၇ ရက် (တစ်ပတ်)အတွင်း ကိုယ်အလေးချိန်လျော့ကျစေတဲ့ နည်းလမ်း(၇)သွယ်

ပို့စ်တင်ချိန် - 6/16/2014 03:07:00 PM



ကိုယ်အလေးချိန်လျော့ဖို့အတွက် ပိုပြီးကောင်းမွန်တဲ့ အစားအသောက်တွေ သုံးဆောင်ခြင်းနဲ့ လေ့ကျင့်ခန်းတွေပြုလုပ်ခြင်းထက် အခြားရိုးရှင်းတဲ့နည်းလမ်းလေးတွေ အများကြီးရှိပါတယ်။ ကြာရှည်ခံတဲ့ ကိုယ်အလေးချိန်လျော့ကျခြင်းကို ပိုင်ဆိုင်ချင်တယ်ဆိုရင် သင့်အနေနဲ့ သင့်ပတ်ဝန်းကျင်မှာရှိတဲ့ အစားအသောက်တွေ၊ ကိုယ်လက်လေ့ကျင့်ခန်းတွေကို ပိုပြီးတိတိကျကျ သတ်မှတ်ဖို့ လိုအပ်ပါတယ်။

ခုဖော်ပြမယ့် တစ်ပတ်အတွင်း ပြုလုပ်ရမယ့် အချက်လေးတွေကို စမ်းသပ်ကြည့်လိုက်ပါ။ ရက်တစ်ရက်ချင်းအတွက် အစားအသောက်နဲ့ လေ့ကျင့်ခန်းတွေကို ဘယ်လိုလုပ်ရမလဲဆိုတာ ဖော်ပြပေးမှာပါ။

၁။ တနင်္ဂနွေနေ့ : တစ်ပတ်အတွင်းစားမယ့်အစားအသောက်တွေကို စီစဉ်ပါ။

တပတ်အတွင်း စားသောက်မယ့် အရာတွေကို တနင်္ဂနွေနေ့မှာ အစားအသောက်အညွန်းစာရွက် ပြုလုပ်ထားရမှာဖြစ်ပါတယ်။

၂။ တနင်္လာနေ့ : သင့်အချိန်ကို သေချာစွာ စီမံခန့်ခွဲပါ။

တပြိုင်တည်း လုပ်နိုင်တဲ့အလုပ်တွေကို တွဲပြီးတော့လုပ်ပါ။ ဥပမာ- နေ့လည်ထမင်းချိတ်ပြင်ဆင်ရင်း ညနေစာပါတခါတည်း ချက်ထားတာမျိုးပေါ့။ ပြီးတော့ ဈေးဝယ်ထွက်တော့မယ်ဆိုရင် ဝယ်ယူရမယ့် ပစ္စည်းတွေကို စာရင်းပြုစုပါ။ ဈေးဝယ်ထွက်ရင်း ကုန်ဆုံးမယ့်အချိန်တွေကို ပိုပြီးသက်သာစေပါတယ်။

၃။ အင်္ဂါနေ့ : စားသောက်ဖို့ ပြုလုပ်ထားတဲ့အချိန်ဇယားတွေကို လိုက်နာပါ။

တချို့အမျိုးသမီးတွေဟာ ကိုယ်အလေးချိန်လျော့သွားအောင်ဆိုပြီး ညစာမစားပဲ နေတဲ့သူတွေရှိတတ်ပါတယ်။ တကယ်တော့ ဒါတွေကို မလုပ်သင့်ပါဘူး။ ကျန်းမာစွာနေထိုင်စားသောက်နိုင်ဖို့အတွက် သင့်တော်တဲ့အစားအသောက်တွေကို အချိန်မှန်မှန် ၄နာရီ တစ်ကြိမ်စားပေးဖို့ လိုအပ်ပါတယ်။

၎။ ဗုဒ္ဓဟူးနေ့ : မီးဖိုခန်း သို့မဟုတ် စားသောက်ခန်းမှာသာ အစာစားသောက်ဖို့ သတ်မှတ်ပါ။

အစားအသောက်ကို စားသောက်ခန်းမဟုတ်တဲ့နေရာတွေမျာ သုံးဆောင်တတ်တဲ့အလေ့အထဟာ ကိုယ်အလေးချိန်လျော့ကျဖို့ ကြိုးစားနေတဲ့သူအတွက် ရန်သူအဖြစ် သတ်မှတ်နိုင်ပါတယ်။ ဗိုက်မဆာပဲ စားတဲ့အစားအသောက်တွေကြောင့် ကိုယ်အလေးချိန်ဟာ သတိမထားမိတဲ့ အချိန်မှာ အများကြီးတိုးလာနိုင်ပါတယ်။

၅။ ကြာသပတေးနေ့ : အစာစားနေစဉ်မှာ အခြားအရာတွေ မလုပ်ပါနဲ့။

ဥပမာ- ကားမောင်းရင်းအစာစားတယ်ဆိုရင် ကိုယ်တိုင်ဘယ်လောက်စားလိုက်မှန်းမသိပဲ ဆက်တိုက်စားတာမျိုးဖြစ်တတ်ပါတယ်။ ဒါတွေဟာ ကိုယ်အလေးချိန်တိုးစေတဲ့ အဓိကအချက်တွေထဲမှာပါ ပါတယ်။

၆။ သောကြာ : အကူအညီယူပါ။

ဥပမာ- ညနေခင်းလမ်းလျှောက်ထွက်တဲ့အချိန်တွေမှာ ဖြစ်နိုင်ရင် တစ်ယောက်တည်း မထွက်ပါနဲ့။

၇။စနေနေ့ : သင့်အတွေးတွေကို ပြန်လည်ထိန်းချုပ်ထားပါ။

ဥပမာ- အတွေးထဲမှာ (ကိုယ်အလေးချိန်တက်စေနိုင်တဲ့) အစားသောက် စားချင်စိတ်တွေ ပေါ်လာတယ်ဆိုပါစို့။ အဲလိုတွေးလိုက်တာနဲ့ ချက်ချင်း လက်ကနေ တစ်ခုခု စိတ်အာရုံလွှဲလို့ရမယ့် အလုပ်တစ်ခုကို တန်းပြီးတော့ လုပ်ပါ (သူငယ်ချင်းနဲ့ ဖုန်းပြောခြင်း၊ လက်သည်းတွေအရောင်ဆိုးခြင်း….)။

Trend Myanmar