Showing posts sorted by relevance for query ကျန်းမာရေးနှင့် အလှအပ သတင်းများ. Sort by date Show all posts
Showing posts sorted by relevance for query ကျန်းမာရေးနှင့် အလှအပ သတင်းများ. Sort by date Show all posts

အသည်းရောဂါကို ဖြစ်စေနိုင်သော အကျင့်ဆိုးများ



မှန်ကန်သော နေထိုင်စားသောက်မှု မရှိခြင်းဟာ မိမိအတွက် ရောဂါတွေကို မွေးမြူထားသလို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မှန်ကန်သော နေထိုင်စားသောက်မှု ရှိအောင် ကြိုးစားနေထိုင် စေလိုပါတယ်။ ယခု အသည်းရောဂါ ဘာကြောင့် ဖြစ်ပေါ်ရသလဲ ဆိုတာကို ရေးသား လိုက်ရပါတယ်။

(၁) ညအိပ်ယာဝင် နောက်ကျပြီး နံနက်အိပ်ယာထ နောက်ကျခြင်းဟာ အဓိက အကျင့်ဆိုး ဖြစ်ပါတယ် ။ (ည ၁၀ နာရီ မနက် ၅ နာရီ မှန်ကန်သော အိပ်ချိန်)

(၂) မနက်စာကို မစားဘဲ နေခြင်း။

(၃) မနက်အိပ်ယာထလျှင် ကြင်ငယ်ရည်ကို မသွားဘဲ ချုပ်ထိန်းထားခြင်း။

(၄) အလွန်အကျွံ စားခြင်း။ ( ပုံမှန်စားတာထက် တစ်ခါတစ်လေမှာ မိမိဝမ်းဗိုက်ထက် မဆံ့အောင်စားခြင်းကို ဆိုလိုပါတယ်)

(၅) ဆေးဝါးများကို အလွန်အကျွံ မှီဝှဲနေခြင်း။ (ဆေးဝါး ဆိုတာက မိမိခန္ဓာကိုယ်မှာ လိုအပ်တဲ့ အချိန် မှီဝှဲတာဟာ အကောင်းဆုံးပါ။ ဒီလိုမဟုတ်ဘဲ အနည်းငယ် နေမကောင်းဖြစ်ရုံမျှဖြင့် ဆေးဝါးများကို အလွန်အကျွံ မမှီဝှဲသင့်ပါ)။

(၆) သဘာဝက ဖြစ်ပေါ်လာသော အစားအစာ မဟုတ်ဘဲ အတုလုပ်ထားသော အစားအစာများ၊ Date ကျော်နေသော အစားအစာများ၊ ပိုးသတ်ဆေးများ အသုံးပြုထားသော အစားအစာများ ကိုစားသုံးနေခြင်း။ ( ယနေ့ခေတ်မှာ အဲလိုမျိုး အစားအစာတွေကို မလွဲမရှောင်လို့ စားသုံးနေလို့ ရတယ်ဆိုရင် ၎င်းအသီးအရွက်များကို ရေနွေးစူစူဖြင့် အရင်စိမ်ပြီး စားသုံးပါလို့ အကြံပေးပါရစေ)

(၇) အရက်များ အလွန်အကျွံသောက်ခြင်း။

(၈) အစားအသောက်များကို ကျန်းမာရေးနှင့် ညီညွတ်အောင် ချက်ပြုတ်စားသောက်မှု မပြုခြင်း။ ( အထူးသဖြင့် ဆီများကို အလွန်အကျွံစားသုံးခြင်း ဖြစ်ပါတယ်)

(၉) နောက်ဆုံး အကျင့်ဆိုးကတော့ အထိုင်များသူ ဖြစ်ပါလျက် ကိုယ်လက် လေ့ကျင့်ခန်း ဘာမှမလုပ်ခြင်း ဖြစ်ပါတယ်။ (မိမိဟာ နေ့စဉ်နေ့တိုင်း ထိုင်ခုံမှာ ထိုင်ပြီး အလုပ်လုပ်သူဆိုရင် မဖြစ်မနေ လေ့ကျင့်ခန်း လုပ်ပါ။ ဒီလိုမှမဟုတ်ရင်တော့ ရောဂါများ သင့်ဆီကို ဝင်ရောက်လာမှာ မလွဲဧကန်ပါ )

အထက်ပါ ဖော်ပြပါ အချက်များသည် အသည်းရောဂါကို တစ်ခုတည်း အတွက် မဟုတ်ပါဘူး။ အခြားသော ရောဂါများအတွက် ရည်ညွှန်းပါတယ်။ ဒါကြောင့် ရှင်သန်နေသော လူ့ဘဝမှာ ကျန်းမာရေးဟာ အထူးပင် အရေးကြီးတာကြောင့် အထူးဂရိုစိုက်စေ ချင်ပါတယ်။

အားလုံးကို ကျေးဇူးတင်လျှက်

ပြန်လည်မျှဝေမယ် ဆိုပါက နာမည်နှင့် စာမျက်နှာ လေးကိုပါ ထည့်ပေးပါလို့ တောင်းဆိုပါရစေ။


ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

အပြည့်အစုံသို့ »

ဈေးခြင်းတောင်းကပြောတဲ့ ကျွန်ုပ်တို့ အိမ်ရဲ့ကျန်းမာရေး


ဒီနေ့ကစပြီး အမေဈေးက ပြန်လာပြီဆိုရင် ဈေးခြင်း တောင်းကို ကြည့်ဖြစ်အောင် ကြည့်ပါ။ အမေကတော့ ငါ့ယောင်္ကျား ငါ့သား ငါ့သမီး တွေကို ထမင်းစားကောင်းအောင် အသားတွေ အများကြီး ဝယ်လာရင် ဝယ်လာခဲ့ လိမ့်မယ်။

အမေက ဖေ့ဖွတ် မသုံးတော့ ကျန်းမာရေး ဗဟုသုတ နည်းနေရင် နည်းလိမ့်မယ်။ ဒါကြောင့် အမေကို ပြောပါ။ နောက်နေ့ ကစပြီး
အသားငါးတွေ ဝယ်တာကို လျော့ပြီး အသီးအရွက်တွေကို များများ
ဝယ်ခဲ့ပါလို့။ အသီးအရွက် တွေက ဆေးတွေနဲ့ လုပ်ထားလို့
မသန့်ရှင်းဘူး ဆိုရင် ရှာလကာရည် အနည်းငယ်နဲ့ ရေစင်အောင် ဆေးကြောပြီး စားပါ။

ညဘက်အိပ်ခါနီး အချိုရေတွေ မုန့်တွေစားမယ့် အစား အသီး အရွက်များ ကိုသာ မှီဝဲပေး ခြင်းကြောင့် စာဖတ်သူတို့ မိသားစုလေး သိသိသာသာ ကျန်းမာရေး ကောင်းလာမှာ ဖြစ်ပါတယ်။ ရှေ့ဆက်ပြီး ဘဝအတွက် အရေးကြီးတဲ့ အလုပ်တွေ လုပ်ဖို့ ကျန်နေသေးတယ် ဆိုရင် ကျန်းမာရေးကို ဂရိုစိုက်ပါ။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

အပြည့်အစုံသို့ »

အသည်းရောင် အသားဝါအတွက် နည်းလမ်းကောင်း


အသည်းရောင် အသားဝါ ရှိသူများ အတွက် မျှဝေပေးလိုက် ရခြင်း ပင်ဖြစ်ပါတယ်။ ထိုရောဂါ အတွက် မြန်မာ့ဆေးဘက်ဝင် ကြက်ဟင်းခါးရွက်နှင့် ဖန်ခါးသီး စတာတို့နှင့် ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။

ကြက်ဟင်းခါးရွက် အချို့ကို အရည်ညစ်လိုက်ပါ။ ထိုအရည်များကို
ဖန်ခါးသီးနှင့် သွေးသောက်ခြင်း အားဖြင့် ရောဂါ ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။ ကြက်ဟင်းခါးရွက် အရည်ပဲ သောက်မယ်ဆိုရင် အူတွင်းရှိသော ရောဂါပိုးများကို သေစေနိုင်ပါတယ်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

အပြည့်အစုံသို့ »

ဆီး၌သွေးများ ပါခြင်း၊ သွေးဝမ်းသွားခြင်း များကို မြင်ခွာရွက်ဖြင့်ကုမယ်


မြင်းခွာရွက်ကို ဆေးဝါးအဖြစ် အမျိုးမျိုး အသုံးပြုလို့ရပြီး ထိုနည်းလမ်းတွေ ထဲကမှ ဆီး၌သွေးများ ပါခြင်း၊ သွေးဝမ်းသွားခြင်း ဆီးချုပ်ခြင်း စသည့်ရောဂါ
တွေကို မြင်းခွာရွက်ဖြင့် ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။

ဖော်ပြပါရောဂါတွေ ဖြစ်ပေါ်လာပြီ ဆိုတာနဲ့ မြင်းခွာရွက်ကို အနည်းငယ်ကို ယူလိုက်ပါ။ ပြီးနောက် ရေစင်အောင်ဆေးကြာပါ။ ထိုရေဆေးပြီးသော
အရွက်များကို ဖျော်ရည်ပြုလုပ်၍ သောက်ခြင်းဖြင့် ရောဂါများကို သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

အပြည့်အစုံသို့ »

ကြက်သွန်နီ၏ အစွမ်းထက်မူများ


(၁) ကြက်သွန်နီသည် အားတိုးစေပါတယ်။ ( ကြက်သွန်နီစေ့ကို ထောင်းစားပါ )

(၂) ကလေး ဆီးချုပ်ရောဂါအတွက် ကောင်းမွန်ပါတယ်။ ( မီးဖုတ်ထားသော ကြက်သွန်နီကို ခွဲ၍ ဆီးအိမ်ပေါ်၌ ပူပူနွေးနွေးကပ်ပေးပါ )

(၃) ကြက်မျက်သင့်ရောဂါ ကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ( ကြက်သွန်နီအရည်တွင် ဆားအနည်းငယ်ထည့် ၍ မျက်စဉ်း ခတ်ပေးပါ )

(၄) နားကိုက်ခြင်းအတွက်လည်း ကောင်းမွန်စေပါတယ်။ ( ကြက်သွန်နီမီးဖုတ်အရည် နွေးနွေးကို နားထဲထည့်ပါ )

(၅) လေနာ ရောဂါများအတွက်လည်း ကောင်းမွန်စေပါတယ်။ ( လေနာရောဂါဆေး ဖော်စပ်တဲ့ နေရာမှာ သုံးနိုင်ပါတယ် )

(၆) ကလေးများ ၀မ်းဗိုက်နာရောဂါများ အတွက်လည်း ကောင်းမွန်စေပါတယ်။( ကြက်သွန်နီရည် အနည်းငယ်ကို တိုက်ကျွေး )

(၇) နားပြည်ယိုရောဂါ အတွက်လည်း ကောင်းမွန်စေပါတယ်။ ( ကြက်သွန်နီအရည်ညှစ်၍ နားထဲ တစ်နေ့ သုံးကြိမ်ထည့်ပါ )

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

အပြည့်အစုံသို့ »

ပွေးနာ ၊ ယားနာ ၊ အရေပြားရောဂါများကို သံပုရာသီးနှင့် ကုမယ်


သိထားလျှင် အသုံးဝင်မယ့် နည်းလမ်းလေး ဖြစ်ပါတယ်။ အရေပြားမှ ဖြစ်တတ်တဲ့ ယားနာများ ပွေးနာ စတဲ့ရောဂါတွေ အပြင်
အမည်းကွက်များ ပေါက်ခြင်းနှင့် အမွေးများ ကျွတ်ခြင်း စသော ရောဂါ များကို သုံပုရာသီး ရှိရုံဖြင့် ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။

သုံပုရာသီး လတ်လတ်ဆတ်ဆတ် တစ်လုံးကို တစ်ခြမ်းခြမ်းလိုက်ပါ။ ထိုခြမ်းပြီးသား အခြမ်းဖြင့် ရောဂါဖြစ်တဲ့ နေရာမျးကို ပွတ်ပေးခြင်းအားဖြင့် ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။ သံပုရာသီးမှာ ပါဝင်သော အက်စစ် ဓာတ်ဟာ ပိုးမွှားများကို သေစေနိုင်သည့် အတွက်ကြောင့် ဖြစ်ပါတယ်။

ကျန်းမာရေးနှင့် အလှအပ သတင်းများ

အပြည့်အစုံသို့ »

နနွင်းကို သွားရောဂါအတွက် ကုသနိုင်ပါတယ်



နနွင်းဟာ တကယ်ကို တန်ဖိုးရှိသော ဆေးဘက်ဝက် အပင်တစ်မျိုး ဖြစ်ပါတယ်။
ရောဂါအမျိုးမျိုးကို သက်သာပျောက်ကင်းစေနိုင်ပြီး အဲဒီ အထဲကမှ သွားရောဂါ
အတွက် ကုထုံးလေး တစ်မျိုးကို မျှဝေပေး လိုက်ရပါတယ်။

နနွင်းမူန့်ကို ရေနွေးဖြင့် ဖျော်လိုက်ပါ။ ထိုဖျော်ပြီးသား အရည်ကို ငုံပေးခြင်း
အားဖြင့် သွားကိုက်ခြင်း ၊ သွားနာခြင်း ၊ သွားဖုံရောင်ခြင်း စတဲ့ သွားရောဂါ
အမျိုးမျိုးကို သက်သာစေနိုင် ပါတယ်။ နောက်တစ်နည်း ကတော့ ဆားများများ
ထည့်ပြီး သောက်ပေးခြင်း အားဖြင့် ထိုရောဂါတွေကို သက်သာစေနိုင် ပါတယ်။

နနွင်းမှုန့်ကို သွားကြားထဲ သိပ်ပေးခြင်း အားဖြင့်လည်း ရောဂါသက်သာစေနိုင်
ပါတယ်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

အပြည့်အစုံသို့ »

မျက်ကပ်မှန် တပ်သူတိုင်း သိသင့်သည့် အချက်များ



ဗဟုသုတ အနေဖြင့် ရေးသား လိုက်ရခြင်းပဲ ဖြစ်ပါတယ်။ မျက်စိဟာ လူတစ်ယောက် အတွက် အရေးပါသော အစိတ်အပိုင်း တစ်ခု ဖြစ်လို့
ဂရိုစိုက်စေရန် ရည်ရွယ်ပြီး တင်ပြလိုက် ရပါတယ်။ မျက်ကပ်မှန် တပ်သူတိုင်း သိသင့်သည့် အချက်များ ကတော့

(၁) တစ်ပါးသူ၏ မျက်ကပ်မှန်ကို ငှားပြီး မသုံးမိပါစေနဲ့။

(၂) ပှုသော နေရာများကို မျက်ကပ်မှန် တပ်ခြင်းကို ရှောင်ပါ။ (ဥပမာ - ဟင်းချက်နေစဉ် မျက်ကပ်မှန် တပ်ပါက မျက်လုံးကန်းတတ် ပါတယ် )

(၃) မျက်ကပ်မှန်ကို ထားတဲ့နေရာ မှန်ကန်ပါစေ။

(၄) ရေးကူးနေချိန်မှာ မျက်ကပ်မှန် မတပ်ပါနဲ့။

(၅) မျက်ကပ်မှန်ကို မကိုင်မီ လက်ကို အရင် ဆေးကြောပါ။

(၆) မျက်ကပ်မှန်အတွက် သီးသန့်ဆေးရည်ကို အသုံးပြုပါ။

(၇) ဖြစ်နိုင်ရင် မျက်ကပ်မှန်တပ်ပြီး မအိပ်ပါနဲ့။

(၈) နေကာမျက်မှန် တပ်ဆင်ပါ။


ကျော်လင်းနိုင် (ကျန်းမာရေးနှင့် အလှအပ သတင်းများ )


အပြည့်အစုံသို့ »

အသားအရည် လှပဖို့ နနွင်းမှုန့်ကို မှီဝဲကြပါစို့




နနွင်းမှုန့်ဟာ အသားအရည်အတွက် အထူးပင် ကောင်းမွန်တဲ့ ဆေးတစ်လက်ပင် ဖြစ်ပါတယ်။ နနွင်းမှုန့်ကို စားနိုင်သလို လိမ်းပေးနိုင်ပါတယ်။ နနွင်းမှုန့်၏
ဆေးဘက်ဝင် အာနိသင်တွေ ကတော့ ဝက်ခြံပျောက်စေခြင်း

နနွင်းမှုန့်ကို လိမ်းပေးခြင်း အားဖြင့် မျက်နှာ အမဲစက်များ ဝက်ခြံများ စတာတွေကို ပျောက်ကင်းစေနိုင် ပါတယ်။ ၎င်းဟာ အရေပြားပေါ်ရှိ ဘက်တီးရီးယားများကို သန့်စင်ပေးသည့် အတွက်ကြောင့် ဖြစ်ပါတယ်။

တစ်ကိုယ်လုံး အသားအရည်ကို ဝင်းပစေခြင်း

နနွင်းမှုန့်ကို စားပေးခြင်းအားဖြင့် မျက်နှာတင် မကဘဲ ခန္ဓာကိုယ် တစ်ခုလုံးမှ အသား အရည်ကို ကြည်လင်ဝင်းပ စေမှာ ဖြစ်ပါတယ်။

နေလောင်ဒဏ်အတွက် ကောင်းမွန်ခြင်း

နနွင်းမှုန့်ဟာ နေပူဒဏ်ကြောင့် ဖြစ်စေတဲ့ အသားအရည် ခြောက်သွေ့ခြင်းနှင့် အရောင် ညစ်နွမ်းမွဲခြောက်မှုတို့ကို ကာကွယ်ပေးတဲ့ အပြင် အရည်ပြား ထိခိုက်မူကို လည်း သက်သာစေပါတယ်။

နနွင်းကို စားမယ်ဆိုရင် ရေနွေးပူပူထဲ၌ နနွင်းလက်ဖက် စားဇွန်း တစ်ဇွန်း သကြား လက်ဖက်စားဇွန်း တစ်ဇွန်းမွှေကာ စားပေးနိင်ပါတယ်။

လိမ်းမယ်ဆိုရင်တော့ နနွင်းကို ရေနဲ့ရောလိုက်ပါ။ ပြီးနောက် စေးပျစ်တဲ့ အနှစ်ရတဲ့ အထိ မွှေပြီး လိမ်းနိုင်ပါတယ်။ အချိန် ၁၀ မီးနစ် ကြာရင် မျက်နှာကို
ဆေးကြောလိုက်ပါ။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

အပြည့်အစုံသို့ »

အမေများနေ့အကြောင်း သိကောင်းစရာ



အမေများနေ့ဟာ သမိုင်းဝင် အမှတ်တရ ဖြစ်တဲ့နေ့လေး တစ်နေ့လို့ ဆိုရမှာပေါ့။ ဒါကြောင့် အမေများနေ့ ဘာကြောင့် ဖြစ်ပေါ်လာရသလဲ ဆိုတာကို ဗဟုသုတ အနေဖြင့် ရေးသား ပေးလိုက် ရပါတယ်။

အမေများနေ့ကို ဂရိလူမျိုးတွေ Rhea လို့ အမည်ရတဲ့ နတ်သမီးကို ပှုဇော်ရာမှ စခဲခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ရောမခေတ်တွေမှာလည်း ကျင်းပခဲ့ကြောင်း သိရပါတယ်။ ၎င်းပွဲမှာ မယ်တော် Magna Mater လို့အမည်တွင်သော နတ်ကို ပှုဇော်တာပဲ ဖြစ်ပါတယ်။ ပှုဇော်ပွဲများကို ဘီစီ ၂၅ဝ ခုနှစ်က စခဲ့တယ်လို့ သမိုင်း မှတ်တမ်းများ အရ သိရပါတယ်။

တစ်နိုင်ငံနှင့် တစ်နိုင်ငံ အမများနေ့ ပွဲကို ကျင်းပတာခြင်း မတူညီကြဘူးလို့ သိရပါတယ်။ ဥပမာပြောရမယ် ဆိုရင် နော်ဝေနိုင်ငံမှာ ဖေဖော်ဝါရီလ မှာကျင်းပခဲ့ကြပြီး အာဖရိကက မေလမှာကျင်းပ ကြတယ်လို့ သိရပါတယ်။ သြစတေးလျှနဲ့ ဘယ်လ်ဂျီယံ နိုင်ငံများ မှာဆိုရင်တော့ မေလ ဒုတိယပတ် တနင်္ဂနွေနေ့မှာ ကျင်းပကြောင်း သိရပါတယ်။ မြန်မာနိုင်ငံမှာတော့ ပြာသိုလပြည့်နေ့ကို အမေများနေ့ အဖြစ် သတ်မှတ်ထားတယ်လို့ ဆိုရမှာပေါ့။

အမေများနေ့ဟာ အနောက်နိုင်ငံများမှ ဆင်းသက်လာတာ ဖြစ်ပြီး ယနေ့ဆိုရင် ကမ္ဘာ တစ်ဝှမ်းလုံးသို့ ပျံ့နှံ့သွားခဲ့ ပါပြီ။ ဒါကြောင့် အမေများနေ့ကို ရောက်သည်ဖြစ်စေ မရောက်သေးဘူးဖြစ်စေ သင့်အတွက်ကတော့ အမေဟာ အမြဲတန်းလို အပ်နေပါတယ်။ ဒါကြောင့် သင့် ဘဝဟာ သင့် အမေဖြစ်သလို သင့်အမေဟာ သင့်ဘဝ ဖြစ်ပါတယ်။ အမေမရှိဘူးဆိုရင် ဘဝဟာလည်း မရှိနိုင်တော့ပေ။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

အပြည့်အစုံသို့ »

ခြင်ဆေးခွေ တစ်ခွေက ဆေးလိပ် အလိပ်တစ်ရာ သောက်သည့် ဆိုးကျိုးနှင့် ညီမျှပါတယ်


ခြင်ဆေးခွေ တစ်ခွေက ဆေးလိပ် အလိပ်တစ်ရာ သောက်တာနှင့် ညီမျှပါတယ်

တကယ်အရေး ကြီးပါတယ်။ သိလည်း သိသင့်တဲ့ အရာတစ်ခုပါ။ အဲဒါကတော့ ခြင်ဆေးခွေ တစ်ခွေက ဆေးလိပ် အလိပ်တစ်ရာ သောက်တာနှင့် ညီမျှတယ်ဆိုတာပဲ ဖြစ်ပါတယ်။

ခြင်ဆေးခွေ အခွေတစ်ရာ၏ အနံ့ကို ခံရသူတွေတိုင်းဟာ ကင်ဆာဖြစ်ဖို့ အတော်လေး အာသန်နေပါပြီ။ ဒါကြောင့် ခြင်ဆင်ခွေ အသုံးပြုခြင်းကို ရှောင်နိုင်ရန်
ဗဟုသုတ ရရှိစေရန် ရေးသားလိုက်ရပါတယ်။

အခြားသူများကို Share လုပ်၍ ပြန်လည် မျှဝေလိုက်ပါနော်။

ကျော်လင်းနိုင် (ကျန်းမာရေးနှင့် အလှအပ သတင်းများ )

အပြည့်အစုံသို့ »

အိပ်မပျော်သူများ အတွက် မြင်းခွာရွက်နှင့် ပျားရည်




မြင်းခွာရွက်ဟာ ဆေးဘက်ဝင် အပင်တစ်မျိုး ဖြစ်သည့်အပြင် ကျန်းမာရေး အကျိုးကျေးဇူး တွေလည်း ပေးစွမ်းပါတယ်။

အဲဒီထဲကမှ အိပ်မပျော်သူတွေ အတွက် မြင်းခွာရွက်၏ ဆေးဘက်ဝင်ပုံကို မျှဝေပေးပါ့မယ်။ မြင်ခွာရွက်ကို အရိပ်ရှိသော နေရာများမှာ အခြောက်ခံပါ။ (အရိပ်ရှိသော နေရာဆိုတာ နေရောင် ခြည်မရသော နေရာကို ဆိုလို ပါသည်။ )

ထိုအခြောက်ခံပြီးသော အရွက် များကို အမှုန့်ကြိတ်ပြီး ပျားရည် နှင့် ရောစပ်ကာ ညအိပ်ယာ ဝင်ခါနီး အချိန် တိုင်း လျက်ပေး ပါ။ ရောစပ်တဲ့ နေရာမှာ ပျားရည်နှင့် ဆတူရော စပ်နိုင် ပါတယ်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

အပြည့်အစုံသို့ »

ချောင်းဆိုးခြင်းကို သက်သာစေမယ့် နောက်ဆုံးပေါ် လက်နက်များ


စာဖတ်ပရိသတ် မိတ်ဆွေတွေအတွက် နည်းလမ်းကောင်းလေးမို့
ပြန်လည်ကာ မျှဝေပေး လိုက်ရခြင်းပဲ ဖြစ်ပါတယ်။ ချောင်းဆိုးရောဂါကို
သက်သာစေအောင် အိမ်တွင်းရှိ စားသုံး ကုန်ပစ္စည်းတွေနဲ့ ကုသနိုင်ပါတယ်။

လိုအပ်သည်များ

သံပုရာသီ တစ်စိတ်ကို ဆားနည်းနည်းဖြူး ငရုပ်ကောင်းများများလေး
ဖြူးကာ ကိုက်စားခြင်းအားဖြင့် ချက်ခြင်း ချောင်းဆိုးခြင်းကို သက်သာစေနိုင် ပါတယ်။

နောက်တစ်နည်းကတော့ နွားနို့ပူပူလေးကို ပျားရည်တ်ပြီး သောက်ပါက
သက်သာစေနိုင်ပါတယ်။

ကျော်လင်းနိုင် (ကျန်းမာရေးနှင့် အလှအပ သတင်းများ )

အပြည့်အစုံသို့ »

အရေပြား ကင်ဆာအတွက် ရှောက်သီးအခွံ


ရှောက်သီး၏ အခွံကို လူအတော်များများဟာ လွှတ်ပစ်လေ့ ရှိကြပါတယ်။
တကယ်တော့ ရှောက်ခွံမှာလည်း ဆေးဘက်ဝင် အာနိသင်တွေ ရှိပါတယ်။

ရှောက်ခွံကို ရှောက်ယို အဖြစ် ပြုလုပ်ပြီး စားနိုင် ယုံသာ မကဘဲ လက်ဖက်ရည်ထဲမှာ ထည့်ပြီးသောက်သုံးမယ် ဆိုရင် အရေပြားကင်ဆာ အတွက် ကောင်းမွန် ပါတယ်။ ဒါကြောင့် အရေပြားကင်ဆာ အတွက် ရှောက်ခွံကို မှီဝဲ သင့်ပါတယ်။

နောင်တစ်ချိန် ရှောက်သီးဝယ်ရင် ရှောက်ခွံကို လွှတ်မပစ်ဘဲ လက်ဖက်ရည်ထဲမှာ ထည့်ပြီး သောက်ပါလို့ အကြံပေးပါရစေနာ်။

ကျန်းမာရေးနှင့် အလှအပ သတင်းများ

အပြည့်အစုံသို့ »

သနပ်ခါးရွက်က ငှက်ဖျားရောဂါကို ကုသနိုင်ပါတယ်



သနပ်ခါးရွကိုတော့ လူတိုင်းသိတဲ့ အတွက် စာရေးသူ အထူးတလည်
ရှင်းပြရန် လိုတော့မည် မဟုတ်ပေ။ ဒါကြောင့် အသုံးပြုပုံလေးကိုပဲ
ပြောပြ လိုက်ပါတယ်။

သနပ်ခါးရွက်ဟာ ငှက်ဖျားရောဂါ အတွက် ကောင်းမွန်တဲ့ ဆေးတစ်လက်ပါ။
အရွက်ကို ပြုတ်လိုက်ပါ။ ရရှိတဲ့ အရည်များကို ဆားများများ ထည့်ကာ
သောက်ခြင်းဖြင့် ငှက်ဖျားရောဂါကို ပျောက်ကင်း စေမှာ ဖြစ်ပါတယ်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

အပြည့်အစုံသို့ »

ဆီချိုရှိသူများ ကြော်စားသင့်တဲ့ ကင်းပုံရွက်



ကင်းပုံရွက်ဟာ ဆေးဘက်ဝင် အသီးအနှံ့ တစ်မျိုးဖြစ်ပါတယ်။ အထူးသဖြင့်
ဆီးချိုရောဂါ အတွက် ကောင်းမွန်တယ်လို့ သိရပါတယ်။

အရွက်စိမ်းကို ကြော်စားခြင်း အားဖြင့် ဆီချိုရောဂါကို သက်သာပျောက်ကင်း
စေမှာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ကင်းပုံရွက်ကို အရည်ညစ်လိုက်ပါ။
ထိုအရည်ကို ရေယုန်နာပေါ်သို့ ခဏခဏ တို့ပေးခြင်းအားဖြင့် ရေယုန်နာကို
ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

ကျန်းမာရေးနှင့် အလှအပ သတင်းများ
ကျော်လင်းနိုင်

အပြည့်အစုံသို့ »

ကမ္ဘာ့ပထမဆုံး ရေပေါ်မှာ တည်ဆောက်ထားတဲ့ မြို့


အဝေးက ကြည့်လိုက်ရင်တော့ သင်္ဘောတစ်စီးလို့ ထင်ရပါတယ်။ တကယ်တော့ ရေပေါ်မှာ တည်ဆောက်ထားတဲ့ မြို့တစ်ခု ဖြစ်ပါတယ်။

ရေပေါ်မှာ တည်ဆောက် ထားတဲ့ မြို့ဆိုပေမယ့်လည်း အားလုံးရှိပါတယ်။ အဲဒါတွေ ကတော့ ရှော့ပင်စင်တာများ၊ ပန်းခြံများများ၊ ဈေးများ၊ ကျောင်းများ၊ ဆေးရုံးများ၊ မြို့တော် ခန်းမများ၊ ပန်းချီ၊ ပန်းပု စသည့် အနုပညာ လက်ရာပြခန်း အဆောက်အအုံများ ၊ ရုပ်ရှင်ရုံများ အပြင် လေယာဉ်ကွင်းတောင် ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ကုန်းမြေပေါ်ရှိ မြို့တစ်မြို့ ကဲ့သို့ပင် စီစဉ်ပေးထား ပါတယ်။

၎င်းမြို့မှာ အလွှာပေါင်း ၂၅ လွှာရှိပြီး အရှည်အားဖြင့် ၄၅၀၀ ပေ အမြင့် ၇၈၀ ပေ ဖြစ်ပါတယ်။ တည်နေရာ ကတော့ ဖလော်ရီဒါ ကမ်းခြေမှာ ဖြစ်ပါတယ်။ ကြီးမားပြီး ကျယ်ပြန့်တဲ့ သင်္ဘောတစ်စီးကဲ့သို့ တည်ဆောက်ထားတဲ့ ရေပေါ် လူနေ အဆောက်အအုံကြီးကို ကမ္ဘာ့ပထမဆုံး ရေပေါ် တည်ဆောက်ထားတဲ့ မြို့ အဖြစ် သတ်မှတ်ခံထား ရပါတယ်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

အပြည့်အစုံသို့ »

ဒန့်သလွန်သီး၏ ဆေးဘက်ဝင် အာနိသင်များ


ဒန့်သလွန်သီး ကတော့ ဟင်းချက်ရာတွင် ထည့်ချက်လေ့ရှိတဲ့ အသီးတစ်မျိုးဖြစ် ပါတယ်။ ၎င်းအသီးဟာ တန်ဖိုးရှိလှတဲ့ ကျန်းမာရေး အာနိသင် တွေကိုပေးစွမ်း ပါတယ်။

ဒန့်သလွန်သီးဟာ အပူနာများအတွက် ကောင်းမွန်စေပြီး မျက်စိ အတွက်လည်း မှီဝဲပေးသင့် ပါတယ်။ ဒါ့အပြင် ဒန့်သလွန်သီးဟာ ကလေးငယ်များကို သံကောင် တုပ်ကောင်းများ ကင်းရှင်းစေနိုင်ပါတယ်။ ဟင်းချက်ရာတွင် ထည့်ချက်ပြီး ကျွေးနိုင်ပါတယ်။

ဒန့်သလွန်စေ့ကို အမှုန့်ပြုလုပ်ပြီး နားအတွင်းသို့ ထည့်ပေးပါက နားကိုက်ခြင်း နားပြည်ယို ခြင်းများ အတွက် အထူးပင် ကောင်းမွန်စေ ပါတယ်။ အစေးကလည်း အစွမ်းထက် အာနိသင် ပါရှိပါတယ်။ ထိုအစေးကို ပါးစပ်တွင် ငုံပေးခြင်း အားဖြင့် သွားပုပ်ခြင်းကို သက်သာ ပျောက်ကင်းစေနိုင် ပါတယ်။

ဒါ့အပြင် အပွင့်ကလည်း အသုံးဝင်လှပါတယ်။ သလိပ် ရောဂါ၊ လေဖောက
ပြန်သော ရောဂါ များနှင့် ဖောရောင် ခြင်း၊ အဖျဉ်း ကြီးခြင်းအတွက်
ကောင်းမွန်လှပါတယ်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

အပြည့်အစုံသို့ »

ဆူးပုပ်ရွက်၏ ကျန်းမာရေး စွမ်းပကားများ


ဆူးပုပ်ရွက်ဟာလည်း ကျန်းမာရေး အကျိုးကျေးဇူးတွေကို ပေးစွမ်းပါတယ်။

ချောင်းဆိုးရောဂါများကို ပျောက်ကင်းစေတဲ့ အပြင် မီးယပ်ရောဂါ အတွက်လည်းကောင်းမွန်တဲ့ ဆေးတစ်လက် ဖြစ်ပါတယ်။ ဒါ့အပြင် အစာမကြေ ရောဂါများ အတွက် ကောင်းမွန်တဲ့ ဆေးတစ်လက် ဖြစ်ပါတယ်။ လေရောဂါများ အတွက်လည်း ကောင်းမွန်စေပါတယ်။

အသားမာတက်ခြင်းနှင့် သွားဖုံ သွေးထွက်ခြင်းတွေ အတွက် မှီဝဲပေးသင့်သော
အစာအစာ တစ်မျိုးဖြစ်လို့ ရေးသားလိုက်ရပါတယ်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

အပြည့်အစုံသို့ »

ခွေးတောက်ရွက်၏ ကျန်းမာရေး အကျိုးပြုပုံ


ခွေးကောက်ရွက်ကို ဘဲဥဖြင့် ကြော်စားခြင်းအားဖြင့် ခွန်အားဖြစ်စေ ပါတယ်။ဒါတ င်မကသေးပါဘူး။ ခွေးတောက်ရွက်ဟာ ပြည်တည်နာများ အနာဆွေးများသွေးစုနာများ အနားစိမ်းကို ပျောက်ကင်းစေနိုင်ပါ တယ်။ အရွက်ကို မီးကင်၍အုံပေးပါ။

ခွေးတောက်ရွက်ဟာ ဆီးချုပ် လေထိုး လေအောင့် လေငန်းရောဂါများ
အတွက် ကောင်းမွန်တဲ့ ဆေးတစ်လက်ဖြစ်ပါ တယ်။ ကြော်စား၍ဖြစ်စေ
အပြုတ်တို့ လုပ်ပြီးလစားသည် ဖြစ်စေ အာနိသင် ရှိပါတယ်။

ဒါ့အပြင် ကြက်သားဖြစ် ရောစပ်ကာ ချက်စားမယ် ဆိုရင် ဝမ်းတွင်း 
အစိပ်အတောက်များကို ပြေစေနိုင်တဲ့ သတ္တိများစွာ ပါရှိလို့မြန်မာ့
ဆေးဘက်ဝင် ခွေးတောက်ရွက်ကို မှီဝဲပေးကြပါရန် တိုက်တွန်း
အပ်ပါတယ်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

အပြည့်အစုံသို့ »