တဖက်ယာဉ်ကြောသိုရောက်ရှိပြီး ယာဉ်(၂)စီးတိုက်မိသဖြင့် ခရီးသည်တင်ယာဉ်တိမ်းမှောက်

ပို့စ်တင်ချိန် - 9/04/2013 08:45:00 AM

၂.၉.၂၀၁၃ ရက်နေ့ ၀၁၀၀ အချိန် ကြည့်မြင်တိုင်မြို့နယ်နေ
ယာဉ်မောင်း ပိုင်ဝင်းသန်း (ဘ)ဦးလွင်မောင်အေး မောင်းနှင်လာသော
ဗ/---- ဟိုင်းလတ်ဖြူ/အစိမ်း၊ သာယာဝတီ-ရန်ကုန် ခရီးသည်တင်
ယာဉ်သည် ရန်ကုန်မှတိုက်ကြီးဘက်သို့ ပြည်လမ်းအတိုင်း
မောင်းနှင်လာစဉ် မှော်ဘီ မြို့နယ်၊ ကုလားကုန်းကျေးရွာအနီးအရောက်
တွင် တဖက်ယာဉ်ကြောသို့ရောက်ရှိကာ မျက်နှာချင်းဆိုင်မှ မရမ်းကုန်းမြို့နယ်နေသူ အောင်ကျော်စိုး မောင်းနှင်လာသည့် BB/---- ကရီးနား(အဖြူ)အငှား ယာဉ်အား ၀င်ရောက်တိုက်မိပြီး ဗ/----ခရီးသည်တင်ယာဉ်မှာယာဘက်သို့တိမ်းမှောက်သွားခဲ့ပါသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ပိုင်ဝင်းသန်းမှာ ယာဘက်တံခါး ဘောင်နှင့်ညှပ်၍အခင်းဖြစ် နေရာတွင်သေဆုံးသွားခဲ့ပြီး ၎င်း၏ယာဉ်ပေါ်ပါခရီးသည်များတွင်ဒဏ်ရာ အသီးသီးရရှိခဲ့ရာ (၈)ဦးမှာ မှော်ဘီဆေးရုံတွင်(မစိုးရိမ်ရ)အဖြစ်လည်းကောင်း၊ အမည်မသိအမျိုးသား (၁)ဦးမှာရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(စိုးရိမ်ရ)အဖြစ်လည်းကောင်း၊ အတိုက်ခံရသည့်
BB/--- အငှားယာဉ်မောင်း အောင်ကျော်စိုးနှင့် ယာဉ်ပေါ်ပါခရီးသည် (၁)ဦးတို့တွင်လည်း ဒဏ်ရာများ ရရှိခဲ့၍ မှော်ဘီဆေးရုံတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ်လည်းကောင်း ဆေးကုသမှုခံယူလျက်ရှိ
ကြသဖြင့် ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ပိုင်ဝင်းသန်း(သေဆုံး)အား
မှော်ဘီမြို့မရဲစခန်း ယာဉ်(ပ) ၅၇/၂၀၁၃၊ ပုဒ်မ ၃၀၄-က/၃၃၈ ဖြင့်
အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

ရဲဇာနည်