အခမဲ့သင်တန်းကျောင်းတွင် နိုင်ငံခြားသားဝင်ရောက်သင်ကြားမှု လဝကခွင့်မပြု

ပို့စ်တင်ချိန် - 6/16/2014 11:13:00 AM


မန္တလေးတိုင်း တံတာဦးမြို့ရှိ အမေ့အိမ် ပညာရေးကွန်ယက်နှင့် အခြားသောလူမူအဖွဲ့အစည်းများ ပူးပေါင်းကျင်းပမည့် အခမဲ့အင်္ဂလိပ်စာနှင့် ကွန်ပြူတာသင်တန်းတွင် ပြင်သစ်ဆရာ နှစ်ဦး ဝင်ရောက်သင်ကြားပေးမည်ကို လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနက သင်ကြားခွင့်မပြုကြောင်း စာဖြင့် အကြောင်းကြားခဲ့သည်ဟု သင်တန်းဆရာတစ်ဦးဖြစ်သူ ကိုဇာနည်က မဇ္ဈိမကို ပြောသည်။

”အခုဒီမှာသင်ပေးမယ့် နိုင်ငံခြားသား ဆရာနှစ်ယောက်ရဲ့ ဗီဇာက တိုး(ခရီးသွား) ဗီဇာဖြစ်နေတယ်။ ဒီအပေါ်မှာ နားလည်မူပေးဖို့ ၊ ဒီကိစ္စကို ဖြစ်မြောက်အောင် ပူးပေါင်း ဆောင်ရွက်ပေးဖိုပြောခဲ့ပါတယ်။ ဒါပေမယ့် သူတို့က ဒီကိစ္စကိုခွင့်မပြုဘူး” ဟု ကိုဇာနည်က ပြောသည်။

ယင်းစာတွင် တံတာဦးမြို့ အမှတ် (၁) ရပ်ကွက်၊ မေဃဝန်ဘုန်းကြီးကျောင်းတွင် ဖွင့်လှစ်သင်ကြားလျှက်ရှိသော အင်္ဂလိပ်စကားပြောနှင့် ကွန်ပြုတာသင်တန်းတွင် နိုင်ငံခြားသားများ ဝင်ရောက်သင်ကြားခွင့်မပြုကြောင်း သိရှိနိုင်ပါရန် အကြောင်းကြားအပ်ပါသည်ဟု ပါရှိသည်။

”ဒီလိုသင်တန်းမျိုးတွေကို ရှမ်းပြည်နယ်၊ မန္တလေး၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းတွေမှာ လုပ်ခဲ့ဘူးတယ်။ အဲ့ဒီမှာ ဒေသဆိုင်ရာတွေရဲ့ ပူးပေါင်းဆောင်ရွက်မူတွေ ရပြီး တံတာဦးမှာ ဘာကြောင့်မရတာလဲ။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အာဏာပိုင်တွေက ရှမ်းပြည်မှာတစ်မျိုး၊ ဧရာဝတီတိုင်းမှာတစ်မျိုး၊ တံတားဦးမှာတစ်မျိုးဖြစ်နေလား” ဟု ၎င်းကပြောသည်။

ယင်းကဲ့သို့ အင်္ဂလိပ်စာနှင့် ကွန်ပျုတာ သင်တန်းကျောင်းတွင် နိုင်ငံခြားသား သင်တန်းဆရာနှစ်ဦးကို ခွင့်မပြုခြင်းနှင့် ပတ်သက်၍ ကလေးတွေအတွက် သက်ဆိုင်ရာက ပူးပေါင်း ဆောင်ရွက်စေလိုသည်ဟု တံတာဦးဒေသခံ အချို့က မဇ္ဈိမကိုပြောသည်။ သင်းတန်ကာလမှာ ၁ လ သင်တန်းဖြစ်ပြီး လက်ရှိတွင် သင်တန်းသားဦးရေ ၄ဝ ကျော်ကို သင်ကြား ပေးလျက်ရှိသည်။



မန္တလေး၊ မဇ္ဈိမ