ကွမ်းတောင်းစား၍ ကွမ်းထုတ်ပေးရာမှ ဓားခုတ်မှုဖြစ်

ပို့စ်တင်ချိန် - 7/06/2013 09:56:00 AM

ဧရာဝတီတိုင်း ဒေသကြီး မော်လမြိုင်ကျွန်း မြို့နယ် မဘော ကျေးရွာ၌ ယမန်နေ့ ညနေပိုင်းက ကွမ်းယာ ထုတ်ပေးရာမှ ဝင်ရောက် ပြောဆိုသူ ဓားခုတ်ခံရ၍ သေဆုံးမှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ မော်လမြိုင်ကျွန်း မြို့နယ်မဘော ကျေးရွာနေ သန္တာစိုး ၂၁ နှစ်(ဘ) ဦးသိန်းစိုးသည် နေအိမ်၌ ရှိနေစဉ် တစ်ရွာတည်းနေ ခင်မောင်မြင့် ၂၅ နှစ်(ဘ) ဦးမြဟန်နှင့် ညီဖြစ်သူ ကိုကိုမောင် ၂၁ နှစ်(ဘ) ဦးမြဟန်တို့ နှစ်ဦး ရောက်လာပြီး ကွမ်းယာ တောင်းစား၍ သန္တာစိုးက ထုတ်ပေးရာ ခင်မောင်မြင့်က ဆောင့် အောင့်ပေးသည်ဟု ပြောဆိုပြီး  ရိုက်နှက်မည် ပြုစဉ် သန္တာစိုး၏ ယောက္ခမ ဖြစ်သူ   ကြည်အေး ၅၁ နှစ်(ဘ) ဦးသောင်းရွှေ ရောက် လာပြီး ဝင်ရောက် ပြောဆိုသဖြင့် ကိုကိုမောင်က အသင့် ပါလာသော မှိန်းဖြင့်ထိုးပြီး ခင်မောင်မြင့်က ဓားဖြင့်ထိုးရာ ကြည်အေး၏ ယာနို့အုံ ထိုးသွင်း ဒဏ်ရာ၊ ဝဲချိုစောင်း ပြတ်ရှ ဒဏ်ရာရရှိ သေဆုံးသွားသည်။ ဖြစ်စဉ် နှင့်ပတ်သက်၍ မော်လမြိုင်ကျွန်း ရဲစခန်းမှ (ပ)၅၉/၁၃၊ ပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်ပြီး တရားခံ ကိုကိုမောင်နှင့် ခင်မောင်မြင့် တို့အား ဖမ်းဆီး ရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

 မြ၀တီ