ဆွစ်ဇာလန် Vs အီကွေဒေါ ပွဲစဉ်အပြီးသုံးသပ်ချက်

ပို့စ်တင်ချိန် - 6/16/2014 06:28:00 AM


ဆွစ်ဇာလန် ၂ - ၁ အီကွေဒေါ

(အီကွေဒေါ)Enner Valencia (22min)
(ဆွစ်ဇာလန်)Admir Mehmedi (48min)

(ဆွစ်ဇာလန်)Haris Seferovic (93min)

ပွဲမစမီကတည်းက ပရိသတ် အများစုက ဆွစ်ဇာလန်အသင်း အနိုင်ရရှိနိုင်ကြောင်း ခန့်မှန်းခဲ့ကြပါတယ်။ ပထမပိုင်း ပွဲစပြီး ၂၂မိနစ်မှာ အီကွေဒေါအသင်းမှ Enner Valencia က ပြစ်ဒဏ်ဘောကနေတဆင့် ပထမဆုံး သွင်းဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့ပြီး ပထမပိုင်း ၄၅မိနစ်ဟာ ဝ - ၁ ဖြင့် အီကွေဒေါအသင်းက အသာရရှိနေခဲ့ပါတယ်။ ထိုပထမပိုင်းမှာ ဆွစ်ဇာလန်အသင်း ခြေထောက်ထဲမှာ ဘောလုံးပိုင်ဆိုင်မှု ၆ဝ% ရှိနေခဲ့သော်လည်း ခြေပဂိုး ပြန်လည်သွင်းယူနိုင်ခြင်း မရှိပဲ ပထမပိုင်း ပြီးဆုံးခဲ့ပါသည်။

ဒုတိယပိုင်း ပွဲစပြီး ၃မိနစ်အကြာမှာ ဆွစ်ဇာလန်အသင်းမှ လူစားလဲဝင်ရောက်ခဲ့တဲ့ Admir Mehmedi က ထောင့်ကန်ဘောကနေတဆင့် ခြေပဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်း ၂၅မိနစ် အကြာမှာတော့ ဆွစ်ဇာလန်အသင်းမှ Drmic က နောက်တစ်ဂိုး သွင်းခဲ့သော်လည်း လူကျွံဘော ဖြစ်နေခဲ့ပါတယ်။ ပွဲပြီးခါနီး ၅မိနစ်အလိုမှာ အီကွေဒေါအသင်းက ပြစ်ဒဏ်ဘော ရရှိခဲ့သော်လည်း ဂိုးသွင်းနိုင်ခြင်းမရှိခဲ့ပါဘူး။ ပွဲပြီး နာကျင်ချိန်ပို နောက်ဆုံးမိနစ်မှာပဲ ဆွစ်ဇာလန်အသင်းမှ နောက်ထပ်လူစားဝင် တိုက်စစ်မှူး Haris Seferovic က Ricardo RODRIGUEZ ရဲ့ ဖြတ်တင်ဘောမှတဆင့် အသင်းအတွက် အရေးပါသော အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီပွဲအတွက် ဆွစ်ဇာလန်အသင်း နည်းပြ Ottmar Hitzfeld ၏ နည်းဗျူဟာ ကောင်းမွန်မှုကို ချီးကျူးရမှာပဲ ဖြစ်ပါတယ်။ အီကွေဒေါအသင်းအတွက် အုပ်စုမှ တက်လှမ်းနိုင်ဖို့အတွက် နောက်လက်ကျန်နှစ်ပွဲကို အမှားအယွင်းမရှိ ဆက်ကစားရန် လိုအပ်နေပြီ ဖြစ်ပါသည်။





Popular Myanmar News Journal