မွေးကတည်းက အရယ်အပြုံးမရှိတဲ့ ကလေးငယ်ကို ခွဲစိတ်မှု ပြုလုပ်မည်

ပို့စ်တင်ချိန် - 8/03/2014 09:17:00 AM


 အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်မှာ နေထိုင်တဲ့ အသက်ငါးနှစ်အရွယ် ကလေးငယ် မက်ဒေါ့ပီရာလက်စ်ဟာမွေး ကတည်းက အရယ်အပြုံး မရှိခဲ့တာမို့ ခွဲစိတ် ကုသမှုမှု ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ပီရာလက်စ်ဟာ ရောဂါ တစ်မျိုးခံစားနေရတာ ဖြစ်ပြီး အကျိုးဆက် ကတော့ မျက်နှာပြင် အကြောတွေ သေနေခြင်း ဖြစ်ပါတယ်။ မကြာမီမှာ ကျောင်းတက်ရတော့မယ့် ပီရာလက်စ်ဟာ လူပတ်ဝန်းကျင်ကိုဝင်တဲ့ အခါ ခံစားမှုမဲ့နေခြင်း အပေါ် မိဘတွေက စိုးရိမ်ခဲ့ကြပြီး ခွဲစိတ်ပေးဖို့ စီစဉ်နေခြင်း ဖြစ်ပါတယ်။ ဒီလိုရောဂါမျိုးဟာ လူတစ်သန်းလျှင် တစ်ဦးတောင်ဖြစ်ဖို့ အခြေ အနေမှာ မရှိပေမယ့် ပီရာလက်စက် ကတော့ ကံဆိုးတယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ ဒီရောဂါမျိုးဟာ မျိုးရိုးဗီဇ ကြီးထွားမှုကြောင့် လည်းကောင်း၊ ပြင်းထန် စွာ ဒဏ်ရာရမှုကြောင့် လည်းကောင်း ဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။ ပီရာလက်စ်ဟာ မွေးဖွားတုန်းက ကျန်းမာသန်စွမ်းပေမယ့် ဆရာဝန်လက်ထဲက ပြုတ်ကျခဲ့ဖူးကြောင်း ဖခင်ဖြစ်သူ ချာလီက ဖွင့်ဟခဲ့ပါတယ်။ မျက်နှာပြင် အကြောတွေ ပြန်လည်လှုပ်ရှားလာဖို့ ခွဲစိတ်ကုသမှု ပြုလုပ်ရာမှာ ဒေါ်လာ (၁၀၀ ၀၀၀)နီးပါးကုန်ကျမှာ ဖြစ်လို့ အကူအညီတောင်းခံမှုတွေ ပြုလုပ်ထားပါတယ်။


မိခင်ဖြစ်သူ တမ်လာကတော့ ပီရာလက်စ်ဟာ ကာတွန်းကားကြည့်တဲ့ အခါမှာ ပျော်ရွှင်ချင်တဲ့ အမူအရာတွေ တွေ့ရကြောင်း၊ ကျောင်းတတ် တဲ့အခါ သူငယ်ချင်းတွေရဲ့ အရယ်အပြုံးမရှိ ဆက်ဆံမှုကို အလွန်စိုးရိမ်ကြောင်း ပြောဆိုခဲ့ပြီး မျက်နှာပြင်ကအကြောတွေ ခွဲစိတ်မှုပြုလုပ် မှ ပြန်လည် ကောင်းမွန်မည်ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ ဆက်လက်ပြီး တမ်လာက အားလုံးဟာ အပြုံးနဲ့ ထိုက်တန်ကြပါတယ်။ ကျွန်မသားလေး ရယ်ပြုံးတာတွေ မြင်တွေ့ချင် ပါတယ် လို့ ပြောကြားခဲ့ပါတယ်။ ဖခင်ဖြစ်သူ ချာလီကလည်း ရယ်ပြုံးခြင်းဟာ ကမ္ဘာလောကကြီး အတွက် တစ်စုံတစ်ခုကို ပေးနိုင်စွမ်း ရှိပါတယ်။ ကျွန်တော့် သားလေးကို ပျော်ရွှင်မှုတွေ ရယူပေးချင်ပါတယ်လို့ ဆိုခဲ့ပါတယ်။

Messenger