ပရိုဘောက်စ်များ စက်ဖုံးဖွင့်မောင်းနေခြင်း အရေးယူမည်မဟုတ်ဟုဆို

ပို့စ်တင်ချိန် - 6/16/2014 10:45:00 AM

ပရိုဘောက်စ်အမျိုးအစားအငှားယာဉ်နှစ်စီးကို ရန်ကုန်မြို့လယ်တစ်နေရာတွင် တွေ့ရစဉ် ဓာတ်ပုံ – ဂျေမောင်မောင်(အမရပူရ)



ပရိုဘောက်စ်ယာဉ် အများစု အင်ဂျင်အဖုံးဖွင့်မောင်းနှင်နေခြင်းကိုအရေးယူမည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအမှတ်(၂) ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

‘‘စက်ဖုံးဖွင့်မောင်းတယ်ဆို တာ လေဝင်အောင်လို့ လေဟာ နယ်တစ်ခုအဖြစ်လုပ်ထားတဲ့ သဘောပါ။ အရေးယူဖို့ အစီအစဉ်တော့ မရှိသေးပါဘူး။ စစ်ဆေးတွေ့ရှိ ထားတာတွေတော့ရှိပါတယ်’’ဟု ရဲအုပ်မျိုးအောင်က ရှင်းပြသည်။

ဂျပန်နိုင်ငံမှ တစ်ပတ်ရစ် ကားများအဖြစ်  မြန်မာနိုင်ငံသို့ အများဆုံးတင်သွင်းထားသည့် ပရိုဘောက်စ်ယာဉ်အများစု အပူ လွန်ပြီး မီးလောင်မှုများ မကြာခဏဖြစ်ပေါ်နေသောကြောင့် ယာဉ်မောင်းအများစုက အင်ဂျင်စက်ဖုံးဖွင့်၍ မောင်းနှင်သည့်အလေ့အထရန်ကုန်တွင်များပြားလာကြောင်းအဆိုပါရဲအုပ်က ဆိုသည်။

ယင်းကဲ့သို့ အင်ဂျင်စက်ဖုံး ဖွင့်မောင်းနှင်ခြင်းမှာ ယာဉ်ကို အန္တရာယ်ရှိနိုင်၊ မရှိနိုင် မသိရှိရသေးသောကြောင့် လတ်တလော အရေးမယူခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ပရိုဘောက်စ်ယာဉ်တစ်စီး ၏ ခံနိုင်ရည်မှာ ၆၀ ကီလိုဂရမ်ရှိပြီး မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် ကားအများစုမှာ ဝန်နှင့်အား မမျှဖြစ်ပြီး ယာဉ်၏ရုန်းကန်အားမှာအပူချိန်များပြားလာကာ   မီးလောင်မှုဖြစ်ပွားရခြင်းဖြစ်ကြောင်းစမ်းချောင်းမြို့နယ် အငယ်လေးကားဝပ်ရှော့မှ စက်ပြင်ဆရာတစ်ဦးကအကြံပြုပြောကြားသည်။

‘‘စက်ဖုံးဖွင့်မောင်းစရာမလိုပါဘူး။ ဝန်နဲ့အားမျှရင် မီးမလောင်နိုင်ဘူး’’ဟု အဆိုပါစက် ပြင်ဆရာက ဆိုသည်။

ယင်းကဲ့သို့ ပရိုဘောက်စ် ယာဉ်များ မီးလောင်နေခြင်းမှာ မြန်မာနိုင်ငံတစ်နိုင်ငံတည်းတွင် သာဖြစ်ပြီး အခြားနိုင်ငံများတွင် ဖြစ်ပွားခြင်းမရှိသောကြောင့် ပရို ဘောက်စ်ယာဉ်ထုတ်လုပ်သည့် ဂျပန်နိုင်ငံ တိုယိုတာကားထုတ် လုပ်ရေးကုမ္ပဏီက ပြင်ဆင်ပေး သွားမည်မဟုတ်ကြောင်း ပြောဆို ထားသည်။

မြန်မာနိုင်ငံသို့ ဂျပန်နိုင်ငံမှ တင်သွင်းမှုအများဆုံး တစ်ပတ် ရစ်ယာဉ်အမျိုးအစားငါးမျိုးတွင် ပရိုဘောက်စ်ယာဉ်မှာ တင်သွင်း မှုအများဆုံးဖြစ်ကြောင်း ဂျပန် တစ်ပတ်ရစ်တင်ပို့မှုစိစစ်ရေး အဖွဲ့က ဧပြီ ၁၆ ရက်၌  ထုတ် ပြန်ထားသည်။

7day