ထုံးဘိုကျေးရွာမှ လယ်သမား(၅)ဦးအား ရိုက်နှက်မှုနှင့်ပတ်သက်၍ ရှင်းလင်း

ပို့စ်တင်ချိန် - 6/16/2014 06:46:00 AM


ပြင်ဦးလွင်၊ ဇွန် ၁၅။

မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်မြို့ ၊ထုံးဘိုကျေးရွာမှာ လယ်သမား(၅)ဦးအား ကွင်းအမှတ် ၆၈၃နှင့်၇၅၉  ရှိ
ကော်ဖီခြံအတွင်း၌ မမိမိလေး၏ ခိုင်းစေချက်ဖြင့် လူ(၉)ဦးက တုတ်၊ဓါး၊လက်နက်များကိုင်ဆောင်ကာ ရိုက်နှက်ခဲ့ခြင်းနှင့်
ပတ်သက်၍ ဇွန် ၁၄ရက်က ထုံဘိုးကျေးရွာတွင် ကာယကံရှင် လယ်သမားများနှင့်အတူ  မြန်မာနိုင်ငံတောင်သူလယ်သမား
သမဂ္ဂတို့ပူးပေါင်း၍ ရှင်းလင်းပြောကြားခဲ့သည်။

“ကျွန်တော်စာကြည့်တိုက်ဆောက်ဖို့အတွက် အုတ်ချနေတဲ့အခါမှာ မောင်ကျော်ကြီးဆိုတဲ့လူကနေ ဖုန်းဆက်တယ်။
မြေယာပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးချင်လို့ဆိုပြီးခေါ်တယ်။ကျွန်တော်လည်း ရပ်မိရပ်ဖတွေရှိတဲ့နေရာကို
လာဖို့ပြောတော့ သူတို့ကနေ ကော်ဖီခြံကိုလာခဲ့ဖို့ထပ်မံခေါ်ဆိုလို့ သွားလိုက် တယ် ရောက်လည်းရောက်ရော ဘာမှ
မပြောပဲနဲ့ကျွန်တော်တို့ကို တုတ်၊ဓါးတွေ ကိုင်ဆောင်ပြီးတော့ လူ(၉)ယောက်က ဝိုင်းရိုက်တယ်။ကျွန်တော်ထွက်ပြေးလို့
လည်းမရဘူး ဒဏ်ကြီးလွန်းလို့ ပြင်ဦးလွင်က ပြည်သူ့ဆေးရုံမှာ ရက်တော်တော်ကြာဆေးကုခဲ့ရတယ် အမြန်ဆုံး
အရေးယူပေးဖို့တောင်းဆိုပါတယ်”ဟု ရိုက်နှက်ခံသော(၅)ဦးတွင်ပါဝင်သူ ဦးစိုးမြင့်ကပြောသည်။

“လယ်သမားတွေကို ရိုက်နှက်သွားတဲ့ လူ(၉)ဦးကို အာမခံနဲ့ပြန်လွတ်ပေးထားတာဟာ အာမခံပေးဖို့ လူကြီးတစ်ယောက်က
ပြောလို့ အာမခံပေးတာပါ။နောက်တစ်ခုက သူတို့ကို ဦးစိုးမြင့်ဖွင့်ထားတဲ့ အမှုတွေဟာ အာမခံပေးလို့ရတဲ့အမှုတွေလည်းဖြစ်တယ်။
ရိုက်နှက်သွားတဲ့ လူ(၉)ဦးက ဘယ်ကလည်း ဆိုတာကို ပြောဖို့အတွက်လည်း ကျွန်တော်တို့ရဲ့ဝှက်ချက်ဖြစ်နေလို့ပြောလို့မရဘူး။
သူတို့ကို အာမခံပေး သွားတာကတော့ လူကြီးတစ်ယောက်ပဲ ဘယ်သူလည်းဆိုတာကိုတော့ ကျွန်တော်မှာ ပြောခွင့်မရှိဘူး။ ဒါကြောင့်
ဆေးစာအရ ကျွန်တော်ဥပဒေအရာရှိရုံးကိုတင်ထားတယ် ဥပဒေရုံးကနေ ဖတ်ကြားပြီလို့ ထွက်လာတဲ့ အကြောင်းအရာတွေကို
ကြည့်ပြီးတော့မှ လိုအပ်ရင်လိုအပ်တဲ့ ဥပဒေပုဒ်မတွေကို ပြောင်း လည်တပ်စဉ်ပြီးတော့ တရားစွဲမှရမယ်”ဟု ပြင်ဦးလွင်မြို့ ၊
ပိတ်ချင်းမြောင်ရဲစခန်းမှ အမှုစစ် ဒုရဲအုပ် သန်းထိုက်ကဆိုသည်။

၎င်းလယ်သမား(၅)ဦးအား ၂၀၁၄ ခုနှစ်၊မေလ(၂၆)ရက်က ကွင်းအမှတ် ၆၈၃နှင့်၇၅၉ ရှိ ကော်ဖီခြံအတွင်း၌ မောင်ကျော်ကြီးအပါအဝင်
လူ(၉)ဦးမှ တုတ်၊ဓါးများကိုင်ဆောင်ကာ ရိုက်နှက်ခဲ့သောကြောင့် ပြင်ဦးလွင်မြို့ရှိ ပြည်သူ့ဆေးရုံသို့တက်ရောက်ကုသခဲ့ရပြီး ယခုအချိန်တွင်
ရိုက်နှက်ခဲ့သော လူ(၉)ဦးအား ပြင်ဦးလွင်မြို့ နယ် ရဲစခန်းမှ ပုဒ်မ ၃၂၅၊ပုဒ်မ ၁၂၄၊ပုဒ်မ ၁၁၄၊၊ပုဒ်မ ၂၉၄တို့ဖြင့် မေလ ၂၆ရက်က
အမှုဖွင့်ထားသောလည်း  ယင်းလူ(၉)ဦးမှ ယခုအခါ၌ ဗိုလ်ကြီးဦးမောင်မောင်လွန်(ငြိမ်း)၏ အာမခံချက်နှင့်လွတ်ပေးထားကြောင်း
ဒေသခံလူထုများရဲ့ ပြောကြားချက်အရသိရှိရသည်။ရိုက်နှက်ခံခဲ့ရသော  လယ်သမားဦး(၅)ဦးမှာ ထုံးဘိုကျေးရွာမှာ ဦးညွန့်ဆွေ၊ဦးစိုးမြင့်၊
ဦးထွန်းလင်းအောင်၊ကိုထွန်း နှင့်ဦးကာစူးတို့ဖြစ်သည်။

ချစ်မင်းထွန်း
The Myanma Age