Showing posts sorted by relevance for query ဦးရဲမြင့်. Sort by date Show all posts
Showing posts sorted by relevance for query ဦးရဲမြင့်. Sort by date Show all posts

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နေအိမ် မီးလောင်ကျွမ်းမှု သက်ဆိုင်ရာ သတင်းမထုတ်ပြန်သေးဟုဆို


မန္တလေး၊ ဧပြီ ၂၀

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့် နေအိမ်တွင် ဧပြီလ ၁၉ ရက်နေ့ ညပိုင်းက လျှပ်စစ်မီး ဝါယာရှော့မှတစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ယင်းကိစ္စနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန အနေနှင့် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပြီး အရေးယူမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးနှင့် မီးသတ်ဦးစီးဌာနထံမှ သိရသည်။

မန္တလေးမြို့တော်တွင် ဧပြီလ ၁၉ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်က ဝန်ကြီးချုပ် နေအိမ်နှင့် ဧပြီလ ၂၀ ရက်နေ့ နံနက် ၂ နာရီ ၄၀ မိနစ်တွင် ဈေးချိုဟိုတယ်တို့တွင် မီးလောင်ကျွမ်းခဲ့ရာ အချိန်ခုနစ်နာရီခန့် အတွင်း မီးလောင်ကျွမ်းမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“မီးသတ်ကားသံကို နီးနီးကပ်ကပ် ကြားလိုက်ရတော့ ဘယ်နေရာလဲဆိုပြီး လိုက်ကြည့်တာ၊ ကိုယ်လည်း ဝန်ကြီးချုပ်အိမ် ဆိုတာလည်း မသိပါဘူး။ ဘေးက လူတွေပြောတော့မှ သိတာ။ မီးခိုးတွေ အိမ်အပေါ်ထပ်ကနေ ထွက်နေတာကိုပဲ မြင်ရတယ်။ မီးသတ်ကားတွေလည်း အများကြီး ရောက်လာတယ်။ မီးလောင်ပြီး မိနစ် ၂၀ ကျော်လောက်မှာပဲ တစ်လမ်းလုံး မီးတွေ အကုန်ပိတ်သွားပြီး အမှောင်ကျသွားတာပဲ။ မီးသတ် တပ်ဖွဲ့ဝင်တွေတောင် ဝတ်စုံမပြည့်စုံရင် အိမ်ထဲ ဝင်မရတာကို တွေ့ရတယ်။ သတင်းထောက်တွေလည်း အိမ်အပြင်ကပဲ ဓာတ်ပုံ ရိုက်နေရတာကိုလည်း တွေ့ရတယ်” ဟု အဆိုပါ မီးလောင်ကျွမ်းသည့် နေရာတွင် ရောက်ရှိနေခဲ့သူ ဝန်ကြီးချုပ် အိမ်ရှိရာ မဟာဇေယျာဘုံ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

ဝန်ကြီးချုပ် နေအိမ် မီးလောင်ကျွမ်းမှုကို စုံစမ်းစစ်ဆေးလျက် ရှိကာ ဈေးချိုဟိုတယ် မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ ဟိုတယ်မှ တာဝန်ရှိသူတစ်ဦးကို ပ ၃၃၇/၂၀၁၄ ပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူထားကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဟိုတယ် မီးလောင်ကျွမ်းမှုတွင် ငွေစာရင်းခန်းမှ ဝါယာရှော့ ဖြစ်ခြင်းဖြစ်ပြီး ဆုံးရှုံးမှုပမာဏ ကျပ် ၄၂ သိန်းခန့်ရှိကာ ထိခိုက်ဒဏ်ရာရရှိသူ ရှစ်နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ခြောက်ဦးရှိကာ အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာ မရှိကြောင်း၊ ဟိုတယ် မီးလောင်ရာ နေရာသို့ မီးသတ်ယာဉ် ၆၅ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၂၃၅ ဦး သွားရောက် မီးငြှိမ်းသတ်ခဲ့ပြီး နံနက် ၄ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းသွားကြောင်း ၎င်းက ထပ်မံပြောကြားသည်။

“ဟိုတယ် မီးလောင်တာကို မီးသတ် တပ်ဖွဲ့ဝင်တွေ ကြိုးစားပြီး ငြှိမ်းနေရတာကို တွေ့ရတယ်၊ တော်တော်လည်း ချီးကျူးဖို့ ကောင်းပါတယ်။ ဟိုတယ်ထဲမှာ ပိတ်မိနေတဲ့ သူတွေကိုလည်း လှေကားရှည်တွေ ထောင်ပြီး ကယ်ဆယ်နေတာကို တွေ့ရတယ်။ မီးကလည်း အထဲကနေ လှိုက်လောင်နေတော့ အချိန်တော်တော်ကြာမှ မီးငြိမ်းသွားတယ်” ဟု အဆိုပါ မီးလောင်ကျွမ်းရာတွင်ရှိနေသူ သီရိမန္တလာ ကားကွင်းအနီးရှိ တိုက်ခန်းတွင် နေထိုင်သူ အသက် ၃၇ နှစ်အရွယ်ရှိ ဦးကျော်မိုးက ဆိုသည်။

The Voice Weekly
ဆက်စပ်သတင်း - မန္တလေး ဝန်ကြီးချုပ် ဦးရဲမြင့် သတင်းများ
အပြည့်အစုံသို့ »

မန္တလေးတိုင်း ဝန်ကြီးချုပ်ကို မီးပေါ့ဆမှုဖြင့် အမှုဖွင့်


နေအိမ်မီးလောင်မှု အတွက် အိမ်ထောင်ဦးစီးဖြစ် သည့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးရဲမြင့် ကို မီးပေါ့ဆစွာသုံးစွဲမှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

နေအိမ်မီးလောင်မှုဖြစ်ပွား ခဲ့သည့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးရဲမြင့်အား အောင်မြေသာစံမြို့နယ် ရဲတပ် ဖွဲ့မှူးက တရားလိုပြုလုပ်ကာ မီးပေါ့ဆစွာသုံးစွဲမှုအတွက် အိမ် ထောင်ဦးစီးအနေဖြင့် ဖြေရှင်း ပေးရန် နယ်မြေပိုင်ရဲစခန်းဖြစ် သည့် အမှတ်(၁)ရဲစခန်းတွင် ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ရဲအရာရှိ တစ်ဦးက ပြောသည်။

ဆက်စပ်သတင်း - မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နေအိမ် မီးလောင်ကျွမ်းမှု သက်ဆိုင်ရာ သတင်းမထုတ်ပြန်သေးဟုဆို

‘‘ရဲတပ်ဖွဲ့ရဲ့ လုပ်ထုံးလုပ် နည်းအရ မီးပေါ့ဆစွာသုံးစွဲမှုအ တွက် အိမ်ထောင်ဦးစီးဖြစ်တဲ့ ဝန်ကြီးချုပ်ကို အမှုဖွင့်တာဖြစ်ပါ တယ်’’ဟု ၎င်းရဲအရာရှိက ပြော သည်။

မီးပေါ့ဆစွာသုံးစွဲမှုပြစ်မှု ပုဒ်မ ၂၈၅ သည် မီးလောင်မှု ကြောင့် ဆုံးရှုံးရသည့် ပစ္စည်း တန်ဖိုးအနည်းအများပေါ်မူတည် ကာ ဒဏ်ငွေရိုက် အရေးယူနိုင် သည့် ပြစ်မှုပုဒ်မဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးရဲမြင့် နေထိုင်လျက်ရှိသော မန္တလေးမြို့ အောင်မြေသာစံမြို့နယ် (၆၅) လမ်း၊ (၂၃)လမ်းနှင့် (၂၄)လမ်း ကြားရှိ နေအိမ်အဆောက်အအုံ မှာ ဧပြီ ၁၉ ရက် ည ၈ နာရီခန့်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ နှစ်ထပ်အဆောက်အ အုံ၏အပေါ်ထပ်ပိုင်း၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့၍ ကျပ် ၁၁ သိန်းတန်ဖိုးခန့် ဆုံးရှုံးခဲ့ကြောင်း အမှုတွဲတွင် ဖော်ပြထားသည်။

နေအိမ်အပေါ်ထပ်ရှိ လေ အေးပေးစက်အတွက် အသုံးပြု ရန် တပ်ဆင်ထားသော Safe Guard အပူလွန်ရာမှ မီးလောင်မှု စတင်ဖြစ်ပွားခြင်းဖြစ်သည်ဟု မီး လောင်မှု အမှုတွဲတွင်ဖော်ပြထား သည်။ မီးလောင်မှုဖြစ်ပွားရသည့် အသေးစိတ်အချက်အလက်များ ကို ဆက်လက်စစ်ဆေး နေဆဲဖြစ် သည်။

မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ သော အဆောက်အအုံမှာ ယခင် က တရားရေးဌာန၏ ဧည့်ဂေဟာ ဖြစ်ကြောင်း၊အစိုးရသစ်အပြောင်း အလဲတွင် ယင်းအဆောက်အအုံ ကို တိုင်းဒေသကြီးဝန်ကြီးချုပ်နေ အိမ်အဖြစ် သတ်မှတ်ခဲ့ပြီး လက် ရှိအချိန်တွင် မန္တလေးတိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးရဲ မြင့်နေထိုင်နေခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

မီးလောင်မှုဖြစ်ပွားခဲ့ပြီး လေးရက်အကြာတွင် ဝန်ကြီးချုပ်ကိုယခုကဲ့သို့ အမှုဖွင့်အရေးယူခြင်းဖြစ်သည်။

Author: မောင်တာ

7DAY DAILY
အပြည့်အစုံသို့ »

မန္တလေးဝန်ကြီးချုပ် ယာဉ်တန်း တိုက်ခိုက်မှု စုံစမ်းစစ်ဆေးမည်


မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့် လိုက်ပါလာတဲ့ယာဉ်တန်း မိုင်းခွဲ တိုက်ခိုက် ခံရမှုကို ဘယ်အဖွဲ့အစည်းက ဘယ်လိုရည်ရွယ်ချက်နဲ့ တိုက်ခိုက်ခဲ့တယ်ဆိုတာ စုံစမ်းဖော်ထုတ်နေတယ်လို့ သမ္မတပြောခွင့်ရ ဒုပြန်ကြားရေးဝန်ကြီးက ပြောပါတယ်။ အရင်ကတည်းက တိုင်းဒေသကြီးဝန်ကြီးချုပ်တွေအတွက် လုံခြုံရေး အစီအမံတွေ ရှိထားပြီးဖြစ်ပေမဲ့ အခုလိုဝန်ကြီးချုပ်ကို ဦးတည်ချက်ထား တိုက်ခိုက်ခံတာဟာ ပထမဆုံးဖြစ်လို့ ဘာအကြောင်းရင်းကြောင့်ဆိုတာ သိရှိဖို့ စုံစမ်းနေပြီး ဝန်ကြီးချုပ်တွေရဲ့ လုံခြုံရေးပိုင်းကို  ပိုပြီးတော့ တင်းတင်းကြပ်ကြပ် ဆောင်ရွက်သွားဖို့ ပြင်ဆင်နေတယ်လို့ ဒုပြန်ကြားရေးဝန်ကြီးက ပြောပါတယ်။ ဝန်ကြီးချုပ်ရဲ့ခရီးစဉ်အတွင်း လိုက်ပါသတင်းယူတဲ့ သတင်းထောက်နှစ်ဦးလည်း ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြပါတယ်။ သတင်းအသေးစိတ်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

ဇန်နဝါရီလ ၃၁ ရက်နေ့ ညနေပိုင်းက မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့အနီးမှာ မိုးကုတ်မြို့ကနေပြန်လာတဲ့ မန္တလေးတိုင်း ၀န်ကြီးချုပ် ဦးရဲမြင့် လိုက်ပါလာတဲ့ ယာဉ်တန်းကို ချိန်ပြီးတော့ ချိန်ကိုက်မိုင်းဗုံး ဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။ အခုလိုမျိုး မန္တလေးတိုင်း ဝန်ကြီးချုပ်ရဲ့ယာဉ်တန်းကို ဦးတည်ချက်ထားပြီး တိုက်ခိုက်ခဲ့တဲ့အပေါ် ဘယ်အဖွဲ့အစည်းရဲ့ လက်ချက် ဖြစ်တယ်ဆိုတာ အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သမ္မတပြောခွင့်ရလည်းဖြစ် ဒုတိယပြန်ကြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“တိုက်ခိုက်မှုဖြစ်တယ်ဆိုတာ မှန်ပါတယ်။ အဲဒီမှာ ပေါက်ကွဲမှုတစ်ခုဖြစ်တယ်။ ဒါပေမယ့် အဲဒါကို လုပ်တဲ့အဖွဲ့အစည်းရယ်၊ ဖြစ်တဲ့ အကြောင်းအရင်းကို ဖော်ထုတ်ဆဲဖြစ်ပါသေးတယ်။ အဲဒါကြောင့် အသေးစိတ်သတင်း အချက်အလက်တော့ မရသေးပါဘူး။ ဒါပေမယ့် အဲဒီနေရာက ရှမ်းပြည်မြောက်ပိုင်းနဲ့ ဆက်နေတဲ့နေရာဖြစ်နေတယ်လေ။ ဘယ်အဖွဲ့တွေ ဖြစ်နိုင်လဲဆိုတာတော့ ကျနော်တို့ ဖော်ထုတ်ဆဲပါပဲ။”

တိုင်းဒေသကြီးဝန်ကြီးချုပ်တွေအတွက် လုံခြုံရေးအစီအစဉ် ဆောင်ရွက် ပေးထားမှုနဲ့ အဲ့ဒီ့လို မန္တလေးတိုင်း ဝန်ကြီးချုပ်ကို တိုက်ခိုက်မှု ဖြစ်ခဲ့တဲ့ အချိန် လုံခြုံရေး ယူထားပေးတဲ့ အနေအထား၊ နောက် လုံခြုံရေးပိုင်းကို စိတ်ချရအောင် စီမံဆောင်ရွက်နိုင်ဖို့ ဘာကြောင့် တိုက်ခိုက်ခဲ့ရတယ်ဆိုတဲ့ အကြောင်းရင်းကို သိရှိအောင် အရေးတကြီး စုံစမ်းဖော်ထုတ်နေတာဖြစ်တယ်လို့ ဦးရဲထွဋ်က ရှင်းပြပါတယ်။

“နဂိုရ်မူလကတည်းကလည်း တိုင်းဒေသကြီးဝန်ကြီးချုပ်တွေရဲ့ လုံခြုံရေး အစီအမံတွေက ရှိပြီးသားပါ။ သူနဲ့သွားတဲ့ ယာဉ်တန်းပေါ်မှာပါတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့လိုဟာမျိုးလည်းပါပါတယ်။ ဒီအခြေအနေတွေပေါ် မူတည်ပြီးတော့မှ ကျနော်တို့ ဖော်ထုတ်ဆဲဆိုတာ အဲဒါလေ။ ရည်ရွယ်ချက်က ဘာလဲ၊ ဘယ်အဖွဲ့အစည်းလဲ- ဒါတွေကို ကျနော်တို့ ဖော်ထုတ်ပြီးတော့မှ အဲဒီအပေါ်မှာ မူတည်ပြီးတော့မှ လိုအပ်သလို ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

အခုလို မိုင်းခွဲတိုက်ခိုက်ခဲ့မှုကြောင့် မန္တလေးတိုင်းဝန်ကြီးချုပ်ခရီးစဉ် ယာဉ်တန်းနဲ့ အတူ လိုက်ပါလာတဲ့ လူသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး တစ်ဦးက အခုချိန်ထိ မန္တလေး  အထွေထွေရောဂါကုဆေးရုံကြီးမှာ ကုသမှု ခံယူနေရပြီးတော့ ကျန်နှစ်ဦး ကတော့ ဒဏ်ရာ မပြင်းထန်တဲ့အတွက် ဆေးရုံကဆင်းသွားပြီလို့ မန္တလေး အထွေထွေရောဂါကုဆေးရုံ၊ ပြင်ပလူနာကုဌာန တာဝန်ကျ တစ်ဦးကလည်း ဗွီအိုအေမြန်မာပိုင်းက ဆက်သွယ်မေးမြန်းချိန်မှာ ပြောပြခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုမှာတော့ မန္တလေးဝန်ကြီးချုပ်မှာ ထိခိုက်ဒဏ်ရာရခဲ့တာ မရှိခဲ့ပါဘူး။ မန္တလေးဝန်ကြီးချုပ်ရဲ့ယာဉ်တန်းတိုက်ခိုက်ခဲ့ရမှုနဲ့ ပတ်သက်တဲ့ သတင်း အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ပြီးတော့ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး သတင်း အချက်အလက်အပြည့်အစုံကို အစိုးရအဖွဲ့အနေနဲ့ မကြာခင် သတင်းထုတ်ပြန် ပေးသွားမှာဖြစ်တယ်လို့လည်း ဒုပြန်ကြားရေးဝန်ကြီးက ပြောပါတယ်။

“အဲဒီလမ်းကတော့ အခုလည်း ခရီးသည်တင်ကားတွေ သွားနေကြတာလေ။ တိုင်းဒေသကြီးအစိုးရရဲ့ သတင်းအဖွဲ့လည်းပါတယ်။ ဒါပေမယ့် ဒေသခံသတင်းထောက်တွေလည်း ပါတယ်လို့ ပြောတယ်။ ကျနော်ကတော့ အဲဒါတော့ confirm မလုပ်နိုင်ဘူး။ ကျနော်က အတိအကျ မသိရလို့လေ။ နှစ်ယောက်ပါတယ်လို့- ထိခိုက်ဒဏ်ရာရတဲ့အထဲမှာ သတင်းထောက် တစ်ယောက်ပါတယ်လို့တော့ ပြောတယ်။ ဒါပေမယ့် ကျနော်က သေချာမသိလို့ပါ။ အဲဒီနေရာမှာ စုံစမ်းဖော်ထုတ်ဆဲဖြစ်ပြီးတော့ ကျနော်လည်း လောလောဆယ် ပြောလို့ မရသေးပါဘူးခင်ဗျ။ ရလို့ရှိရင်တော့ အချက်အလက် အပြည့်အစုံတွေ ထုတ်ပြန်ပေးပါ့မယ်။”

မန္တလေးဝန်ကြီးချုပ်ခရီးစဉ်အတွင်း လိုက်ပါသတင်းယူရင်းနဲ့ ဒဏ်ရာရရှိသူ နှစ်ဦးကတော့ မန္တလေးနေ့စဉ်သတင်းစာက သတင်းထောက် ဦးအောင်မင်းဦး (ခေါ်) မန်းကိုကို (ခေါ်) ကိုမန်းကြီးဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးက ပြန်ကြားရေးသတင်းထောက် ဦးဇင်မင်းထွန်းတို့ ဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံး အနည်းငယ် ဒဏ်ရာတွေရခဲ့ကြတယ်လို့  မန္တလေးဒေသခံ သတင်းထောက်တွေက ပြောပါတယ်။ မန္တလေးဝန်ကြီးချုပ်ရဲ့ ယာဉ်တန်းတိုက်ခိုက်မှုမှာ မန္တလေး သတင်းသမားတွေ ထိခိုက်ဒဏ်ရာရတာနဲ့ ပတ်သက်ပြီး မန္တလေးမြို့က ဒေသခံ သတင်းထောက် ကိုမင်းထက်ငြိမ်းချမ်းက ပြောပြတာကတော့-

“မိုးကုတ်ကနေ နောင်ချိုပေါ့၊ လမ်းသစ်ရှိတယ်လေ။ အရင်တုန်းက မိုးကုတ်-မန္တလေး ကားလမ်းမဟုတ်သေးဘူး။ မေမြို့ဘက်မှာဖောက်တဲ့ မိုးကုတ် ကားလမ်းကြီး ရှိတယ်လေ။ ကားလမ်းသစ်ကနေ ပြန်လာတာပေါ့ဗျာ။ နောင်ချိုဘက်ကို ပြန်လာတော့ အဲဒီ မိုးကြိုးပစ်ရွာနားမှာ case ဖြစ်တာ။ သတင်းထောက်နှစ်ယောက်က ကိုအောင်မင်းဦးဆိုတာ မန်းကြီး (ခေါ်) မန်းကိုကို (ခေါ်) ကိုအောင်မင်းဦး။ ရန်ကုန်တိုင်းက။ ဒါပေမယ့် သူက တကယ်တော့ မန္တလေးနေ့စဉ်မှာလည်း ပါတယ်။ မန္တလေးနေ့စဉ်သတင်းစာရဲ့ သတင်းထောက်ချုပ်လည်းဖြစ်တယ်။ အခြေအနေကတော့ လက်သန်းလေးထိတယ်လို့ ပြောပါတယ်။ ကောင်းပါတယ်။ အခြေအနေ ကောင်းပါတယ်။”

အခုလို ဒေသဆိုင်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်တစ်ဦးအနေနဲ့ တာဝန်နဲ့ သွားလာနေစဉ်အတွင်း ယာဉ်တန်းကို အချိန်ကိုက် ဗုံးခွဲ တိုက်ခိုက်ခဲ့တာဟာ ဒါပထမဆုံးအကြိမ်ဖြစ်ပြီး အခုလိုတိုက်ခိုက်ခဲ့မှုနဲ့ပတ်သက်ပြီး လုံခြုံရေး တာဝန်ရှိသူတွေဘက်က ပေါက်ကွဲမှုဖြစ်စဉ်ကို အရေးတကြီး စုံစမ်းဖော်ထုတ် နေဆဲ အခြေအနေမှာရှိပါတယ်။ တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ လမ်းခရီးမှာတော့ ယာဉ်အသွားအလာတွေ ပုံမှန်ပြန်ဖြစ်နေပါပြီလို့ ဒုပြန်ကြားရေးဝန်ကြီးက ဆိုပါတယ်။

မဆုမွန် (VOA Burmese News)
အပြည့်အစုံသို့ »

မန္တလေးတိုင်း ဝန်ကြီးချုပ်အိမ် မီးလောင်ကျွမ်းမှု တိုင်းဒေသကြီး အစိုးရအဖွဲ့ ဦးဆောင်စစ်ဆေး


မန္တလေး၊ ဧပြီ ၂၁

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၏နေအိမ် လျှပ်စစ်မီး ဝါယာရှော့ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ တရားစွဲဆိုရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ရှိ ဝန်ကြီးတစ်ဦး ဦးဆောင်ပြီး စုံစမ်းစစ်ဆေးလျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ပြောကြားသည်။

မန္တလေးမြို့တော် အောင်မြေသာစံမြို့နယ် ၆၅ လမ်း၊ ၂၃ နှင့် ၂၄ လမ်းကြားတွင် တည်ရှိသော အဆိုပါ ဝန်ကြီးချုပ်နေအိမ် မီးလောင်မှုနှင့် ပတ်သက်ပြီး အမှုဖွင့် တရားစွဲဆို၍ ဥပေဒကြောင်းအရ ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း အဆိုပါ ရုံးတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တချို့မီဒီယာတွေက ဝန်ကြီးချုပ်ကို အမှုမဖွင့်ဘူးလား၊ မဖွင့်ဘူးလား၊ ပြောနေကြတာ။ ဝန်ကြီးချုပ်ကို အမှုဖွင့်မယ်ဆိုရင် သမ္မတဆီကို စာတင် အကြောင်းကြားတာတွေ ဘာတွေလုပ်ရမယ်။ အဲ့ဒါကြောင့် မီးစတင် လောင်ကျွမ်းတဲ့ အကြောင်းအရင်းကို စုံစမ်းနေပါတယ်။ ဝါယာကြိုးတွေ ဆွေးမြည့်နေလို့လား။ ဘာကြောင့် ဖြစ်တယ်ဆိုတာကို တိုင်းဒေသကြီး အစိုးရဖွဲ့က ဝန်ကြီးတစ်ဦး ဦးဆောင်ပြီး စုံစမ်းစစ်ဆေးနေပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ မီးလောင်ကျွမ်းမှု ဖြစ်ပွားစဉ် ဝန်ကြီးချုပ်သည် နေအိမ်အတွင်း၌ ရှိနေခဲ့ကြောင်း မန္တလေး ခရိုင်ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူတစ်ဦးက ထုတ်ဖော် ပြောကြားသည်။

အဆိုပါ မီးလောင်ကျွမ်းမှု ဖြစ်စဉ်နှင့် ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းသော်လည်း အစည်းအဝေး တက်ရောက်နေ၍ ပြန်လည် မဖြေကြားနိုင်ကြောင်း ၎င်းတို့က ပြောကြားသည်။

မန္တလေးမြို့တော်ရှိ ၆၅ လမ်း၊ ၂၃x၂၄ လမ်းကြားတွင် ဧပြီလ ၁၉ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်က မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် နေအိမ်ရှိ အခန်းတစ်ခန်းတွင် လျှပ်စစ်ဝါယာရှော့ ဖြစ်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သော်လည်း အခြား ဘေးပတ်ဝန်းကျင်သို့ မီးကူးစက် လောင်ကျွမ်းခြင်း မရှိခဲ့ပေ။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးကျော်မြင့်က ဝန်ကြီးချုပ်နေအိမ် မီးလောင်မှုနှင့် ပတ်သက်သည့် တွေ့ရှိချက်များကို ဓာတ်ပုံ အထောက်အထားနှင့်တကွ မီးလောင်သည့်နေ့တွင်ပင် မီးသတ်သို့ ချက်ချင်း လွှဲပြောင်းပေးပြီး ဖြစ်ကြောင်း ပြောကြားသည်။

“ဒီအမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးဆဲပဲ တင်ထားတာပါ။ မီးလောင်မှု ဓာတ်ပုံ ပို့တယ် ဆိုတာလည်း ခုထိ လက်ခံရတာမျိုး မရှိသေးပါဘူး။ ဝန်ကြီးတစ်ပါး ဦးဆောင် စစ်ဆေးနေတယ် ဆိုတာလည်း မသိပါဘူး။ တိုင်းအစိုးရအဖွဲ့က ဆောင်ရွက်နေပါတယ်။ သိရင် ကျွန်တော်တို့ ပြောပေးပါမယ် ခင်ဗျာ” ဟု တိုင်းမီးသတ် ဦးစီးမှူးက ပြောဆိုသည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်သည် ဇန်နဝါရီ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်ကလည်း ယာဉ်တန်းဖြင့် မိုးကုတ်မြို့မှ မန္တလေးမြို့သို့ ပြန်လာစဉ် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ဒိုးပင်ရွာနှင့် ဟိုခိုရွာအကြား မိုင်တိုင်အမှတ် ၃၀ နှင့် ၃၁ ကြား အရောက်တွင် လက်ဆွဲမိုင်း ချိန်ကိုက်ရှော့တိုက် ပေါက်ကွဲ တိုက်ခိုက်ခံခဲ့ရပြီး မန္တလေး နေ့စဉ်သတင်းစာ သတင်းထောက်ချုပ် ဦးအောင်မင်းဦးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ ပြန်ကြားရေး သတင်းထောက် ဦးဇင်မင်းထွန်းတို့ ဒဏ်ရာရရှိခဲ့သည်။

The Voice Weekly

ဆက်စပ် - မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးရဲမြင့် သတင်းများ
အပြည့်အစုံသို့ »

မန္တလေးတိုင်း ဝန်ကြီးချုပ် နေအိမ် မီးလောင်မှု ဝန်ကြီးချုပ်ကို တရားစွဲခွင့် မရှိဟုဆို


မန္တလေး၊ ဇွန် ၎

အစိုးရသစ် လက်ထက်တွင် ပထမဆုံးဖြစ်သည့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နေအိမ် မီးလောင်မှုကြောင့် ဝန်ကြီးချုပ်ကို ရဲစခန်း၌ အမှုဖွင့်ထားပြီး ယင်းမီးပေါ့ဆမှုဖြင့် ဝန်ကြီးချုပ်ကို တရားရုံး စွဲတင်ရန် ရှေ့နေချုပ်ရုံးထံ ဥပဒေအကြံ တောင်းခံထားရာ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ညွှန်ကြားချက်အရ ဝန်ကြီးချုပ်ကို တရားစွဲဆိုခွင့် မရှိကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။

ဥပဒေ ပြဋ္ဌာန်းချက်များအရ မီး သို့မဟုတ် မီးလောင်လွယ်သော အရာဝတ္ထုနှင့် စပ်လျဉ်း၍ အရမ်း သို့မဟုတ် ပေါ့ဆစွာ ပြုလုပ်မှု ပျက်ကွက်မှု ပြုသူကိုသာ အရေးယူရန် ဖြစ်ကြောင်း အိမ်ရှင်၏ အလုပ်သမား သို့မဟုတ် စေခိုင်းခြင်းခံရသူက ပေါ့ဆခြင်း၊ ရမ်းကားခြင်း ပြုမိပါက အိမ်ရှင်ကို အပြစ်ပေး၍ မရကြောင်း ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ တရားစွဲနှင့် အမှုလိုက်ဆိုင်ရာ ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

“တရားရုံးတွေမှာ မီးပေါ့ဆမှုဆိုရင် ပေါ့ဆသူကို အရေးယူတယ်။ ခုနောက်ပိုင်း ဒဏ်ငွေနဲ့ မဟုတ်ဘဲ ထောင်ချတာမျိုး ရှိတယ်။ အိမ်ရှင်ကို အရေးယူတာမျိုးလည်း ရှိပါတယ်။ ဒါပေမဲ့ အိမ်ရှင်က လူစား ထည့်တာတွေလည်း ရှိတာပဲ” ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်သန်း (NDF) က ဆိုသည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့် နေအိမ်တွင် ဧပြီလ ၁၉ ရက်နေ့ ညပိုင်း ၈ နာရီ ၃၀ မိနစ်ခန့်က အဲယားကွန်း မီးဖြတ်စက်မှ အပူချိန်လွန်ကဲပြီး မီးလောင်မှု စတင်ဖြစ်ပွားခဲ့ကာ မီးလောင်မှုကြောင့် တန်ဖိုး ကျပ် ၁၁ သိန်း ဆုံးရှုံးခဲ့သည်။ ယင်းမီးလောင်မှုနှင့် ပတ်သက်၍ ဧပြီလ ၂၂ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်ကို (ပ) ၈၅/ ၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ တို့အရ အရေးယူထားကြောင်း အောင်မြေသာစံမြို့နယ် အမှတ် (၁) ရဲစခန်း မှတ်တမ်းအရ သိရှိရသည်။

The Voice Weekly
အပြည့်အစုံသို့ »

ဧပြီ ၁၉ ရက် ညပိုင်းက မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့် နေအိမ်အတွင်း မီးလောင်ကျွမ်းမှု ဖြစ်ပွား

ဧပြီ ၁၉ ရက် ညပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့် မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်နေအိမ်အား တွေ့ရစဉ်

ဧပြီ ၁၉ ရက် ညပိုင်းက မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်နေအိမ်အတွင်း၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုမှာ အောင်မြေသာစံမြို့နယ် မဟာဇေယျာဘုံရပ်ကွက် ၆၅ လမ်း၊ ၂၃ လမ်းနှင့် ၂၄ လမ်းအကြားရှိ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်၏ နေအိမ်အတွင်း၌ ဧပြီ ၁၉ ရက် ည ၈ နာရီခွဲခန့် က မီးစတင်လောင်ကျွမ်းခဲ့ကာ ၈ နာရီ ၄၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း စုံစမ်းသိရသည်။

“မီးလောင်တာက ည ၈ နာရီ ခွဲလောက်မှာပါ။ နေရာက ၀န်ကြီးချုပ် ဦးရဲမြင့်အိမ်လို့ သိပါတယ်။ နေအိမ်အတွင်းထဲမှာ လောင်နေတာကို မြင်ရပါတယ်။ မီးသတ်တပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့တွေကလွဲပြီးတော့ ဘယ်သူ့ကိုမှ ၀င်ခွင့်မပေးတာကိုလည်း တွေ့ရပါတယ်”ဟု မဟာဇေယျာဘုံရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောကြားသည်။

အဆိုပါ တိုင်းဒေသကြီးဝန်ကြီးချုပ် နေအိမ်မီးလောင်ကျွမ်းရာသို့ မီးသတ်တပ်ဖွဲ့များမှ အချိန်မီ မီးငြှိမ်းသတ်နိုင်ခဲ့ကြပြီး မီးလောင်ကျွမ်းရာသို့ သတင်းလာရောက်ရယူကြသည့် မြို့ခံ သတင်းမီဒီယာသမားများအား ရဲတပ်ဖွဲ့ဝင်များက နေအိမ်အတွင်းသို့ သတင်းရယူခွင့် မပြုခဲ့သည့်အပြင် နေအိမ်အပြင်ဘက်မှ သတင်းရယူနေကြသည့် သတင်းသမားများအား ဟန့်တားမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ရုန်းရင်းဆန်ခတ်မှုများလည်း ဖြစ်ပွားခဲ့သည်။ အဆိုပါ မီးလောင်ကျွမ်းရာသို့ သတင်းရယူရာတွင် ရဲတပ်ဖွဲ့ဝင်များ၏ တားဆီးဟန့်တားမှုများကြောင့် မြို့ခံသတင်းမီဒီယာများမှ ဝေဖန်မှုများလည်း ရှိနေကြသည်။

“မီးလောင်တဲ့နေရာက အစိုးရဌာနဆိုင်ရာ ရုံးဖြစ်နေတဲ့အတွက် မီးလောင်မှုနဲ့ပက်သက်ပြီး အရေးယူမှုအပိုင်းတွေနဲ့ သတင်းထုတ်ပြန်ချက်တွေကိုတော့ သက်ဆိုင်ရာအစိုးရဌာနက တာဝန်ရှိသူတွေကို တိုက်ရိုက်မေးမြန်းစေလိုပါတယ်။ မီးသတ်ဌာနက သတင်းထုတ်ပြန်ချက်နဲ့ အစိုးရဌာနက သတင်းထုတ်ပြန်ချက်နှစ်ခုက ကွဲလွဲမှုတွေ ရှိနေမှာစိုးတဲ့အတွက် လောလောဆယ်တော့ သတင်းထုတ်ပြန်ပေးလို့ မရသေးပါဘူး”ဟု မန္တလေးတိုင်းမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မီးလောင်ကျွမ်းမှုဖြစ်စဉ်များအား မန္တလေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်ပေးခဲ့သော်လည်း ယခုတိုင်းဒေသကြီး ၀န်ကြီးချုပ်နေအိမ်အတွင်း မီးလောင်ကျွမ်းမှုဖြစ်စဉ်တွင် မီးလောင်ကျွမ်းရသည့်အကြောင်းရင်း ဖြစ်စဉ် နှင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးအား သတင်းထုတ်ပြန်ပေးရန်အတွက် စစ်ဆေးလျက်ရှိကြောင်းသာ ပြောဆိုခဲ့ပြီး မီးလောင်ကျွမ်းမှုဖြစ်စဉ်နှင့် အရေးယူဆောင်ရွက်သွားမည့် အကြောင်းအရင်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာက သတင်ထုတ်ပြန်လာမည့် အခြေအနေများကို မန္တလေးမြို့ခံများမှ စိတ်ဝင်စားနေမှုများ ရှိနေကြကြောင်း သိရသည်။

“အခု မီးလောင်သွားတဲ့ အဆောက်အအုံကတော့ ၀န်ကြီးချုပ်အတွက် နေရာချထားပေးထားတဲ့ အိမ်တော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ၀န်ကြီးချုပ်ကတော့ မနေတာက များပါတယ်။ အိမ်ကတော့ လုံခြုံရေးအစောင့်တွေတော့ အမြဲတမ်းတွေ့နေရတယ်”ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် နီးစပ်သူတစ်ဦးက ပြောကြားခဲ့ပါသည်။

“အရင်မီးလောင်မှုတွေဆိုရင် မီးလောင်ပြီး နာရီအနည်းငယ်အကြာမှာ သတင်းအချက်အလက်က တိုင်းမီးသတ်မှာ တက်နေပြီ။ အခု မီးလောင်မှုဖြစ်စဉ်ကိုကျတော့ သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းကို ပြန်လွှဲတယ်။ နောက်ပြီး မီးလောင်ရာ နေရာတစ်ဝိုက်ကိုလည်း အမှောင်ချထားတယ်”ဟု သွားရောက် သတင်းရယူခဲ့သည့် မြို့ခံသတင်းထောက်တစ်ဦးက ဆိုသည်။

ယခု ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ ၃၁ ရက် မွန်းလွဲ ၃ နာရီခန့်က မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်၏ မိုးကုတ်မြို့ခရီးစဉ်မှ အပြန်လမ်းတွင် နောင်ချိုမြို့နယ်အတွင်းရှိ ဟိုပင်နှင့်ဟိုခိုကျေးရွာအကြား၌ ၎င်းတို့ စီးနင်းလာသည့် ယာဉ်တန်းအား ဗုံးခွဲတိုက်ခိုက် ခံခဲ့ရရာ အစိုးရသတင်းစာမှ သတင်းထောက် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့သည်။

Eleven Media Group 
အပြည့်အစုံသို့ »

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကို တရားရုံးစွဲတင်ရန် ဥပဒေအကြံပြုချက် တောင်းခံမည်


မန္တလေး၊ မေ ၁၉

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့် နေအိမ်တွင် ဧပြီလ ၁၉ ရက်နေ့ ညပိုင်းက လျှပ်စစ်မီး ဝါယာရှော့မှ တစ်ဆင့် မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ အောင်မြေသာစံမြို့နယ် အမှတ် (၁) နယ်မြေ ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်ထားပြီး တရားရုံး စွဲတင်ရန်အတွက် ဥပဒေအကြံပြုချက် တောင်းခံမည် ဖြစ်ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး စိန်ထွန်းက ပြောကြားသည်။

လက်ရှိအချိန်တွင် ရဲလုပ်ထုံး လုပ်နည်းအရ သက်သေများကို စစ်ဆေးဆဲ အဆင့်တွင် ရှိနေပြီး မြို့နယ်၊ ခရိုင်မှတစ်ဆင့် ဥပဒေချုပ်ရုံးသို့ ဥပဒေအကြံပြုချက် တောင်းခံသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းသို့ ဥပဒေအကြံပြုချက် ရရှိရန် ခရိုင်ဥပဒေရုံးသို့ ပေးပို့သွားမည် ဖြစ်ပြီး မည်သည့်အချိန်တွင် ပို့မည်ကို မသိရသေးကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“အမှုက ကြန့်ကြာနေတယ်လို့တော့ ပြောလို့ မရဘူး။ သာမန်အရပ်သား မဟုတ်ဘူး။ ဝန်ကြီးချုပ် ဖြစ်နေတဲ့အတွက် သက်ဆိုင်ရာ ဌာနတွေမှာ ခွင့်ပြုချက် တောင်းရတာတွေ ရှိတယ်။ ရဲလုပ်ထုံး လုပ်နည်းတွေအရ လုပ်ဆောင်နေရလို့ ကြန့်ကြာနေရတာပါ” ဟု တရားလွှတ်တော်ရှေ့နေ ဦးလှကိုက ပြောကြားသည်။

မန္တလေးမြို့တော်ရှိ တိုင်းဒေသကြီး ဝန်ကြီးချုပ် နေအိမ်တွင် ဧပြီလ ၁၉ ရက်နေ့ ညပိုင်း ၈ နာရီ ၃၀ မိနစ်ခန့်က လေအေးပေးစက်၏ မီးဖြတ်စက်မှ အပူချိန်လွန်ကဲပြီး မီးလောင်မှု စတင်ဖြစ်ပွားခဲ့ကာ ယင်းမီးလောင်မှုကြောင့် တန်ဖိုး ကျပ် ၁၁ သိန်းဖိုး ဆုံးရှုံးသွားပြီး ယင်းမီးလောင်မှုနှင့် ပတ်သက်၍ ဧပြီလ ၂၂ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးရဲမြင့်ကို (ပ) ၈၅/ ၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ တို့အရ အရေးယူထားကြောင်း အောင်မြေသာစံမြို့နယ် အမှတ် (၁) ရဲစခန်း မှတ်တမ်းများအရ သိရှိရသည်။

အရပ်သားအစိုးရ လက်ထက်တွင် ပထမဆုံးအကြိမ်အဖြစ် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကို မီးပေါ့ဆမှုဖြင့် အောင်မြေသာစံမြို့နယ် အမှတ် (၁) ရဲစခန်းတွင် အောင်မြေသာစံမြို့နယ် ရဲမှူးကိုကိုက တရားလိုပြုလုပ်၍ အမှုဖွင့်ထားခြင်း ဖြစ်သည်။

The Voice Weekly
အပြည့်အစုံသို့ »

အင်တာနက်မှ လှုံ့ဆော်မှုများ စုံစမ်းဖော်ထုတ်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ လုပ်နိုင်စွမ်းမရှိ


ဟိန်းကိုစိုး| အင်္ဂါနေ့၊ ဇူလိုင်လ ၈ ရက်၊ ၂၀၁၄ ခုနှစ်

အင်တာနက်ကို အသုံးပြု၍ ပဋိပက္ခဖြစ်စေရေး လှုံ့ဆော်နေသည်များကို စုံစမ်းဖော်ထုတ်ရန် လုပ်ပိုင်ခွင့်မရှိ သကဲ့သို့ အဖွဲ့များ၊ အထောက်အကူပစ္စည်းများလည်း မရှိဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ရဲမှူးချုပ် ၀င်းခေါင် က ဇူလိုင် ၇ ရက်တွင် မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့ ရဲတပ်ဖွဲ့မှာ ပစ္စည်းနဲ့လုပ်ပိုင်ခွင့်တွေ အဲဒီကိစ္စနဲ့ ပက်သက်ပြီး ဘာမှမရှိပါဘူး။ အဓိကကတော့ တရားဥပဒေ စိုးမိုးရေးအတွက်ပဲ ဆောင်ရွက်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး သေချာသက်ဆိုင်တာတော့ ဆက်သွယ်ရေးပါပဲ။ ကျွန်တော်တို့က ဆိုက်ဘာ စုံစမ်းစစ်ဆေးမှုတွေကိုလည်း လုပ်မှာ မဟုတ်ပါဘူး။ အဖွဲ့လည်း မရှိပါဘူး” ဟု ၎င်းက ဆိုသည်။

ဇူလိုင်လအစောပိုင်းက သတင်းစာနှင့် သတင်းဝက်ဘ်ဆိုက်အချို့ကို သတင်းအမှားများ၊ တစ်ပါးသူ ထိခိုက်နစ်နာစေသည့် အကြောင်းအရာများ ရေးသားသူ အသုံးပြုသည့် ဖုန်း၊ ကွန်ပျူတာတို့ကို အင်တာနက်မှတစ်ဆင့်ခြေရာခံ ဖမ်းဆီးနိုင်ရန် လက်တွေ့စမ်းသပ်မှုများ ပြုလုပ်ခြင်း၊ လေ့ကျင့်ခြင်းများ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆောင်ရွက်နေသည်ဟု ဖော်ပြထားသော်လည်း ရဲမှူးချုပ် ၀င်းခေါင်ကမူ ထိုသို့ဆောင်ရွက်နေခြင်း မရှိဟု ငြင်းဆိုသည်။

မန္တလေးပဋိပက္ခများ မဖြစ်ပွားမီ၌ အင်တာနက်လူမှုကွန်ရက်တွင် လှုံ့ဆော်သည့် ရေးသားမှုများ တွေ့ခဲ့ရသေးသည်။ ယင်းရေးသားမှုများအပေါ် အခြေခံ၍ သွားရောက်ကြည့်ရှုခြင်း၊ တုံ့ပြန်မှုပြုခြင်းများကြောင့် မန္တလေးမြို့တွင် လေးရက်အတွင်း လူနှစ်ဦးသေဆုံးခဲ့ပြီး အပျက်အစီးများလည်းရှိခဲ့ကာ ပုဒ်မ ၁၄၄ ပင် ထုတ်ပြန်ထားရသည်။

စစ်အစိုးရလက်ထက် နာမည်ကျော်ခဲ့သည့် အီလက်ထရွန်းနစ်ဥပဒေကို ပြည်ထောင်စုလွှတ်တော်က ၂၀၁၄၊ ဖေ ဖော်ဝါရီ ၂၅ ရက်တွင် ပြစ်ဒဏ်များလျှော့ပေါ့၍ ပြင်ဆင် ပြဋ္ဌာန်းခဲ့ပြီးသော်လည်း ပဋိပက္ခစေရန် အင်တာနက်၌ ရေးသားလှုံ့ဆော်မှုများကို မည်သည့် ဌာနကမျှ အရေးယူခြင်း မရှိသေးပေ။ စစ်အစိုးရလက်ထက် အဆိပါဥပဒေဖြင့် ထောင် ၁၅ နှစ် ချခံခဲ့ရသူ ဘလော့ဂါ နေဘုန်းလတ်က “ထောက်လှမ်းရေးတွေ တော်ပါတယ်။ ဒါပေမဲ့ ဒါတွေကို လုံးဝမလုပ်ဘူး၊ မျက်ကွယ်ပြုထားတယ်”ဟု ဆိုသည်။

သတင်းထောက်များပင် မရနိုင်သည့် ဓာတ်ပုံများကို အင်တာနက်တင်ခြင်းကိုလည်း မေးခွန်းထုတ်လိုသည်ဟု ၎င်းက ပြောသည်။ ပဋိပက္ခများစတင်ခဲ့သည့် ၂၀၁၂ခုနှစ် မေလအတွင်း ရခိုင်ပြည်နယ်၊ ကျောက်နီမော် ကျေးရွာတွင် ဖြစ်ပျက်ခဲ့သည့် ပြစ်မှုတစ်ခု၏ ဓာတ်ပုံ အင်တာနက်ပေါ်ရောက်ခဲ့သည့်အပေါ် ဝေဖန်သူ အများအပြား ရှိခဲ့သည်။ မြို့တော်စစ်တွေမြို့၌ပင် တယ်လီဖုန်းလိုင်းမိရန် ခက်ခဲသည့်အခြေအနေတွင် ပြည်နယ်၏ အစွန်အဖျားတွင်ရှိသည့် အရပ်ဒေသမှ ဓာတ်ပုံတစ်ခု အင်တာနက်တွင် အလျင်အမြန်တက်လာခြင်းကို အံ့သြခဲ့ကြခြင်းဖြစ်သည်။

ဇူလိုင်၂ ရက် မန္တလေးဖြစ်စဉ်မတိုင်မီ တစ်ရက်အလိုတွင် ပဋိပက္ခစတင်မည့် နေရာ၊ ဖြစ်စဉ်များ၊ ထိခိုက်ဒဏ်ရာရသည့် ဓာတ်ပုံများကို လူမှုကွန်ရက် ဖေ့စ်ဘွတ်တွင် တင်ထားသူ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူက လူမျိုးနှင့် ဘာသာစောင့်ရှောက်ရေး ဆောင်ရွက်နေခြင်းသာဟု ဇူလိုင် ၅ ရက်တွင် မဇ္ဈိမကို မိန့်သည်။

“Wira Thu (၀ီရသူ) ဆိုတဲ့ ဖေ့စ်ဘွတ်က ဦးဇင်းတရားဝင်သုံးတဲ့ဟာပါ။ ဟိုတလောက မသုံးတော့ဘူးလို့ ကြေညာတယ်ဆိုတာက တခြားအဖွဲ့အစည်းတွေက တမင်သက်သက် မဟုတ်တာကို ပြောတာပါ။ အဲဒီတုန်းက အကောင့်ကလော့ခ်ကျသွားလို့ ပြန်လုပ်နေတဲ့အချိန် နှစ်ရက်လောက်အတွင်းမှာ ဒီလိုဖြစ်သွားတာပါ။ ဖေ့စ်ဘွတ်ပေါ်မှာ အဖြစ်အပျက်တွေကို နာမည်နဲ့ အတိအလင်းတွေ တင်တာကတော့ လူမျိုးနဲ့ အမျိုးဘာသာကို စောင့်ရှောက်ချင်တဲ့အတွက် အဲဒီလိုတွေ လုပ်နေတာပါ”ဟု မိန့်သည်။

ထို့အတူ အစ္စလာမ်ဘာသာဝင်အမည်များ ဖော်ပြထားသည့် အင်တာနက်လူမှုကွန်ရက်ဖေ့စ်ဘွတ် စာမျက်နှာများကလည်း ဂျီဟတ် (ဘာသာရေးစစ်ပွဲဆင်နွှဲရန်) လှုံ့ဆော်ရေးသားမှုများ၊ ဓာတ်ပုံများ ဦးဝီရသူနှင့် ဗုဒ္ဓဘာသာ တက်ကြွသူတို့၏ ဖေ့စ်ဘွတ် စာမျက်နှာများတွင် မဖွယ်မရာဓာတ်ပုံများ၊ စာသားများ၊ စိန်ခေါ်ရေးသားမှုများလည်း ရှိနေသည်။

မန္တလေးတိုင်း၏ တာဝန်အရှိဆုံးပုဂိ္ဂုလ် ၀န်ကြီးချုပ် ဦးရဲမြင့် ကိုယ်တိုင်ကပင် လှုံ့ဆော်သည့် ရေးသားမှုများကို အချိန်မီ ဖြေရှင်းခဲ့ရသည်ဟု မီဒီယာတို့ကို ပြောခဲ့သည်။ ထို့ပြင် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက မန္တလေးဖြစ်စဉ် အချိန်အတွင်း တာဝန်သိ လူမှုကွန်ရက် အသုံးပြုသူများဖြစ်စေရေး ကူညီပံ့ပိုးပေးခဲ့သည့် အမေရိကန် အခြေစိုက် ဖေ့စ်ဘွတ်နှင့် ဆီလီကွန်ဗဲလီမှ သက်ဆိုင်သူများကို အသိအမှတ်ပြုသည်ဟု ၎င်း၏ ဖေ့စ်ဘွတ်စာ မျက်နှာတွင် ရေးသားထားသည်။ သမ္မတ ဦးသိန်းစိန်က လှုံ့ဆော်မှုများကို ပြင်းထန်စွာ အရေးယူမည်ဟု ဇူလိုင် ၇ ရက်က ထပ်မံ သတိပေးခဲ့သည်။

Mizzima Burmese
အပြည့်အစုံသို့ »

ကမ္ဘာ့အဆင်းရဲဆုံးစာရင်းတွင် မြန်မာအဆင့် ၁၂ ၌ ရပ်တည်


ကမ္ဘာ့ဘဏ်က နောက် ဆုံးထုတ်ပြန်သည့် နိုင်ငံပေါင်း နှစ်ရာကျော်ပါဝင်သော ကမ္ဘာ့အ ချမ်းသာဆုံး နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံက အောက်ဆုံး ၁၂ နိုင်ငံ၌ ပါဝင်ရပ်တည်နေကြောင်း သတင်းရရှိသည်။

နိုင်ငံပေါင်း ၂၁၅ နိုင်ငံ ပါဝင်သောစာရင်းတွင် မြန်မာနိုင်ငံ က အောက်ခြေမှစ၍ ရေတွက် လျှင် အဆင့် ၁၂ နေရာ၌ ရပ် တည်နေခြင်းဖြစ်ပြီး ဒေသတွင်း အာဆီယံနိုင်ငံများတွင် အောက် ဆုံးရောက်ရှိနေကြောင်း အဆိုပါ စာရင်း၌ ဖော်ပြသည်။

ကမ္ဘာ့ဘဏ်က တစ်နိုင်ငံ လုံး၏ အသားတင်ထုတ်လုပ်မှု နှင့် ၀န်ဆောင်မှုတန်ဖိုးကို နိုင်ငံ့လူဦးရေနှင့် အချိုးကျ တွက်ချက်သောနည်း (GDP per ca-pital) ဖြင့် တွက်ချက်ထားသည့် စာရင်း၌ ဒေသတွင်း ဒုတိယ အဆင်းရဲဆုံးဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံကြားတွင် အဆင့်ငါးဆယ်ကွာခြားနေပြီး အီသီယိုးပီးယား၊ ကျူးဘား၊ မြောက်ကိုရီးယား၊ ဆိုမာလီယာ စသည့်နိုင်ငံတို့က မြန်မာနိုင်ငံ အထက်တွင် ရပ်တည်နေသည်။

‘‘အစိုးရသစ်လက်ထက်မှာ လည်း ဘာမှပြောင်းလဲ မလာဘူး။ အားမနာတမ်းပြောရရင် ပိုဆိုး လာသလိုပဲ။ လှိုင်သာယာလို နေ ရာမျိုးသွားကြည့်ရင် အလုပ်သ မားတွေ အလုပ်ရဖို့ ထိုင်စောင့်နေ ကြတယ်။ နေ့စားအလုပ်သမား တွေ အရမ်းပိုများလာတယ်။ အဲ ဒါကောင်းတဲ့ လက္ခဏာမဟုတ် ဘူး။ အဓိက အချက်ကတော့ ပညာရေးနိမ့်ကျသွားတဲ့အတွက် တိုင်းပြည်နိမ့်ကျသွားတာပါပဲ’’ ဟု စီးပွားရေးအကြံပေးပညာရှင် ဦးရဲမြင့် (စွန့်ဦးတီထွင်) က ပြောကြားသည်။

ကမ္ဘာ့စီးပွားရေးလေ့လာဆန်းစစ်ချက်အရ မြန်မာနိုင်ငံ၏ နှစ် စဉ် GDP သည် ၂၀၁၀ပြည့်နှစ်မှစ၍ မြင့်တက်လာခဲ့သော်လည်း ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်ထိ တိုးတက်ကြီးထွားမှု အတက်၊ အကျမရှိ ပုံမှန်အတိုင်းဖြစ်တည်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က သုံးသပ်ထားသည်။

သမ္မတဦးသိန်းစိန်၏ စီးပွား ရေးနှင့် လူမှုရေးအကြံပေးအဖွဲ့ ခေါင်းဆောင် ဦးမြင့်က မြန်မာနိုင်ငံသည် ၂၀၃၀ ပြည့်နှစ်အထိ ၀င်ငွေနိမ့်ကျသော နိုင်ငံများစာရင်းတွင် ပါဝင်နေဦးမည်ဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ် အောက်တိုဘာက မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် ကျင်းပသော ဆွေးနွေးပွဲ၌ ပြောကြားထားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံသား များ၏ တစ်ဦးချင်း အသားတင် ထုတ်လုပ်နိုင်မှုသည် အိမ်နီးချင်း နိုင်ငံများထက် နိမ့်ကျနေသကဲ့သို့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ တွင်လည်း အိမ်နီးချင်းနိုင်ငံများ ထက် လျော့ကျနေသည်။

ကမ္ဘာ့ဘဏ်၏ ကမ္ဘာ့အချမ်း သာဆုံး ထိပ်တန်းနိုင်ငံများနေရာ တွင် လူဇင်ဘတ်၊ နော်ဝေး၊ ကာတာ၊ မကာအို၊ ဆွစ်ဇာလန်၊ သြစတြေးလျ၊ ဒိန်းမတ်၊ ဆွီဒင်၊ စင်ကာပူ၊ အမေရိကန်နှင့် ကနေဒါနိုင်ငံတို့က အစဉ်အတိုင်း ရပ်တည်နေသည်။

7day daily
အပြည့်အစုံသို့ »

ကမာရွတ် အင်းစိန်လမ်းမဘေးက အနှိပ်ခန်း ရဲဝင်ဖမ်း

ကမာရွတ်မြို့နယ် အမှတ်(၂)ရပ်ကွက် အင်းစိန်လမ်းမဘေးမှ အမှတ် ၁၄၄ မြေညီထပ်တွင်ရှိသည့် “Relax” အမည်ရှိ အနှိပ်ခန်းကို အောက်တိုဘာ ၂ရက်ညတွင် ရဲက အသွင်ယူသက်သေများ ကြိုတင်စေလွှတ်ပြီးနောက် ၀င်ရောက် ဖမ်းဆီးခဲ့ကြောင်း ရန်ုကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက ဆိုသည်။

အဆိုပါ အနှိပ်ခန်းကို တရားမ၀င်လုပ်ဆောင်နေကြောင်း ကြိုတင်သတင်းရရှိထားချက်အရ တိုင်းအဆင့်ရှိ ရဲတပ်ဖွဲ့ များက ၀င်ရောက်ဖမ်းဆီးခဲ့ခြင်းလည်း ဖြစ်သည်။ အဆိုပါ အနှိပ်ခန်းကို ၀င်မဖမ်းခင်တွင် ဦးရဲမြင့် စိုး(၂၆)နှစ် လှိုင်မြို့နယ်နေသူနှင့် ဦးအောင်နိုင်(၄၂)နှစ်၊ ကြည်မြင့်တိုင်မြို့နယ်နေသူတို့ နှစ်ဦးကို ကြိုတင် စေလွှတ်ခဲ့သည်။

ထို့နောက် ည ၁၀ နာရီ ၂၀မိနစ်တွင် တိုင်းရဲတပ်ဖွဲ့က မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး အဆိုပါ အနှိပ်ခန်းအတွင်းသို့ ၀င်ရောက်ရှာဖွေဖမ်းဆီးခဲ့ကြသည်။ ထို့ကြောင့် အနှိပ်ခန်းဆိုင်တာဝန်ခံ မန်နေဂျာဖြစ်သူ အောင်အောင် (၂၆) နှစ်ကို ကောင်တာတွင် ထိုင်လျက်ပင်တွေ့ရှိ ဖမ်းဆီးခဲ့သည်ဟု ဆိုထားသည်။

ထို့အပြင် ဆိုင်အပေါ်ထပ်အနှိပ်ခန်းတွင် အသွင်ယူသက်သေ ဦးအောင်နိုင်အား အနှိပ်သမ စနိုး(ခ) တင်ဇာဝင်း (၁၈) ဖြင့် လည်းကောင်း၊ ဦးရဲမြင့်စိုးကို အနှိပ်သမ ရတီ(ခ)ကြည်ကြည်မြင့် (၃၇) နှစ်ဖြင့် လည်းကောင်း နှိပ်ပေးနေစဉ် အတွင်း ဖမ်းဆီးရမိခဲ့သည်။

အနှိပ်ခန်းအတွင်းမှလည်း သက်သေခံ စာရွက်စာတမ်းများ၊ မွေ့ယာများနှင့်အတူ အနှိပ်ခန်းလုပ်ငန်းမှ ရရှိငွေ (၃၅၀၀၀) ကျပ်တို့ကို ဖမ်းဆီးရမိခဲ့သည်။ ထို့ပြင် ဆိုင်တာဝန်ခံအပါအ၀င် အနှိပ်သမပေါင်း (၁၇) ဦး ကိုပါ တွေ့ရှိ ဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုထားသည်။

၎င်းတို့အား တရားမ၀င်အနှိပ်ခန်း ဖွင့်လှစ်ဆောင်ရွက်နေမှုကြောင့် ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြစ်မှုပုဒ်မ ၁၈၈ အရတရားရုံးသို့ ဦးတိုက်လျှောက်ထားရန် စီစဉ်နေသည်ဟုလည်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိခဲ့သည်။
ဇော်ဇော်ထွေး
Mizzima - News in Burmese
အပြည့်အစုံသို့ »

မန္တလေးတိုင်း ၀န်ကြီးချုပ် ယာဉ်တန်း မိုင်းခွဲ တိုက်ခိုက်ခံရ


မိုင်းခွဲ တိုက်ခိုက်မှုကြောင့် ကိုမဲကြီးလက် ထိခိုက်ဒဏ်ရာရရှိ

မန္တလေးတိုင်းဝန်ကြီးချုပ် ယာဉ်တန်းဟာ နောင်ချို မိုင်တိုင် ၃၀ လောက်မှာ မိုင်းခွဲ တိုက်ခိုက် ခံခဲ့ရပါတယ်။

ဇန်န၀ါရီလ ၃၁ ရက် ညနေပိုင်းလောက်က မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့် လိုက်ပါလာတဲ့ ယာဉ်တန်းကို မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အစပ် နောင်ချိုမြို့နယ်ထဲမှာ မိုင်းခွဲ တိုက်ခိုက် ခံခဲ့ရတာပါ။

ဒီတိုက်ခိုက်မှုကြောင့် လူသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး တဦးက အခုချိန်ထိ မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးမှာ ကုသမှုခံယူနေရပြီးတော့ ကျန်နှစ်ဦးကတော့ ဒဏ်ရာ မပြင်းထန်တဲ့ အတွက် ဆေးရုံက ဆင်းသွားပြီလို့ သိရပါတယ်။ ဒဏ်ရာရသူတွေထဲမှာ ခရီးစဉ်ကို လိုက်ပါသတင်းယူတဲ့ သတင်းထောက် ၂ ဦး ပါဝင်ပါတယ်။

ထိခိုက်ဒဏ်ရာ ရရှိခဲ့သူတွေကတော့ ဦးဇင်မင်းစိုးနဲ့ ဦးရဲထွန်းအောင်နဲ့ ဆေးရုံမှာ ကုသမှု ခံယူနေရဆဲဖြစ်တဲ့ မန္တလေးနေ့စဉ် သတင်းထောက် ကိုအောင်မင်းဦး (ခ) ကိုမဲကြီး ဖြစ်ပါတယ်။

မန္တလေးနေ့စဉ် သတင်းထောက် ကိုအောင်မင်းဦး (ခ) ကိုမဲကြီး က”မိုင် ၃၀ နား အရောက်မှာ ဗုံးခွဲတာလား ဘာလား မသိဘူး ၀ုန်းဆိုပြီးဖြစ်သွားတာ ကျနော်လည်း အုန်းကနဲဆိုတဲ့ အသံပဲ ကြားလိုက်ရတယ် ကြားလိုက်ရပြီး ခဏလေးပဲ မကြာဘူး ကျနော့်လက်ကို မှန်စလိုဟာမျိုး လာမှန်တာ”လို့ ပြောပါတယ်။

ဝန်ကြီးချုပ် ဦးရဲမြင့်နဲ့ စည်ပင်ဝန်ကြီး ဦးအောင်မောင်းတို့ ပါဝင်တဲ့ ယာဉ် ၈ စီး လောက်ဟာ မိုးကုတ်မြို့ကနေ ပြန်လည် ထွက်ခွာလာခဲ့တာဖြစ်ပြီး ရှေ့တန်းယာဉ် ဟိုင်းလပ် Vigo ယာဉ် ညာဘက်အခြမ်းက ပေါက်ကွဲတာ ဖြစ်ပြီး လက်ဆွဲဗုံးလို့ တိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီပေါက်ကွဲမှုနဲ့ ပတ်သက်လို့ တရားခံကိုတော့ မသိရသေးပါဘူး။

DVB Burmese
အပြည့်အစုံသို့ »

ဟိုတယ်ခရီးနဲ့ ကန်ထရိုက်သမားကြား မြေငှားမှု အခုတော့ လျော်ကြေးတောင်းကြပြီ


ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက မြောက်ဒဂုံ ပြည်ထောင်စုလမ်း၊ ၄၆ရပ်ကွက်က မြေကွက် ၃ကွက်ကို ကန်ထရိုက်တစ်ယောက်ကို ၈နှစ်သက်တမ်းနဲ့ ငှားရမ်းခဲ့ပါတယ်။ ဒါပေမယ့် ဟိုတယ်ခရီးက သဘောတူစာချုပ်ကို ချိုးဖောက်ပြီး လေလံပစ်ခဲ့တာကြောင့် မြေငှားသူ ကန်ထရိုက်က လျော်ကြေးတောင်းနေပါပြီ။ ဘာတွေဘယ်လို ဖြစ်ခဲ့ကြတာလဲ။

ပေ ၄ဝ၊ ၆ဝ အကျယ်ရှိတဲ့ မြေကွက်နံပါတ် ၁၆၁၆၊ ၁၆၁၇နဲ့ ၁၆၁၈ ကို ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက် ၂ဝဝ၅မှာ ဟိုတယ်ခရီးသွားက ကန်ထရိုက်ဦးရဲမြင့်ကို ငှားခဲ့ပြီး ဦးရဲမြင့်ကလည်း အဲဒီမြေကွက်တွေပေါ်မှာ ဆိုင်ခန်း ၁၆ခန်းဆောက်ပြီး ပြန်ငှားခဲ့ပါတယ်။ ဒါပေမယ့် စာချုပ်သက်တမ်း ၄နှစ်အကြာမှာပဲ ဆိုင်ခန်းငှားသူတွေကို ဟိုတယ်ခရီးက မောင်းထုတ်ခဲ့တယ်လို့ ဦးရဲမြင့်က ဆိုပါတယ်။

မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း MJA မှာ မေလ ၁ရက်နေ့မှာ ဦးရဲမြင့်က သတင်းစာရှင်းလင်းပွဲကျင်းပပြီး ဟိုတယ်ခရီးသွားက သူငှားရမ်းထားတဲ့ ဆိုင်ခန်းပိုင်ရှင်တွေကို တရားစွဲခဲ့သလို ပြည်ထောင်စုရှေ့နေချုပ်ကလည်း ပုဒ်မ ၂၁(၁)နဲ့ အမှုဖွင့်ပေးထားတာကြောင့် နစ်နာမှုအတွက် လျော်ကြေးတောင်းမယ်လို့ ဆိုပါတယ်။

ဦးရဲမြင့် အငှားချထားတဲ့ ဆိုင်ခန်းတွေမှာ နေထိုင်သူ ၅ဝလောက်ဟာ ဟိုတယ်နဲ့ခရီးသွားဝန်ကြီးဌာနကြောင့် နစ်နာခဲ့တာမို့ လျော်ကြေးငွေ သိန်း၃ထောင်ကျော် တောင်းမယ်လို့ ဆိုပါတယ်။ မြေငှားစာချုပ် ချိုးဖောက်တဲ့ ၂ဝဝ၉မှာတုန်းကလည်း သိန်း ၈ဝဝ တောင်းခဲ့ပေမယ့် အခုတော့ ကာလတန်ဖိုး ပြောင်းလဲသွားတာကြောင့် သိန်း ၃ထောင်တိုးတောင်းတာလို့ ဦးရဲမြင့်က ဆိုပါတယ်။

Kamayut Media
အပြည့်အစုံသို့ »

မန္တလေးဝန်ကြီးချုပ်အိမ် မီးလောင်နေ


မန္တလေး၊ မဇ္ဈိမ။ ။ မန္တလေးမြို့ ၆၅ထောင့် ၂၄လမ်းပေါ်ရှိ မန္တလေးလွှတ်တော်ရုံးအတွင်းရှိ မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးရဲမြင့်၏ အိမ် ဧပြီလ ၁၉ရက် ည၈နာရီခွဲခန့်တွင် မီးစတင်လောင်ကျွမ်းနေသည်။
မီးလောင်သည့် နေရာသို့ မန္တလေးမြို့ရှိ မီးသတ်ကားအများအပြား ရောက်ရှိနေပြီး ည ၈နာရီ ၅၇မိနစ်အထိ မီးမငြိမ်းသေးပေ။

Mizzima Burmese
အပြည့်အစုံသို့ »

စင်္ကာပူအတွက် အခွင့်အလမ်း သစ်တွေ ရှိနေကြောင်း မြန်မာ ဝန်ကြီးချုပ်များ ပြောဆို



မြန်မာနိုင်ငံမှာ စီးပွားရေး အခွင့်အလမ်းသစ်တွေ အများအပြားရှိနေကြောင်း စင်္ကာပူနိုင်ငံကို ရောက် ရှိနေတဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့က ပြောပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးရဲမြင့် နဲ့ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဥာဏ်ဝင်းတို့က စင်္ကာပူ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲမှာ မနေ့က ပြောကြား ခဲ့တာပါ။

အလျင်အမြန် တိုးတက်ပြောင်းလဲနေတဲ့ မြန် မာနိုင်ငံမှာ ရန်ကုန်မြို့ရဲ့ ပြင်ပမှာလည်း စီးပွားရေးလုပ်ငန်း အခွင့်အလမ်းသစ်တွေ အများအပြားရှိနေကြောင်း၊ ပဲခူးတိုင်းအတွင်းက ဟံသာဝတီ နိုင်ငံတကာလေဆိပ် စီမံကိန်းမှာဆိုရင် လေယာဉ်နဲ့ လေဆိပ်ထိန်းသိမ်းရေး၊ ပြုပြင်ရေး၊ ပျံသန်းရေး၊ လေယာဉ်ကွင်းကဏ္ဍ စတဲ့ လေကြောင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေအပြင်၊ အစားအသောက်နဲ့ ကုန်ပစ္စည်းတင်ဆောင်ရေး စတဲ့လုပ်ငန်းသစ်တွေ ပေါ်ပေါက်လာမှာဖြစ်ကြောင်း၊ ဒုတိယမြို့တော် မန္တလေးတိုင်းမှာဆိုရင်လည်း တရုတ်၊ အိန္ဒိယတို့နဲ့ ပို့ကုန်အခြေပြု လုပ်ငန်းသစ်တွေ ရှိနေကြောင်း မြန်မာဝန်ကြီးချုပ်သုံးဦးက အလေးပေးပြောဆို ခဲ့ကြတယ်လို့ Channel News Asia သတင်းက ဖေါ်ပြပါတယ်။

စင်္ကာပူဟာ မြန်မာရဲ့ တတိယအကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံဖြစ်ပြီး စတုထ္တအကြီးဆုံး ရင်းနှီးမြှုပ်နှံသူဖြစ် ပါတယ်။ ပြီးခဲ့တဲ့နှစ်က စင်္ကာပူကုမ္ပဏီတွေဟာ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ အခြေခံအဆောက် အအုံတွေ၊ မြို့ပြ ဖွံ့ဖြိုးရေး နဲ့ ဟိုတယ်လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံခဲ့ကြပြီး၊ နှစ်နိုင်ငံကုန်သွယ်ရေး ပမာဏက အမေရိကန် ဒေါ်လာသန်း သုံးထောင်ဖိုးရှိခဲ့ရာမှာ ၂ဝ၁၂ ခုနှစ်ကထက် ၇ဝ ရာနှုန်း မြင့်တက် လာခဲ့တာဖြစ်ပါတယ်။

မြန်မာဝန်ကြီးချုပ်သုံးဦးဟာ စင်္ကာပူ၊ မြန်မာ နည်းပညာပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ မတ်လ ၁၆ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ စင်္ကာပူကို ရောက်ရှိနေကြတာဖြစ်ပါတယ်။

RFA Burmese
အပြည့်အစုံသို့ »

ဝန်ကြီးချုပ်အိမ် မီးလောင်မှု ပြည်ထောင်စု ရှေ့နေချုပ်ရုံးက အမှုပိတ်သိမ်းခိုင်း


မန္တလေး၊ ဇူလိုင် ၂၃။ မန္တလေးတိုင်းဝန်ကြီးချုပ်နေအိမ်အပေါ်ထပ် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စုရှေ့နေချုပ်ရုံးက အရေးယူရန် မသင့်ဟုဆိုသည့် စာထုတ်ပြန်မှုကြောင့်အမှုကိုပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးအကြီးတန်း ရဲအရာရှိတစ်ဦးက ပြောသည်။

“ပြည်ထောင်စု ရှေ့နေချုပ်ရုံးက မီးပေါ့သူကိုသာ အရေးယူ သင့်တယ်လို့ အကြံပြုတဲ့ အတွက် အရေးယူဖို့ မလုပ်ဆောင် တော့ဘဲအမှုကို ပိတ်သိမ်း လိုက်တာဖြစ်တယ်”” ဟု၎င်းင်းကပြောသည်။ ထိုဖြစ်စဉ် အတွက် အမှတ်(၁) ရဲစခန်းတွင် ၀န်ကြီးချုပ်ဖြစ်သူကို ပ၅၈/ ၂၀၁၄ပြစ်မှုပုဒ်မ ၂၈၅ဖြင့် မီးလောင်မှု ဖြစ်ပွားပြီး၊ သုံးရက်အကြာ ဧပြီလ၂၂ရက် နေ့လယ် ၁၂နာရီ ခန့်တွင် အမှု ဖွင့်ထားကြောင်းနှင့် လက်ရှိ အချိန်တွင် အမှုကို ပိတ်သိမ်းပြီး ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက အတည်ပြု ဖြေကြားခဲ့သည်။““ဥပဒေအတိုင်း လုပ်မယ် ဆိုရင်တော့ မန္တလေးတိုင်း ၀န်ကြီးချုပ် အမှုကို ပိတ်သိမ်းတာ မှန်ပါတယ်။ အိမ်ထောင်ဦးစီးကို အရေးယူရ မယ်လို့ ဥပဒေမှာ မပါဝင် ပါဘူး။ညွှန်ကြားချက်သာ ဖြစ်ပါတယ်။ နောက်ထပ် မီးလောင်မှုတွေ ဖြစ်ပေါ်ခဲ့ ရင်တော့ ညွှန်ကြားချက်ကို သုံးမလား၊ ဥပဒေကို သုံးမလား ဆိုတာ စောင့်ကြည့်ဖို့ လိုပါတယ်”ဟုဦးကိုနီက ပြောသည်။

မီးလောင်မှု ဖြစ်စဉ်များတွင် ပေါ့ဆသူကို အရေးယူရမည်ဟု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ၂၈၅တွင် ပြဋ္ဌာန်းထား သော်လည်း ဥပဒေ မဟုတ်သော ညွှန်ကြားချက် များဖြင့် စစ်အစိုးရက အိမ်ထောင်ဦးစီး ကိုသာ အစဉ်အဆက် အရေးယူ ခဲ့ခြင်း ဖြစ်သည်ဟု တရားလွှတ်တော် ရှေ့နေ ဦးကိုနီက ပြောသည်။ အဆိုပါ အမှု ပိတ်သိမ်းမှုနှင့် ပတ်သက်ပြီး အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် ဦးအောင်ကြည်ညွန့်က “မြေပြင်မှာ လက်တွေ့ ဖြစ်တဲ့ အရေးယူမှု တရားစီရင်မှု မှာတော့ အိမ်ရှင်တွေကို ပြစ်ဒဏ် ပေးတယ်။ သာမန် ပြည်သူတွေကို အရေးယူမှု နဲ့တော့ ကွာဟ နေပါတယ်”ဟု သုံးသပ်သည်။

လွန်ခဲ့သည့် ဧပြီလ ၁၉ ရက် ည ၈နာရီခွဲ အချိန်ခန့်က ၀န်ကြီးချုပ် ဦးရဲမြင့်၏ နေအိမ် အပေါ်ထပ် မီးလောင်ကျွမ်း ခဲ့ရာတွင် ပျက်စီး ဆုံးရှုံးမှု တန်ဖိုးစုစုပေါင်း ၁၁သိန်းဖိုး ရှိကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့ထံမှ စုံစမ်း သိရှိရသည်။ ထိုနေ့က ၀န်ကြီးချုပ်မှာ နေအိမ်တွင် ရှိနေ ခဲ့ကြောင်း၊ မီးလောင်မှု ဖြစ်ပွားခဲ့သည့် နေရာကို ညတွင်းချင်း ပြင်ဆင် စေခဲ့ပြီး၊ အကောင်း ပကတိအတိုင်း ပြန်ဖြစ်အောင် ချက်ချင်း ဆောင်ရွက် ခဲ့သည် ဟုလည်း အမည်မဖော်လိုသူ မျက်မြင် တစ်ဦးက ပြောခဲ့သည်။

Mizzima
အပြည့်အစုံသို့ »

ပြည်ထောင်စုလွှတ်တော် နာယက မန္တလေးမြို့ ဒေသခံများနှင့် တွေ့ဆုံ၊ NLD ပါတီနှင့် ပြည်ခိုင်ဖြိုး ပါတီတို့မှာ ရန်သူမဟုတ်ဘဲ မိတ်ဖက်များသာဖြစ်ကြောင်း သူရဦးရွှေမန်း ပြောကြား

နိုဝင်ဘာ ၉ ရက်က ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း မန္တလေးမြို့ခံများနှင့် တွေ့ဆုံစဉ်
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် မန္တလေးမြို့ ဒေသခံများ နိုဝင်ဘာ ၉ ရက်တွင် တွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စု အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ၊ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ၀န်ကြီးချုပ် ဦးရဲမြင့် အပါအ၀င် တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲတွင် ပြည်သူများအား ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက မိန့်ခွန်းပြောကြားရာတွင် "ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်လို့ ဒီနေ့ကျွန်တော်တို့နိုင်ငံက ပါတီစုံ ဒီမိုကရေစီစနစ်နဲ့ ဈေးကွက်စီးပွားရေး ဖြစ်လာတယ်။ ဒီဟာ မရှိလို့ မဖြစ်ဘူး။ ဒီလိုဖြစ်ဖို့ဆိုတဲ့ နေရာမှာ ခုနက အာဏာကိုတော့ ခင်ဗျားတို့ ယူတော့ဗျာ။ ခင်ဗျားတို့ ကြိုက်သလိုသာ လုပ်တော့ဆိုတဲ့ အခါမှာ လွှဲပေးရမယ့်သူက စိုးရိမ်စိတ် ရှိကြလိမ့်မယ်။ ဒါကြောင့်မို့လို့ သူများနိုင်ငံတွေ မလွှဲပေးတာပေါ့။ စစ်တွေဖြစ်နေ ကြတာပေါ့။ အာဏာလေ။ အာဏာကို တစ်ဖက်ကရတော့ တစ်ဖက်ကနေ အာဏာရတဲ့ အခါမှာ ချပစ်မယ်၊ နှက်ပစ်မယ်၊ တစ်ခုခု လုပ်ပစ်မယ်ဆိုတဲ့ အရင်သူတွေ ဘယ်လိုဖြစ်နေလဲ။ စိတ်ကောင်းစေတနာကောင်းနဲ့ လုပ်ခဲ့ပေမယ့် ခုနက အခြေအနေပေါ် မူတည်ပြီး မအောင်မြင်တာဘဲ ရှိမယ်။ အဲဒီလိုဖြစ်အောင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရှင်းရှင်းလင်းလင်း ပြောရမယ်ဆိုရင် တပ်မတော်သား ကိုယ်စားလှယ်တွေ ဒီလောက်ထည့်တယ်ဆိုတာ အဲဒီအတွက်ပဲ။ ဘာကြောင့်လဲ၊ လုံခြုံအောင်၊ စိတ်ချအောင်။ ကျွန်တော်တို့တစ်တွေ လွှတ်တော်ထဲမှာလည်း ဆွေးနွေးပါတယ်။ အချိန်တန်ရင်တော့ သူ့နေရာသူ ပြန်ကြရမှာပေါ့။ အချိန်တန်ရင် ဆိုတာက ဒီနေ့ အချိန်တန်ပြီလား။ မတန်ဘူးလားဆိုတာ ကျွန်တော်တို့ ပြန်စဉ်းစားရမယ်။ အဲဒီ စဉ်းစားချက်တွေက မှန်မှန်ကန်ကန် စဉ်းစားနိုင်မှ ဖြစ်မယ်။ အရေးကြီးတာက ကျွန်တော်တို့တစ်တွေ ပါတီစုံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ မှန်မှန်နဲ့ ထိထိရောက်ရောက် အောင်မြင်သွားဖို့ လိုပါတယ်။ အဲဒီလိုမှ မဟုတ်ဘဲ ဆန္ဒတွေစောပြီး လုပ်တဲ့အခါကျရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်သွားမှာပဲ ဆိုတဲ့နေရာမှာ တချို့ပြောနေကြတာက အရပ်စကားပါ။ နောက်ကြောင်းပြန်မှာလည်း ကြောက်တယ်တဲ့။ ဒါဆို ဘာသဘောလဲ။ ပြီးတဲ့အခါ နောက်ကြောင်းလှန်မှာလဲ ကြောက်တယ်တဲ့။ ဒီနှစ်ခုကြားမှာ စဉ်းစားပြီး နောက်ကြောင်းက ဘယ်သူပြန်နိုင်လဲ၊ နောက်ကြောင်းက ဘယ်သူလှန်နိုင်သလဲ။ ဒါစဉ်းစားပြီးတဲ့ အခါမှာ ကျွန်တော်တို့သွားမယ့် စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော် စစ်မှန်သောဆိုတာ ဘာလဲမေးမယ်။ သူ့နိုင်ငံ သူ့အခြေအနေနဲ့ လျော်ညီတာပဲ။ သူ့နိုင်ငံအတွက် ကောင်းတာဖြစ်မယ်။ ကျွန်တော်တို့ နိုင်ငံအတွက်လည်း ကောင်းတဲ့ကျင့်သုံးမှုပဲ လိုတယ်။ ဘာလို့ ကျွန်တော်ဒီလို တင်ပြရလဲဆိုတော့ တခြားမဟုတ်ပါဘူး။ ကျွန်တော့်လိုပဲ ဒီထဲမှာ ထိုင်နေကြတဲ့ ပုဂ္ဂိုလ်အသီးသီးက ကိုယ့်နိုင်ငံ တိုးတက်ချင်ကြတာပဲ။ ကိုယ့်နိုင်ငံ ကိုယ်ချစ်ကြတာပဲ။ အဲဒီလို ချစ်တဲ့နေရာမှာ ချစ်တတ်ဖို့ လိုတယ်။ တိုးတက်ဖို့ဆိုရင် တိုးတက်အောင် လုပ်နိုင်ဖို့ လိုတယ်။ အဲဒီအခါမှာ ကျွန်တော့်ရဲ့ ခံယူချက်က နိုင်ငံတိုးတက် ဖွံ့ဖြိုးအောင် တိုင်းရင်းသား စည်းလုံးညီညွတ်ဖို့ လိုတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ဖို့ လိုတယ်။ ပြောရမယ်ဆိုရင် ဒီနေ့ NLD ပါတီနဲ့  ပြည်ခိုင်ဖြိုးပါတီနဲ့ ရန်သူမဟုတ်ဘူး NDF နဲ့ NLD လည်း ရန်သူမဟုတ်ဘူး။ အရင်တုန်းက ဘယ်လိုရှိခဲ့ရှိခဲ့ ကျွန်တော်တို့က ရန်သူမဟုတ်ဘူး။ မိတ်ဖက်တွေ။ ဘယ်အတွက်လဲ တိုင်းပြည်အတွက်။ အတိတ်က သင်ခန်းစာက ကျွန်တော်တို့က ရန်တွေဖြစ်ခဲ့ကြတယ်။ ရွေးကောက်ပွဲမှာ ပြိုင်၊ နိုင်တဲ့သူလုပ်၊ တရားသဖြင့် ပြိုင်၊ နိုင်တဲ့သူလုပ်၊ For the People, By the People, Of the People ပါပဲ" ဟု ပြောကြားသည်။
ထို့ပြင် ဒေသခံများက တင်ပြသည့် လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများ၊ ဥပဒေဆိုင်ရာ ပြင်ဆင်ပေးစေလိုသည့် အချက်များနှင့် ဒေသဆိုင်ရာ လိုအပ်ချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဖြေရှင်း ပေးခဲ့သည်။
Eleven Media Group
အပြည့်အစုံသို့ »