ဗြိတိန်ဘုရင်မကြီးချီးမြှင့်သော ဂုဏ်ထူးဆောင်ဘွဲ့ ဘီဘီစီမြန်မာပိုင်းမှ ဒေါ်တင်ထားဆွေရရှိ

ပို့စ်တင်ချိန် - 6/16/2014 10:46:00 AM

ဓာတ်ပုံ – ဘီဘီစီ



ဗြိတိသျှဘုရင်မကြီး၏ မွေးနေ့အထိမ်းအမှတ်အဖြစ် အများအကျိုးအတွက်  စွမ်းစွမ်းတ မံဆောင်ရွက်သူများအား အသိအ မှတ်ပြုသော ဘွဲ့ဖြစ်သည့် OBE ဂုဏ်ထူးဆောင်ဘွဲ့ကို ဘီဘီစီ သတင်းဌာန မြန်မာပိုင်းအစီအစဉ် ဌာနမှူး  ဒေါ်တင်ထားဆွေရရှိသွားကြောင်း သိရသည်။

ဗြိတိသျှဘုရင်မကြီးအဲလိဇဘက်၏ မွေးနေ့အဖြစ် ဂုဏ်ထူး  ဆောင်ဘွဲ့ရရှိသူများကို ကြေညာခဲ့ရာ ဘီဘီစီသတင်းဌာနမှ နိုင်ငံတကာသတင်းထောက်ချုပ် LyseDouset နှင့် ဒေါ်တင်ထားဆွေတို့က အသံလွှင့်သတင်း ပညာကဏ္ဍတွင် စွမ်းဆောင်နိုင်ခဲ့သည့်အတွက်OBE ဘွဲ့ဆုရရှိခြင်းဖြစ်ကြောင်းဘီဘီစီ မြန်မာပိုင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။

အဆိုပါဘွဲ့ကို မြန်မာနိုင်ငံမှ  ၁၉၉၀ ပြည့်နှစ်တွင်ဗြိတိသျှသံရုံး၌ ပြန်ကြားရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဒေါ်နီတာယဉ်ယဉ်မေလည်း ရရှိခဲ့ဖူး သည်။  ဒေါ်နီတာယဉ်ယဉ်မေ သည် ထိုအချိန်က န၀တအစိုးရ၏ဖမ်းဆီးခြင်းကိုခံရပြီး ထောင်သုံးနှစ်ကျခံခဲ့ရသည်။ ဗြိတိသျှ အစိုးရအတွက် အမှုထမ်းဆောင်နေစဉ် ပြစ်ဒဏ်ကျခံခဲ့ရသည့်အတွက် ဗြိတိသျှအစိုးရက Officer of the Most Excellent Order of the Bri-tish Empire (OBE)  ဘွဲ့ကို ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ယခုတစ်ကြိမ်ဆုရရှိသည့် ဘီဘီစီမြန်မာပိုင်းအစီအစဉ်ဌာန မှူးတစ်ဦးဖြစ်သည့် ဒေါ်တင်ထား ဆွေက ဆုရရှိခြင်းအပေါ် သတင်း ထောက်တစ်ဦးအနေဖြင့်  မိမိ သတင်းလုပ်ငန်းအပေါ် အသိအ မှတ်ပြုခံရခြင်းအတွက် ဂုဏ်ယူ ကြောင်း၊  အထူးသဖြင့် ဘီဘီစီ မြန်မာဌာန၏ ကြိုးပမ်းအားထုတ် မှုအပေါ် အသိအမှတ်ပြုခံရခြင်း ဟု  ခံစားမိကြောင်း ပြောဆိုခဲ့ သည်ဟု ဘီဘီစီကဖော်ပြသည်။

အေပီသတင်းဌာနမှ ဒေါ်အေးအေးဝင်းကလည်း ‘‘မြန်မာအမျိုးသမီးတစ်ဦးအနေနဲ့  ဒီဆုရတာ ဂုဏ်ယူပါတယ်။  OBE ဘွဲ့ ရတယ်ဆိုတာ လူတိုင်းရနိုင်တဲ့ ဘွဲ့တံဆိပ်မဟုတ်ဘူး။  သူတို့နိုင်ငံမှာလည်း အင်မတန်မြင့်တဲ့ ဂုဏ်ပြုဘွဲ့တံဆိပ်ပေါ့။ တော်တော်ရှားရှားပါးပါးရတာပါ။  အင်မတန်ဂုဏ်ယူပါတယ်’’ဟု  သ ဘောထားမှတ်ချက်ပေးသည်။

ဗြိတိန်ဘုရင်မကြီးချီးမြှင့် သည့် ဂုဏ်ထူးဆောင်ဘွဲ့ရှိသူ များစာရင်းတွင် နာမည်ကျော် ရုပ်ရှင်မင်းသမီးအန်ဂျလီနာဂျိုလီလည်း ပါဝင်ခဲ့ပြီး   စစ်မက်ဖြစ်ပွားနေသည့်နေရာများတွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအဆုံး သတ်ရေးနှင့် အခြားသော လူသားချင်းစာနာသည့် ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်နေမှုကြောင့် ချီးမြှင့်ခံရခြင်းဖြစ်သည် ဟု ဘီဘီစီက ဖော်ပြသည်။

ဘီဘီစီဌာနဟာမြန်မာနိုင်ငံအတွက် သတင်းအမှန်တွေသိရဖို့ အရေးကြီးနေချိန်မှာ အသံလွှင့်သတင်းပညာကဏ္ဍကနေ မြန်မာလူထုအတွက် အချိန်မီသတင်းမှန်တွေ တင်ဆက်ပေးခဲ့တဲ့စွမ်းဆောင်မှုတွေအတွက်ဌာနမှူးကို အသိအမှတ်ပြုတဲ့ဆုလို့ယူဆပါတယ်ဟုBNI သတင်းဌာနမှ အယ်ဒီတာဦးဇင်လင်းက မှတ်ချက်ပေးသည်။

7day