုးတွေမှာ သူငယ်ချင်းတွေ ပါပါစေ။

ဒီလိုအချိန်မှာ ယောင်္ကျားလေးဆိုရင် ယောင်္ကျားလေးအချင်းချင်း၊ မိန်းကလေးဆိုရင်လည်း မိန်းကလေးအချင်းချင်း တွဲတာပဲကောင်းပါတယ်။ ညဘက် ကလပ်သွားရင်လည်း မိန်းကလေး သူငယ်ချင်းအုပ်စုလိုက်ကြီး သွားတာမျိုး၊ နေ့ခင်းဘက်လျှောက်လည်ရင်လည်း အုပ်စုလိုက် လည်တာမျိုးပဲ ဖြစ်သင့်ပါတယ်။

၎။သူ sms ပို့တဲ့အခါ ပြန်ပို့တာမျိုး လုံးဝမလုပ်ပါနဲ့။

ကိုယ်က သူနဲ့ပြန်အီတာမျိုး မဟုတ်ရင်တောင် သူ sms ပို့လာရင် ကိုယ့်ဘက်က ဒေါနဲ့မောနဲ့ sms ပြန်ပို့တာမျိုး၊ ဘယ်လောက်မုန်းကြောင်း၊ ဘယ်လောက်နာကျင်ကြောင်း ပြန်ပို့တာမျိုးတွေ ဘာမှမလုပ်ပါနဲ့။ ဘာဆိုဘာမှ ပြန်မပို့တာဟာ သူ့ကိုလုံးဝ လျစ်လျူရှုလိုက်ပြီဆိုတာ ပြသခြင်းပါပဲ။

၅။ကိုယ့်အခန်းထဲမှာ ကိုယ့်စိတ်ကို မြှင့်တင်ပေးနိုင်မယ့် စာသားတွေ ကပ်ထားပါ။

သူမရှိပဲ ကိုယ်နေနိုင်တယ်၊ ကိုယ်ဟာ ဘာမဆိုလုပ်နိုင်တယ်၊ တစ်ဦးတည်း၊ တစ်ယောက်တည်း လောကဓံကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်တယ်ဆိုတဲ့  စကားပုံတွေ၊ စာသားတွေ ကပ်ထားပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ဓာတ်မကျအောင် ကြိုးစားပါ။

Ref:seventeen.com
Trend Myanmar

ဘင်္ဂါလီတွေကို နိုင်ငံသား စိစစ်တာ သမာသမတ် ကျရဲ့လား


ရခိုင်ပြည်နယ်မှာရှိတဲ့ ဘင်္ဂါလီတွေကို နိုင်ငံသား စိစစ်မှု စတင်နေပြီ ဖြစ်ပါတယ်။ အဲလိုလုပ်တဲ့ နေရာမှာ နိုင်ငံသားဖြစ်ခွင့် မရတဲ့ သူတစ်ချို့ကို နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးဖို့ လုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာ ပါတယ်။ အစိုးရကတော့ မသမာမှု မရှိအောင် လုပ်ထားတယ်လို့ ဆိုပါတယ်။

နိုင်ငံသားမဟုတ်ဘဲ နိုင်ငံသား စိစစ်ရေးကတ် ရရှိထားတဲ့ ဘင်္ဂါလီရဲ့ မိသားစုဝင် တွေကိုပါ နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးဖို့ လုပ်နေတယ်ဆိုတဲ့ သတင်း ထွက်နေတဲ့အပေါ်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက အခုလို ပြန်တုန့်ပြန်ပါတယ်။
“မသမာတာ လုံးဝ လုပ်လို့မရဘူး။ အထက်က အဆင့်ဆင့်စိစစ်မှာ” လို့ သူကပြောပါတယ်။

၁၉၈၂ ခုနှစ် မြန်မာ နိုင်ငံသား ဥပဒေအတိုင်း ဘင်္ဂါလီတွေကို နိုင်ငံသား စိစစ်တဲ့နေရာမှာ မြို့နယ်၊ ပြည်နယ်၊ ဗဟို အဆင်ဆင့် စိစစ်မှာ ဖြစ်တဲ့အတွက် မသမာမှုကို လုပ်လို့ကို မရဘူးလို့ သူက ဆိုပါတယ်။

ရခိုင်ပြည်နယ် မြေပုံမြို့ကို စမ်းသပ်ဧရိယာ သတ်မှတ်ပြီးတော့ နိုင်ငံသား စိစစ်တဲ့ လုပ်ငန်းတွေကို ဇွန်လ ၁၅ ရက်နေ့မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ အခြားမြို့တွေမှာလည်း ဆက်လုပ်သွားဖို့ ရှိပါတယ်။

The Voice Weekly

သရဲအကြောင်းအခြေခံထားတဲ့ အမေရိကန် ဟာသဇာတ်ကား Life After Beth


သူ့ချစ်သူကောင်မလေး Beth မမျှော်လင့်ဘဲ သေဆုံးသွားခဲ့တဲ့အတွက် Zach တစ်ယောက်ယူကျူံးမရဖြစ်ခဲ့ရပါတယ်။ Beth ရုတ်တရက်ကြီးသေရာကပြန်လာတဲ့အခါမှာတော့ Zach ဟာဒါကို ဒုတိယမြောက်အခွင့်အရေးအဖြစ်ရှုမြင်ပြီး သူမအသက်ရှင်သန်နေတုန်းကာလက သူလုပ်ပေးချင်ခဲ့တဲ့အရာရာတိုင်းကို ဖြည့်ဆည်းပေးဖို့ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။

Life After Beth ဟာ အမေရိကန် ဟာသဇာတ်ကား ဖြစ်ပြီး ဒါရိုကတာ Jeff Baena ကရိုက်ကူးပေးထားတာဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Anna Kendrick, Aubrey Plaza, Matthew Gray Gubler, Dane DeHaan နဲ့ John C. Reilly တို့ဖြစ်ကြပါတယ်။ ဇန်န၀ါရီလ ၁၉ ရက်နေ့က Sundance ရုပ်ရှင်ပြပွဲမှာယှဉ်ပြိုင်ပြသပြီးသားဇာတ်ကားဖြစ်ပါတယ်။ သြဂုတ်လအတွင်း ထွက်လိမ့်မယ်လို့မျှော်လင့်ထားပါတယ်။


Ref:imdb.com
Trend Myanmar

ရွှေအကြွေး ဘီလီယံ ၂၀ ကျော်ဖိုး လျော်ပေးရန် တောင်းဆို


သတ္တုတွင်း ၀န်ကြီးဌာနကို အခွန်အခအဖြစ် ရွှေပေးသွင်းဖို့ ကျန်နေသေးတဲ့ ကုမ္ပဏီတွေရဲ့ အကြွေးတွေကို လျော်ပေးဖို့ မြန်မာနိုင်ငံ သတ္တုတူးဖော်ရေး လုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဋ္ဌ ဦးမောင်ကိုက တောင်းဆိုလိုက်ပြီး ၀န်ကြီးဌာနကို စာရေးသား တောင်းဆိုမယ်လို့ သိရပါတယ်။
ဇွန် ၁၆ ရက်နေ့က ကျင်းပတဲ့ အသင်း နှစ်ပတ်လည်အစည်းအဝေးမှာ သူက ခုလို တောင်းဆိုလိုက်တာလို့ သတင်းထောက်တွေကို ပြောပါတယ်။

ကုမ္ပဏီပေါင်း ၂၂၃ ခုဟာ သတ္တုတွင်းဝန်ကြီးဌာနကို ရွှေကြွေးကျန် ၃၀၇ ပိဿာ ပေးစရာ ရှိနေပြီး ကျပ်ငွေ ဘီလီယံ ၂၀ ကျော် တန်ဖိုး ရှိပါတယ်။

လက်ရှိ နိုင်ငံတကာအစိုးရနဲ့ အဖွဲ့အစည်းတွေက မြန်မာအစိုးရကို အကြွေးတွေ လျော်ပေးနေပေမယ့် အစိုးရကတော့ တိုင်းရင်းသား လုပ်ငန်းရှင်တွေကို ကြွေးလျော်မပေးတဲ့အပြင် ကုမ္ပဏီတွေကိုပါ ဖျက်ပစ်လိုက်တာမို့ ဒါဟာ မလုပ်သင့်ဘူးလို့ သူက ဆိုပါတယ်။

DVB Burmese

ကမ္ဘာ့အမြန်ဆုံး ဘောလုံးသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့သည့် ရော်ဘင်


ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)က အသိအမှတ်ပြုထားသည့် စံနှုန်းများအရ ကမ္ဘာပေါ်တွင် မြန်နှုန်းအမြင့်ဆုံး ပြေးလွှားနိုင်သည့် ဘောလုံးသမားအဖြစ် အာဂျန်ရော်ဘင်က စံချိန်သစ် တင်နိုင်ခဲ့ပြီ ဖြစ်သည်။

ကမ္ဘာ့ဖလားပွဲစဉ်အဖြစ် စပိန်ကို (၅-၁)ဖြင့် အနိုင်ရခဲ့ရာတွင် နယ်သာလန်၏ တောင်ပံတိုက်စစ် ကစားသမားသည် ဘောလုံးဟို တဟုန်ထိုး ဆွဲပြေးသယ်ယူသွားပြီး အသင်းအတွက် ပဉ္စမမြောက်ဂိုးကို သွင်းယူခဲ့သည်။

ရော်ဘင်သည် စပိန်နောက်ခံလူ ဆာဂျီယို ရာမို့စ်ကို နောက်ချန်ထားနိုင်အောင် အားထုတ်ပြေးလွှားသွားပြီး ထိုအချိန်တွင် ၎င်း၏ ရွေ့လျားနှုန်းသည် တစ်နာရီလျှင် (၃၇)ကီလိုမီတာနှုန်းထိ ရှိသည်။ ယင်းသည် ဘောလုံးသမား တစ်ဦးအတွက် အမြန်ဆုံး စံချိန်လည်း ဖြစ်လာခဲ့သည်။

ယခင်က အာဆင်နယ်နှင့် အင်္ဂလန်လက်ရွေးစင် ကစားသမား သီအိုဝဲလ်ကော့က တစ်နာရီ (၃၅.၇)ကီလိုမီတာ ပြေးနှုန်းဖြင့် FIFA၏ ကမ္ဘာ့အမြန်ဆုံး ဘောလုံးသမား စံချိန်ကို ပိုင်ဆိုင်ထားသော်လည်း အသက်(၃၀)အရွယ် ရော်ဘင်က ဖြတ်ကျော်သွားခြင်း ဖြစ်သည်။ ၎င်း၏ ပြေးနှုန်းသည် လျှပ်စီးလူသားဟု တင်စားခံရလေ့ရှိသည့် ကမ္ဘာ့ချန်ပီယံ တောင်အာဖရိက တာတိုအပြေးသမား အူစိန်ဘော့တ်၏ စံချိန်အောက် တစ်နာရီလျှင် (၇)ကီလိုမီတာမျှသာ လျော့နည်းသည်။

FIFA အသိအမှတ်ပြု စံနှုန်းများအရ ဘောလုံးပွဲတစ်ပွဲတွင် အမြန်ဆုံး ပြေးလွှားနိုင်ခဲ့သည့် ထိပ်တန်းကစားသမားများနှင့် ၎င်းတို့၏ စံချိန်များမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ အာဂျန်ရော်ဘင် … တစ်နာရီ (၃၇)ကီလိုမီတာနှုန်း
၂။ သီအိုဝဲလ်ကော့ … တစ်နာရီ (၃၅.၇)ကီလိုမီတာနှုန်း
၃။ အန်တိုနီယိုဗလန်စီယာ … တစ်နာရီ (၃၅.၂)ကီလိုမီတာနှုန်း
၎။ ဂါရတ်သ်ဘေးလ် … တစ်နာရီ (၃၄.၇)ကီလိုမီတာနှုန်း
၅။ အေရွန်လင်နွန် … တစ်နာရီ (၃၃.၈)ကီလိုမီတာနှုန်း
၆။ ခရစ္စတီယာနိုရော်နယ်လ်ဒို … တစ်နာရီ (၃၃.၆)ကီလိုမီတာနှုန်း
၇။ လီယွန်နယ်မက်ဆီ … တစ်နာရီ (၃၂.၅)ကီလိုမီတာနှုန်း
၈။ ဝိန်းရွန်နေး … တစ်နာရီ (၃၂.၁)ကီလိုမီတာနှုန်း

_Ref; Dailymail
7day daily

လုပ်ပိုင်ခွင့်များ မျက်လှည့်ပြစား၊ မသိနားမလည်တဲ့ ပြည်သူတွေခံစား


အယ်ဒီတာရှင့်

ကျွန်မတို့မိသားစုသည် မသိမသာရော သိသိသာသာရော ဘောလုံး အားကစားပွဲကို ရူးသွပ်ကြသော မိသားစု ဖြစ်ကြပါတယ်။ မြန်မာဘောလုံးအသင်း ကို ကွင်းထဲအထိ အားပေးပြီး ငိုပြီး ပြန်ခဲ့ ကြဖူးတယ်။ ဘောလုံး ရူးသွပ်တာဟာ ကမ္ဘာ့ဖလားပွဲစမှ ပိုဆိုးနေပါတယ်။ အရင်က မကြည့်တော့ဘူး စဉ်းစားထား ပေမယ့် ပွဲစတော့လည်း ကြည့်ချင် ကြပြန်ရော။ ဒါနဲ့ ယိုးဒယားဗန်းဆို ဈေးသက်သာ တယ်။ ချက်ချင်းလည်းမိတယ်။ လစဉ်ကြေးလည်း မပေးရဘူးဆိုလို့ တပ်လိုက်တော့ အင်္ဂလန်ပွဲလေးတော့ ကောင်းကောင်း ကြည့်လိုက်ရတာပေါ့။

နောက်နေ့က ပွဲမကောင်းတော့ မကြည့်ဖြစ်။ အဲဒီနေ့က သတင်းကြားရတယ်။ စကိုင်းနက်က မရောင်းရလို့ ယိုးဒယားဗန်းကို ပိတ်မယ်ပေါ့။ ကျွန်မတို့က အရောင်းပိတ်မယ် ထင်တာ။ လုံးဝ ပြသတာကိုပါ ပိတ်လိုက်တော့၊ အားခဲထားတဲ့ ဂျာမနီပွဲကို မကြည့်ရတော့ပါ။ ဘယ်တတ်နိုင်မလဲ ဆိုပြီး မနက်ကျရင် စကိုင်းနက်ပဲ တပ်တော့မယ် စဉ်းစားထားပြီး၊ ကျွန်မတို့ လမ်းထိပ်မှာပဲရှိတဲ့ စကိုင်းနက် ဆိုင်ကို သွားမေးပါတယ်။ ချက်ချင်း တပ်လိုက်မယ်ပေါ့နော်။ ကျွန်မထင်တာက အခုလို အသစ် လာဝယ်တဲ့သူကို ချိုချိုသာသာ ဖော်ဖော်ရွေရွေ ကြိုဆိုကြမယ် ပေါ့နော်။ ခဏအကြာမှာ အထင်နဲ့အမြင် တက်တက်စင်အောင် လွဲပါတော့တယ်။

အခုတပ်မယ်ဆိုရင် တစ်ပတ် စောင့်ရမယ်ဆိုပဲ။

ဒါနဲ့ပဲကျွန်မက တစ်ပတ်ဆိုရင် ဘောလုံးပွဲပြီးသွားမှာမို့ ဘယ်ဖြစ်မလဲ ပြောတဲ့အခါ စာရေးမက တပ်ချင်တပ် မတပ်ချင်နေ အမူအရာနဲ့ပါ။ ပြီးတော့ ကျွန်မရှေ့မှာ လူက ၁၅၀ လောက် ရှိသေးတာဆိုပဲ။ ဒါဆိုလည်း လွှင့်နေတာကို မပိတ်သင့်ဘူး။ ငွေရှာရတာ လွယ်တာမှတ်လို့။

အခုတော့ ကျွန်မတို့မှာ ခြောက်သောင်းလောက် ရှုံးသွားတဲ့အပြင် အခုချက်ချင်းလည်း မကြည့်ရ။ ကိုယ်စပွန်ဆာ ယူထားပြီး ဘယ်လိုလုပ်လုပ် ရပါတယ်ဆိုတဲ့ ကြည့်သူကို တန်ဖိုးမထားတဲ့ စိတ်ဓာတ်ကို အထင်းသား တွေ့ရတာပဲ။

တကယ်ကို ပစ္စည်း မပေးနိုင်ရင်လည်း ဘောလုံးပွဲ မကြည့်ရတော့တဲ့ ဝယ်သူတစ်ယောက်ကို အားနာတဲ့ အမူအရာတောင် မပြနိုင်တော့တဲ့ ပုံစံက စီးပွားရေးလုပ်နေတာနဲ့ မတူပါ။ ဘောလုံးပွဲ သုံးနှစ်စာ စပွန်ဆာ ယူထားတယ် ဆိုတဲ့ စကိုင်းနက်က လုပ်ပုံလုပ်နည်း မှန်ကန်သလား ဆိုတာ ကိုယ်တိုင်ပဲ ဖြေကြည့်ကြပါတော့။ ကျွန်မကတော့ အိမ်ကို ဒေါသထွက်ပြီး ပြန်လာပါပြီ။ မြန်မာ့ အသံကလာမယ့် မသဒ္ဓါရေစာ အစွန်းထွက်ကလေးကို ၃၀ ရက်နေ့မှပဲ ကြည့်ရုံပေါ့။ တစ်ပတ်နဲ့တော့ တစ်သိန်း မသုံးတော့ဘူး။ ပစ္စည်းမပေးနိုင်ဘဲ ဒီလို လုပ်ဆောင်နေတာကို အံ့အားသင့်နေရုံမှ တစ်ပါး လုပ်စရာမရှိပါ။ ဇီးကွက်စီးပွားရေး ဆိုတာ ဒါလား တွေးကြည့်နေမိပါတယ်။

ကျွန်မတို့ သိချင်တာက ယိုးဒယားဗန်းက ကြည့်လို့မရဘူး၊ တရားမဝင်ဘူး ဆိုရင်လည်း ဘာဖြစ်လို့ ဟိုးလေးတကျော် ကြော်ငြာပြီး လိုက်တပ်ဆင်ခွင့်တွေ ပေးထားသလဲ။ ပြည်သူတွေကို ဘက်ပေါင်းစုံက ဟိုက ဖွင့်သယောင်လုပ်လိုက်၊ ဒီကပိတ်တာတွေ လုပ်လိုက်ဆိုတော့ ဥပဒေတွေ ဘယ်နှမျိုးနဲ့ ဒီတိုင်းပြည်မှာ ထုတ်ပြီး ခွင့်ပြုနေသလဲဆိုတာ သိချင်လှပါတယ်။ ဘာပြောပြော လက်ရှိမှာတော့ ပြည်သူတွေ အလိမ်အညာ ခံနေရတာ ကတော့ လက်တွေ့ဆိုတာ အများ ပြည်သူသိစေရန် ရင်ဖွင့်လိုက်ပါတယ်။

နှင်းနှင်း
စမ်းချောင်းမြို့နယ်၊ ရန်ကုန်။

The Voice Weekly

ယူကရိန်းတွင် ဓာတ်ငွေ့ပိုက်လိုင်းတခု ပေါက်ကွဲ


ရုရှားနိုင်ငံက သဘာဝဓာတ်ငွေ့တွေကို ယူကရိန်းနိုင်ငံကို ဖြတ်သန်းပြီး ဥရောပနိုင်ငံတွေကို သယ်ပို့တဲ့ ပိုက်လိုင်းတခု ယူကရိန်းနိုင်ငံအလယ်ပိုင်းမှာ ပြီးခဲ့တဲ့ ဇွန် ၁၇ ရက်နေ့က ပေါက်ကွဲခဲ့ပါတယ်။

ယူကရိန်းနိုင်ငံ ပိုလ်တာဗာဒေသက လော့ခ်ဗစ်စီယာမြို့နားမှာ မီးလောင်နေပုံ ရုပ်သံတွေကို လူမှုကွန်ရက်မီဒီယာတွေမှာ ဖော်ပြထားတာပါ။

ယူကရိန်းစွမ်းအင်ဝန်ကြီးဌာနကတော့ ပေါက်ကွဲမှုဟာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှု ဖြစ်နိုင်တယ်လို့ အဆိုပြု ပြောဆိုပါတယ်။

ဒါဟာ ယူကရိန်းရဲ့ဓာတ်ငွေ့သယ်ပို့ရေးစနစ်အတွင်း ပထမဆုံးတိုက်ခိုက်ဖို့ ကြိုးစားမှုတော့ မဟုတ်ဘူးလို့ ကြေညာချက် ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းက နိုင်ငံအနောက်ပိုင်းမှာ ပိုက်လိုင်းဖောက်ခွဲမှု ၂ ခုဖြစ်ခဲ့ပါသေးတယ်။ အသေးစိတ်တော့ မပြောပေမယ့် ယူကရိန်းဟာ ရုရှားလိုလားသူ ခွဲထွက်ရေးသူပုန်တွေကို နိုင်ငံအရှေ့ပိုင်းမှာ ရင်ဆိုင်နေရပါတယ်။

အကူးအပြောင်းပိုက်လိုင်းကို ဖောက်ခွဲမှုကြောင့် ဥရောပကို ရုရှားရဲ့ ဓာတ်ငွေ့ တင်ပို့မှု မပြတ်တောက်ဘူး။ မျဉ်းပြိုင်ပိုက်လိုင်းကနေ လောင်စာတွေ ဆက်သွားနေဆဲပဲလို့ ရုရှားရဲ့ ထိပ်တန်း ဓာတ်ငွေ့ထုတ်လုပ်သူ ဂဲ့စ်ပရွန်အုပ်စုက ပြောပါတယ်။

DVB Burmese

ကမ္ဘာ့အလှဆုံး ဆိပ်ကမ်းမြို့ထဲက Parga


ဂရိနိုင်ငံ အနောက်မြောက်ပိုင်းမှာ တည်ရှိနေတဲ့ မြို့ငယ်လေး ဖြစ်ပြီး သူ့ကို Parga လို့ ခေါ် ပါတယ်။ လူဦးရေ ၁၁၀၀၀ ကျော်သာ ရှိပြီး ကမ္ဘာ့ အလှဆုံး ဆိပ်ကမ်း မြို့ငယ်လေး များထဲက တစ်ခု အဖြစ် မှတ်တမ်းတင် ထား ပါတယ်။

၁၃ ရာစု ကတည်းက တည်ရှိခဲ့တဲ့ မြို့ ဖြစ်ပြီး ခေတ် အဆက်ဆက် သမိုင်းများစွာ ရှိခဲ့ ပါတယ်။ ဂရိတို့ရဲ့ ခံတပ်လည်း ဖြစ်ခဲ့ ဖူးသလို၊ ဘာသာရေး စစ်ပွဲ ကာလ အတွင်း စစ်ဘေး ဒုက္ခသည်တို့ နားခိုရာ နေရာလည်း ဖြစ်ခဲ့ ပါတယ်။ ကမ္ဘာ စစ် ကာလကလည်း စစ်ဒဏ် အများအပြားခံရပြီး အပျက်အဆီးတွေနဲ့ ပြည့်နက်ခဲ့ ပါတယ်။ ပြင်သစ်၊ ဗြိတိန်တို့ လက်အောက်ကို ရောက်ရှိခဲ့ဖူးပြီး ၁၉၁၃ ခုနှစ် ရောက်မှာ ဂရိလက်ထဲကို ပြန်လည် ရောက်ရှိခဲ့တဲ့ မြို့ငယ် ဖြစ်ပါတယ်။

ယနေ့မှာ အနားယူ အပန်းဖြေ စရာ မြို့ငယ်လေး တစ်ခု ဖြစ်ပြီး ဟိုတယ်၊ တည်းခိုခန်း၊ စားသောက်ဆိုင်၊ ပင်လယ်အပျော်စီး လှေလုပ်ငန်း အစရှိသဖြင့် အပန်းဖြေ မြို့လေး တစ်ခု အဖြစ် တည်ရှိနေကြောင်း သိရ ပါတယ်။
.
Ref: wiki
အောင်ခမ်း (www.innewsmyanmar.com)

Android ထုတ်ကုန်တစ်ခု၏ Boot Animation ကို ပြောင်းလဲခြင်း

Android ထုတ်ကုန်တစ်ခုဟာ ဈေးကွက်ထဲမှာရှိတဲ့ အခြားထုတ်ကုန်တွေထက် စိတ်ကြိုက်ပြင်ဆင် အသုံးပြုနိုင်တဲ့ အားသာချက်ရှိပါတယ်။ Android ထုတ်ကုန်တစ်ခုကို root မလုပ်ထားရင်တောင်မှ Google Play က အသုံးတည့်စေတဲ့ app တွေနဲ့ ပြင်ဆင် အသုံးပြုနိုင်ပါတယ်။ အခုဖော်ပြပေးမယ့် နည်းလမ်းကတော့ Android ထုတ်ကုန်တစ်ခုရဲ့ boot animation ကို ပြောင်းလဲတဲ့နည်းလမ်း ဖြစ်ပါတယ်။


Boot Animation ဆိုတာဘာလဲ


Boot Animation ဆိုတာကတော့ Android ထုတ်ကုန်တစ်ခုကို ပါဝါဖွင့်လိုက်တာနဲ့ တွေ့မြင်ရတဲ့ လှုပ်ရှားနေတဲ့ လိုဂို သို့မဟုတ် ဓာတ်ပုံတစ်ခု ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဖုန်းကို ဖွင့်ဖွင့်ချင်းမှာ ဟန်းဆက်ထုတ်လုပ်သူရဲ့ လိုဂိုကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

တကယ်လို့ root-access ရှိတယ်ဆိုရင် ဖုန်းရဲ့ boot animation ကို ပြောင်းလဲနိုင်ပါတယ်။ Boot animation ကို ပြောင်းလဲတဲ့ အတွက်ကြောင့် ဖုန်းဖွင့်ဖွင့်ချင်း ပေါ်လာတဲ့ လိုဂို သို့မဟုတ် ဓာတ်ပုံနေရာမှာ ကိုယ့်စိတ်ကြိုက်ပုံကို အစားထိုး ထည့်သွင်းနိုင်ပါတယ်။ ပြုလုပ်ပုံက အောက်ပါအတိုင်း ဖြစ်ပါတယ်။

(၁) Google Play store ကနေ Boot Animations app ကို download လုပ်ပါ။ Google Play store ကနေ download လုပ်လို့မရရင် 1Mobile Market ကနေ download လုပ်နိုင်ပါတယ်။

(၂) Download လုပ်ပြီးရင် app ကို ဖွင့်ပါ။



(၃) App ကို ဖွင့်ပြီးရင် boot animation တွေကို ရယူဖို့အတွက် “Server” section ကိုနှိပ်ပါ။ ပြီးရင် စာရင်းထဲက နှစ်သက်ရာ boot animation ကိုနှိပ်ပါ။

(၄) ရွေးချယ်ဖို့အတွက် option တွေ ပါတဲ့ pop up menu တစ်ခုပေါ်လာရင် “Install” ကို နှိပ်ပါ။


(၅) မိနစ်အနည်းငယ် စောင့်ဆိုင်းပြီးရင် အဆိုပါ boot animation ကို အလိုအလျောက် download လုပ်ပြီး install လုပ်ပေးပါလိမ့်မယ်။

(၆) Install လုပ်ပြီးရင် Android ထုတ်ကုန်ကို restart လုပ်လိုက်ပါ။ ပြောင်းလဲမှုကို မြင်တွေ့ရပါမယ်။


 Ref: MakeTechEasier
Internet Journal

တရားမ၀င်သတ္တုတူးဖော်နေသည့် တရုတ်၁၃ဦးကို ပြည်နှင်ဒဏ်ပေးမည်


ဂျွန်ချစ်ငြိမ်း| ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၁၈ ရက်၊ ၂၀၁၄ ခုနှစ်

ကလောမြို့နယ်၊ ဘော်ဆိုင်းကျေး ရွာအုပ်စုအတွင်း၊ သတ္တုတွင်းတူးဖော် လုပ်ကိုင်လျက်ရှိသည့် GPS Joint Venture Co.Ltd.,တွင် တာဝန်ထမ်းဆောင်နေသည့် တရုတ်နိုင်ငံသား ၁၃ ဦးကို ဗီဇာစည်းကမ်း ဖောက်ဖျက်မှုဖြင့် ဇွန် ၁၈ရက်တွင် ပြည်နှင်ဒဏ်ပေးသွားမည်ဟု တောင်ကြီးခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲနောင်က မဇ္ဈိမကို အတည်ပြု ပြောဆိုလိုက်သည်။

၎င်းတို့ကို မေ၂၉ရက်က ကလော မြို့နယ် တရားရုံးတွင် ဒဏ်ငွေကျပ်နှစ် သိန်းပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ပြီး အာမခံပေးထားခြင်းဖြစ်သည်။ ယင်းနောက်သက်ဆိုင်ရာဝန်ကြီးဌာနက ပြည်နှင်မိန့်ထုတ်ပြန်ပေးခဲ့ပြီဖြစ်သဖြင့် ဆက်လက်ဆောင်ရွက်ရန် စီစဉ်နေပြီဟု ဦးရဲနောင်က ဇွန်၁၇ရက် ပြောသည်။

အဆိုပါ တရုတ်နိုင်ငံသားတို့သည် သတ္တုတွင်းဝန်ကြီးဌာန၏ ခွင့်ပြုချက် မရှိဘဲသတ္တု တူးဖော်ရေးလုပ်ငန်း၌ ၀င်ရောက်လုပ်ကိုင်နေသည်ကို မေ ၂၅ရက်တွင် ရှမ်းပြည်နယ်နှင့် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနက စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းတို့အပြင် လက်ခံထားရှိသည့် ကုမ္ပဏီ၏ တာဝန်ခံ ဦးစိုင်းကျော်မြင့်ကိုလည်း သတင်းပို့ရန် ပျက်ကွက်မှု (နိုင်ငံခြားသားများ အက်ဥပဒေပုဒ်မ ၅-၁)ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိသည်။

“ပြည်နှင်ပြီးသွားရင်လည်း BLACK LIST (အမည်ပျက်စာရင်း) တစ်ခါတည်းသွင်းသွားမှာဖြစ်တယ်” ဟု ၎င်းက ရှင်းပြသည်။

ပြည်နှင်ခံရမည့် အမျိုးသမီး တစ်ဦးပါဝင်သည့် တရုတ်နိုင်ငံသားများကို ဇွန် ၁၈ ရက် နံနက် ၅ နာရီတွင် ဘော်ဆိုင်းကျေးရွာ ကုမ္ပဏီရုံးသို့ သွားရောက်ခေါ်ဆောင်မည်ဖြစ်ပြီး မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ် (တံတားဦး)သို့ ပို့ဆောင်ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်ထားသည်။

အဆိုပါဒေသတွင် Top ten Star နှင့် GPS Joint Venture Co.Ltd., အစရှိသည့် သတ္တုတူးဖော်ရေး ကုမ္ပဏီကြီးများအပါအ၀င် သတ္တုတူးဖော်ခြင်း လုပ်ငန်းလုပ်ကိုင်နေသည့် ကုမ္ပဏီ ၁၆ ခုခန့်ရှိသည်။ ယခု အရေးယူခံရသည့် GPS Joint Venture Co.Ltd.,သည် မြန်မာနိုင်ငံတွင် သတ္တုတူးဖော်နေသည့် တတိယအကြီးဆုံးကုမ္ပဏီ ဖြစ်သည်။

အခြားသတ္တုတွင်းများကို အမတ်များ၊ အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် ပူးပေါင်းစစ်ဆေးရန် စီစဉ်နေသည်။

Mizzima Burmese

အရှိန်မထိန်း နိုင်သည့်ဆိုင်ကယ် ရပ်ထားသည့် ကုန်တင်ယာဉ်နောက်တွဲကို ဝင်တိုက်မိပြီးသေဆုံး


ရေတာရှည် ဇွန် ၁၈

ရေတာရှည်မြို့နယ်၊ ဆွာမြို့တောင်ဘက် (၄) မိုင်ခန့်အကွာ မှန်စီကျေးရွာအနီး ရန်ကုန်-မန္တလေး ကားလမ်းတွင် စက်ချို့ယွင်း၍ လမ်းဘေးချ ရပ်ထားသည့် ကုန်တင် ၂၂ ဘီးယာဉ်၏ နောက်တွဲကို ဆိုင်ကယ် တစ်စီးက အရှိန်လွန်ကာ ဝင်ရောက် တိုက်မိခဲ့ပြီး ဆိုင်ကယ် မောင်းနှင်သူမှာ ဆွာတိုက်နယ် ဆေးရုံ အရောက်တွင် သေဆုံးသွား ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ (၁၂) ရက်နေ့၊ ည (၉) နာရီခွဲ အချိန်ခန့်က ရန်ကုန်-မန္တလေးကားလမ်းမိုင်တိုင်အမှတ် ၁၉၇/၃နှင့် ၁၉၇/၄အကြား မှန်စီကျေးရွာ အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဆွာနယ်မြေရဲစခန်းမှ တာဝန်မှူး ရဲအုပ် သန်းနိုင် နှင့်အဖွဲ့က သွားရောက် စစ်ဆေးခဲ့ရာ ကားလမ်းအတိုင်း မြောက်မှတောင်သို့ ရဲလေး ၂၈နှစ်၊ ပိန်းအင်းကျေးရွာနေ သူ မောင်းနှင်လာသည့် ကန်ဘို ၁၂၅ (လိုင်စင်မဲ့) ဆိုင်ကယ်သည် အခင်းဖြစ်နေရာ အရောက် ကားလမ်း၏ နောက်ဘက် ဘေးလမ်းပေါ်တွင် စက်ပြုပြင်ရန် ရပ်တန့်ထားသော နီဆန်း (၂၂) ဘီး ကုန်တင်ယာဉ်၏ နောက်တွဲ ဝဲဘက်ခြမ်းကို တိုက်မိပြီး တိမ်းမှောက်သွားခဲ့သည်။ ယာဉ် တိမ်းမှောက်မှုကြောင့် ရဲလေးတွင် ဦးခေါင်း နောက်စေ့ ပေါက်ပြဲဒဏ်ရာ ရရှိပြီး ဆွာတိုက်နယ်ဆေးရုံသို့ တင်ပို့ပေးခဲ့ရာ ဆေးရုံသို့ ရောက်ရှိပြီး နာရီဝက်ခန့် အကြာတွင် သေဆုံးသွားခဲ့ သည်။ အဆိုပါဖြစ်စဉ်အား ဆွာနယ်မြေ ရဲစခန်းမှ အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သိရှိရသည်။

MOI Webportal Myanmar

၄၈ ယာဉ်လိုင်းက စက်ဘီးတွန်းလာသူကို နောက်မှဝင်တိုက်ပြီး မောင်းပြေး (လူတစ်ဦးသေ)


ဖြိုးဝေလင်း

ရန်ကုန်၊ မဇ္ဈိမ။ ။ ရန်ကုန်-အင်းစိန်လမ်းမပေါ်ရှိ လမ်းလယ်ကျွန်းဘေးမှကပ်၍ စက်ဘီးတွန်းလာသူကို ၄၈ အထူးယာဉ်လိုင်းမှ
ယာဉ်တစ်စီးက နောက်မှ ဝင်တိုက်ခဲ့ပြီး မောင်းနှင်ထွက်ပြေး သွားသည့်ဖြစ်စဉ်တစ်ခု မေ ၁၇ ရက်၊ နံနက် ၈ နာရီခွဲဝန်းကျင်က
လှိုင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု လှိုင်မြို့နယ်ရဲစခန်းမှ တာဝန်ကျရဲတပ်သားတစ်ဦးက မဇ္ဈိမကို ပြောသည်။

"တိုက်သွားတုန်းက ကျွန်တော့်ကားက အဲ့ဒီ ၄၈ ကားနောက်မှာ တိုက်ပြီး မသိသလိုဘဲ မောင်းသွားတာ။ ၄၈ ကားက ၂၂၆ ကားကို
ကျော်ရင်းနဲ့ တိုက်မိသွားတာ။ တိုက်ပြီး စက်ဘီးတွန်းလာတဲ့သူကို နောက်ဘီးနဲ့လည်း ကြိတ်မိသွားသေးတယ်" ဟု လှိုင်မြို့နယ် သံလမ်းမှတ်အနီးရှိ တက္ကစီဂိတ်မှ မျက်မြင်တွေ့ရှိခဲ့သည့် တက္ကစီမောင်းသမားတစ်ဦးက ဆိုသည်။

ဖြစ်ပွားပုံမှာ ရန်ကုန်-အင်းစိန်လမ်းမအတိုင်း သမိုင်းဘက်မှ လှည်းတန်းဘက်သို့ မောင်းနှင်လာသည့် ၄၈ အထူးယာဉ်သည် ဘာတာ
မှတ်တိုင်မှ စတင်ထွက်လာသည့် ၂၂၆ ယာဉ်ကို ကျော်တက်ရာ လမ်းအလယ်တွင် စက်ဘီးတွန်းနင်းလာသည့် ကိုကျော်သူရဆိုသူကို
နောက်မှဝင်တိုက်ခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် ကိုကျော်သူရမှာ ယာချိုစောင်းနှင့် ယာခြေသလုံးတို့တွင် ပေါက်ပြဲဒဏ်ရာများရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးသို့
ပို့ဆောင်စဉ် သေဆုံးသွားခဲ့သည်ဟု ရဲမှတ်တမ်းတွင်ဖော်ပြထားသော်လည်း မျက်မြင်တွေ့ရှိသူများက ၄၈ ယာဉ်၏ နောက်ဘီးဖြင့်
ပေါင်ရင်းကို ကြိတ်မိခဲ့သည်ဟု ပြောဆိုကြသည်။

Mizzima Burmese

အိပ်ပျော်နေသော မန်းဆေးရုံကြီးလူနာစောင့်အမျိုးသမီးထံမှ ရွှေထည်ပစ္စည်းများ ခိုးယူသူ ဖော်ထုတ်ဖမ်းဆီး



မန္တလေးခရိုင်(မှု/ကူ)မှဒုရဲအုပ် သူရဌေးနှင့်အဖွဲ့ သည်ချမ်းအေးသာစံမြို့နယ်
မြို့မရဲစခန်းမှ(ပ)၂၀၃/ ၂၀၁၄ပြစ်မှုပုဒ်မ၃၈၀အမှုမှ မသင်္ကာတရားခံပူတင်း
(ခ)တင်အောင်ဆန်း (၂၇) နှစ် ကျွန်းလုံးဦးသျှောင် ရပ်ကွက်၊ ချမ်းမြသာစည်
မြို့နယ်နေသူအား အမှုကွင်း ဆက်စစ်ဆေးရာ ၎င်းင်းသည် ၂၀၁၄ ခုနှစ် ဧပြီ
(နေ့ရက် မမှတ်မိ)နံနက် ၂ နာရီ ခန့်က ချမ်းအေးသာစံမြို့နယ် လမ်း ၃၀
မန္တလေးဆေးရုံကြီးဝင်း ခွဲစိတ်ကုသဆောင် (၃ )အနောက်ဘက်လူသွားလမ်း
ဘေးပလက်ဖောင်းပေါ် တွင် အိပ်ပျော်နေသောလူနာစောင့် အမျိုးသမီး၏ခြင်
ထောင်အတွင်းမှ မိန်းမကိုင်မိုးကာအိတ်အား ခိုးယူခဲ့ပြီးအိတ်အတွင်းရှိရွှေများ
အနက် ရွှေလက်ကောက်နှင့်ရွှေကလစ်တို့အား မန်းမြို့ဈေးရှိ ရွှေသမာဓိရွှေပန်း
ထိမ်ဆိုင်မှဦးကျော်ခိုင်ထံငွေကျပ်သိန်း ၃၀ ခန့်ဖြင့်ရောင်းချထားကြောင်းစစ်ဆေး
ပေါ်ပေါက်သဖြင့်ရွှေကလစ်နှင့်ရွှေလက်ကောက် ခုနစ်ကွင်းတို့အား အရည်ကျို
ထားသည့် ရွှေရည် ၁၆ပဲရည် အလေးချိန် ၅ ကျပ် ၃ပဲ ၇ ရွေးရှိ ရွှတုံးတစ်တုံးအား
သိမ်းဆည်းရမိပြီး ၎င်းင်းနေအိမ် သေတ္တာအတွင်းရွှေလက်စွပ်၊ ရွှေဆွဲကြိုး၊ နားကပ်
တစ်ဖက် တို့အား ထပ်မံသိမ်းဆည်းရမိသဖြင့် ဇွန် ၁၅ ရက်တွင် ချမ်းအေးသာစံ
မြို့နယ်မြို့မရဲစခန်းမှ (ပ) ၄၆၈/၂၀၁၄၊ ပြစ်မှုပုဒ်မ၃၇၉^၅၄အရထပ်မံအမှုဖွင့်အရေး
ယူထားသည်။


မောင်ပြည်သူ
စံတော်ချိန်နေ့စဉ်သတင်းစာ

ဆင်းကတ် အလကားပေးမည့် သတင်း ရတနာပုံ တယ်လီပို့ ငြင်း


 ဖုန်းဆင်းကတ်များကို အလကား ပေးမည်ဟု ပြောဆိုနေခြင်း မှာ မဟုတ် မမှန်သတင်းသာ ဖြစ်သည်ဟု ဆက် သွယ်ရေး အော်ပရေတာ ရတနာပုံ တယ် လီပို့ ကုမ္ပဏီမှ သိရ သည်။
လက်ရှိတွင် ရတနာပုံ တယ်လီပို့ သည် မိုဘိုင်းဖုန်းများ ထုတ်လုပ်ရောင်း ချသည့် အချိန်တွင် ဆင်းကတ်များ ကျပ် တစ်ထောင့် ငါးရာနှုန်းဖြင့် မရောင်းဘဲ အခမဲ့ အလကားပေးမည့် အပြင် Message ပေးပို့မှု အစောင် ၃ဝ ကိုပါ အခမဲ့ ပေးမည်ဟု အင်တာ နက် စာမျက်နှာ အချို့တွင် သတင်းများ ထွက်ပေါ်နေသည်။
အဆိုပါ သတင်း များနှင့် ပတ်သက်၍ ရတနာပုံ တယ်လီပို့ ကုမ္ပဏီမှ ဒါရိုက်တာ ဦးရှိန်းသူအောင် က ”ဖော်ပြထားတဲ့ သတင်းတွေမှာ ရတနာပုံ တယ်လီပို့က ဘယ်သူပြော တယ် ဆိုတဲ့ သတင်း အရင်းအမြစ် မပါဘူး။ ကျွန် တော်တို့ အနေနဲ့လည်း ဒီလိုလုပ်ဖို့ အစီ အစဉ်မရှိပါဘူး။ ဒီသတင်းကို ငြင်းပါ တယ်” ဟု ပြောသည်။
ဖုန်းဈေးနှုန်း၊ ခေါ်ဆိုခနှုန်းထား နှင့် ရောင်းချမည့် အစီအစဉ်များနှင့် ပတ်သက်၍ ကဏ္ဍ အလိုက် ဆောင် ရွက်နေကြောင်း၊ လတ်တလော အနေ ဖြင့် လုပ်ငန်း များ ဆောင်ရွက်နေသည့် ကာလဖြစ်နေ ခြင်းကြောင့် မည်သည့် အချက်ကိုမျှ ထုတ်ဖော် မပြောနိုင်သေး ကြောင်း ၄င်းက ဆက်လက်ပြောသည်။
 ”ခုအချိန် ပြောလိုက်ပြီး နောက်မှ ဒီလိုမဟုတ်ရင် သုံးစွဲသူတွေ အတွက် မကောင်းဘူး။ အားလုံး အဆင်သင့် ဖြစ်တဲ့အချိန် ကျရင် အများပြည်သူ ကြိုတင် သိနိုင်အောင် ထုတ်ဖော်ပြော ကြားပေးမှာပါ” ဟု ၄င်းက ဆက်ပြော သည်။
လက်ရှိတွင် ဖုန်းများ ရောင်းချ နိုင်ရေး အတွက် အဓိက ကျသည့် ဆက် သွယ်ရေး လိုင်စင် ရရှိရန် ဆောင်ရွက် နေကြောင်း လုပ်ငန်းများ လုပ်ကိုင်ရာ တွင်လည်း ရတနာပုံ တယ်လီပို့ တစ်ခု တည်း လုပ်ကိုင်မည်  မဟုတ်ကြောင်း၊ partnership  ဖြင့်သာ ပူးပေါင်း လုပ်ကိုင် သွားမည် ဖြစ်ကြောင်း၊ လက်ရှိ ဖုန်း ရောင်းတော့မည့် အခြား အော် ပရေ တာ များကဲ့သို့ အစီအစဉ်များ ရေးဆွဲ ထားကြောင်း ၄င်းက ဆက်ပြောသည်။
 မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လုပ်ငန်းကို အော်ပရေတာ ၄ ခုမှ ယှဉ် ပြိုင် ဝန်ဆောင်မှု ပေးမည် ဖြစ်ပြီး ယင်း တို့မှာ ရတနာပုံ တယ်လီပို့၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၊ Telenor မြန်မာနှင့်  Ooredoo မြန်မာတို့ ဖြစ်သည်။ လက်ရှိတွင် Telenor နှင့်  Ooredoo တို့သည်  ယခုနှစ် စက်တင်ဘာလ တွင် ဆင်းကတ် တစ်ကတ် လျှင် ကျပ်တစ် ထောင့်ငါးရာဖြင့် ရောင်းချမည်ဟု သတင်းများ ထုတ်ပြန်ထားသည်။

အောင်ဇော်

ပေါက်တောမြို့နယ်တွင် အမျိုးအမည်မသိ ငါးကြီးတစ်ကောင် သောင်တင်သေဆုံး



ပေါက်တောမြို့နယ်၊သဲခုံကျေးရွာတောင်ဘက်ရှိ သောင်ပြင်တစ်ခုတွင် အမျိုးအမည်မသိသော ငါးကြီးတစ်ကောင် သောင်တင်ကာ သေဆုံးနေကြောင်း သတင်းရရှိသည်။

အဆိုပါ ငါးကြီးအား လွန်ခဲ့သော ဇွန်လ(၁၄)ရက်နေ့ ဒီရေတက်ချိန်တွင် သဲခုံရွာနှင့် ဂြင်းချောင်း ကျေးရွာ အကြားရှိ သောင်ပြင်ပေါ်၌ သေဆုံးနေသည်ကို ဒေသခံရေလုပ်သားများက စတင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

သေဆုံးနေသော ငါးကြီးမှာ အလျား(၂၆)ပေ၊အနံ (၁၁)ပေနှင့်ခန့်ရှိပြီး လုံးပတ်မှာ ဆယ်ပေဝန်ကျင်ရှိကြောင်း ပေါက်တောမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ တဆင့် သိရသည်။

ယင်းငါးမှာ ငါးမန်းဖြစ်နိုင်ကြောင်း ပေါက်တောမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဒုလက်ထောက်ဦးစီးမှူး ဦးအောင်မိုးထွန်းက နိရဉ္စရာသို့ ယခုလို ပြောသည်။


“ငါးက ပုပ်ပွပြီးရုပ်လုံးမပေါ်ဖြစ်နေပြီ။ခန္ဓာအစိတ်အပိုင်းတွေလည်း အစုံအလင်မရှိတော့ဘူး။ အရေခွံကလည်း
အကြောင်အကျားတွေနဲ့။ဘာငါးဖြစ်တယ်ဆိုတာတော့လောလောဆယ်တိတိကျကျအဖြေမထုတ်နိုင်သေးပါဘူး။ငါးကဘာကြောင့်သေတယ်၊ဘယ်အချိန်မှာသေသွားတယ်ဆိုတာတပ်အပ်မပြောနိုင်သေးပါဘူးကျွန်တော်တို့ကတော့ ငါးမန်းလို့ ယူဆနေကြပါတယ်၊”ဟု ဆိုသည်။

ယခုအခါ  ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ပညာရှင်များနှင့် ပူးပေါင်းကာ ယင်းငါးကြီးအား ဆန်းစစ် အဖြေရှာခြင်းများ ပြုလုပ်နေကြပြီး ဒေသခံများကလည်း အထူးစိတ်ဝင်စားနေကြသည်ဟု သိရသည်။

Narinjara

လင်နဲ့ မယား - ဟာသ


ညတစ်ညတွင် ဗစ်တိုးရီးယားက ယောက်ျားဖြစ်သူ ဘက်ခမ်းကို နှိုးသည်။
““ယောက်ျား…ထစမ်းပါဦး… ကျွန်မ အိုက်တယ်ရှင့်””
ဘက်ခမ်းက အိပ်ရာမှထပြီး အခန်းပြတင်းပေါက်တွေ ဖွင့်လိုက်သည်။ ခဏအကြာတွင်
မိန်းမဖြစ်သူမှ ထပ်ပြီး နှိုးပြန်သည်။
““ယောက်ျား….ထစမ်းပါဦး…ကျွန်မ ချမ်းတယ်ရှင့်””
ယောက်ျားက အိပ်ရာမှထပြီး စောင်တစ်ထည်ထပ်ယူပေးလိုက်သည်။ ခဏအကြာတွင်
မိန်းမဖြစ်သူက ပြောပြန်သည်။
““ယောက်ျား… ကျွန်မကို အမျိုးသားတစ်ယောက်က ဖက်ထားတဲ့ နွေးထွေးမှု
လိုချင်တယ်ရှင့်””
ထိုအခါ ဘက်ခမ်းက စိတ်မရှည်တော့သဖြင့် ပြောလိုက်သည်။
““ကြံကြံဖန်ဖန်ကွာ….မနက်၂ နာရီထိုးကြီးမှာ မင်းအတွက်ယောက်ျားကို ငါက
ဘယ်မှာသွားရှာရမှာလဲကွ ဟေ””

ရဲစတိုင်း
The Myanma Age

ကမ္ဘာ့ဖလားပွဲ စုကြည့်တဲ့နေရာကို အကြမ်းဖက်သမား ဗုံးခွဲ အသေအပျောက် အလွန်များ


နိုက်ဂျီးရီးယားနိုင်ငံမှာ ဘိုကိုဟာရမ်လို့ခေါ်တဲ့ အစ္စလာမ်မစ် အကြမ်းဖက်သူပုန်လို့ ယူဆရသူတစ်ယောက်က ကမ္ဘာ့ဖလားပွဲ စုကြည့်နေတဲ့ လူအုပ်ကြီးထဲကို ဝင်ပြီး အသေခံဗုံးခွဲခဲ့တာမို့ ဘောလုံးဝါသနာရှင် အမြောက်အမြား သေဆုံးဒဏ်ရာ ရသွားခဲ့ပါတယ်။

“ဒဏ်ရာရတဲ့လူတွေက များလွန်းလို့ ရေတောင် မရေတွက်နိုင်ပါဘူး” လို့ အရေးပေါ်ကျန်းမာရေး လုပ်သားတစ်ဦးက ပြောပြပါတယ်။

နိုက်ဂျီးရီးယား နိုင်ငံမြောက်ပိုင်း ယိုဘီပြည်နယ်က ဘောလုံးပွဲစုကြည့်နေတဲ့နေရာကို တိုက်ခိုက်ခဲ့တာ ဖြစ်ပြီးတော့ ပေါက်ကွဲမှုဖြစ်တဲ့အချိန်မှာ ဘရာဇီးလ်-မက္ကဆီကို ပွဲလာနေတာဖြစ်ပါတယ်။

နိုက်ဂျီးရီးယား နိုင်ငံမြောက်ပိုင်းကို အစိုးရက အကြမ်းဖက်သမားတွေ အန္တရာယ်ကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီးတော့ ဘောလုံးပွဲကို လူအများကြီးစုပြီး မကြည့်ကြဖို့ ညွှန်ကြားထားပါတယ်။

ဘိုကိုဟာရမ် အစ္စလာမ်မစ် သူပုန်တွေဟာ နိုက်ဂျီးရီးယားမြောက်ပိုင်းမှာ သောင်းကျန်းနေပြီးတော့ တစ်လောကလည်း ကျောင်းသူ ၂၀၀ ကျော်ကို ပြန်ပေးဆွဲသွားပြီး အတင်း အစ္စလာမ်ဘာသာဝင်ခိုင်းကာ ရောင်းစားမယ်လို့ ပြောထားပါတယ်။

The Voice

ဇနီးဖြစ်သူ နှင့် ကလေးနှစ်ဦးကို သတ်ဖြတ်ပြီးနောက် ကမ္ဘာ့ဖလားဘောလုံးပွဲကို သွေးအေးစွာသွားရောက် ကြည့်ရှုခဲ့သည့်အမျိုးသား


အီတလီနိုင်ငံ တွင် ဇနီးဖြစ်သူ နှင့် ကလေးနှစ်ဦးကို သတ်ဖြတ်ပြီးနောက် သွေးအေးအေးဖြင့် အရက်ဆိုင်သို့ သွားရောက်၍ အီလတီ နှင့် အင်္ဂလန် တို့၏ ကမ္ဘာ့ဖလား ဘောလုံးပွဲ ပြသမှုကို သွားရောက် ကြည့်ရှုခဲ့သူ အမျိုးသား တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး တရားစွဲဆို ထားကြောင်း သိရသည်။

ကာလိုလီစီ အမည်ရှိ အသက် ၃၁ နှစ်အရွယ် အဆိုပါ အမျိုးသား သည် မီလန်မြို့ အနီးရှိ မိုတာဗစ်စကိုနီမြို့ တွင် နေထိုင်သူ ဖြစ်ပြီး ၄င်းသည် ဇွန်လ ၁၄ ရက် ညပိုင်းတွင် ဇနီးဖြစ်သူ ခရစ္စတီးနား အိုမက်စ် နှင့် အသက် ၅ နှစ်အရွယ် နှင့် တစ်နှစ် ၈ လအရွယ်ရှိ ကလေးငယ် ၂ ဦးကို ဓားဖြင့် ထိုးသတ်၍ ကမ္ဘာ့ဖလား ဘောလုံးပွဲကို သွားရောက် ကြည့်ရှုခဲ့ခြင်း ဖြစ်သည်။

မိသားစုဝင် များကို သတ်ဖြတ်ပြီး နောက်တွင် ပြစ်မှု ကျူးလွန်ရာ၌ အသုံးပြု ခဲ့သည့် ဓားကို မြောင်းတစ်ခု အတွင်းသို့ လွှင့်ပစ်ခဲ့ကြောင်း ၊ ယင်းနောက်တွင် သူငယ်ချင်း အပေါင်းအသင်း များရှိရာ အရက်ဆိုင် သို့ သွားရောက် ခဲ့ခြင်း ဖြစ်ကြောင်း ၊ မိမိ ကျူးလွန်ခဲ့သည့် ပြစ်မှုကြောင့် အာဏာပိုင် များအနေဖြင့် အပြင်းထန် ဆုံးသော စီရင်ချက် ကိုသာ  ချမှတ်ပေးရန် ကာလိုလီစီ က တောင်းဆို ထားကြောင်း သိရသည်။ ကာလိုလီစီ ကို ရဲတပ်ဖွဲ့က ဖမ်းဆီး ရမိသည့် အကြောင်းအရာ နှင့် စပ်လျဉ်း၍ ရဲတပ်ဖွဲ့က အသေးစိတ် ထုတ်ပြန် ထားခြင်း မရှိပေ။

သို့ရာတွင် ဇနီးသည် နှင့် ရင်သွေးငယ် ၂ ဦးကို ၄င်းက သတ်ဖြတ် ရသည့် အကြောင်းရင်း ကိုမူ ရဲတပ်ဖွဲ့ဝင် များက ကာလိုလီစီ ကို ဆက်လက် မေးမြန်းလျက် ရှိသည်ဟု သိရှိရသည်။

Credit : PyiChitThar

တပည့်လေးထံမှ သင်ယူခြင်း


ဆရာမနာမည်က ‘ ဒေါ်သီတာဆွေ ‘။ တပည့်လေးနာမည်က ‘တက်တူ ‘။ ကျောင်းစဖွင့်ဖွင့်ချင်း နေ့မှာတော့ ငါးတန်းရဲ့ အတန်းရှေ့မှာ ရပ်ရင်း အတန်းပိုင်ဆရာမလေး ဒေါ်သီတာဆွေဟာ သူ့အတန်းကို မုသားတစ်ခွန်းနဲ့ အစချီလိုက်ပါတယ်။

တခြားဆရာမတွေလိုပါပဲ။ဒေါ်သီတာဆွေဟာလည်း သူ့တပည့်လေးတွေကို စေ့စေ့ကြည့်ရင်း သူဟာ တပည့်တိုင်းကို အယုတ်အလတ်အမြတ်မရွေး ချစ်ခင်ပါတယ်လို့ ပြောလိုက်တာပါပဲ။ ဒါပေမယ့် ဒေါ်သီတာဆွေအနေနဲ့ တပည့်တိုင်းကို အယုတ်အလတ်အမြတ်မရွေး ချစ်ခင်ဖို့ဆိုတာမလွယ်လှပါဘူး။
အကြောင်းကတော့ ရှေ့ဆုံးတန်းက ထိုင်ခုံမှာ လျော့တိလျော့ရဲနဲ့ ပုံ့ပုံ့လေးထိုင်နေတဲ့ ‘တက်တူ ‘
ဆိုတဲ့ ကျောင်းသားလေးတစ်ယောက်ကြောင့်ပါ။

ဒေါ်သီတာဆွေဟာ အရင်နှစ်ကတည်းက တက်တူကို သတိထားမိခဲ့တယ်။သည်ကလေးကအခြား ကလေးတွေနဲ့ ရင်းရင်းနှီးနှီး ဆော့ကစားလေ့မရှိဘူး။ အဝတ်အစားတွေကလည်း ဖိုသီဖတ်သီ။
ရေလည်းချိုးမှ ချိုးရဲ့လားမသိ။ တက်တူကိုကြည့်ရတာ တော်တော့်ကို ကစုတ်ကတ်နဲ့။

ဒီနှစ် သူ့အခန်းထဲကို တက်တူရောက်လာတဲ့အခါမှာတော့ ဒေါ်သီတာဆွေ အတော်စိတ်ပျက်
နေတယ်။ အဆင်ပြေချင်တော့ တက်တူရဲ့ လေ့ကျင့်ခန်းစာအုပ်တွေကို စစ်ရတဲ့အခါမှာ ဒေါ်သီတာဆွေဟာ သူ့ရင်ထဲက အစိုင်အခဲကို ချေဖျက်ခွင့်ရသွားတယ်။ မင်နီထူထူကြီးနဲ့ ကြက်ခြေခတ်အကြီးကြီးတွေကို ထင်းထင်းကြီး ခြစ်လို့ရသွားတယ်လေ။ တက်တူရဲ့လပတ်စာမေးပွဲ အဖြေလွှာမှာ ‘ ရှုံး ‘ ဆိုတဲ့စာလုံးကြီးကို ရေးချလိုက်တာများ အင်မတန်အားရကျေနပ်တဲ့အမူ
အရာနဲ့။

ဒေါ်သီတာဆွေ အလုပ်ဝင်နေတဲ့ကျောင်းမှာက ကလေးတွေရဲ့ နောက်ကြောင်းမှတ်တမ်းတွေကို ဆရာ
တွေက မဖြစ်မနေသုံးသပ်ကြရတယ်။ အခုနှစ် ကလေးတွေရဲ့ နောက်ကြောင်းကို ပြန်စစ်တဲ့အခါ ဒေါ်သီတာဆွေဟာ တက်တူရဲ့နောက်ကြောင်းကို နောက်ဆုံးမှစစ်တယ်။ ဒါပေမယ့် နောက်ဆုံးမှ စစ်တဲ့တက်တူရဲ့နောက်ကြောင်းကို လှန်လိုက်တာနဲ့ တပြိုင်နက် ဒေါ်သီတာဆွေ ပါးစပ် အဟောင်းသား ဖြစ်သွားပါတော့တယ်။

တက်တူရဲ့ ပထမတန်းဆရာမက ဒီလိုရေးထားတယ်။

” မောင်တက်တူသည် ဉာဏ်ထက်မြတ်ပြီး ပျော်ပျော်ရွှင်ရွှင် နေတတ်သူဖြစ်သည်။ကျောင်းစာများ
ကို သန့်ရှင်းသပ်ရပ်စွာ ရေးမှတ်ဖြေဆိုတတ်ပြီးယဉ်ကျေးတဲ့သူလည်းဖြစ်သည်။ သူကား တစ်တန်းလုံး
နှင့်လည်း သင့်မြတ်သူ ဖြစ်သည် ”

ဒုတိယတန်းဆရာမကျပြန်တော့

” တက်တူသည် အလွန်ထူးချွန်သော ကျောင်းသားတစ်ယောက်ဖြစ်သည်။ သူ့အတန်းဖော်များက လည်း သူ့ကို အလွန်ချစ်ခင်ကြသည်။ သို့ရာတွင် သူ့မိခင်မှာနာတာရှည် ရောဂါကို သေလုမျောပါး ခံစားနေရသည်ဖြစ်ရာ တက်တူမှာ စိတ်ထိခိုက်နေပုံရသည်။ တက်တူအဖို့ အိမ်တွင် နေရသော ဘဝသည် ပင်ပန်းဆင်းရဲခြင်း ကြီးနေလောက်ပေသည် ”

တတိယတန်း ဆရာမကလည်း

” မိခင်တိမ်းပါးသွားခြင်းက တတ်တူအတွက် ရွှေတောင်ကြီး ပြိုခြင်း ဖြစ်ပါလိမ့်မည်။ သူက အရွယ်နှင့်
မမျှအောင် သူ့စိတ်သူထိန်းကာ ကျောင်းစာမှာရော၊ ပတ်ဝန်းကျင်နှင့်ပါအဆင်ပြေအောင် အတက်နိုင်ဆုံး ကြိုးစားအားထုတ်ရှာသည်။ သူ့ဖခင်ကမူ သူ့အပေါ်အလေးထားပုံ မရလှချေ။ သူ့အတွက် ကျောင်းကတစ်ခုခု ပံ့ပိုးမပေးနိုင်လျှင် တက်တူ၏အနာဂတ် ထိခိုက်လာမည့် အလားအလာများ ရှိပေသည် ”

စတုတ္ထတန်းဆရာမ ကျပြန်တော့လည်း

” တက်တူကား တစ်ယောက်တည်း ငေးတိငေး ငိုင်သာ နေတတ်လေသည်။ကျောင်းစာကိုလည်း စိတ်
ဝင်စားပုံ မရပါ။ သူ့မှာ သူငယ်ချင်းလည်း များများစားစားမရှိပါ။ တစ်ခါတစ်လေ စာသင်ချိန်၌ပင် အတန်းထဲတွင် အိပ်ပျော်နေတတ်ပေသည် ”

ဒါတွေကို ဖတ်ပြီးတဲ့အခါမှာတော့ ဒေါ်သီတာဆွေဟာ တက်တူရဲ့ပြသာနာတွေကို သဘောပေါက်သွား
သလို သူ့ကိုသူလည်း အတော်အရှက်ရသွားတယ်။ ပိုဆိုးသွားတာက သီတင်းကျွတ်ကာလမှာ သူ့
တပည့်တွေက လာကန်တော့ကြတဲ့ အချိန်မှာပါ။ တပည့်လေးတွေဟာ စက္ကူအရောင် လွင်လွင်လေးတွေ၊ ဖဲကြိုးရောင်လှလှလေးတွေ ထုပ်ပိုးချည်နှောင်ထားတဲ့ အထုပ်ကြီး အထုပ်ငယ် တွေနဲ့ သူ့ကို လာကန်တော့ကြတယ်။ တက်တူလေးရဲ့ အထုပ်ကျတော့ အဲဒီလိုမဟုတ်ဘူး။ ထုပ်ပိုး လာတာကိုက ဖရိုဖရဲနဲ့၊ ကုန်စုံဆိုင်မှာဆေးဝယ်ရင် ဆိုင်ကထုပ်ပေးတတ်မြဲ စက္ကူအညိုနဲ့ ထုပ်လာ
တာ။ အဟောင်းကို ပြန်သုံးထားတော့ စက္ကူကလည်းတွန့်လို့ ကျေလို့ရယ်။

ဒေါ်သီတာဆွေဟာ အခြားလက်ဆောင်လှလှလေးတွေကြားက တက်တူရဲ့ အထုပ်ကလေးကို ရင်နင့် နင့်နဲ့ ဆွဲယူလိုက်ပြီး ချက်ချင်းပဲ ဖွင့်ကြည့်လိုက်ပါတယ်။ ဖွင့်လိုက်တဲ့အခါ ဥဿဖရားလက်ကောက်
လေးတစ်ခုနဲ့ ရေမွှေးပုလင်းအဟောင်းလေးတစ်လုံး ထွက်လာတာမို့ ကျောင်းသားတစ်ချို့ ရယ်လိုက် ကြတယ်။ ရယ်ဆို ဥဿဖရားလက်ကောက်လေးမှာက ဥဿဖရားအပွင့်လေးတွေ စေ့စေ့ငှငှ မရှိ တော့ပဲ အချို့နေရာတွေမှာ ကွက်တိကွက်ကျား ဖြစ်နေသလို ရေမွှေးပုလင်းထဲမှာလည်း ရေမွှေးက ဖင်ကပ်သာသာ လေးပုံတစ်ပုံလောက်ပဲ ကျန်တော့တာကိုး။ ဒါပေမယ့် ဒေါ်သီတာဆွေက လက်ကောက် လေးကလှလိုက်တာလို့ အသံကျယ်ကျယ်ရေရွတ် လိုက်ပြီး လက်မှာချက်ချင်း ကောက်ဝတ်လိုက်တာမို့ ရယ်နေသူတွေလည်း အရှိန်သပ်သွားတယ်။ လက်ကောက်လေးကို ဝတ်ပြီးတာနဲ့ တက်တူပေးတဲ့ ရေမွှေးလေးကိုလည်း သူ့လက်ကောက်ဝတ်မှာ ဆွတ်လိုက်ပြန်ပါတယ်။

အဲဒီနေ့က ကျောင်းဆင်းတော့ တက်တူဟာ ခါတိုင်းလို အတန်းထဲက ချက်ချင်းမပြန်သေးဘဲ ခဏ
စောင့်နေတယ်။ လူရှင်းတော့ ဒေါ်သီတာဆွေ့အနားကို ရောက်လာပြီး ” ဆရာမရယ်…ဒီနေ့ ဆရာမဆီကရတဲ့ အနံ့က သားမေမေရဲ့ကိုယ်နံ့အတိုင်းပါပဲဗျာ “လို့ ပြောလေရဲ့။

မောင်တက်တူဟာ သည်စကားကိုပြောပြီးတဲ့နောက် ကျောင်းခန်းထဲကနေ ထွက်သွားပါတယ်။
ကျန်ရစ်သူ ဒေါ်သီတာဆွေမှာတော့ မျက်ရည်တွေတွေ ကျလာရတဲ့အပြင် တရှုံ့ရှုံ့တောင် ငိုမိတဲ့အထိ ပါပဲ။ အဲဒီနေ့ကစပြီး ဒေါ်သီတာဆွေဟာ အရေး၊ အဖတ်၊ အတွက်တွေ သင်ကြားပို့ချနေတာများကို
လုံးလုံးစွန့်လွှတ်လိုက်ပြီး ကလေးငယ်များကို သင်ကြားပို့ချပေးတဲ့အလုပ်ကို စလုပ်ပါတော့တယ်။
ထို့အပြင် မောင်တက်တူကိုလည်း သေသေချာချာ ဂရုတစိုက် သင်ကြားပေးပါတယ်။ သင်ရင်းနဲ့
မောင်တက်တူရဲ့ ဦးနှောက်ဟာလည်း သိသိသာသာ နိုးကြားလာတာကို ဒေါ်သီတာဆွေ တွေ့လာ ရတယ်။ ဆရာမက အားပေးလေ ၊ တက်တူရဲ့ ဦးနှောက်က သွက်လက်ထက်မြတ်လာလေပါပဲ။ စာသင်နှစ် ကုန်ဆုံးချိန်မှာတော့ တက်တူဟာ ဒေါ်သီတာဆွေအတန်းရဲ့ အတော်ဆုံးကလေးတွေထဲက တစ်ယောက်ဖြစ်လာပါတော့တယ်။

တပည့်တိုင်းကို အယုတ်အလတ်အမြတ်မရွေး ချစ်ခင်ပါတယ်ဆိုတဲ့ ဒေါ်သီတာဆွေ့ မုသားဟာ ယခုဆို မုသားမှန်း ပိုလို့တောင်သေချာလို့သွားပါတယ်။ သေချာဆို တက်တူလေးက ဒေါ်သီတာဆွေရဲ့
အချစ်ဆုံး တပည့်လေးတစ်ယောက် ဖြစ်လာခဲ့ပြီကိုး။

နောက်တစ်နှစ်အကြာမှာတော့ ဒေါ်သီတာဆွေ၏ အခန်းတံခါးအောက်ခြေမှာ တက်တူရဲ့ စာတိုလေး တစ်စောင် ရောက်နေတယ်။ စာတိုလေးထဲမှာတော့ ဆရာမဟာ သူ့ဘဝမှာကြုံခဲ့ဖူးသမျှ ဆရာ၊ ဆရာမတွေ အားလုံးအနက်မှာ အမြတ်ဆုံးဆရာပါပဲ လို့ရေးထားပါတယ်။ နောက်ထပ် ခြောက်နှစ်အကြာမှာလည်း ဒေါ်သီတာဆွေဟာ တက်တူဆီက စာလေးတစ်စောင် ရပြန်တယ်။ စာထဲမှာ သူဟာ အထက်တန်းကျောင်း ပြီးသွားပြီဖြစ်ကြောင်း၊ အတန်းထဲမှာ တတိယရခဲ့ ကြောင်းနဲ့ သူ့ဘဝမှာ ကြုံဖူးသမျှ ဆရာ၊ဆရာမများအားလုံးအနက်မှာ ဆရာမဒေါ်သီတာဆွေကသာ အမြတ်ဆုံးဆရာပါပဲ လို့ရေးထားပါတယ်။ နောက်ထပ်လေးနှစ်အကြာမှာ ဒေါ်သီတာဆွေ့ထံ တက်တူရဲ့စာ ရောက်လာပြန်တယ်။စာထဲမှာ ဘွဲ့ရတော့မယ့်အကြောင်းနဲ့ ဆရာ၊ ဆရာမတွေထဲမှာ
ဆရာမဒေါ်သီတာဆွေသာ အမြတ်ဆုံးလို့ ရေးထားပြန်တယ်။

အဲဒီနောက် နောက်ထပ်လေးနှစ်အကြာမှာ စာတစ်စောင် ထပ်ရောက်လာပြန်တယ်။ သည်တစ်
ကြိမ်မှာတော့ ပထမဘွဲ့ရရှိပြီးကြောင်းနဲ့ ဆက်ကြိုးစားဖို့အကြောင်း ရေးထားတယ်။ ဒါ့အပြင် ဆရာမဒေါ်သီတာဆွေဟာ သူ့ရဲ့ အမြတ်ဆုံးနဲ့ အချစ်ဆုံးဆရာ ဖြစ်ကြောင်း မဖြစ်မနေ ထည့်ရေးထား တယ်။ သည်တစ်ကြိမ်တော့ စာရဲ့အောက်ခြေမှာ ထိုးထားတဲ့ လက်မှတ်က နည်းနည်းရှည်တယ်။
” သက်ထွန်းဆက် ” MD တဲ့။ ( MD ဆိုတာဆရာဝန်ဘွဲ့ပါ) ဟုတ်ပါ့။ တက်တူဆိုတာ သူ့ငယ်နာ
မည်ပဲဟာ။ကျောင်းနာမည်က သက်ထွန်းဆက်ပဲ။ ဇာတ်လမ်းက မဆုံးသေးပါဘူး။

အဲဒီနှစ်နွေဦးမှာ ဒေါ်သီတာဆွေ့ထံ စာတစ်စောင်ထပ်ရောက်လာပြန်တယ်။ တက်တူဆီကပါပဲ။
မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်တော့မယ့် အကြောင်းရေးထားတာပါ။သူ့ဖခင်က လွန်ခဲ့တဲ့ နှစ်နှစ်က ကွယ်လွန်သွားပြီ ဖြစ်ကြောင်း၊ ဆရာမက သူတို့သားရဲ့မိခင်အဖြစ် သူတို့မင်္ဂလာဆောင်ကို ကြွရောက် ချီးမြှင့်ပေးမယ်ဆိုရင် သိပ်ကောင်းမှာပဲတဲ့။

ဒေါ်သီတာဆွေလား……..ဟုတ်ကဲ့….တက်တူခေါ် ဒေါက်တာသက်ထွန်းဆက်ရဲ့ မင်္ဂလာပွဲကို ကြွရောက်ချီးမြှင့်ခဲ့တာ အသေအချာပေါ့ ခင်ဗျာ။

ဒေါ်သီတာဆွေက ဘာလုပ်တယ်မှတ်လဲ……ဥဿဖရားပွင့်လေးတွေ လပ်နေလို့ ကွက်တိကွက်ကျား ဖြစ်နေတဲ့ လက်ကောက်လေးကို ဝတ်သွားတယ်ခင်ဗျ။ ဒါတင်ဘယ်ကမလဲ၊ တက်တူရင်ထဲမှာ တသသနဲ့ အမှတ်ရနေဆဲ သူ့မိခင်ဆွတ်နေကျ ရေမွှေးအမျိုးအစားကိုလည်း မမေ့မလျော့ ဆွတ်လို့ သွားလိုက်ပါတယ်။

မင်္ဂလာဆောင်ကို ရောက်တဲ့အခါမှာတော့ ဒေါက်တာသက်ထွန်းဆက်နဲ့ ဆရာမဒေါ်သီတာဆွေတို့ဟာ တကယ့်သားအမိလို တစ်ယောက်ကိုတစ်ယောက် တင်းတင်းကြပ်ကြပ် ဖက်ထားမိလိုက်ကြတယ်။ ဒေါက်တာသက်ထွန်းဆက်က သူ့ငါးတန်းဆရာမကို ခပ်တိုးတိုးပြောတယ်။

” ကျေးဇူးကြီးလှပါတယ် ဆရာမရယ်……ကျွန်တော့်ကို ဆရာမ ယုံယုံကြည်ကြည် ရှိခဲ့တဲ့အတွက် ဆရာမကို ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ်….ကျွန်တော့်မှာ အစွမ်းအစရှိတယ်၊ကြိုး
စားရင် ဖြစ်နိုင်တယ်လို့ ခံစားလာရအောင် လုပ်ပေးခဲ့တဲ့အတွက်လည်း အရမ်းကိုကျေးဇူးတင်ပါတယ်
ဆရာမရယ် ”

မျက်ရည်တွေဝိုင်းနေတဲ့ ဒေါ်သီတာဆွေလည်း ခပ်တိုးတိုးပြန်ပြောလိုက်ပါတယ်။ “မောင်တက်တူး ရယ်… သားမှားနေပြီ…..ဆရာမက သားကို သင်ပေးခဲ့တာ မဟုတ်ပါဘူးကွယ်…သားကသာ ဆရာမကို သင်ပေးခဲ့တာပါ…သားကသာ ဆရာမကို ကြိုးစားရင်ဖြစ်နိုင်ပါတယ်လို့ သင်ပေးခဲ့တာ ပါကွယ်….သားနဲ့မဆုံရခင်တုန်းကဆရာမ စာမသင်တတ်ခဲ့ဘူး သားရဲ့……….”

အတ္တကျော်
( ဘယ်ဆီကိုများ ဒုံးစိုင်းသွားနေ)

ဆံပင် မီးရှို့ခြင်းဖြင့် ဆံပင်အဖျား နှစ်ခွကွဲခြင်းကို ကုစားနိုင်


ဒါကတော့ ထူးဆန်းပြီး မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ နည်းလမ်းတစ်ခုလို့ ထင်ကြပါလိမ့်မယ်။  တကယ်လက်တွေ့ လုပ်ပြီး အကျိုးထိရောက်မှု ရှိတယ်လို့ ပြောလာသူကတော့ ဘရာဇီး စူပါ မော်ဒယ်လ် တစ်ဦးဖြစ်ပြီး ဗစ်တိုးရီးယား ဆီးခရက် ရဲ့ မော်ဒယ်လ် တစ်ဦးလည်း ဖြစ်တဲ့ ဘာဘရာ ဖီလဟို ဖြစ်ပါတယ်။


သူမက ဆံပင်ဖြောင့်လိုက်တယ်ဆိုရင် ကျွန်မ ဆံပင်တွေ အကုန်လုံး ဆုံးရှုံးနိုင်တယ်။ ဘာလို့လဲ ဆိုတော့ အဲဒီ ဆံပင်ဖြောင့်တာ က အရမ်းပြင်းတယ်လေ လို့ သူမကပြောပါတယ်။ အဲဒီလို ဆံပင်သား ပျက်စီးခြင်းရဲ့ ရလဒ်ဖြစ်တဲ့ ဆံပင် အဖျား နှစ်ခွဲကွဲခြင်းကို ကုစားဖို့ရာ အတွက် ဖယောင်းတိုင်ထွန်းပြီး ကွဲနေတဲ့ ဆံပင်သားတွေကို မီးနည်းနည်းရှို့လိုက်ပါတယ်။ အဆိုပါ နည်းလမ်းကို သူမသာမက ဗစ်တိုးရီးယား ဆီးခရက်မှ မော်ဒယ်လ်များဖြစ်တဲ့ အလက်ဇန်းဒရီးယား အမ်ဗရီယိုနဲ့ အစ္စဗယ်လ် ဖွန်တနာ တို့ပါ လုပ်ဆောင် ကြတယ်လို့ သိရပါတယ်။

Lace’s website မှာတော့ အဆိုပါ မီးတောက်က ဆံပင်ကို လောင်ကျွမ်းပြီး ဖြစ်ပေါ်လာတဲ့ အာဟာရ ဓါတ်တွေကို ဆံပင်သားထဲကို ရရှိစေပါတယ်။ ဒါ့အပြင် အဖျားနှစ်ခွ ကွဲတာကိုလည်း ဖယ်ရှားနိုင်ပြီး ဆံပင် ဖြီးခြင်း နဲ့ အခြားဓါတုပစ္စည်းတွေကြောင့် ဆံပင်သား ပျက်စီးခြင်းတို့ကို ကုသရာ ရောက်တယ်လို့ ဖော်ပြထားပါတယ်။

ဘရာဇီးရဲ့ အလှအပရေးရာ မှာ အဆိုပါ ကုသနည်းဟာ နာမည်ကြီးလျှက် ရှိတယ်လို့ သိရပါတယ်။ ဒါဟာ မယုံနိုင်စရာပါပဲ။ ဆံပင် မီးရှို့လိုက်လို့ အရမ်း တိုမသွားတဲ့ အပြင် မီးရှို့လိုက်တဲ့ နေရာကို ကိုင်ကြည့်မယ် ဆိုရင်လည်း အရင်ကထက် ပိုပြီး ချောမွှေ့ပြီး ကျန်းမာတဲ့ ဆံသားကို ရပါလိမ့်မယ်လို့ ပြောဆိုထားပါတယ်။


 

World Myanmar News
ref: dailymail.co.uk




မိန်းကလေးကိစ္စဖြင့် အမှုဖွင့်ခံရသည့် လက်ရွေးစင်ကစားသမားကြည်လင်း



ရန်ကုန်- ရန်ကုန်ယူနိုက်တက်ဘောလုံးကစားသမားကြည်လင်းသည် အသက်
မပြည့်သေးသော မိန်းကလေးငယ်တစ်ဦးကိုခိုးယူပေါင်းသင်းမှုစွပ်စွဲချက်ဖြင့်
ကမာရွတ်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခံထားရကြောင်း သတင်းရရှိသည်။

မြန်မာ့လက်ရွေးစင်နှင့် ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်းကွင်းလယ်ကစားသမားကြည်လင်းသည် ဇွန်လ ၇ ရက်တွင် အသက် (၁၇)နှစ်အရွယ် မိန်းကလေးတစ်ဦးကို ကမာရွတ်မြို့နယ်ရှိ ဟိုတယ်တစ်ခုသို့ခေါ်ဆောင်သွားပြီး သားမယားပြုကျင့်ခဲ့ကြောင်း ကာယကံရှင်မိန်းကလေးက ဇွန်လ ၁၆ ရက်က ကမာရွတ်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။

ယင်းအမှုတွင် အမှုဖွင့်ခံထားရသူမှာ သာမန်လူတစ်ဦးမဟုတ်ဘဲ နိုင်ငံ့လက်ရွေးစင်ကစားသမားတစ်ဦးဖြစ်သောကြောင့် တရားလိုဘက်မှတိုင်ကြားချက် ဖြစ်စဉ်ကို ကမာရွတ်မြို့နယ်ရဲစခန်းက အသေးစိတ်ပြောကြားခဲ့ခြင်းမရှိပေ။ အဆိုပါမိန်းကလေးငယ်သည် ဒဂုံအရှေ့မြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ၎င်းမှာ အလှပြင်သင်တန်းတက်ရောက်နေသူတစ်ဦးလည်းဖြစ်ကြောင်း သတင်းရရှိသည်။

‘‘တရားလိုဘက်ကတော့ စွပ်စဲတိုင်တန်းထားတဲ့သဘောပဲရှိသေးတယ်။ အမှုဖွင့်ခံထားရတဲ့ ကြည်လင်းကို မစစ်ရသေးတော့ ပြောလို့မရဘူး။ ဟိုဘက်ကို လည်း စစ်ဆေးပြီးမှမေးတဲ့ မေးခွန်းတွေကိုဖြေလို့ရမယ်။ မပြောနိုင်သေးဘူး။ စွပ်စွဲခံထားရတုန်းဆိုတော့ နောက်လုပ်ထုံးလုပ်နည်းအရ ဝန်ကြီးဌာနနဲ့ အသင်းကိုတော့ အကြောင်းကြားထားပြီးပြီ။ ဖြစ်တုန်းက အလိုတူလား၊ မတူလားဆိုတာ စစ်ဆေးရဦးမှာ’’ဟု ကမာရွတ်မြို့နယ်ရဲစခန်းမှ တာဝန်မှူးဒုရဲအုပ်မျိုးမင်းအောင်က ပြောသည်။

‘‘အခုလက်ရှိတော့ ကြည်လင်းက အသင်းမှာပဲရှိနေသေးတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဘာမှမသိသေးဘူး’’ဟု ရန်ကုန်ယူနိုက်တက်အသင်း မီဒီယာတာဝန်ခံ ဦးအောင်ပိုင်က ပြောသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ကြည်လင်းထံသို့ ဖုန်းဖြင့်အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်မှုမရရှိခဲ့ပေ။ ယင်းအမှုကို ကမာရွတ်မြို့ နယ် ရဲစခန်းတွင်ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၆၆ အရ အရွယ်မရောက်သေးသူအား ခိုးယူပေါင်းသင်းမှုဖြင့် စွပ်စွဲတိုင်ချက်ဖွင့်ထားကြောင်း သတင်းရရှိသည်။

ကြည်လင်းသည် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲတွင်ရရှိခဲ့သော ဒဏ်ရာကြောင့် ယခုနှစ် မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးပြိုင်ပွဲကို တစ်ပွဲမှဝင်ရောက်ကစား နိုင်ခြင်းမရှိဘဲ ထိုင်းနိုင်ငံတွင် ဆေးကုသမှုခံယူပြီး အနားယူခဲ့ရသည်။

7Day News Daily

မုံရွာတက္ကသိုလ်ကျောင်းသားတစ်ဦး၏ ဆိုင်ကယ်အား စစ်သားတစ်ဦးမှ ခိုးယူ



စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချမ်းမြ၀တီရပ်ကွက်၊ ကျောက္ကာလမ်းရှိ မုံရွာ တက္ကသိုလ်
ဝင်းအတွင်း L 16 စာသင်ဆောင်ရှေ့တွင်ဇွန်လ ၁၅ ရက်နေ့ မနက် ၈ နာရီခွဲအချိန်က တက္ကသိုလ်ကျောင်းသားတစ်ဦးမှ ဆိုင် ကယ်ပျောက်ဆုံးခဲ့ကြောင်း သိရသည်။

ဆိုင်ကယ်ပျောက်ဆုံးသူကျောင်းသားမှာ မုံရွာတက္ကသိုလ် (အဝေးသင်) သင်္ချာ(ပထမ)နှစ်ကျောင်းသား မောင်ဝေယံထွန်းဆိုသူဖြစ်ကြောင်းသိရသည်။ ပျောက်ဆုံးသွားသည့် ဆိုင်ကယ်မှာ ဂျာလင်း 125 CZI အမျိုးအစား ယာဉ်အမှတ် ၃၉ယ/ ၆၅ …ဖြစ်သည်။ ဆိုင်ကယ်ပျောက်ဆုံးသွားပြီးနောက် မောင်ဝေယံထွန်း သည် မုံရွာနယ်မြေရဲစခန်းသို့သွားရောက်တိုင်တန်းခဲ့သည်။

ထို့နောက် ဆိုင်ကယ်ပိုင်ရှင် မောင်ဝေယံထွန်းနှင့်အဖွဲ့လိုက်ပါ၍ မုံရွာနယ်မြေရဲစခန်းမှ အမှုစစ်ရဲအရာရှိ ဒုရဲအုပ် ကျော်သူရနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များသည် မုံရွာမြို့တွင်၌ ၀ိုင်းဝန်းပိတ်ဆို့ရှာဖွေစစ်ဆေးခဲ့သည်။ ထို သို့ရှာဖွေစစ်ဆေးနေစဉ် မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအနောက်ဘက်၊ ဗိုလ်ချုပ်လမ်းဘေးရှိ စက်ဘီး၊ ဆိုင် ကယ် အပ်နှံရေးဌာနတွင် ပျောက်ဆုံးဆိုင်ကယ်အား အပ်နှံထားသည်ကို တွေ့မြင်ခဲ့ရသဖြင့် အပ်နှံသူအား စောင့် ကြပ်၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“ ဆိုင်ကယ်ခိုးယူသွားတဲ့သူက အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ စစ်ဦးစီးဌာနမှာ တပ်ကြပ်ကြီးစာရေး တာဝန်ထမ်းဆောင်သူဖြစ်တယ်လို့ သိရပါတယ်..။ ဟုတ်ကဲ့ ..သူရဲ့ ကိုယ်ပိုင်အမှတ်ကတော့ တ/ ၃၈၄၇၂၀ နိုင်လင်းအောင်လို့သိရပါတယ်..” ဟု ဆိုင်ကယ်ခိုးယူခြင်းခံရသူ၏ မိသားစုဝင်တစ်ဦးမှ တုန်ပြန်ပြောကြားခဲ့ သည်။

အဆိုပါ ဆိုင်ကယ်ခိုးယူခဲ့သူအား မုံရွာနယ်မြေရဲစခန်းက(ပ)၂၃၂/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၇၉ အရ အမှုဖွင့်အ ရေးယူထားပြီး စစ်စည်းကမ်းထိန်းသိမ်းရေး ဥပဒေများအရ ဆက်လက်၍ အရေးယူဆောင်ရွက်နိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းရဲစခန်းရှိ ရဲအရာရှိတစ်ဦးထံမှ သိရသည်။

ကိုတိုးကြီး ချင်းတွင်း

ပြည်သူအတွက်ဆို အမြဲငြင်းနေမှာလား လွှတ်တော်



‘‘ဒီဥပဒေမလိုအပ်ဘူးလို့ ထင်နေရင်တော့ တော်တော်လေးလွဲနေပြီ’’ ထိုင်းနိုင်ငံရောက် မြန်မာတိုင်းရင်းသားအရေးဆောင်ရွက်နေသူ မွန်တိုင်းရင်းသား ကိုစိန်ဌေးက လွှတ်တော်၏ ဆုံးဖြတ်ချက်တစ်ခုအပေါ် ညည်းတွားပြောဆိုလိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း ပြည်ပရောက် မြန်မာလုပ်သားများ ကာကွယ်ပေးရေးနှင့်ဆိုင်သော ဥပဒေတစ်ခုပြဋ္ဌာန်းပေးရန် လွှတ်တော်၌ ဆွေးနွေးခဲ့ရာ မအောင်မြင်ခဲ့ပေ။

နိုင်ငံဖြတ်ကျော် သွားရောက်လုပ်ကိုင်နေသော အိမ်ဖော်၊ အိမ်အကူများအပါအ၀င် မြန်မာနိုင်ငံသား အလုပ်သမားများအတွက် ဘ၀လုံခြုံမှုကို အကာအကွယ်ပေးနိုင်သော နိုင်ငံခြားရောက် မြန်မာအလုပ်သမားများဆိုင်ရာ အထူးဥပဒေတစ်ရပ် အလျင်အမြန် ပြဋ္ဌာန်းပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းသော အဆိုကို ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်က ဇွန်လ ၉ ရက် လွှတ်တော်အစည်းအဝေးတွင် တင်ပြခဲ့သည်။

ထိုအဆိုနှင့် ပတ်သက်၍ ၃၀၀ ကျော်ရှိသော လွှတ်တော်အမတ်များထဲမှ ငါးဦးသာ ထောက်ခံခဲ့သဖြင့် ဦးသိန်းညွန့်အဆိုမှာ ရှုံးနိမ့်သွားခဲ့သည်။

‘‘ဒီဥပဒေပြဋ္ဌာန်းဖို့ကို ဘာလို့လက်မခံရတာလဲဆိုတာ နားမလည်ဘူး။ တိုင်းပြည်ကို ၀င်ငွေရှာပေးတဲ့အထဲမှာ ဒီအလုပ်သမားတွေလည်း ပါပါတယ်’’ဟု မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများအား ကူညီပေးနေသည့် ကိုမျိုးညွန့်ကပြောသည်။

အဆိုငြင်းပယ်သည့် ရက်ပိုင်းအတွင်းမှာပင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအား အာဏာသိမ်းထိုင်းစစ်တပ်က စစ်ဆင်ရေးတစ်ခုပြုလုပ်၍ ဖမ်းဆီးလျက်ရှိသည်။ ယခင်ကလည်း ပြည်ပရောက် မြန်မာလုပ်သားများမှာ သက်ဆိုင်ရာနိုင်ငံများတွင် အလုပ်ရှင်များ၊ ပွဲစားများနှင့် အာဏာပိုင်များ၏ ပုံစံမျိုးစုံဖြင့် နှိပ်စက်မှုများကို သတင်းအဖြစ် မကြာခဏ ကြားနေရသည်။

ယင်းအဆိုအပါအ၀င် လွှတ်တော်က ပြည်သူနှင့် မည်မျှကင်းကွာနေသည်ကို ညွှန်းဆိုပြနေသော ဥပမာများရှိနေပါသေးသည်။ ထို့ကြောင့်လည်း သက်တမ်းသုံးနှစ်ကျော်နေပြီဖြစ်သော လွှတ်တော်အနေဖြင့် အများပြည်သူနှင့်ဆိုင်သောကိစ္စများတွင် ငြင်းပယ်နေတော့မှာလားဟု မေးခွန်းထုတ်စရာဖြစ်လာခဲ့သည်။

‘‘လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ရုပ်သိမ်းခွင့်နည်းဥပဒေတွေ ပြဋ္ဌာန်းဖို့ အချိန်ဆွဲတာ၊ မီတာခတိုးကောက်တာကို သဘောတူတာ။ အို . . .စုံနေတာပဲ ဆရာရေ။ ပြည်သူ့အသံ၊ လွှတ်တော်အသံဆိုတာ ဆိုင်းဘုတ်ထဲမှာပါပဲ’’ ဟု ကိုဘုန်းကျော်(သြစတြေးလျ)က မှတ်ချက်ပြုသည်။

အထင်ရှားဆုံးသာဓကအဖြစ် ဆက်သွယ်ရေးလိုင်စင်ကိစ္စ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ၊ အခွန်နှင့်ဆိုင်သောဥပဒေ၊ မီတာခတိုးကောက်သည့်အဆို၊ ကလေးသူငယ်များအား အဓမ္မပြုကျင့်သူများကို ပြစ်ဒဏ်ပြင်ဆင်ချမှတ်ရေးဆိုင်ရာအဆို၊ အမျိုးသမီးကာကွယ်ရေးနှင့် ပတ်သက်၍ ဥပဒေများနှင့် ဆိုင်သောအဆိုများ စသည်တို့ ငြင်းပယ်ခံရခြင်း၊ ကြန့်ကြာနေခြင်းတို့ကြောင့်ဖြစ်သည်။

လွှတ်တော်တွင် တင်သွင်းသည့် အဆိုများတွင် အစိုးရအား တိုက်တွန်းကြောင်း အဆိုများသည် များသောအားဖြင့် မအောင်သည်က များသည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်စားလှယ်တစ်ဦး၏ တိုက်တွန်းကြောင်း အဆိုတစ်ခုအား အစိုးရဘက်မှ သက်ဆိုင်သူက လာရောက်ဖြေကြားရာတွင် ၎င်းတို့ လုပ်ဆောင်နေသည့် မည်သည့်အလုပ်နှင့် ကိုက်ညီနေသည်ဟု ပြန်လည်ဖြေကြားခြင်းများရှိသည့်အတွက် အဆိုအား မှတ်တမ်းအဖြစ်သာ သိမ်းဆည်းထားလိုက်သည်က များသည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းကပြောသည်။

ယခုရက်ပိုင်းအတွင်း အမျိုးသားလွှတ်တော်တွင် အတည်ပြုလိုက်သည့် အချိုးကျကိုယ်စားပြုစနစ်အဆိုသည် သက်ဆိုင်သူများ ကိုယ်တိုင်လုပ်လိုသည့် အဆိုဖြစ်သည့်အတွက် မြန်မြန်ဆန်ဆန် အတည်ပြုလိုက်ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

ပြည်ပရောက် မြန်မာလုပ်သားကာကွယ်ပေးရေးမှာ အများနှင့်ဆိုင်သော ဥပဒေတစ်ခုဖြစ်သည်။ အလုပ်သမားအဖွဲ့အစည်းများ၏ ကောက်ခံထားသော စစ်တမ်းများအရ မြန်မာနိုင်ငံသား ခြောက်သန်း (၁၀ ရာခိုင်နှုန်း)မှာ ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေကြသည်ဟု ဆိုသည်။ ထိုင်းနိုင်ငံတွင် သုံးသန်းခန့်ရှိပြီး မလေးရှား၊ စင်ကာပူနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင်လည်း သိန်းဂဏန်းစီရှိကြသည်။

အလုပ်လုပ်ကိုင်နေသူ ခြောက်သန်းနှင့် ဆက်စပ်နေသူများမှာ အနည်းဆုံး သန်း ၂၀ ခန့် ရှိသည်ဟု ခန့်မှန်းထားကြသည်။ ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ်မှ ပြုလုပ်ထားသော သုတေသနစစ်တမ်းအရ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်သော မြန်မာလုပ်သားတစ်ဦးအနေဖြင့် တစ်လလျှင် မြန်မာကျပ်ငွေ တစ်သိန်းခန့် ပြန်ပို့နေသည်ဟု ဖော်ပြထားသည်။

ထို့အပြင် မလေးရှားနိုင်ငံရောက် မြန်မာလုပ်သားများအားလုံးမှာ တစ်လလျှင် အမေရိကန်ဒေါ်လာတစ်သန်းခန့် မြန်မာနိုင်ငံသို့ လစဉ်ပြန်ပို့ပေးနေကြောင်း မလေးရှားရောက် မြန်မာလုပ်သားများက ခန့်မှန်းကြသည်။

ထို့ကြောင့် ပြည်တွင်းဝယ်လိုအားမှာ ပြည်ပနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ ပြန်ပို့ငွေနှင့် အများကြီးဆက်စပ်နေသည်ဟု စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ကြသည်။

ထိုကဲ့သို့ တိုင်းပြည်၏ စီးပွားရေးကို များစွာအထောက်အကူ ဖြစ်နေသော မြန်မာလုပ်သားများ အကျိုးကာကွယ်ရေးနှင့်ဆိုင်သော ဥပဒေပြဋ္ဌာန်းပေးရေးနှင့်ပတ်သက်၍ ငြင်းပယ်ခံရခြင်းကြောင့် အလုပ်သမားအရေး ဆောင်ရွက်နေသူများက မကျေမနပ်ဖြစ်ခဲ့ကြသည်။

‘‘ငါးယောက်ပဲ ထောက်ခံမဲရတယ်ဆိုတာကိုကြည့်ရင် ပြည်သူလူထုနဲ့ ဝေးကွာနေတယ်ဆိုတာ သိရတယ်’’ဟု ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအခွင့်အရေး ကာကွယ်ပေးနေသော ရွှေ့ပြောင်းလုပ်သားများကွန်ရက်မှ ကိုစိန်ဌေးကပြောသည်။

ဦးသိန်းညွန့် တင်သွင်းခဲ့သော ဥပဒေနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်အမတ်ဦးမင်းသူက‘‘လက်တွေ့မဆန်တဲ့ ဥပဒေဖြစ်နေတဲ့အတွက် မထောက်ခံခဲ့တာ’’ဟု ဆိုသည်။

ရည်ရွယ်ချက်အားဖြင့် ကောင်းသော်လည်း အကောင်အထည်ဖော်သည့်အပိုင်းတွင် သက်ဆိုင်ရာနိုင်ငံများ၏ တည်ဆဲဥပဒေများနှင့် များစွာဆက်စပ်လုပ်ကိုင်ရမည်ဖြစ်၍ လက်တွေ့မဆန်ခြင်း ဖြစ်သည်ဟု ဦးမင်းသူကဆိုသည်။

ထို့အပြင်အချို့သော ပါတီခေါင်းဆောင်များက ဦးသိန်းညွန့်တင်သွင်းသော အဆိုများအား ပုဂ္ဂိုလ်ရေးအမြင်မကြည်လင်မှုများကြောင့် ထောက်ခံခြင်းမပြုလုပ်ရန် မှာကြားထားမှုများရှိသည်ဟု ကြားသိရကြောင်း တိုင်းရင်းသားလွှတ်တော်အမတ်တစ်ဦးက ပြောသည်။

လွှတ်တော်သို့ တင်သွင်းလာသော အဆိုများ၊ ဥပဒေကြမ်းများနှင့် ပတ်သက်၍ ဆွေးနွေးခြင်းထောက်ခံခြင်း၊ ကန့်ကွက်ခြင်းတို့ ပြုလုပ်ရာတွင် သက်ဆိုင်ရာပါတီ အကြီးအကဲများနှင့် ကော်မတီပေါ်တွင် များစွာသက်ဆိုင်ကြောင်း လွှတ်တော်အမတ်အချို့ကသုံးသည်။

‘‘စီးပွားရေးလုပ်ငန်းရှင်ကြီးများရဲ့ ကော်မတီကလာတဲ့ ဥပဒေကြမ်းဆို မျက်စိမှိတ်ပြီး ထောက်ခံလိုက်တာများတယ်’’ဟု တိုင်းရင်းသားလွှတ်တော်အမတ်တစ်ဦးက ပြောသည်။

ထို့အပြင် အဆိုများနှင့်ပတ်သက်၍ ထောက်ခံဆွေးနွေးရာတွင် မဲခွဲအသုံးပြုသည့်စနစ်နှင့်လည်း များစွာဆိုင်ကြောင်း သတင်းရရှိသည်။

‘‘အဆိုတစ်ခု အောင်၊ မအောင်ဆိုတာ ပါတီခေါင်းဆောင်တွေနဲ့ အများကြီးဆိုင်တယ်။ သူတို့က ရှေ့က မတ်တတ်ရပ်လိုက်တာနဲ့ ကျန်တဲ့ သူတို့အဖွဲ့တွေက လိုက်ပြီးမတ်တတ်ရပ်တာပဲ’’ဟု ဦးရဲထွန်းက လွှတ်တော်တွင်း အတွေ့အကြုံကို ရှင်းပြသည်။

လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ၌ လွှတ်တော်ကိုယ်စားလှယ်များ မတ်တတ်ရပ်မဲပေးခြင်းနှင့် လျှို့ဝှက်မဲပေးခြင်းဟူ၍ နှစ်မျိုးရှိပြီး လွှတ်တော်ဥက္ကဋ္ဌက မိမိကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်သည်။

ထိုစနစ်နှစ်ခုတွင် ပါတီငယ်များမှ တင်သွင်းလာသော အဆိုများနှင့် ပတ်သက်၍ မတ်တတ်ရပ်မဲပေးသည့် စနစ်ကျင့်သုံးပါက မအောင်မြင်သည်ကများကြောင်း လွှတ်တော်အမတ်အချို့ကဆိုသည်။

သို့သော် လွှတ်တော်အမတ်များ၏ အကျိုးစီးပွားနှင့်ဆိုင်သော အဆိုများ၊ ဥပဒေများတွင်မူ လွှတ်တော်က အတည်ပြုပေးမှု မြန်ဆန်ကြသည်။

‘‘ပြည်သူအကျိုးပြု ဆက်သွယ်ရေးဥပဒေကျတော့ ခြောက်လနဲ့မလောက်လို့ လတိုးပြီး ဆွေးနွေးတယ်။ ပြည်သူကို အကျိုးမပြုတဲ့ ပီအာရ်တို့ ပုဒ်မ ၁၈ တို့ကျတော့ နှစ်ရက်ပဲကြာတယ်။ Approve ဖြစ်ရော’’ဟု အင်ဂျင်နီယာဖြစ်သူ ကိုမျိုးထက်ကပြောသည်။

ပြည်ပရောက် မြန်မာလုပ်သားများ ကာကွယ်ပေးရေးနှင့် ပတ်သက်၍မူ အချို့သော လွှတ်တော်အမတ်များက ထောက်ခံချင်သော်လည်း ပါတီခေါင်းဆောင်များက ထောက်ခံမှုမရှိခြင်းနှင့် အဆိုရှင်က ကြိုတင်အသိမပေးခြင်းတို့ကြောင့်ဟု ထောက်ခံလိုပေမယ့် မထောက်ခံခဲ့ရသော လွှတ်တော်အမတ်တစ်ဦးကပြောသည်။

ထိုကဲ့သို့သော အဖြစ်အပျက်များစွာရှိခဲ့ကြောင်း ဆက်သွယ်ရေးဥပဒေတွင် ၎င်းအနေဖြင့် ထောက်ခံချင်သော်လည်း ပါတီအကြီးအကဲများက မထောက်ခံသဖြင့် ကန့်ကွက်ခဲ့ရကြောင်း အထက်ပါလွှတ်တော်အမတ်က ဆိုသည်။

လွှတ်တော်သက်တမ်း သုံးနှစ်နှင့်နှစ်လကျော်ကာလအတွင်း ဥပဒေပေါင်း ၉၈ ခု ပြဋ္ဌာန်းနိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်းတွင် ဥပဒေပေါင်း ၅၄ ခု ဆွေးနွေးဖြစ်သည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဧပြီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

အကြမ်းအားဖြင့် ဥပဒေ ၂၀၀ ခန့်ကို ပြင်ဆင်ပြဋ္ဌာန်းအတည်ပြုပေးရန်ရှိပြီး ထိုဥပဒေများကို ၂၀၁၅ ခုနှစ် နိုဝင်ဘာမတိုင်မီ ဆောင်ရွက်မှသာ အဆင်ပြေမည်ဟု ရန်ကုန်လွှတ်တော်ရုံးခွဲ၌ ဧပြီ ၂၂ ရက်က လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။

ထို့ကြောင့် ကျန်ရှိနေသော ဥပဒေများ အတည်ပြုပြဋ္ဌာန်းရာတွင် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိကိုယ်ကျိုးထက် အများအကျိုးကိုကြည့်ရန် လိုသည်။ လွှတ်တော်ဥက္ကဋ္ဌအနေဖြင့်လည်း အဆိုများ၊ ဥပဒေကြမ်းများနှင့် ပတ်သက်၍ မဲခွဲရာတွင် မည်သူမှမသိနိုင်သည့် လျှို့ဝှက်မဲပေးစနစ် ကျင့်သုံးပေးရန် လွှတ်တော်အမတ်အချို့က တောင်းဆိုကြသည်။

ပြီးခဲ့သည့် သုံးလတာကာလအတွင်း လွှတ်တော်အမတ်များ၏ ဆောင်ရွက်ချက်မှာ အများပြည်သူဆန္ဒနှင့် ကင်းကွာလျက်ရှိသည်။ ထို့ကြောင့်လည်း လက်ရှိလွှတ်တော်အမတ်များ၏ အနေအထားနှင့်ပတ်သက်၍မူ ကိုစိန်ဌေးက ယခုလိုမှတ်ချက်ပြုသည်။

‘‘လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အနေအထားက စိတ်ပျက်စရာကောင်းတဲ့ အနေအထားပဲ’’။

7Day News Journal

ပီအာရ်က ပြည်ခိုင်ဖြိုးရဲ့ တစ်ခုတည်းသော ထွက်ပေါက်လား


၂၀၁၅ အထွေထွေရွေးကောက်ပွဲမတိုင်မီ တစ်နှစ်ကျော်ကျော်သာ လိုသည့်အချိန်တွင် လွတ်လပ်ရေးရပြီးကတည်းက မြန်မာနိုင်ငံ၌ အစဉ်အဆက် ကျင့်သုံးလာသည့် ရွေးကောက်ပွဲစနစ်ကို ပြောင်းလဲကျင့်သုံးရမည့် အကြောင်းအရာတစ်ရပ် ပေါ်လာသည်။

မြန်မာနိုင်ငံတွင် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ဟူ၍ လွှတ်တော်များရှိရာ အမျိုးသားလွှတ်တော်၌ လက်ရှိကျင့်သုံးနေသည့် နိုင်သူအကုန်ယူ ရွေးကောက်ပွဲစနစ်မှ အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို ပြောင်းလဲကျင့်သုံးသွားတော့မည်ဖြစ်သည်။

လာမည့် ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို အမျိုးသားလွှတ်တော်တွင် ပြောင်းလဲကျင့်သုံးရန် ဇွန်လ ၁၁ ရက်က ကျင်းပသော အမျိုးသားလွှတ်တော်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်အများစု၏ ထောက်ခံမှုဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။

လက်ရှိ ရွေးကောက်ပွဲစနစ်ဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) သည် အပြတ်အသတ်အနိုင်ရမည်မှာ သေချာနေသောကြောင့် ၂၀၁၅ မတိုင်မီ ရွေးကောက်ပွဲစနစ် ပြောင်းလဲခြင်းသည် ပြည်ခိုင်ဖြိုးပြင်ဆင်ထားသည့် နိုင်ငံရေးအရ ညစ်လုံးတစ်ခု ဖြစ်နိုင်သည်။

‘‘အင်န်အယ်လ်ဒီကို တစ်နိုင်ငံလုံးက ထောက်ခံနေကြတယ်။ အဲဒီတော့ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီကို သူတို့ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)က မနိုင်နိုင်ဘူး။ ဒီစနစ်ကို လုပ်လိုက်တာဟာ နိုင်ငံရေးအရ လုပ်ကြံတာပဲ’’ ဟု ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအုန်းတင်ကပြောသည်။

လွှတ်တော်တွင် ပါတီကြီးတစ်ခုတည်းကသာ နေရာယူထားခြင်းမဟုတ်ဘဲ အင်အားနည်းပါတီများပါ ၀င်ရောက်ပါဝင်နိုင်ရေး ရည်ရွယ်ပြီး ပီအာရ်ကို ပြောင်းလဲကျင့်သုံးမည်ဆိုသည်မှာ ရုပ်ပြအဖြစ်သာရှိပြီး အဓိကရည်ရွယ်ချက်မှာ ၂၀၁၅ တွင် အင်န်အယ်လ်ဒီ နိုင်ငံလုံးအတိုင်းအတာဖြင့် အနိုင်မရရှိစေရန် လုပ်ဆောင်ခြင်းပင်ဖြစ်သည်ဟု ဦးအုန်းတင်က ၎င်း၏အမြင်ကို ပွင့်ပွင့်လင်းလင်းပင် ပြောသည်။

ပီအာရ်ရွေးကောက်ပွဲစနစ်သည် လက်ရှိ ရွေးကောက်ပွဲစနစ်ကဲ့သို့ မဲအများဆုံးရရှိသူက အနိုင်ရရှိသည့် ရိုးရှင်းလွယ်ကူသည့် စနစ်မဟုတ်ဘဲ သတ်မှတ်ထားသော မဲရာခိုင်နှုန်းရရှိသည့် ပါတီတိုင်းသည် သတ်မှတ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်အရေအတွက်ကို အသီးသီးရရှိကြမည့်စနစ်ပင်ဖြစ်သည်။

ကမ္ဘာပေါ်တွင် ပီအာရ်စနစ်ကို ကျင့်သုံးသည့် နိုင်ငံပေါင်း ၈၀ ကျော်ရှိနေသော်လည်း ယင်းနိုင်ငံများတွင် ကျင့်သုံးနေကြသည့် ပီအာရ်စနစ်များသည် တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်းသလို တစ်နိုင်ငံနှင့်တစ်နိုင်ငံ တူညီမှုမရှိသည်ကို လေ့လာတွေ့ရှိရသည်။

ပီအာရ်ရွေးကောက်ပွဲစနစ်ကြောင့် အဓိကအတိုက်အခံနိုင်ငံရေးပါတီဖြစ်သော အင်န်အယ်လ်ဒီပါတီသည် ပြည်ထောင်စုလွှတ်တော်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၏ ရာနှုန်းပြည့်နီးပါး အနိုင်ရရှိရန် ခက်ခဲသွားစေသည်။

ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်အများစု မရရှိပါက လွှတ်တော်တွင်း အင်အားချည့်နဲ့နိုင်ပြီး အစိုးရတစ်ရပ်ကို မိမိတို့ပါတီဖြင့် ဖွဲ့စည်းရန်လည်း အင်န်အယ်လ်ဒီပါတီအတွက် အကျပ်အတည်းဖြစ်စေနိုင်သည်ဟု  နိုင်ငံရေးအသိုင်းအ၀ိုင်းက သုံးသပ်ကြသည်။

‘‘ဒီစနစ် (ပီအာရ်)က အင်န်အယ်လ်ဒီကို ရွေးကောက်ပွဲမှာ အနိုင်ရရင်တောင် တစ်ပါတီတည်း အစိုးရဖွဲ့လို့မရနိုင်အောင် လုပ်တာ။ အခုအာဏာရပါတီက ၂၀၁၅ မှာ သူတို့အင်နဲ့အားနဲ့ မနိုင်တောင် ဒုတိယအင်အားကြီးအဖြစ်နဲ့ နေချင်တဲ့ပုံပဲ’’ဟု ချင်းတိုးတက်ရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပေါ်လျှံလွင်က ပြောသည်။

သို့သော် ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးရန် တညီတညွတ်တည်း ထောက်ခံခဲ့ကြသော်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီပါတီ အနိုင်မရရှိစေရန် ရည်ရွယ်လုပ်ဆောင်ခြင်း မဟုတ်ကြောင်း 7Day News Journal မှ မေးမြန်းခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်များက အခိုင်အမာ ကာကွယ်ပြောဆိုကြသည်။

‘‘တစ်ဦးချင်းအနေနဲ့ ပြောမယ်ဆိုရင် ပီအာရ်မှာ ကောင်းကွက်တွေလည်း ရှိတယ်။ ဆိုးကွက်တွေလည်း ရှိတယ်။ ပြည်သူတွေ နားမလည်မှာလည်း စိုးရတယ်။ ဒါပေမဲ့ ဒါကိုသုံးလို့ တိုင်းပြည်အတွက် အကျိုးရှိရင်တော့ သုံးရမှာပေါ့’’ ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဦးစောလှထွန်းက ၎င်း၏အမြင်ကိုပြောသည်။

လက်ရှိ ရွေးကောက်ပွဲစနစ်နေရာတွင် ပီအာရ်စနစ်ကို ပြောင်းလဲကျင့်သုံးရန် ယခုလ ၁၁ ရက်တွင် အမျိုးသားလွှတ်တော်၌ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး မဲခွဲဆုံးဖြတ်ရာ၌ မြန်မာနိုင်ငံတွင် ကျင့်သုံးရန် သင့်လျော်မှုမရှိသေးသည့်အတွက် ဒီချုပ်လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့ကြသည်။

သို့သော် အမျိုးသားလွှတ်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ အင်နှင့်အားနှင့် တညီတညွတ်တည်း ထောက်ခံခဲ့မှုကြောင့် ထောက်ခံသူ ၁၁၇ ဦး၊ ကန့်ကွက်သူ ၈၅ ဦးဖြင့် ပီအာရ်စနစ်ကို အမျိုးသားလွှတ်တော်တွင် ကျင့်သုံးရန် အတည်ပြုခြင်းခံလိုက်ရသည်။

‘‘အင်န်အယ်လ်ဒီကို မနိုင်အောင် ညစ်တာလားဆိုရင် အနှစ်သာရကတော့ ဒီအတိုင်းပဲရှိတယ်။ ၉၀ တုန်းက အင်န်အယ်လ်ဒီ နိုင်တယ်။ ဘာသံမှမကြားရဘူး။ ၂၀၁၀ မှာ ကြံ့ခိုင်ရေးနိုင်တယ်။ ဘာမှမကြားရသေးဘူး။ ၂၀၁၂ မှာ အင်န်အယ်လ်ဒီနိုင်ပြီးမှ ဒီစနစ်ကို ဘာကြောင့်ပြောင်းတာလဲဆိုတာ ကြည့်ရင်သိနိုင်ပါတယ်’’ဟု  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ တစ်ခဲနက်ထောက်ခံမှုကြောင့် အတည်ဖြစ်သွားသည့် ပီအာရ်စနစ်ကို အကောင်အထည်ဖော်နိုင်ရန် အဖွဲ့ဝင် ၄၀ ဦးဖြင့် ဖွဲ့စည်းထားသော ကော်မရှင်မှလည်း အင်န်အယ်လ်ဒီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ နုတ်ထွက်ခဲ့မှုများကို ရက်ပိုင်းအတွင်းက ပြုလုပ်ခဲ့ကြသည်။

ယင်းကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီး ပီအာရ်၏ အားသာချက်၊ အားနည်းချက်များကို ဖော်ထုတ်ကာ နိုင်ငံနှင့် သင့်လျော်မှုရှိသည့် ပီအာရ်စနစ်တစ်ရပ်အတွက် အစီရင်ခံစာကို အမျိုးသားလွှတ်တော်သို့ တင်ပြရမည်ဖြစ်သည်။

ရွေးကောက်ပွဲစနစ် ပြောင်းလဲခြင်းနှင့်ပတ်သက်ပြီး ၂၀၁၃ အတွင်း၌သာ စနစ်ပြောင်းလဲခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ၂၀၁၃ နှစ်ကုန်မှ ရွေးကောက်ပွဲစနစ်ပြောင်းရန် တိုက်တွန်းလာပါက လာမည့် အထွေထွေရွေးကောက်ပွဲကြီး နီးကပ်လာသည့်အတွက် ဆောင်ရွက်ပေးနိုင်မည် မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားထားသည်။

ပီအာရ်စနစ်သည် မဲပေးရသည့် ပုံစံရှုပ်ထွေးသည့်အတွက် မဲဆန္ဒရှင် ပညာပေးရေးလုပ်ငန်းများကို ၂ နှစ်နီးပါး အချိန်ယူဆောင်ရွက်ရန်လိုအပ်ပြီး မဲပေးသည့်ပုံစံကို တိုင်းရင်းသားပြည်သူများ အလွယ်တကူ သဘောပေါက်နားလည်ခြင်းသည် ရွေးကောက်ပွဲတစ်ခုအတွက် အလွန်ပင်အရေးကြီးသည်ကို သတိပြုသင့်သည်ဟု ရွေးကောက်ပွဲဆိုင်ရာ သုတေသနများ ပြုလုပ်ခဲ့ဖူးသူ မြန်မာငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေး ဗဟိုဌာနမှ အကြံပေးအရာရှိ ဒေါက်တာမင်းဇော်ဦးကဆိုသည်။

သို့သော် တိုင်းပြည်အတွက် အရေးကြီးသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုနိုင်ရေးအတွက် တစ်နိုင်ငံလုံးနီးပါး ကြုံတွေ့ခဲ့ရသည့် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး ရက်ပိုင်းအတွင်းမှာပင် လူထုဆန္ဒ သဘောထားခံယူမှုများကို ပြုလုပ်ခဲ့သည့် သာဓကများရှိနေသည့်အတွက် ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးခြင်းသည်လည်း ၂၀၁၅ အမီ လုပ်ဆောင်နိုင်ကြောင်း နိုင်ငံရေးသမားအချို့က သုံးသပ်ကြသည်။

‘‘လူတစ်ဦးတစ်ယောက်၊ ပါတီတစ်ခုအတွက်နဲ့တော့ နိုင်ငံရေးရွေးကောက်ပွဲစနစ်တစ်ခုကို ပြောင်းတာကတော့ မဖြစ်သင့်ဘူး’’ဟု ပြည်သူ့လွှတ်တော် တရားဥပဒေနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဝင် ဥပဒေပညာရှင် ဦးသန်းမောင် (စစ်တွေ)က ပြောသည်။    


ရန်မျိုးနိုင်၊ အိဖြူလွင်
7day news journal

အမြီးပေါက်နေတဲ့အတွက် နတ်ဘုရားအဖြစ် ကိုးကွယ်ခံရတဲ့ အိန္ဒိယဆယ်ကျော်သက်


အိန္ဒိယဆယ်ကျော်သက် ကောင်လေးArshid Ali Khan ဟာ ဟိန္ဒူနတ်ဘုရား
ဟာနုမာန် ၀င်စားတဲ့သူတစ်ယောက်အဖြစ် ကိုးကွယ်တာကိုခံနေရပါတယ်။ အကြောင်း
ကတော့ သူ့ရဲ့ ၇ လက်မရှိတဲ့ အမြီးကြောင့်ဖြစ်ပါတယ်။

ဒါပေမယ့် Arshid ဟာလမ်းမလျှောက်နိုင်တဲ့အတွက် အဲဒီ့အမြီးကိုဖြတ်ပစ်ပြီး လမ်းလျှောက်နိုင်အောင်ကြိုးပမ်းဖို့ဆန္ဒရှိနေတာဖြစ်ပါတယ်။

‘ဘုရားသခင်က ကျွန်တော့်ကို ဒီအမြီးပေးခဲ့တာပါ။ ကျွန်တော် ဘုရားသခင်ဆီမှာဆုတောင်းပြီးတော့ လူတွေရဲ့ဆန္ဒတွေ ပြည့်ခဲ့လို့ ကျွန်တော့်ကိုကိုးကွယ်တာပါ’ လို့ Arshid ကပြောပါတယ်။

‘ကျွန်တော် အမြီးရှိတာ ကောင်းတယ် ဆိုးတယ်လို့တော့ မခံစားရပါဘူး’ လို့ပြောပါတယ်။

Arshid ရဲ့အိမ်ဟာ အခုအခါမှာတော့ ဘုရားကျောင်းတစ်ခုအဖြစ်သို့ပြောင်းသွားပြီး ကိုးကွယ်ဆည်းကပ်သူတွေက သူ့ရဲ့ကောင်းချီးပေးမှုကိုခံဖို့နဲ့ အဲဒီ့အမြီးကိုထိတွေ့ဖို့ လာရောက်ကြတာဖြစ်ပါတယ်။

တစ်ခါတစ်လေမှာတော့ Arshid တစ်ယောက် ကိုးကွယ်သူတွေအတွက် ကျောင်းနဲ့ သူ့သူငယ်ချင်းတွေနဲ့ဆော့ကစားဖို့အချိန်ကို မျှအောင်အသုံးချဖို့အတွက် ရုန်းကန်ရပါတယ်။

‘များသောအားဖြင့် ကြားရက်တွေမှာ ကျွန်တော်ကျောင်းသွားပါတယ်။ ဒါပေမယ့်ကျောင်းပိတ်ရက်တွေဖြစ်တဲ့ တနင်္ဂနွေနေ့မှာ လူ ၂၀ ကနေ ၂၀ လောက်ကျွန်တော့်ကိုအိမ်မှာလာတွေ့ကြတယ်’ လို့ Arshid ကပြောပါတယ်။

Treand Myanmar

မောင် ဖြစ်သူ ထောင်ကလွတ်ဖို့ ရှေ့နေကျောင်းတက်ပြီး ကြိုးစားကယ်ခဲ့တဲ့ အစ်မ



Kenny Waters လို့ အမည်ရတဲ့ အမေရိကန် ပြည်ထောင်စုက အမျိုးသားဟာ ၁၉၈၃ ခုနှစ်က လူသတ်မှု တစ်ခု စွဲချက်နဲ့ နဲ့ ထောင်ထဲ ဝင်ခဲ့ ရပါတယ်။ သူ မသတ်ခဲ့ဘူး ဆိုတာကိုလည်း သက်သေ ပြပေးနိုင်တဲ့သူ မရှိပါဘူး။ နောက်ဆုံး သူ့ကိုယ်သူ အဆုံးစီရင်ဖို့တောင် ထောင်ထဲမှာ အကြိမ်ကြိမ် ကြိုးစားခဲ့ ပါတယ်။

အမှန်တရားကို သိရှိနေတဲ့ သူ့ရဲ့ အစ်မ Betty Anne Waters ဟာ အထက်တန်း ကျောင်းကနေ အထုတ်ခံရတဲ့ စာညံ့ဖျင်းသူ တစ်ဦး ဖြစ်ပါတယ်။ သို့ပေမယ့် အပြစ်မရှိပဲ အပြစ်ခံနေရတဲ့ မောင်လေး ဖြစ်သူကို ကယ်ထုတ်ဖို့ စိတ်ကူး ရှိတော့ ကျောင်းပြန် တက်ပါတယ်။ ရှေ့နေ့ ဖြစ်အောင် ကြိုးစားပြီး ဥပဒေ ပညာရပ်ကို တက္ကသိုလ်မှာ အထူးပြုလို့ ဆက်တက် ပါတယ်။ အိမ်ထောင် တစ်ဖက် ရှိနေသည့်တိုင် ပညာရေး အတွန် ကြိုးစားပြီး သူမရဲ့ မောင်ဖြစ်သူ ကို ပြန်လည် ကယ်ထုတ်ဖို့ စုံစမ်း စစ်ဆေးမှုများ ပြန်လည် ပြုလုပ် ပါတော့တယ်။

နောက်တော့ သေဆုံးသူကို သတ်ခဲ့တဲ့ လက်နက်မှာ သူ့မောင်လေး DNA မတွေ့တာကနေ စလို့ အမှန်တရား အကုန် ပေါ်သွားပြီး မတရား အပြစ်ခံနေရတဲ့ သူမ မောင်လေး ဖြစ်သူ Kenny Waters တစ်ယောက် ထောင်ကနေ လွတ်ခဲ့ ပါတယ်။ ဒီအတွက် ကြာမြင့်သွားတဲ့ အချိန်က ၁၈ နှစ် ဖြစ်ပါတယ်။ ယုံကြည်ချက် ရှိရှိ ကြိုးစား ရုန်းကန်ခဲ့တဲ့ နောက်ဆုံး Kenny တို့ မောင်နှမရဲ့ ဖြစ်ရပ် ဟာ မောင်နှမ သံယောဇဉ် ကြီးခြင်းနဲ့ ဇွဲကြီးခြင်းရဲ့ ပြယုဒ် တစ်ခု ဖြစ်ခဲ့ ပါတယ်။ ရုပ်ရှင် အဖြစ်တောင် ပြန်လည် ရိုက်ကူး ဖြစ်ခဲ့ ကြပြီး Conviction လို့ အမည်ရ ပါတယ်။

http://en.wikipedia.org/wiki/Kenny_Waters

အောင်ခမ်း (ရိုးရာလေး)

သွေးလွန်းတုပ်ကွေး ရောဂါကို ၂၄ နာရီအတွင်း ပျောက်ကင်းစေနိုင်တဲ့ ဆေးနည်း



ယခုဖော်ပြမယ့် ဆေးဝါးဟာ လူတိုင်း လူတိုင်း အလွယ်တကူ လုပ်နိုင်မယ့် နည်းလမ်းကောင်း ဖြစ်မယ်လို့ ယုံကြည်ပါတယ်။

၎င်းဆေး ဖော်စပ်ဖို့အတွက် လိုအပ်သော ဆေးဝါးကတော့ သင်္ဘောရွက် ဖြစ်ပါတယ်။ ထိုသင်္ဘောရွက်ကို ငရုပ်ဆုံနဲ့ ထောင်းလိုက်ပြီး (သို့မဟုတ်) ကျောက်ပြင်ပေါ်တွင် အရွက်များကို ကြေညက်အောင် ကျိတ်ခြေပြီး ထွက်ရှိလာသော အရည်များကို သွေးလွန် တုပ်ကွေး ဖြစ်နေသော လူနာအား တိုက်ပေး လိုက်ပါ။ ထိုလူနာဟာ ဆေးသောက်ပြီးသည် အချိန်မှ ၂၄ နာရီ အတွင်းမှာ ရောဂါဝေဒနာဟာ သိသိသာသာ သက်သာ လာပြီး လန်းဆန်းလာစေမှာ ဖြစ်ပါတယ်။

သင်္ဘောရွက်၏ အရည်ဟာ ကိုယ်ခန္ဓာအတွင်းရှိ သွေးလွန်တုပ်ကွေး ဖြစ်စေသော ဆဲလ်များကို သန့်စင်ပေးမှာပဲ ဖြစ်တယ်လို့ အိန္ဒိယနိုင်ငံမှ ဒေါက်တာ Marissa Sumera Molawan က ပြောပါတယ်။ ပြုလုပ်ပုံ အဆင့်ဆင့်ကို ပုံတွင် ပြထားသည့် အတိုင်း ကြည့်ကာ လုပ်နိုင်ပါတယ်။

အားလုံး အနာရောဂါ ကင်းစင်ပြီး ကျန်းမာပျော်ရွှင်နိုင်ကြပါစေ။

Ref - Health News
ကျော်လင်းနိုင် (ရိုးရာလေး)

အဖြစ်ပျက်တစ်ခုကို မြင်ဖူးသလိုခံစားရခြင်း (Déjà vu)


ကျနော်ခပ်ငယ်ငယ်တုန်းက မိဘတွေနဲ့အတူတူ တောမြို့လေးတစ်ခုကိုသွားခဲ့တယ်။ အဲဒီမှာတည်းတဲ့အိမ်ကိုအရောက်မှာ ကျနော်အဲဒီအိမ်ကို ရောက်ဖူးသလိုခံစားရတယ်။ ဒီမြင်ကွင်းတွေကိုလည်း မြင်ဖူးသလိုပဲ။ ဒါနဲ့မိဘတွေကိုပြောပြလိုက်တော့ ၀ိုင်းရယ်ကြတယ်။ ရယ်မှာပေါ့ သူတို့တောင်ခုမှရောက်ဖူးတဲ့ နယ်လေးတစ်ခုကိုကျနော်ရောက်ဖူးတယ်ထင်တယ်လို့ ပြောလိုက်မိတာကိုး။ အဲဒီတုန်းကစိတ်ထဲမှာတော့ ဇဝေဇ၀ါပဲ။ စိတ်ကူးယဉ်တတ်တဲ့အရွယ်ဆိုတော့ ငါပဲစွမ်းအင်တွေများရပြီး ရှေ့ကြိုမြင်နေတာလားလို့ထင်မိသေးတာ။ နည်းနည်းကြီးလာတော့လည်း အဲလိုအဖြစ်အပျက်တွေခဏခဏကြုံရတယ်။ အဖြစ်အပျက်တစ်ခုကိုတွေ့လိုက်မိရင် စိတ်ထဲမှာအရင်ကဖြစ်ခဲ့ဖူးသလို၊ ရှေ့ကိုပဲကြိုမြင်နေသလို ထင်မိတယ်။ စိတ်ထဲကနေဒီအဖြစ်အပျက်မျိုး ငါမြင်ဖူးပါတယ်လို့ စဉ်းစားမိတယ်။ ဘယ်သူ့ကိုမှလည်း မပြောရဲဘူး။ တော်ကြာကိုယ့်ကိုစိတ်ဂယောက်ဂယက်ဖြစ်နေတယ်လို့လည်း ထင်မှာစိုးရသေးတာကိုး။ တခြားသူတွေမှာလည်း ဖြစ်တတ်မှန်း သတိမထားမိခဲ့ဘူး။ အင်္ဂလိပ်လို Déjà vu လို့ခေါ်တယ်ဆိုတာကိုတောင် သိတာသိပ်မကြာသေးဘူးဗျ။ ရုပ်ရှင်ကားတစ်ကားကြည့်ရင်းနဲ့ ရုပ်ရှင်ထဲမှာ အဲလိုအဖြစ်အပျက်ကို Déjà vu လို့ညွှန်းပြီးပြောသွားတော့မှ သတိထားမိတယ်။ အဲဒါနဲ့ ဒီလိုအဖြစ်မျိုးတွေ တွေ့ကြုံနေရတတ်ပြီး ဘာမှန်းညာမှန်းမသိ၊ သူများကိုလည်း မပြောရဲဖြစ်နေတဲ့သူတွေအတွက် ကျနော်ဖတ်မိထားတာလေး ဝေမျှပေးလိုက်ပါတယ်။

Déjà vu ဆိုတာက အဖြစ်အပျက်တစ်ခုကို သိနေသလိုမျိုးခံစားရတာဖြစ်ပါတယ်။ သိတာကလည်း ဇဝေဇ၀ါ ဖြစ်တာမျိုးမပာုတ်ပါဘူး။ ဥပမာပြောရရင် Déjà vu ဆိုတာအရင်ကတွေ့ခဲ့ဖူးတဲ့လူတစ်ယောက်ကို လမ်းမှာပြန်တွေ့ရင် မမှတ်မိတဲ့ခံစားချက်မျိုးမပာုတ်ဘူး။ ဒီအဖြစ်အပျက်ပာာ ကျိန်းသေကိုဖြစ်ပျက်ခဲ့ဖူးတယ်လို့ ခံစားရတာမျိုးပါ။ အဓိကဖြစ်တာကတော့ အရာဝထ္ထုတစ်ခု၊ အဖြစ်အပျက်တစ်ခုကို တွေ့ကြုံလိုက်ရတဲ့အချိန်မှာ ဦးနှောက်က အဲဒါကိုဘာလဲဆိုတာပုံဖော်ပါတယ်။ အဲဒီမှာ ဒီအဖြစ်အပျက်ပာာ ရင်းနှီးပြီးသားလား၊ ကိုယ်နဲ့အစိမ်းသက်သက်လားဆိုပြီး ဆုံးဖြတ်ချက်ပေးပါတယ်။ အဲလိုဆုံးဖြတ်ချက်ပေးတဲ့အချိန်မှာ တခါတရံမှာ ဦးနှောက်က မှားယွင်းပြီးဆုံးဖြတ်လိုက်ပါတယ်။ အဲဒါကဘာလဲဆိုတော့ ကိုယ်တစ်ခါမှမမြင်ဖူးတဲ့အဖြစ်အပျက်တစ်ခုကို ကြုံတွေ့နေပါရက်နဲ့ ဒီလိုမျိုးအဖြစ်အပျက်ဖြစ်ဖူးတယ်လို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ Déjà vu ပာာအကြားအမြင်ရနေတာ၊ ရှေ့ဖြစ်ကိုသိနေတာမျိုးမပာုတ်ပါဘူး။ တကယ်တော့ ဦးနှောက်ရဲ့မှတ်ဥာဏ်ပိုင်းဆိုင်ရာ မှားယွင်းဖော်ပြတာပါ။ အဲဒါကြောင့် Déjà vu ဖြစ်ပြီဆိုရင် မြင်ဖူးတယ်၊ ဖြစ်ဖူးတယ်လို့ ခံစားမိနေပေမယ့် ဘယ်အချိန်တုန်းက၊ ဘယ်နေရာမှာဆိုတာ စဉ်းစားလို့မရပါဘူး။ အိပ်မက်ထဲမှာပဲလား၊ အပြင်မှာဖြစ်ခဲ့တာလား ဘယ်လိုမှမသဲကွဲပါဘူး။ Déjà vu ပာာရောဂါမပာုတ်ပါဘူး။ ကမ္ဘာ့ လူဦးရေရဲ့ ၃ပုံ၂ပုံပာာ Déjà vu ကိုခံစားရလေ့ရှိပါတယ်။ Déjà vu ပာာရောဂါတစ်ခုမပာုတ်ပေမယ့် temporal lobe epilepsy (၀က်ရူးပြန်ရောဂါ) တစ်မျိုးနဲ့တော့ ဆက်စပ်မှုရှိပါတယ်။ Déjà vu ပာာ တချို့ဆေးတွေနဲ့လည်းဆက်စပ်မှုရှိပါတယ်။ တုပ်ကွေးသက်သာအောင်သုံးတဲ့ဆေးတွေဖြစ်တဲ့ amantadine and phenylpropanolamine ဆေးတွေပာာ Déjà vu ဖြစ်စေတယ်လို့ဆိုပါတယ်။ အဲဒီဆေးတွေပာာ ဒိုပါမင်း(Dopamine) ဓါတ်ကိုများစေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

ဗပာုသုတအနေနဲ့ပဲဖော်ပြပေးလိုက်တာပါ။ Déjà vu ဆိုတာကိုနားမလည်သေးခင်တုန်းက အတော်လေးကိုစိတ်ကသိကအောက်ဖြစ်ရပါတယ်။ ကိုယ်မြင်ဖူးသလို၊ ခံစားဖူးသလို ဒါပေမယ့်လည်း ဘယ်လိုမှတွေးမရ။ ရှေ့ပဲကြိုမြင်နေတာလား ရူးပဲရူးနေပြီလားဆိုပြီး အမျိုးမျိုးတွေးမိပါတယ်။ Déjà vu ဆိုတာကိုဖတ်မိပြီးနားလည်သွားတဲ့အခါကျတော့ အခုဆိုရင် အဲလိုအဖြစ်အပျက်မျိုးကြုံရရင် အော်ငါ Déjà vu ဖြစ်နေတာပါလားဆိုပြီး နားလည်သွားတော့ စိတ်သက်သာသွားပါတယ်။ လိုက်ပြီးငါမြင်ဖူး တွေ့ဖူးတယ်လို့ဆက်စဉ်းစားစရာမလိုတော့ပါဘူး။ အတော်လေးစိတ်ချမ်းသာသွားရပါတယ်။

Thurein Hlaing Win
Myanmar Spectrum