ရန်ကုန်သို့ သွားရာလမ်း

ပို့စ်တင်ချိန် - 6/16/2014 08:49:00 PM

ဟီလာရီကလင်တန်ကို ၎င်း၏စာအုပ်အမှတ်တရ လက်မှတ်ထိုးပွဲတစ်ခုတွင် တွေ့ရစဉ် JOSHUA ROBERTS/reuters



(၂)

မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် အရှေ့တောင်အာရှ မဲခေါင်မြစ်ဝှမ်းဒေသအကြား မဟာဗျူဟာ အနေအထားတကျတည်ရှိပြီး လူဦးရေ သန်း ၆၀ ကျော်ရှိသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ အာရှ၏ ဆန်အိုးကြီးဟုလည်း တစ်ချိန်ကထင်ရှားခဲ့သည်။သပ္ပာယ်လှသော ရှေးဟောင်းဘုရားပုထိုးစေ တီများ၊လှပသော သဘာဝအလှများကြောင့်ခရီးသွားများနှင့် ဂျော့ခ်ျအော်ဝဲလ်၊ရုဒ်ကစ်ပလင်တို့လို စာရေးဆရာများကို ဆွဲဆောင်ဖမ်းစားနိုင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ကာလက မဟာမိတ်တပ်များနှင့် ဂျပန်တပ်တို့၏ စစ်တလင်းလည်းဖြစ်ခဲ့ဖူး၏။ ရှလကာရည်ချိုးဟု   နာမည်ပြောင်ပေးထားသည့်အမေရိကန်မဟာမိတ်စစ်တပ်မှ ဗိုလ်ချုပ်စတီးဝဲလ်က တရုတ်နိုင်ငံသို့ အဓိကတိုက်ရိုက်ပေါက်သည့် လီဒိုလမ်းမကြီးကို  ပြန်ဖွင့်ပေးခဲ့ဖူးသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်ဗိုလ်ချုပ်အောင်ဆန်းကလွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့သည်။

နှစ်ပေါင်းများစွာကြာစစ်အာ ဏာရှင်များ၏ စီးပွားရေးစီမံခန့် ခွဲမှုညံ့ဖျင်းခြင်းက မြန်မာနိုင်ငံ ကို အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံဖြစ်စေခဲ့သည်။ ယခုအခါမြန်မာက ကမ္ဘာတွင် လူ့အခွင့်အရေး အချိုး ဖောက်ဆုံးနိုင်ငံအဖြစ် ရပ်တည် နေသည်။ အရှေ့တောင် အာရှအ လယ်တွင် ပြဿနာမျိုးစုံဖြင့် မငြိမ်းချမ်းသောဒေသ ဖြစ်သည်။ မြန်မာနိုင်ငံမှ ပိုတွင်ကျယ်လာ သော မူးယစ်ဆေးဝါးကုန်သွယ် မှုနှင့် မြောက်ကိုရီးယားနှင့် ဆက် ဆံမှုတို့ကြောင့် ကမ္ဘာကြီး၏ လုံခြုံ ရေးကို ခြိမ်းခြောက်အန္တရာယ်ပေး လာသည်။

  ၂၀၀၉ ခုနှစ် ဇန်န၀ါရီက အမေရိကန် လွှတ်တော်အ ဆောက်အအုံထဲမှ ထုံးတမ်းစဉ် လာ မဆန်သည့် ဆွေးနွေးပွဲတစ်ခု ကနေ ကျွန်မအတွက် ရန်ကုန်သို့ သွားရန်လမ်းစပေါ်လာခဲ့ခြင်း ဖြစ် သည်။ အမေရိကန်လွှတ်တော်မှ လွှတ်တော်အမတ် မက်ကော်နယ်လ်ကို ကျွန်မသိနေသည်မှာရှစ်နှစ်ခန့်ရှိနေပြီ ဖြစ်သော်လည်းကျွန်မတို့နှစ်ဦးမှာ အရာရာတွင်သဘောထားချင်း မတိုက်ဆိုင်သူများဖြစ်၏။ ကင်တာကီပြည်နယ်ရီပက်ဘလေကန်ပါတီလွှတ်တော်အမတ် မက်ကော်နယ်လ်သည် ကျွန်မတို့ အိုဘားမားအစိုးရအဖွဲ့၏ မူဝါဒသဘောထားများကို ပြောင်ပြောင်တင်းတင်းဆန့်ကျင်သူဖြစ်၏။ သို့သော်လည်း တစ်နေရာတွင်တော့ သူနှင့် ကျွန်မတို့အတူတကွ ပူးပေါင်းအလုပ်လုပ်၍ရနိုင်သည်ဟု ကျွန်မတွေးမိသည်။ လွှတ်တော်အမတ် မက်ကော်နယ်လ်က ၁၉၈၈ အရေးအခင်းပြီးကတည်းက မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုမှာ စိတ်အားတက်ကြွစွာ ပါဝင်သူဖြစ်သည်။ သူက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုများပြုလုပ်ရန် နှစ်ပေါင်းများစွာဦးဆောင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် မြန်မာနိုင်ငံမှ အတိုက်အခံများနှင့် အဆက်အသွယ်များ ပိုမိုလုပ်ဆောင်လာခဲ့သည်။

ကျွန်မနိုင်ငံခြားရေးဝန်ကြီး ဖြစ်လာသောအခါ မြန်မာနိုင်ငံအ ပေါ် ထားရှိသော မူဝါဒကို ပြန် လည်သုံးသပ်ရန် လိုအပ်နေပြီဟု ထင်မြင်မိသည်။ ထိုအချက်ကို မက်ကော်နယ်လ်လည်း သဘော တူလိမ့်မည်ဟု ကျွန်မစဉ်းစားမိ သည်။ ၂၀၀၈ ခုနှစ်တွင် မြန်မာ စစ်အစိုးရက အခြေခံဥပဒေအ သစ်ကို  ကြေညာခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲလုပ် ပေးမည်ဟု အသိပေးလိုက်သည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ မအောင်မြင်ခဲ့သည့် နောက်ပိုင်း တွင် မြန်မာနိုင်ငံကို အကဲခတ် စောင့်ကြည့်သူများက ရွေးကောက်ပွဲအသစ်၏ အလားအလာကိုလည်း သတိကြီးကြီးထားပြီး စောင့်ကြည့်ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း   ပါဝင်ခွင့်မရအောင် ကန့်သတ်ထားပြီး လွှတ်တော်ထဲတွင် စစ်တပ်က နေရာအများစုရအောင် စစ်အစိုးရက စီမံထားသည်။ သို့ရာတွင် ဖိနှိပ်ချုပ်ချယ်မှုများသည့် စစ်အစိုးရကဲ့သို့ အစိုးရမျိုးဆီမှ  ဒီမိုကရေစီကို အလိုလားဆုံးဟု ဆိုရမည့် အရိပ်အယောင်များ ပြလာသည်မှာ စိတ်ဝင်စားစရာပင်။

  အသေအချာပြောရလျှင် ယခင်တုန်းကလည်း ကျွန်မတို့ ဘက်က လွဲမှားစွာ မျှော်လင့်ခဲ့ဖူး သည့် အဖြစ်အပျက်များကလည်း ရှိခဲ့သည်။ ၁၉၉၅ ခုနှစ်တုန်းက စစ်အစိုးရက ဒေါ်အောင်ဆန်းစု ကြည်အား မမျှော်လင့်ဘဲ နေအိမ် အကျယ်ချုပ်မှ  လွှတ်ပေးခဲ့ဖူး သည်။ ထိုအခါ ကုလသမဂ္ဂဆိုင် ရာ အမေရိကန်သံအမတ်ကြီး မက်ဒဲလင်းအောဘရိုက်က စစ် အစိုးရက အလျှော့ပေးတော့မည်လားဆိုသည့်  အခြေအနေကို ရန်ကုန်မြို့သို့ သွားရောက်ပြီး သွားရောက်စနည်းနာခဲ့သည်။ သူကကျွန်မနှင့် လက်မှတ်ရေးထိုးထားသည့် ဘေဂျင်းကုလသမဂ္ဂအမျိုးသမီး ညီလာခံမှ ပိုစတာတစ်ခုကို သယ်ဆောင်သွားသည်။ သို့သော်လည်း ပြုပြင်ပြောင်းလဲရေးများကတော့ ဖြစ်မလာခဲ့ပါ။

၁၉၉၆ ခုနှစ်၌ မြန်မာနိုင်ငံ နှင့် အိမ်နီးနားချင်း ထိုင်းနိုင်ငံသို့ကျွန်မသွားရောက်လည်ပတ်ခဲ့ သည့်အခါတွင် ချင်းမိုင်တက္ကသိုလ် ၌ မြန်မာစစ်အစိုးရနှင့် ဒေါ်အောင် ဆန်းစုကြည်အကြားက စစ်မှန် သော တွေ့ဆုံဆွေးနွေးပွဲအတွက် တောင်းဆိုသည့် မိန့်ခွန်းတစ်ခုကို ကျွန်မ ပြောကြားခဲ့ပါသည်။ သို့ ရာတွင်  ၁၉၉၇  ခုနှစ်ကစပြီး မြန်မာစစ်ဗိုလ်ချုပ်များက ဒေါ်စု ၏  နိုင်ငံရေးလှုပ်ရှားမှုများကို ပိုမိုတင်းကျပ်ကန့်သတ်လာခဲ့၏။ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် သူ့ကို နေအိမ်အကျယ်ချုပ်ပင် ပြန်ချထားလိုက်သည်။သမ္မတ ဘီလ်ကလင်တန်က ဒေါ်စု၏စွမ်း ရည်သတ္တိကို  အသိအမှတ်ပြု သည့်အနေဖြင့် အမေရိကန်နိုင်ငံ သားများအတွက် အမြင့်ဆုံးဆုတံ ဆိပ်ဖြစ်သည့် သမ္မတ၏ လွတ် လပ်မှုဆိုင်ရာရွှေတံဆိပ်ဆုကို ချီး မြှင့်ခဲ့သည်။ ဒေါ်စုမှာ ထိုတံဆိပ် ကို  ကိုယ်တိုင်ပင်လက်ခံမယူနိုင် ခဲ့ချေ။  စေ့စပ်ညှိနှိုင်းမှုများလည်း ထိုကာလမှာ ရှုံးနိမ့်ခဲ့ရ၏။ သို့ရာ တွင် ၂၀၀၉ ခုနှစ်မှာတော့ မြန်မာ နိုင်ငံအပေါ် ကျွန်မတို့၏ ပိတ်ဆို့ အရေးယူမှုများက ထိရောက်ပါ သည်ဟု ငြင်းဆန်ရန် ခက်ခဲသည့် အခြေအနေများဖြစ်လာပြီ။ ကျွန်မတို့ လုပ်နိုင်စရာ  အခြားဘာများ ရှိပါသေးလဲ။

ကျွန်မက လွှတ်တော်အမတ် မက်ကော်နယ်လ်ကို မြန်မာနိုင်ငံ အပေါ်ထားသော အမေရိကန်၏ မူဝါဒကို အပေါ်ကနေ အောက် ခြေအထိ ပုံစံအသစ် ပြောင်း ကြည့်ချင်သည်ဟု ပြောကြားခဲ့ပြီး သူလည်း တစ်စိတ်တစ်ပိုင်းပါဝင် မည်ဟု  မျှော်လင့်ခဲ့သည်။  မက် ကော်နယ်လ်က  သံသယများရှိ သော်လည်း လှိုက်လှဲစွာထောက် ခံအားပေးခဲ့ပါသည်။ ကျွန်မတို့ နှစ်ဦး၏ မူဝါဒသုံးသပ်ချက်သည် လွှတ်တော်ထဲမှ ပါတီကြီးနှစ်ခုလုံး ၏ ထောက်ခံအားပေးမှုရခဲ့သည်။ သူ့ရုံးခန်း နံရံပေါ်မှာ မှန်ပေါင်သွင်းချိတ်ဆွဲထားသည့်  ဒေါ်အောင် ဆန်းစုကြည်၏  စာတစ်စောင်ကို မက်ကော်နယ်လ်က  ကျွန်မကို ဂုဏ်ယူဝံ့ကြွားစွာပြရှာသည်။ ထို့ ကြောင့် မြန်မာအရေးက သူ့အ တွက်ဘာကြောင့် စိတ်အားထက် သန်နေရသလဲဆိုတာကို သိသာ နေပါသည်။ မြန်မာအရေးနှင့်ပတ် သက်ပြီး သူနှင့် ပုံမှန်ဆွေးနွေး သွားမည်ဟု သူ့ကိုကျွန်မကတိ ပေးလိုက်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်၊ မက်ကောနယ်လ်နှင့် ဟီလာရီကိုတွေ့ရစဉ်     MICHAEL REYNOLDS/EPA



နောက်ထပ်ကျွန်မတွေ့ရ မည့် လွှတ်တော်အမတ်တစ်ဦး ရှိ ပါသေးသည်။ သူက ဗီယက်နမ် စစ်ပြန် သမ္မတရေဂင်လက်ထက် က လေတပ်အကြီးအကဲ။

ဗာဂျီးနီးယားပြည်နယ် လွှတ်တော်အမတ်။ အမေရိကန်လွှတ်တော် အာရှနှင့် ပစိဖိတ်ရေးရာ နိုင်ငံခြား ဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဂျင်မ်ဝက်ဘ်ဖြစ်ပါသည်။

သူက အမေရိကန်အစိုးရ၏ အရှေ့ တောင်အာရှဆိုင်ရာမူဝါဒနှင့်ပတ် သက်ပြီး ခိုင်မာပြတ်သားသော သဘောထားရှိသူ ဖြစ်သည်။ ဂျင်မ်ဝက်ဘ်က အမေရိကန်၏ ပိတ်ဆို့အရေးယူမှုသည် ဆင်းရဲသော မြန်မာနိုင်ငံတွင် ထိရောက် အောင်မြင်ခဲ့သော်လည်း စစ်အစိုးရကို ပိုပြီးအထီးကျန်၊ ပိုပြီး တစ်ဇွတ်ထိုးဆန်လာစေခဲ့သည်ဟုဆိုသည်။ ထို့အတူ ကျွန်မတို့က တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် စီးပွားရေး၊နိုင်ငံရေး သြဇာ ပိုလွှမ်းမိုးလာအောင်အခွင့်အရေးပေးနေသလို ဖြစ်နေသည်ဟု သူက စိုးရိမ်နေသည်။

အဓိကသဘာဝရေနံပိုက် လိုင်းအပါအ၀င် ရေအားလျှပ်စစ် ဆည်၊ သတ္တုတွင်း၊ စွမ်းအင်စီမံ ကိန်းများမှာ တရုတ်ကုမ္ပဏီများ က မြန်မာနိုင်ငံတစ်ဝန်းတွင် အ မြောက်အမြားရင်းနှီးမြှုပ်နှံနေကြ သည်။ ဂျင်မ်ဝက်ဘ်က မြန်မာအ ပေါ်ထားသော မူဝါဒကိုသုံးသပ် ခြင်းသည် တကယ့်အကြံဉာဏ် ကောင်းဟု သူကလည်း ယူဆ သည်။ သို့ရာတွင် သူကတုံ့နှေးနှေး မလုပ်စေချင်။ သူ၏ရာထူးဖြစ် သည့် အမေရိကန်လွှတ်တော် နိုင်ငံခြားရေးရာ မူဝါဒကော်မတီ နေရာကနေ ကျွန်မကို မြန်မြန် ဆန်ဆန် လုပ်ဖြစ်အောင် တွန်း အားပေးကူညီပေးမည်ဟု ကတိ ပေးခဲ့သည်။

 အမေရိကန်အစိုးရလွှတ် တော်အဆောက်အအုံ၏ ပြင်ပ မှာလည်း ကျွန်မမိတ်ဆွေနယူး ယောက်ပြည်နယ်အောက်လွှတ် တော်အမတ် ဂျိုးခရောလီက မြန်မာစစ်အစိုးရကို အရေးယူပိတ်ဆို့မှုများ ကြာရှည်စွာဦးဆောင်လှုပ်ရှားနေသည်ကို ကျွန်မကြားနေရသည်။ သူက နယူးယောက်ကွင်းန်အရပ်မှ ရှေးရိုးဆန်သည့် လူရိုးလူဖြောင့်ကြီးဖြစ်၏။ နယူးယောက်အခမ်းအနားများတွင် သူနှင့်မကြာခဏ ဆုံ ကြရာသူက အိုင်းရစ်ရိုးရာ သီချင်းတစ်ပိုင်းတစ်စကို ကျွန်မ အား ဆိုညည်းပြလေ့ရှိသည်။

ဂျိုးခရောလီ၏ မြန်မာနိုင်ငံလူအခွင့်အရေး ဆောင်ရွက် အားထုတ်မှုများနှင့်ပတ်သက်ပြီး သူ၏ ဆရာဖြစ်သော အမေရိကန် နိုင်ငံခြားရေးရာ ကော်မတီမှ ကွယ်လွန်သူ လွှတ်တော်အမတ် တွန်လန်တိုစ်ကိုယ်တိုင်က  ချီးကျူးရသူ ဖြစ်သည်။ ကျွန်မတို့ မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ရှေ့ဆက်ဆောင်ရွက်မှုများ လုပ်နေသည့် အချိန်တွင် ဂျိုး၏အားပေးမှုများ၊အကြံဉာဏ်များကလည်း တကယ့်ကို အရေးပါထိရောက်လှပါသည်။

(အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဟီလာရီကလင် တန်၏ မကြာသေးမီက ရေး သားထုတ်ဝေခဲ့သော Hard Choices စာအုပ်ပါ  မြန်မာနိုင်ငံအကြောင်းကဏ္ဍဖြစ်သည့် Burma ဆိုသည့် အခန်းကို ထားထားမြင့် ဘာသာပြန်ဆိုပါသည်။)

( 7 Day Daily သတင်းစာတွင် ဆက်လက်ဖော်ပြသွားပါမည်။)
7day daily