သမ္မတလုပ်ရန် အရည်အချင်း ၁၀၀ ရာခိုင်နှုန်းရှိ

ပို့စ်တင်ချိန် - 6/19/2013 06:10:00 PM


 ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လာ မည့်ရွေးကောက်ပွဲတွင် သမ္မတအ ဖြစ် အရွေးခံရန်အတွက် သူ့တွင် ရာနှုန်း ပြည့် အရည်အချင်း  ရှိနေ ကြောင်း ထုတ်ဖော်ပြောကြား လိုက်သည်။ ဇွန်၁၆ရက် နံနက်၁ဝနာရီ  က  San Francisco State University တွင် မြန်မာ တိုင်းရင်း သား မိသားစု များ နှင့် အမေး အဖြေ ကဏ္ဍ၌ သူရဦးရွှေမန်းက ယင်း ကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် အမေရိ ကန်ရောက် မြန်မာတိုင်းရင်းသား များ၏ တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာ တိုင်းရင်းသား များမှ အကြံ ပြုချက်များ၊ တောင်းဆိုချက်များ ပြုလုပ်ခဲ့ပြီး အမေး၊ အဖြေကဏ္ဍ တွင် ဖက်ဒရယ်ပြည်ထောင်စုတည် ထောင်ရေးနှင့် မြန်မာ့ စီးပွား ရေးဦးပိုင် လီမိတက်၏ ထင်သာမြင် သာမရှိသော ဆောင်ရွက်မှုများ ကိုမေးမြန်းခဲ့သည့်အပြင် '၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီးတွင် သူရဦးရွှေမန်း အနေဖြင့် သမ္မတ အဖြစ် ရွေးချယ်ခံရန် လုံလောက် သော အရည်အချင်းရှိသည်ဟု ယုံကြည်ပါသလား'ဟု မေးမြန်း ရာတွင် 'သူ့တွင် အရည်အချင်း ၁ဝဝ ရာခိုင်နှုန်း ရှိ ကြောင်း' ပြန် လည် ဖြေကြား ခဲ့သည်။


ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအ တွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ''သူရဦးရွှေမန်းက သမ္မတဖြစ်ဖို့ အနီးစပ်ဆုံးပဲ။ ဘာလို့လဲဆိုတော့ ပြည်သူ့ လွှတ်တော် မှာ သူ့လူတွေ ချည်းပဲ။ ဒေါ်စုကတော့ သမ္မတ ဖြစ်ဖို့ ဖွဲ့စည်းပုံက ကန့်သတ်ထား တယ်။ ဦးရွှေမန်းကတော့အဖြစ် နိုင်ဆုံးပဲ။ သမ္မတကို လွှတ် တော် က ပြန်ရွေး မှာဆိုတော့ အလားအလာများတယ်''ဟုပြောသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ''ဦးရွှေမန်း သမ္မတ ဖြစ်မယ်ဆိုရင် ဘာငြင်းစရာလိုလို့ လဲ။ လူထုက မဲပေးပြီး တပ်မတော် ကပါ ထောက် ခံမယ်။ သူ့အသိုင်း အဝိုင်းက လက်ခံမယ်ဆိုရင်ဖြစ် နိုင်ပါတယ်။ သမ္မတ အရည်အချင်း နဲ့လဲပြည့်စုံတယ်။ သမ္မတလုပ်မယ် လို့ဆိုတာဟာ ပြည်သူ ကို အလုပ် အကျွေး ပြုပါ့မယ်လို့ပြောပြီး ဒါ ဟာ စည်းရုံးရေး  လုပ်တာပဲလေ။ ဒါဟာ ကစားပွဲတစ်ခုပဲ''ဟု ပြော သည်။ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ကိုးဦးတို့ သည် ရက်သတ္တနှစ်ပတ်ကြာ အ မေရိကန်လွှတ်တော် လေ့လာရေး ခရီးစဉ်အဖြစ် သွားရောက် ခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။ ထိုခရီးစဉ် အတွင်း ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က သမ္မတအဖြစ် တာဝန်ယူရန် ဆန္ဒရှိကြောင်းလည်း ဗွီအိုအေ နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဖြေ ကြားခဲ့ သည်။

မောင်ရဲခေါင်(ဆီလီကွန်လွင်ပြင်) ၊ ဝေမာသိမ့်
Yangon media