ဒေါ်လာ ၁၁ ဘီလျံနဲ့ အမည်မသိ ဘဏ်အကောင့် သတင်းရဲ့ နောက်ကွယ်

ပို့စ်တင်ချိန် - 9/14/2013 12:59:00 PM

အခုတလော အင်တာနက်စာမျက်နှာစာဖတ်သူတွေအကြာ အတော်လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့တဲ့ သတင်းက
တော့ မြန်မာနိုင်ငံက အမည်မသိ နိုင်ငံခြား ဘဏ်အကောင့်တွေ ဖွင့်ထားပြီး အမေရိကန် ဒေါ်လာ ၁၁ ဘီ လျံ သိမ်းထားလို့ ကမ္ဘာ့ဘဏ်က မြန်မာ အပေါ် တင်ရှိတဲ့ အကြွေးတွေ လျှော်မပစ်တာဆိုတဲ့ သတင်း
ရေးသားချက်ပါပဲ။

 ဓာတ်ပုံ-referralsaasquatch.com

ကမ္ဘာ့ဘဏ်အပါအ၀င် ငွေကြေးဌာနတွေကို စောင့်ကြည့်ရေးနဲ့ သုတေသန အဖွဲ့တဖွဲ့ဖြစ်တဲ့ Bank Information Center မှ မစ္စတာ ဂျဲလ်ဆန်ဂါစီယာက ရန်ကုန်မြို့တွင် စက်တင်လာလ ၁၀ ရက်နေ့က ကျင်းပတဲ့ အလုပ်ရုံ ဆွေးနွေးပွဲ တခုမှာ အဲဒီလို ပြောဆိုခဲ့တာကြောင့်ဆိုတဲ့ သတင်းတွေ ထွက်လာပါ တယ်။

အဲဒီသတင်းထွက်ပြီးတဲ့အခါ သမ္မတဦးသိန်းစိန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဦးရဲထွဋ်က သူ့ဖေ့စ်ဘုတ်ကနေ အဆို ငြင်းပယ် တုန့်ပြန်ခဲ့ပါတယ်။

သူက ဒေးလီးအလဲဗင်း Daily Eleven သတင်းစာမှာ ဖော်ပြခဲ့တဲ့ အဲဒီ သတင်းပါ မစ္စတာ ဂျဲလ်ဆန်ဂါစီယာ ဟာ ကမ္ဘာ့ဘဏ် ၀န်ထမ်းမဟုတ်ကြောင်း ပြောခဲ့ပါတယ်။

“အစိုးရအနေနဲ့ နိုင်ငံပိုင်ငွေကို အဲဒီလို ပြည်ပမှာ အပ်နှံထားတာ လုံးဝမရှိပါဘူး။ ၁၁ ဘီလီယံ အပ်ထား တယ် ဆိုတဲ့ အကောင့် ငါးခုနဲ့ ပတ်သက်လို့ ခိုင်မာတဲ့ အချက်အလက်ရှိရင် ပေးပါ။ အစိုးရအနေနဲ့ ဆက် လက်ဆောင်ရွက်ဖို့ အသင့် ပါပဲ” ဟု ဦးရဲထွဋ်က သူ့ဖေ့စ်ဘုတ်မှာ ဖော်ပြထားပါတယ်။

အဲဒီလို ဖော်ပြပြီးနောက်မှာ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာပြည်ရုံးခွဲကလည်း အလားတူ ထုတ်ပြန်ကြေညာခဲ့ပါ တယ်။

ဒါပေမယ့်လို့ မြန်မာနိုင်ငံက အမည်မသိ နိုင်ငံခြားဘဏ် အကောင့်တွေ ဖွင့်ထားပြီး အမေရိကန် ဒေါ်လာ ၁၁ ဘီလျံ သိမ်း ဆည်း ထားတာကြောင့် ကမ္ဘာ့ဘဏ်က မြန်မာအပေါ် တင်ရှိတဲ့ ကြွေးကြန်တွေ လျှော် မပစ်ဘူး ဆိုတဲ့ ကိစ္စကိုတော့ ထင်မြင် ချက် မပေးခဲ့ပါဘူး။

ကမ္ဘာ့ဘဏ်ရဲ့ ကြေညာချက်မှာ “ကုန်သွယ်ရေးနှင့် ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းများ ချောမွေ့လွယ်ကူစေ ရန်နှင့် နိုင်ငံခြား ငွေ လဲလှယ်နှုန်းများကို တည်ငြိမ်အောင် စီမံဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံရပ်ခြားဘဏ် စာရင်းများ ထားရှိခြင်းသည် နိုင်ငံတော် အစိုးရများ၏ ပုံမှန်လုပ်ငန်းတရပ်ဟု ကမ္ဘာ့ဘဏ်က ယူဆသည်” လို့ ရေးသား ဖော်ချက်ချက်ဟာ အစိုးရရဲ့ ငွေ ကြေး ဆိုင်ရာ မူဝါဒဟာ ပွင့်လင်းမြင်သာမှု မရှိဘူးဆို တဲ့ ဝေဖန် ပြောဆိုမှုတွေ မြင့်တက်လာပါတော့တယ်။

အမေရိကန် ၁၁ ဘီလျံ ကိစ္စကြီးရဲ့ နောက်ကွယ်မှာ ဘာတွေ ရှိနေသလဲ ဆိုတာ သိချင်ရင်တော့ ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာ သတင်းထောက် လင်းသန့် ရေးသားတင်ပြထားတဲ့ ဒေါ်လာ ၁၁ ဘီလျံ သတင်း၏ နောက်ကွယ် ဆိုတာမှာ ဖတ်နိုင်ပါပြီ။